စနစ်၏မစ်ရှင် အောင်မြင်ခြင်း၊ နတ်ဆိုးသခင်၏ ဒေါသ
Vol. 30 Ch. 579
ကျွီး….ကျွီး….
တောက်ပနေသော မီးတောက်များ ထွက်လာသည်။
ထို ကတ္တရာစေးအနက်ရောင်အက်ကွဲရာများနှင့် ပေါင်းကာ နတ်ဆိုးနှလုံးသားအစီအရင်၏ အခြေခံက ထိုအချိန်တင် တုန်လှုပ်သွားပုံပေါ်သည်။
လူတိုင်းက ခရမ်းနှင့်အနက်ရောင်အစီအရင်၏မျက်နှာပြင်တွင် ပန်းကန်လုံးအရွယ်အစား အပေါက်ပွင့်လာသည်ကိုတွေ့ခဲ့ရသည်။
သို့သော် ၎င်းသည် အစီအရင်တစ်ခုလုံး၏ မျက်နှာပြင်ကို စတင်၍ မလှုပ်ရှားစေခင်အချိန်ထိ သေးငယ်သောအပေါက်သာဖြစ်ပေသည်။
“နိုးထလော။”
တစ်ချိန်တည်းတွင်။
ကျန်းချန်ရွှမ်က များစွာသောမန္တာန်များကို သူ့လက်ဖြင့် ချလိုက်သည်။
ထိုအစောက ကျန်းချန်ရွှမ်ချထားသော အစီအရင်အလံများသည် ထိုအချိန်တွင် စွမ်းအားတစ်ခုမှ တွန်းအားပေးခံနေရပုံ ပေါ်သည်။
လေထဲတွင်၊ များစွာသောအရောင်များပါဝင်သည့် စက်ဝန်းရောင်ခြည်များက ရုတ်တရက် ရောယှက်နေကာ နတ်ဆိုးနှလုံးသားအစီအရင်ကို ရစ်ပတ်နေလေသည်။
ခွပ်…ခွပ်…ခွပ်..
ကြက်ဥအား အင်အားသုံး၍ ညစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
အဆင့် (၆) နတ်ဆိုးနှလုံးသားအစီအရင်သည် ပြိုကွဲတော့မည်ပုံပြနေသဖြင့် လူတိုင်းက ထိတ်လန့်သွားကြသည်။
ပထမအနေဖြင့်၊ အစီအရင်မျက်စိတစ်ခုက အလိုအလျောက် ပျက်စီးသွားသည်။
ပြီးနောက် ဒုတိယ၊ တတိယနှင့် စတုတ္ထတို့ကလည်း နောက်မှလိုက်ကာ ပျက်စီးသွားတော့သည်။
များစွာ ပို၍ ပို၍ ပျက်စီးကုန်ကြသည် အထိဖြစ်သည်။
အစီအရင်တစ်ခုလုံးသည် ချက်ခြင်းပင်၊ ကြွေထည်ပစ္စည်းကဲ့သို့ ကွဲကြေသွားပြီး ခရမ်းရောင်နှင့် အနက်ရောင် မရေမတွက်နိုင်သော အပေါက်များ ပေါ်လာခဲ့တော့သည်။
ဘွန်း…
ချက်ခြင်းပင် ကျန်းချန်ရွမ်၏ မြေနက်လှံက ထပ်၍ ကျရောက်လာသည်။
ထိုအချိန်တွင် ကုလားအုတ်၏ ကျောကိုကျိုးစေမည့် နောက်ဆုံးအရိုးကဲ့သို့ ဖြစ်နေလေသည်။
နတ်ဆိုးနှလုံးသားအစီအရင် တစ်ခုလုံးက ရုတ်တရက် ဇယ်ဆက်သကဲ့သို့ ဆက်တိုက်ပြိုလဲသွားပြီး မရေမတွက်နိုင်သော အစက်အပြောက်များအဖြစ် ပြိုလဲသွားသည်။
“သေလိုက်တော့။”
ထိုအချိန်တွင် နတ်ဆိုးနှလုံးသားအစီအရင်က ပျက်စီးသွားလေသည်။
ရှန်းရူယန်၊ စုချင်းချန်၊ စံသခင်ဖုန်းယွင်၊ ဓားသခင် အဇူရာနှင့် အခြားသူများက သူတို့၏တိုက်ခိုက်မှုများကို ထုတ်လွတ်လာကြသည်။
ချက်ခြင်းပင်၊ ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းနှင့် ပြင်းထန်သော ဓားချီများက မုန်တိုင်းကဲ့သို့ ဒေါသထွက်နေသောပုံစံဖြစ်နေသည်။
အမြန်တုံ့ပြန်ရန် အချိန်မရှိလိုက်သည့် အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ ၆ဦး ၇ဦးခန့်သည် ထိုနေရာတွင်ပင် သတ်ဖြတ်ခြင်းခံခဲ့ရသည်။
ကျန်ရှိနေသော အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ ဒါဇင်ပေါင်းများစွာသည်လည်း သေရေးရှင်ရေးအခြေအနေ ဖြစ်နေသည်။
ကျန်းချန်ရွှမ်၏ရှေ့တွင် မီးတောက် သုံးခု ရုတ်တရက်ပေါ်လာသည်။
