စနစ်၏မစ်ရှင် အောင်မြင်ခြင်း၊ နတ်ဆိုးသခင်၏ ဒေါသ (၂)
Vol. 30 Ch. 580
ကျန်းချန်ရွှမ်၏ လုပ်ဆောင်ချက်က နတ်ဆိုးသခင်ခုနှစ်ဦးအား ဒေါသထွက်စေခဲ့ပုံပေါ်သည်။
လူတိုင်းသည် မတတ်နိုင်ဘဲ ကျန်းချန်ရွှမ်အား စိုးရိမ်သောအကြည့်နှင့် ကြည့်နေကြသည်။
သို့ရာတွင်၊ ကျန်းချန်ရွှမ်၏အမူအရာက မပြောင်းလဲဘဲ ရှိနေလေသည်။
သူက ဖြည်းဖြည်းပြောသည်။
“သွားကြစို့၊ ငါတို့ အချိန်မဖြုန်းကြစို့။ ကောင်းကင်သခင်တွေက ငါတို့အတွက် အနိုင်ယူပေးလိုက်မယ်။
သူတို့ ကျုပ်တို့ကို ယုံကြည်သလို သူတို့ကို ယုံကြည်ထားကြမယ်။
ဒီနတ်ဆိုးကပ်ဘေးမှာ ကျုပ်တို့လူသားမျိုးနွယ်က အောင်နိုင်ရမယ်။”
စာကြောင်းတစ်ကြောင်းထဲနှင့် အခြေတည်ဝိညာဉ်ကျင့်ကြံသူများ၏ စိတ်ဓာတ်က ရုတ်တရက် မြင့်တက်သွားသည်။
ခနအကြာတွင် စုချင်းချန်အပါအဝင် လူတိုင်းက သူ၏ စကားများအား စိတ်ဓာတ်ခိုင်မာစွာ ပဲ့တင်ထပ်ကာ ပြောလိုက်ကြသည်။
“ဒီနတ်ဆိုးကပ်ဘေးမှာ ကျုပ်တို့လူသားမျိုးနွယ်က အောင်နိုင်ရမယ်။”
ဝှစ်….ဝှစ်… ဝှစ်….
သူတို့၏စကားများကို ကျန်းချန်ရွှမ်နှင့် သူ၏စံသခင်အုပ်စုကိုခေါ်၍ အခြားနတ်ဆိုးကျင့်ကြံသူများရှိရာ အခြားနေရာများသို့ ချက်ခြင်း ထွက်ခွာသွားကြသည်။
…….
လပေါင်းအနည်းငယ်အကြာတွင်။
ကျန်းချန်ရွှမ်က လူတိုင်းကို ဦးဆောင်ကာ အဓိကနေရာ ဒါဇင်ပေါင်းများစွာကို ဆက်တိုက် ရင်ဆိုင်တိုက်ခိုက်နေကာ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြသည်။
ထိုအချိန်တွင်။
ကျန်းချန်ရွှမ်၏ ကြောက်စရာကောင်းသော ဂုဏ်သတင်းက နိုဗာရေပြင်တစ်ခုလုံးတွင် ပြန့်နှံ့နေခဲ့သည်။
သူတို့မည်သည့်နေရာသို့ သွားပါစေ၊ နတ်ဆိုးကျင့်ကြံသူများက ထိတ်လန့်မှုဖြင့် ပျံသန်းသွားကြသည်။
သို့ရာတွင်၊ ကျန်းချန်ရွှမ်သည် ယခု လူယောင်ဆောင်ထားသော သေမင်းတမန်ကဲ့သို့ပုံပေါက်နေသည်။
နတ်ဆိုးကျင့်ကြံသူတစ်ဦးမှ၊ အထူးသဖြင့် အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူအဆင့်များက သူ၏လက်ထဲမှ မလွတ်နိုင်ပေ။
ယခုထိ ကျန်းချန်ရွမ်၏လက်ထဲ သေဆုံးရသည့် အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ အရေအတွက်က တစ်ရာနီးပါးရှိနေပြီ ဖြစ်သည်။
သို့သော် ကျန်းချန်ရွှမ်ကသာ သူ၏ပန်းတိုင်ကို ပြည့်မီရန် လေးနေရာခန့်လိုနေသေးကြောင်း သိလေသည်။
