တစ်ယောက်ယောက်တော့ ဘေးသင့်မှုခံနေရပြီ
Vol. 93 Ch. 1302
ဒိဝူသည် ထိုငှက်များ နီးနီးလာသည်ကိုတွေ့သည်နှင့် ရှီမာယူယူကို ဆွဲပြီး ပြေးလေသည်။
“အဲဒီငှက်တွေက ဘာငှက်တွေလဲဆိုတာ သိလား” ရှီမာယူယူသည် ပြေးရင်းနှင့်မေးလေသည်။
“တစ္ဆေလောကမှာ အမှောင်တစ္ဆေငှက်လို့ခေါ်တဲ့ ငှက်တစ်မျိုးရှိတယ်၊ အဲလိုပုံပဲ သူတို့မျက်လုံးတွေကတော့ မနီဘူး”
“အမှောင်တစ္ဆေငှက်တွေက အားကောင်းလား”
“အားမကောင်းဘူး ဒါပေမဲ့ အဲလောက်များတာ၊ သူတို့ကိုကြည့်လိုက်ဦး ကောင်းကင်တစ်ခုလုံးကို ပြည့်လုနီးပါးဖြစ်နေပြီ”
ရှီမာယူယူ လှည့်ပြီး မည်းနက်နေသော ကောင်းကင်ကိုကြည့်လိုက်သည်။ သူတို့ မည်မျှရှိသည်မှာ သိသာလွန်းနေသည်.
“ငါတို့ တစ်ခုခုတော့ စဉ်းစားရတော့မယ်” ဒိဝူ ဆက်ပြောလေသည် “မိ သွားရင်တော့ ငါတို့သေပြီ”
“အခုချိန်မှာ ဘာတခြားနည်းလမ်းရှိဦးမှာလဲ” ရှီမာယူယူသည် ပြေးရင်း နှင့် လောကအသေးတံခါးထုတ်လိုက်သည်။ သူမ တံခါးဖွင့်ပြီး ဒိဝူနှင့် ပြေးဝင် လိုက်သည်။
“ကျိ ကျိ”
အမှောင်တစ္ဆေငှက်များသည် ရှီမာယူယူကို ဖမ်းမိလုနီးပါးဖြစ်မှ လေထဲ တွင်ပျောက်သွားခြင်းကြောင့် ဒေါသထွက်လေသည်။
ရှီမာယူယူသည် ထိုဒေါသထွက်နေသော အမှောင်တစ္ဆေငှက်များကို လောကအသေးမှ ကြည့်နေလေသည်။ သူမသည် သူမရင်ဘတ်ကိုပုတ်ပြီး ပြော လိုက်သည် “ကံကောင်းလို့ ပုန်းလို့ရမယ့်ဒီလိုနေရာရှိနေလို့”
“အပြင်မှာ ဘာတွေလဲ” ဝူလင်းယူသည် သူမ၏ ပြောင်းလဲသွားသော အမူအရာကိုမြင်သောအခါ သူမ၏လက်ကို ဆုပ်ကိုင်ပြီး မေးလိုက်သည်။
“အမှောင်တစ္ဆေငှက်တွေ ကောင်းကင်ကိုဖုံးနေတာလေ” ရှီမာယူယူ ပြော လိုက်သည်။
“ဒီမှာ တကယ်ပဲ မှောင်တစ္ဆေငှက်တွေရှိတာလား” ဝူလင်းယူသည် ပျာယာခတ်သွားသည် “သူတို့တွေက တစ္ဆေလောကမှာပဲရှိတယ်လို့ထင်နေတာ ဒီလိုနေရာမှာ သူတို့တွေ အသက်ရှင်နိုင်တာလား”
“ကြည့်ရတာ အပြောင်းအလဲရှိတဲ့ပုံပဲ သူတို့မျက်လုံးတွေရဲနေကြတာ” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒီ အမှောင်တစ္ဆေငှက်တွေက အားကောင်းလား”