၄င်းတို့သည် ပတ္တမြားမီးတောက်၊ စစ်မှန်နေမီးနှင့် သန့်စင်သော ယန်စစ်မှန်မီးတောက်တို့ဖြစ်ကြသည်။
ကျန်းချန်ရွှမ်သည် ဆက်တိုက်သူ၏လက်ထဲတွင် မန္တာန်များကို ဖွဲ့စည်းနေသည်။
ထိုမီးတောက်သုံးခုသည် ချက်ခြင်း ပေါင်းစည်းသွားခဲ့သည်။
ရုတ်တရက်၊ အလွန်ပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါက ပေါင်းစည်းသွားသော မီးတောက်များမှ ထွက်လာသည်။
အဖြူ၊ ရွှေရောင်နှင့် အနီရောင် မီးလုံးများက လှည့်ပတ်နေသော ဥက္ကာပျံကဲ့သို့ ဖြစ်နေကာ ကျန်ရှိနေသော အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူများဆီသို့ ဦးတည်၍ သွားနေသည်။
ပြီးနောက် ၎င်းသည် လွန်ခဲ့သောနှစ်ဆယ့်ရှစ်နှစ်က ကျန်းချန်ရွှမ်နားလည်ရရှိခဲ့သော အသစ်သောနတ်ဘုရားစွမ်းအင်ပင်ဖြစ်သည်။
သို့မဟုတ်၊ ၎င်းသည် အသစ်သော ယင်နှင့်ယန် နတ်ဘုရားမီးတောက်ဟု ခေါ်နိုင်ပြီး ယခုမူ သုံးရောင်ခြယ်နတ်ဘုရားမီးတောက် ဟုခေါ်နိုင်သည်။
ဂျုန်း…
သန့်စင်သော အနီနှင့်အဖြူရောင်မီးတောက်များက ရုတ်တရက် ကောင်းကင်ပေါ်တွင် မြင့်တက်လာသည်။
လောကရှိ မသန့်စင်မှုများအားလုံးကို လောင်ကျွမ်းပစ်လိုက်နိုင်သည့် စွမ်းအင်ရှိသော မီးတောက်က ကောင်းကင်ပေါ်တွင် ထပ်၍ တောက်လောင်နေခဲ့သည်။
ခီ…ခီ…ခီ…ခီ..
လေဟာနယ်သည် ချက်ခြင်း ကျယ်ပြောသည့် အနက်ရောင်အစက်အပြောက်များနှင့် ပြည့်သွားသည်။
ထိုမီး၏အောက်တွင် ရပ်နေသော အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူများသည် အကူအညီမဲ့နေသည်။
ခနအကြာတွင် အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ ဆယ်ယောက်ကျော်က ပြာမှုန်များအဖြစ်သို့ ရောက်သွားလေတော့သည်။
ဘွန်း…
ကောင်းကင်ပေါ်တွင် ပြင်းထန်သောမီးလျှံ တစ်ခုဖြတ်သွားသည်။
ထိုအချိန်တွင်၊ ကောင်းကင်၏အပေါ်နှင့် အောက်တွင် ဦးတည်ချက်ပေါင်းစုံမှ အမှောင်ထုနှင့် နတ်ဆိုးတိမ်တိုက်များက ရှင်းလင်းသွားသည့်ပုံပေါက်ပေသည်။
ပင်လယ်တွင် မိုင်ပေါင်းတစ်ထောင်အတွင်း၊ ချက်ခြင်းပင် သန့်စင်သော ရွှေရောင်သို့ ပြောင်းလဲသွားလေသည်။
ကောင်းကင်ဘုံကိုးခုကန်းဖန်နယ်ပယ်အပေါ်တွင်ဖြစ်သည်။
ကောင်းကင်သခင် ရုန်ဟန်ကျီရှန်း၊ ကောင်းကင်သခင် ကျီယန်မီးတောက််၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်နှင့် ကောင်းကင်သခင် ရွှမ်းယန်တို့နှင့် တိုက်ခိုက်နေသော နတ်ဆိုးအရှင် ခုနှစ်ဦးက အောက်တွင်ရှိသည့် နိုဗာရေပြင်မှ ပြောင်းလဲမှုကို သတိပြုလိုက်မိကာ သူတို့၏ အမူအရာက ပြောင်းလဲသွားသည်။
လနိမိတ်ဆိုးက သူ၏ရှေ့တွင် ရက်စက်သော သွေးရောင်လခြမ်းကို ဖျောက်လိုက်ကာ နိုဗာရေပြင်သို့ ဆင်းသက်ဖို့ရန် ရည်ရွယ်လိုက်သည်။
သို့ရာတွင်၊ ထိုအချိန်၌ ထက်ရှကာ လွှမ်းမိုးနိုင်သော ဓားအလင်းက ပေါ်ထွက်လာကာ သွေးရောင်လခြမ်းကို ဦးတည်ကာပစ်လွတ်လိုက်သည်။
စုတ်ပြဲသွားသည့် အသံကိုကြားခဲ့ရသည်။
သွေးရောင်လခြင်းက ချက်ခြင်း ထက်ဝက်ကွဲသွားသည်။
ကောင်းကင်သခင် ရွှမ်းယန်က ရုတ်တရက် ရယ်လိုက်ကာ “လနမိတ်ဆိုး၊ မင်းဘာလုပ်တာလဲ?