ကံကောင်းစွာပင်၊ ထိုလေးနေရာသည် ခက်ခဲသောအရာမဟုတ်ပါ။
ထိုအချိန်တွင် ထိုနေရာ၌ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ ငါးဦးကို ရင်ဆိုင်လိုက်ရသည်။
အပိုစကားမပြောနေတော့ဘဲ။
ကျန်းချန်ရွှမ်က သူတို့ထဲမှ လေးဦးကို ပစ်မှတ်ထားလိုက်သည်။
ထိုလေးဦးသည် ကျန်းချန်ရွှမ်၏ ကြောက်ရွံစရာကောင်းခြင်းကို သတိပြုမိသွားကာ ထိပ်တိုက် ရင်ဆိုင်လိုခြင်း ရည်ရွယ်ချက်မရှိကြပေ။
သူတို့ပျံသန်းရန် ရည်ရွယ်လိုက်စဉ်တွင် သူတို့၏ခန္ဓာကိုယ်၌ သိပ်သည်းသည့် နတ်ဆိုးချီစွမ်းအားက မြင့်တက်လာသည်။
သို့ရာတွင် ကျန်းချန်ရွှမ်က ထိုအချိန်တွင် သူတို့အား လွတ်မြောက်စေလိမ့်မည်နည်း?
ရုတ်တရက် ကြီးမားသော ဂဠန်ငှက်အရိပ်က ကောင်းကင်ပေါ်တွင် ဖြတ်သန်းသွားသည်။
ခနအကြာတွင် ကျန်းချန်ရွှမ်က အေးစက်ကာ ခံစားမှုမရှိသော စစ်ပွဲစက်တစ်ခုကဲ့သို့ ဖြစ်နေပုံရလေသည်။
သူ၏ပုံရိပ်တစ်ခုခြင်းဆီက လင်းလက်နေကြသည်။
အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူများ၏ခန္ဓာကိုယ်က လေထဲတွင် သွေးမြူတိမ်များအဖြစ်သို့ ပေါက်ကွဲပျက်စီးသွားခဲ့သည်။
လေထဲတွင် အစီအစဉ်အလိုက်ပုံရိပ်လေးခုက လင်းလက်သွားခဲ့ပြီး အခြေတည်ဝိညာဉ်နတ်ဆိုး ကျင့်ကြံသူလေးဦးက ကျဆုံးသွားသည်။
[ဒင်]
တစ်ချိန်တည်းမှာပင်၊ ရင်းနှီးနေသည့် စက်အသံတစ်ခုက ကျန်းချန်ရွှမ်၏စိတ်ထဲတွင် ရုတ်တရက်ပေါ်လာခဲ့သည်။
[အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူအယောက်တစ်ရာကို သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် Host။
သင်သည် အဆင့် ၆ သန်စင်သောယန်စစ်မှန်ရတနာ နတ်ဆိုးခုတ်ဝိညာဉ်ဓားဖြစ်သော နှုတ်ယူခြင်းပုတီးစေ့ နှင့် အထူးကျင့်ကြံရေးနေရာလပ်တွင် ကျင့်ကြံရန် အခွင့်အရေးသုံးခုကို ရရှိပါသည်။]
နတ်ဆိုးခုတ်ဝိညာဉ်ဓားသည် နာမည်အတိုင်းပင် ထိုဓားသည် အလွန်စွမ်းအားကြီးသော နတ်ဆိုးသုတ်သင်ရေး အရည်အချင်းရှိသည်။ နတ်ဆိုးကျင့်ကြံသူ သို့ နတ်ဆိုးသားရဲများနှင့် တွေ့လျှင် ၎င်းသည် စွမ်းအားအလွန်တိုးပွားလာလိမ့်မည်ဖြစ်သည်။ နှုတ်ယူခြင်းပုတီးစေ့၏စွမ်းအားက ပကတိအတိုင်းရှင်းလင်းနေပါသည်။
သို့ရာတွင် ကျန်းချန်ရွှမ်၏စိတ်ဝင်စားမှုကိုဆွဲဆောင်နေသောအရာက အထူးကျင့်ကြံရေးနေရာလပ် အခွင့်အရေးပင်ဖြစ်သည်။