“တစ်ကောင်တည်းဆို အားမကြီးပါဘူး ဒါပေမဲ့ အကုန်စုလိုက်ရင်တော့ ရှင်းဖို့ခက်လိမ့်မယ်” ဒိဝူ ပြောလိုက်သည်။
“ဒီမှာပဲ စောင့်ကြတာပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “အမှောင် တစ္ဆေငှက်တွေ ထွက်သွားတဲ့အထိစောင့်ပြီးမှ ထွက်ကြတာပေါ့”
“ဒါဆိုရင် အကြာကြီးစောင့်ရလိမ့်မယ်” ဝူလင်းယူ ဆက်ပြောလေသည် “အဲဒီ အမှောင်တစ္ဆေငှက်တွေက အရမ်းဉာဏ်ကောင်းတာ၊ သူတို့ မင်း လောက အသေးထဲဝင်သွားတာကို မြင်မှတော့ မင်းကိုအပြင်မှာ သေချာပေါက် စောင့်နေ လိမ့်မယ်”
“ဒါဆိုရင် သူတို့လက်လျော့ဖို့ ဘယ်လောက်ကြာမှာလဲ”
“အမှောင်တစ္ဆေငှက်တွေက အမှောင်သားရဲတွေထဲမှာ စိတ်အရှည်ဆုံးပဲ၊ မသေချာတဲ့အထိ ထွက်သွားမှာမဟုတ်ဘူး” ဒိဝူ ပြောလိုက်သည်။
“စောင့်ဖို့အပြင် ရွေးချယ်စရာမရှိတော့ဘူးပဲ”
“အင်း မင်းတို့တွေထွက်မရမှာတော့ ဒီမှာပဲနားလိုက်ကြပေါ့” ရှီမာလျူဖန် ပြောလိုက်သည်။
“သမီးတို့ တကယ်ပဲ ကောင်းကောင်းနားဖို့လိုနေတယ်၊ ဒီကြီးကိုဖြတ် ကျော်ဖို့ လျှောက်ရတာကို ပင်ပန်းနေပြီ” ရှီမာယူယူသည် အထူးတလည် ဖော်စပ်ထားသော ဆေးထုတ်ပြီး ဒိဝူကို ပေးလိုက်သည်။
သူတို့နှစ်ယောက်လုံးသည် စိတ်ပိုင်းဆိုင်ရာ အားနည်းနေလေပြီ။ ထိုအရာ ကြီးကိုဖြတ်လျှောက်ရင်းနှင့် အန္တရာယ်တစ်စုံတရာရှိမလားဟု သတိထားရ သေးသည်။
ရှီမာယူယူသည် အနားယူရန်သွားလိုက်သည်။ တခြားသူများသည် အပြင် မှအဖြစ်အပျက်ကိုမမြင်ရသဖြင့် လေးလံသောစိတ်ဖြင့် စောင့်ရလေသည်။
နှစ်ရက်အကြာတွင် တရားထိုင်နေသော ရှီမာယူယူသည် အပြင်မှ လှုပ်ရှားမှုများကြောင့် နိုးလာသည်။ သူမသည် တခြားသူများကို ခေါ်ကာ အပြင်မှ အဖြစ်အပျက်များကို မြင်နိုင်ရန် အတွေးကို အသုံးပြုလိုက်သည်။
ထိုအမှောင်တစ္ဆေငှက်များသည် အရင်ကကဲ့သို့မဟုတ်တော့ဘဲ တစ်စုံတရာကို ကြောက်ရွံ့နေသည့်အလား သွေးရူးသွေးတန်း ရှုပ်ယှက်ခတ် အောင်ပြေးကာ အဝေးသို့ပြေးသွားလေသည်။