ငါတို့အစောနားက အောက်မှာ ဘာပဲဖြစ်ဖြစ် ကိုယ့်တိုက်ပွဲကိုယ်ပဲ တိုက်ခိုက်ကြမယ်၊ ကြားမဝင်ဘူးလို့ သဘောတူထားတယ်မလား?
ဘာလို့လဲ? အချိန်ခနပဲရှိသေးတယ်၊ မင်းက မင်းစကားကို ပြန်ရုပ်သိမ်းတော့မလို့လား?”
ကောင်းကင်သခင် ရုန်ဟန်ကျီရှန်း၊ ကောင်းကင်သခင် ကျီယန်မီးတောက််နှင့် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ် တို့ကလည်း အခြားနတ်ဆိုးအရှင် ခြောက်ဦးကို တားဆီးထားလိုက်သည်။
“ရွှမ်းယန်မှန်တယ်၊ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အနေနဲ့ ငါတို့ က ငယ်ရွယ်တဲ့ မျိုးဆက်တွေရဲ့ တိုက်ပွဲကို ကြားမဝင်သင့်ဘူးလေ။”
သူတို့စကားပြောပြီးသည်နှင့် လူသားကောင်းကင်သခင်လေးဦးက ရုတ်တရက် စတင်၍ တိုက်ခိုက်လိုက်ကြသည်။
၎င်းသည် နတ်ဆိုးအရှင် ခုနှစ်ဦး၏ ရုပ်ကို အလွန်ရှုံမဲ့သွားစေသည်။
သူတို့၏ မျက်လုံး၌ ချက်ခြင်း မယှဉ်နိုင်လောက်အောင် ရက်စက်လာခဲ့သည်။
“လူသားကောင်းကင်သခင်၊ ဒါမင်းတောင်းဆိုတာနော်။”
ဘွန်း…
ကောင်းကင်က အက်ကွဲသွားသည်။
နတ်ဆိုးမီးတောက်များက ကျယ်ပြောသော သမုဒ္ဒရာကဲ့သို့ ချက်ခြင်းရွှမ်းယန်နှင့် အခြားကောင်းကင်သခင်သုံးဦးနားတွင် ပေါက်ကွဲသွားခဲ့သည်။
ချက်ခြင်းပင်၊ နှစ်ဖက်စလုံးကြားမှတိုက်ပွဲသည် ပြင်းထန်သောအဆင့်သို့ရောက်သွားသည်။
နိုဗာရေပြင်တွင်ဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က မော့ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် နှစ်ဦးသားသည် တစ်ခုခုကို အာရုံခံမိပုံပေါ်ကာ သူတို့၏အမူအရာက ရုတ်တရက် လေးနက်သွားခဲ့သည်။
စုချင်းချန်၊ စံသခင်ဖုန်းယွင်၊ ဓားသခင်အဇူရာနှင့် အခြားသူများသည်လည်း တစ်ခုခုကို အာရုံခံမိပုံပေါ်ကာ ကောင်းကင်ကို ချက်ခြင်း ကြည့်လိုက်ကြသည်။
ထိုနေရာတွင်။
သူတို့သည် အဆုံးမရှိသည့် အကွာအဝေး၌ပင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းများကို ရှင်းလင်းစွာ ခံစားနေကြရလေသည်။
***