စနစ်အရ အထူးကျင့်ကြံရေးနေရာလပ်သည် အဓိကလောကနှင့် လုံးဝ လွတ်ကင်းသည်။ ထိုနေရာတွင် ကျင့်ကြံခြင်းသည် ကျင့်ကြံခြင်းအရှိန်နှင့် နားလည်နိုင်စွမ်းကိုတိုးမြင့်နိုင်မည်သာမကပေ။
နေရာလပ်ထဲတွင်စီးဆင်းနေသောအချိန်ကလည်း အဓိကလောကနှင့် ကွဲပြားသည်။
အတွင်းတွင် မည်မျှကြာအောင်ကျင့်ကြံနေပါစေ။
ဆယ်နှစ်၊ နှစ်တစ်ရာ သို့ နှစ်တစ်ထောင်ဖြစ်ပါစေ။
အပြင်လောကတွင် တစ်ရက်သာ ကုန်လွန်သွားမည်ဖြစ်သည်။
သီအိုရီအရ သင်၏သက်တမ်းက လုံလောက်နေသရွေ့ နှစ်တစ်သောင်း (သို့) နှစ်တစ်သိန်း ကျင့်ကြံလျှင်ပင် ဖြစ်နိုင်သည်။
သို့ရာတွင်၊ သင်၏ကျင့်ကြံဆင့်က ထိုသက်တမ်းထိရောက်အောင် ကျင့်ကြံနိုင်သရွေ့ရသည်။
မိမိကိုယ်ကို နှစ်တစ်ထောင် သို့မဟုတ် နှစ်တစ်သောင်းပိတ်ပင်ထားရန်မှာ မဖြစ်နိုင်ပါ။
ယူဆောင်ထားသော ကျင့်ကြံရေးပစ္စည်းများကလည်း ကန့်သတ်မှု ရှိသေးသည်ကို မဆိုသေးနှင့်။
ပိတ်ဆို့နေသည်များကို ထိုးဖောက်ပြီးလျှင်ပင် အခြားတစ်ခုကို ထိုးဖောက်ရန် လုံလောက်သော နားလည်မှုမရှိလျှင် ခက်ခဲလိမ့်မည်ဖြစ်သည်။
အခြားပိတ်ဆို့မှု တစ်ခုကို ထိုးဖောက်ရန် ၎င်းနှင့်သက်ဆိုင်သော အခွင့်အရေးမရှိပဲနှင့် အချိန်မည်မျှကြာအောင်ကျင့်ကြံလျှင်ပင် အဓိပ္ပါယ်မရှိပဲ အချိန်ဖြုန်းနေသည်သာဖြစ်လိမ့်မည်။
ထို့အပြင် ကျင့်ကြံခြင်းအဆင့်က နေရာလပ်ပြန်လာခြင်းနယ်ပယ်တွင် မဟုတ်ခဲ့လျှင် ဂူထဲတွင် ထိုမျှလောက်ကြာရှည်သော သက်တမ်းအထိ ကျင့်ကြံဖို့ရန် မဖြစ်နိုင်ပါ။
ကျန်းချန်ရွှမ်က စနစ်၏ဆုကိုရသည်နှင့် ရှန်းရူယန်က ကျန်ရှိနေသော အခြေတည်၀ိညာဉ် နတ်ဆိုးကျင့်ကြံသူကို သတ်ဖြတ်ပြီးပြီဖြစ်သည်။
ပြီးနောက် ဤနတ်ဆိုးကပ်ဘေးတွင် ပေါ်ထွက်လာသော အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ အများစုကို ကျန်းချန်ရွှမ်တို့အဖွဲ့မှ သုတ်သင်ပြီးပြီဖြစ်သည်။
ကျန်ရှိနေသော သူများသည်ပင် ကျန်းချန်ရွှမ်၏ အင်အားကို ကြောက်ရွံ့နေကြပြီးပုန်းနေကြကာ ထွက်မလာရဲကြပေ။
၎င်းသည် နောက်ဆုံး၌ ကောင်းကင်ဘုံ ကိုးခု ကန်းဖန်နယ်ပယ်ရှိ နတ်ဆိုးအရှင် ၇ ယောက်တို့ ထံ ရောက်သွားသည်။
လနမိတ်ဆိုးက ကောင်းကင်သခင် ကျီယန်မီးတောက််နှင့်တိုက်ခိုက်နေရင်း ကျန်းချန်ရွှမ်ဆီသို့ သွေးရောင်လခြမ်းကို ပစ်လွှတ်လိုက်သည်။