“အမှောင်တစ္ဆေငှက်တွေ ဘာဖြစ်တာလဲ”
“မိုးပေါ်ကိုကြည့်လိုက်” ရှီမာယူယူ သတိပေးလိုက်သည်။
ကောင်းကင်ထက်တွင် လူတစ်ယောက် မိုးကြိုးဘေးသင့်မှုကို ရင်ဆိုင် တော့မည့်အတိုင်း တိမ်တိုက်မည်းများ စုဝေးလာသည်။
“ဒီကလူတစ်ယောက်ယောက်က မိုးကြိုးဘေးသင့်မှုရင်ဆိုင်တော့မှာလား”
“တစ္ဆေလောက,က လူက လူသားလောကကိုလာချင်ရင် မြို့ကနေထွက် ပြီးတာနဲ့ မိုးကြိုးဘေးသင့်မှုကို ခံရတယ်လို့ကြားဖူးတယ်၊ တစ်ယောက်ယောက် တော့ တစ္ဆေမြို့တော်က ထွက်မှာြဖစ်လောက်တယ်” ဒိဝူခန့်မှန်းလေသည်။
“ဆိုလိုတာက တစ္ဆေမြို့တော်က ဒီနဲ့မဝေးတော့ဘူးပေါ့” ရှီမာလျူယွင် ပြောလိုက်သည်။
“မိုးကြိုးဘေးသင့်မှုခံတာကောင်းတာပေါ့ အနည်းဆုံးတော့ အမှောင် တစ္ဆေငှက်တွေ ကြောက်သွားတာပေါ့” မိုဒိဆန်း ပြောလိုက်သည်။
“ဟုတ်တယ် ဒီမှာ တစ်လ နှစ်လလောက် စောင့်ရမယ်ထင်နေတာ ဒီလောက် မြန်မြန်ပျံသွားလိမ့်မယ်လို့ထင်မထားဘူး” ထိုအမှောင်တစ္ဆေငှက် များ လန့်ပြေးသွားသည်ကို ရှီမာယူယူ ပျော်ရွှင်မိသည်။ မိုးကြိုးဘေးသင့်မှုပြီး သည်နှင့် သူတို့ထွက်သွားရုံပင်။
“ဒီနေက မိုးကြိုးဘေးသင့်မှုအဆင့်ကို ကြည့်လို့ရတာပေါ့” ရှီမာလျူဖန် ဆက်ပြောလေသည် “အဲဒါက ဒီကအခြေအနေကို နားလည်ဖို့ ကူညီပေးလိမ့် မယ်”
အပြင်မှ ဘေးသင့်မှုတိမ်တိုက်သည် တဖြည်းဖြည်းစုဝေးလာသည်မှာ ဘေးသင့်မှုကို ရင်ဆိုင်မည့်လူအတွက် ပြဿနာတက်တော့မည့်ပုံပင်ထင်ရလေ သည်။ ထိုသည်မှာ လူတစ်ယောက်အလွယ်တကူ ဖြတ်ကျော်နိုင်သည့်အရာ မဟုတ်ပေ။
“တစ္ဆေလောက,က တန်ခိုးကြီးတဲ့လူက ဒီလမ်းကိုသုံးပြီး ထွက်ချင်နေ တာလား” ဒိဝူသည် ထိုဘေးသင့်မှုတိမ်တိုက်၏ စွမ်းအားကိုမြင်ပြီး ကြောက် စိတ်ဝင်မိလေသည်။
“တန်ခိုးကြီးတဲ့သူဆိုရင် ဘာလို့ဒီလမ်းကိုရွေးတာလဲ” ရှီမာယူယူ ပြော လိုက်သည်။
ထိုအဆင့်တွင် ဝူလင်းယူ နတ်ဆိုးလောကသို့ ပြန်သည့်အတိုင်း၊ မိုယွိ တစ္ဆေလောကသို့ ပြန်သည့်အတိုင်း သူတို့သည် လေဟာပြင်ကိုဖြဲလိုက်ရုံပင်။