ထိုတိုက်ခိုက်မှုသည် မြန်ဆန်ကာ ပြင်းထန်သဖြင့် ကောင်းကင်သခင် ကျီယန်မီးတောက််နှင့် အခြားသူများအား သတိလက်လွတ်ဖြစ်သွားစေသည်။
သူတို့တုံ့ပြန်ပြီး တားဆီးဖို့ကြိုးစားလိုက်သည့် အချိန်တွင်နောက်ကျသွားပြီဖြစ်သည်။
နတ်ဆိုးအရှင် ၇ ဦးသည် စုပေါင်းကာတားမြစ်ကြပြီး သူတို့၏ တားမြစ်ချက်ကို မထိုးဖောက်နိုင်အောင် လုပ်လိုက်ကြသည်။
အခြားတစ်ဖက်၌။
ကျန်းချန်ရွှမ်နှင့် အဖွဲ့က တိုက်ပွဲနေရာကို ရှင်းလင်းပြီးသည်နှင့် အလွန် ကြောက်မက်ဖွယ်ကောင်းကာ နတ်ဆိုးအရောင်အဝါက သူတို့ဆီသို့ လာနေကာ အထူးသဖြင့် ကျန်းချန်းရွှမ်အား ပစ်မှတ်ထားနေကြောင်းကို တွေ့ခဲ့ရသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်က ထိုသွေးရောင်လသည် သူ၏ လွတ်မြောက်မည့် အခွင့်အရေးအားလုံးကို တားမြစ်ထားကြောင်း ခံစားခဲ့ရသည်။
ဂဠန်ငှက်၏ လွန်ကဲသော အရှိန်ကို အသုံးပြုလျှင်ပင် ထိုသွေးရောင်လ၏ တိုက်ခိုက်မှုမှ မလွတ်မြောက်နိုင်ပေ။ အကြောင်းရင်းမှာ ပြိုင်ဘက်က အရှိန်သို့မဟုတ် အင်အားကို အသုံးပြုထားခြင်းမဟုတ်ပဲ ကျန်းချန်ရွှမ် မပိုင်ဆိုင်ထားသည့် နေရာလပ် စည်းမျဉ်းတစ်ခုခုနှင့် ပက်သက်သည့်အရာကို အသုံးပြုထားခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့်။
သူ၏တစ်ခုတည်းသောရင်ဆိုင်ရမည့်နည်းလမ်းမှာ ထိပ်တိုက်ရင်ဆိုင်ရန်ဖြစ်သည်။ အခြားနည်းလမ်းမရှိပါ။
သို့ရာတွင် သူတို့မတုံ့ပြန်နိုင်ခင်ပင် အခြေတည်ဝိညာဉ်ကျင့်ကြံသူများစွာက ရုတ်တရက် သူတို့၏ အရေပြားပေါ်တွင် သွေးရောင်လိုင်းများ ပေါ်လာကာ အလွန်နတ်ဆိုးဆန်သောအရာ တစ်ခုခုက ဝင်ပူးသွားသကဲ့သို့ အရောင်အဝါများသည် ရက်စက်ကြမ်းကြုတ်နေကာ မျက်လုံးများက နီနေကြသည်။
“အိုး…မဟုတ်ဘူး။”
စုချင်းချင်၊ စံသခင်ဖုန်းယွင်၊ ဓားသခင် အဇူရာနှင့်အခြားသူများက ထိုအရာကိုမြင်လျှင် သူတို့၏ အမူအရာများက အပြင်းအထန်ပြောင်းလဲသွားကြသည်။
“အဲ့ဒီ သွေးရောင်လက နတ်ဆိုးအရှင် လနိမိတ်ဆိုး ပိုင်တဲ့ အဆိပ်အတောက်ပစ္စည်းပဲ။ ငါတို့ မကောင်းတဲ့အတွေးတွေကျူးကျော်လာလို့မရအောင် စိတ်တွေနဲ့ အတွင်းအားတွေကို စောင့်ရှောက်ထားရမယ်။ မဟုတ်ရင် ငါတို့ရဲ့ဝိညာဉ်တွေထဲ ထိုးဖောက်ဝင်ရောက်လာလိမ့်မယ်။”
ကျီ….