“ဟုတ်တယ်”
“ဒီလောက်အားနဲ့ ဘေးသင့်မှုတိမ်တိုက်ဆိုရင် အပစ်ခံရမယ့်သူက အရမ်း ကိုဆိုးဝါးတဲ့ အပြစ်ရှိလို့ပဲဖြစ်မယ်၊ မဟုတ်ရင် အဖွဲ့လိုက် ဘေးသင့်မှုခံရတာပဲ” ရှီမာရှုံ့ချီ ဆက်ပြောလေသည် “ဘယ်လိုပဲဖြစ်ဖြစ် ဒါက နောက်ပိုင်းခရီးအတွက် အကျိုးရှိလိမ့်မယ်”
“ဟုတ်တယ်”
ဘေးသင့်မှုတိမ်တိုက်၏ စွမ်းအားသည် ထိုနေရာမှ ဝိညာဉ်သားရဲများကို ခြိမ်းခြောက်သည်မှာ မိုက်ရူးရဲဆန်စွာပြေးလွှားပြီး အော်ဟစ်ခြင်းကိုပါ ရပ်တန့် စေသည်။ ထို့ကြောင့် အချိန်နှင့်စွမ်းအင်များ အသုံးနည်းစေရန် ကူညီပေးသည်။
ဝေးလွန်းသဖြင့် ဘေးသင့်မှုခံယူသူမှာ မည်သူဖြစ်သည်ကို သူတို့မမြင်ရ ပေ။ မိုးကြိုးဘေးသင့်မှုသည် နေ့တစ်ဝက်ပစ်ပြီးနောက်တွင် ပျောက်ကွယ်သွား ရာ ရှီမာယူယူသည် အပြင်တွင် အန္တရာယ်မရှိတော့သည်ကို အတည်ပြုပြီး နောက် အားလုံးကိုခေါ်ထွက်လာခဲ့သည်။
“ဘေးသင့်မှုလာတဲ့ဘက်နောက်လိုက်ပြီး တစ္ဆေမြို့တော်ကိုသွားလို့ရ တယ်” ရှီမာယူယူသည် မိုးကြိုးဘေးသင့်မှုဆီသို့ လျှောက်သွားရန် ကြာချိန်ကို တွက်ချက်ရင်းနှင့် ထိုဘက်သို့ကြည့်လိုက်သည်။
“အဲဒါက ဒါက…” ဒိဝူသည် ထွက်လာသည်နှင့် တုန်ယင်လေသည် “ငါ ဝင်လို့ရမလား”
သူ ထိန်းချုပ်မရလောက်အောင် တုန်ယင်နေသည်ကို မြင်သောအခါ သူသည်လည်း တစ္ဆေဖြစ်သည်ကို ရှီမာယူယူ သတိရသွားသည်။ လေထဲမှ ကျန်ရှိသော စွမ်းအားသည် သူ့အားမခံနိုင်အောင်ဖြစ်ရာ သူမသည် လောက အသေးတံခါးဖွင့်ပြီး သူ့ကိုဝင်ခိုင်းလိုက်သည်။ သူမသည် ထိုလမ်းကိုဖြတ်ပြီးမှ ပင် သူ့ကိုထုတ်လိုက်သည်။
သူတို့သည် သားရဲပျံစီးပြီး တစ္ဆေမြို့တော်သို့ ပျံသွားလိုက်ကြသည်။ နှစ်ရက်မျှပျံသန်းပြီးနောက်တွင် မြေပြင်ပေါ်မှ လောင်ကျွမ်းထားသော အလောင်းအပုံများကို တွေ့လေသည်။
“တစ္ဆေ ၁၀ ယောက်ကျော်လောက် ဘေးသင့်မှုကိုအတူရင်ဆိုင်ကြတာ ကိုး အဲဒါကြောင့် အညှာတာမဲ့နေတာ” ရှီမာလျူဖန် ဆက်ပြောလေသည် “ယူယူ သမီးသာဆိုရင် ဒီမိုးကြိုးဘေးသင့်မှုကို ကြိုးစားပြီးဖြတ်ကျော်နိုင်မလား”
“ဘယ်လိုထင်လဲ အရှေ့မျှတမှုမြို့တော်ကဟာနဲ့ ယှဉ်ပြီးတော့လား” ရှီမာယူယူသည် မေးခွန်းဖြင့် ပြန်ဖြေလေသည်။
“ဪ ဟုတ်သားပဲ အရှေ့မျှတမှုမြို့တော်မှာတုန်းက သမီးက မိုးကြိုး ဘေးသင့်မှုကြီးကို ဖြတ်ကျော်ခဲ့တာပဲ” ရှီမာလျူဖန် ဆက်ပြောလေသည် “ယူယူ ပြောပါဦး သမီးကမိုးကြိုးကိုဘယ်လိုလုပ်ခံနိုင်တာလဲ၊ လျှပ်စီးအရည် အချင်းဝိညာဉ်သခင်တွေတောင် သမီးလိုမကိုင်တွယ်နိုင်ဘူး၊ ဦးလေးကိုလည်း သင်ပေးပါဦး ငါ သင်ယူပါမယ် ဘယ်သူသိနိုင်မလဲ နောက်တစ်ခါ ငါလည်း မိုးကြိုးကို ခံနိုင်ရည်ရှိသွားမှာပဲ”
“အဲအတွက်ကတော့ တကယ်ရိုးရှင်းပါတယ်” ရှီမာယူယူသည် ရှီမာလျူဖန်ကို ပြုံးပြီးကြည့်လိုက်သည် “ဒီအတိုင်းပဲ မိုးကြိုးဘေးသင့်မှုကို အကြိမ်ရေများများလေးထပ်ပြီး အပစ်ခံလိုက်၊ ပိုအားကောင်းလေ ပိုကောင်း လေပဲ၊ ဒါဆိုရင် ကျင့်သားရသွားလိမ့်မယ်”
ရှီမာလျူဖန်သည် သူမပြောသည်ကို လေးနက်စွာတွေးပြီးမှ သူမ စနောက်သည်ကို တွေးမိမှပင် အသိစိတ်ပြန်ဝင်လာပြီး ပြောလိုက်သည် “မင်းကတော့လေ လူကြီးတွေကို လေးစားသမှုလည်းမရှိဘူး”
“သမီးက အမှန်ပြောတာလေ” ရှီမာယူယူသည် သူ့ကိုဖြူစင်သလိုကြည့် လေသည် “သမီးက အကြိမ်အများကြီးအပစ်ခံလာရတာ၊ မသိလိုက်ခင်မှာပဲ သမီးခန္ဓာကိုယ်မှာ လျှပ်စီးအရည်အချင်းရှိလာတယ်၊ နောက်တော့ ရုတ်တရက် ကြီး မိုးကြိုးဘေးသင့်မှုကိုခံနိုင်လာတယ်လေ”
ရှီမာရှုံ့ချီနှင့် ဟွမ်ရင်ရင်တို့သည် သူမ စနောက်နေသည်ဟု ထင်ထားကြ သော်လည်း သူမ ပြောလိုက်သည့်စကားကိုကြားပြီးနောက်တွင် သူမ ခေါင်းကို အားနာသည့်စိတ်ဖြင့် ပုတ်ကာ ပြောလိုက်သည် “ဒီအချိန်အတွင်းကို သမီး ဘယ်လိုတွေဖြတ်ကျော်ခဲ့လဲဆိုတာ တွေးလို့တောင် မပေါက်တော့ဘူး၊ သနား စရာကောင်းတဲ့ကလေး နောက်တစ်ခါ ဒီလိုမျိုးတွေ မခံစားရတော့ပါဘူး အကုန် လုံးကို အဘွားတို့လက်ထဲသာအပ်ထားလိုက်ပါ”
***