တစ်ချိန်တည်းမှာပင်။
ကျန်းချန်ရွှမ်ကပုံရိပ်များကို ရုတ်တရက် ဒါဇင်ပေါင်းများစွာဖန်တီးလိုက်ကာ တစ်ရာကျော်ခန့်ပင်ရှိပြီး ဦးတည်ချက်များစွာကို ပျံ့လွင့်သွားသည်။
သို့ရာတွင်၊ သူကဂဠန်ငှက်၏အရှိန်နှင့် ပျံသန်းနေသော်လည်း သွေးရောင်လက သူ၏ပုံရိပ်အစစ်အမှန်ကို သိမြင်နိုင်သကဲ့သို့ အမြန်လိုက်နေခဲ့လေသည်။
နီးကပ်လာသောအချိန်တွင် ကျန်းချန်ရွှမ်က သူ၏အနီးမှ နေရာက သိပ်သည်းလာကာ သူ၏လှုပ်ရှားမှု အရှိန်က လျော့နည်းလာသည်ကို တွေ့လိုက်ရသည်။
သူသည် ထိုကဲ့သို့ဆက်သွားနေ၍ မဖြစ်တော့ကြောင်းကို သိကာ သူ၏ဘေးမှနေရာက လုံးဝ စည်းချခံလိုက်ရခြင်းမရှိမီ လှုပ်ရှားလိုက်သည်။
စိတ်ထဲမှတွေးကာ ကျန်းချန်ရွမ်က အသက်ဝဝရှုလိုက်ကာ ဆယ်ဆဆေးတစ်လုံးကို ထပ်၍မြိုချလိုက်သည်။
တစ်ချိန်တည်း၌ပင်။
သူသည် အဆင့်(၆) ကြယ်တာရာအဆောင်တစ်ခုကို ထုတ်လိုက်သည်။
ကျီ…..
ချက်ခြင်းပင်၊ မရေတွက်နိုင်သည့် ကြယ်များ၏အလင်းက ၃၆၀ ဒီဂရီ အကာအရံက ကျန်းချန်ရွှမ်၏ ပတ်ပတ်လည်တွင် ပေါ်လာသည်။
ကျန်းချန်ရွှမ်က ငါးရောင်ခြယ် နတ်ဘုရားအလင်းကိုသုံးကာ နတ်ဆိုးသုတ်သင်ခြင်းအရည်အချင်းကို ဖွင့်၍ သွေးရောင်လ၏သုံးထောင့်နတ်ဘုရားမီးကိုပစ်ရန် သုံးလိုက်သည်။
၎င်းသည် အကုန်မဟုတ်သေးပါ။
ပြီးနောက်။
သူသည် အဇူရာဧကရာဇ်ကောင်းကင်ဘုံရန်နှိမ်ဓား၊ နတ်ဆိုးနှိမ်လက်သီးနည်းစနစ်၊ ငါးရောင်ခြယ်ရောင်ခြည်စက်ဝန်း၊ ထာဝရလောင်မြိက်မီးဖိုနှင့် ရွှေဗလာနယ်ဓားတို့ကို ထုတ်လိုက်သည်။
***