← Chapters

မြို့ထဲဝင်ရန် ရှုံးနိမ့်ခြင်း

Vol. 94 Ch. 1303

မြို့ထဲဝင်ရန် ရှုံးနိမ့်ခြင်း

Vol. 94 Ch. 1303

ဟွမ်ရင်ရင်ဆီမှ အချစ်နှင့် လိပ်ပြာမသန့်မှုကို ခံစားရသောအခါ ရှီမာယူယူ ပြုံးပြီးခေါင်းရမ်းလိုက်သည်။

“တကယ်တော့ ဒီပြဿနာတွေက သမီးရခဲ့တာတွေနဲ့ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး၊ သမီးရခဲ့သလောက်မရဘဲ ထိခိုက်တဲ့လူတွေလည်း အများကြီးပဲ” သူမ ပြုံးပြီးနှစ်သိမ့်လိုက်သည်။

“ကလေးရယ်…” ဟွမ်ရင်ရင်သည် လက်မောင်းကိုဆန့်တန်းပြီး သူမကို ဖက်လိုက်သည်။

သူမ၏ အောင်မြင်မှုအတွက် ဂုဏ်မောက်ခြင်းမရှိကာ နားလည်ပေးနိုင် သည့် သူတို့၏ မြေးမလေးကို မချစ်ဘဲမည်ကဲ့သို့ နေရမည်နည်း။

ရှီမာလျူဖန်သည် နှုတ်ခမ်းရှုံ့လိုက်သည်။ အိမ်တော်တွင် ထိုအဒေါ်ကို သံမဏိမိန်းကလေးဟု ခေါ်ကြသည်။ အစ်ကိုကြီး၊ မောင်ဖြစ်သူ၊ ချွေးမနှင့် တခြားသူများသည် သူမကို ကြောက်ရွံ့ကြကာ သူမ၏ ဆူငေါက်ခြင်းကို များစွာ ခံရလေသည်။

သို့သော် သူမသည် ယူယူ့ကိုထိုသို့ချစ်ခင်နေသည်မှာ လက်ခံရန်ပင် ခက် နေသည်။

စဉ်းစားကြည့်ရာ မျိုးနွယ်ခေါင်းဆောင်ပင်လျှင် သူမကို ချစ်သည့်ပုံကို ကြည့်ရသည်မှာ သူမသည် မည်မျှဆွဲဆောင်မှုရှိသည်ကို ပြသနေသည်။

ဒီလိုအရည်အချင်းရှိပြီး ထူးချွန်တဲ့ကလေးကို ဘယ်သူက မချစ်ဘဲနေမှာ လဲ။

“တစ္ဆေမြို့တော်က ဘယ်လိုလဲဆိုတာ သိချင်နေပြီ တခြားမြို့တော်တွေ နဲ့ မတူဘူးလား” ရှီမာယူယူ ပြောလိုက်သည်။

“ဘာမှကွာခြားမှုရှိမယ်လို့တော့ မထင်ဘူး၊ တစ်ခုကိုထောက်ပြရမယ် ဆိုရင် အထဲမှာ အမှောင်ဝိညာဉ်သခင်တွေနဲ့ တစ္ဆေတွေရှိနေတာပဲ” မိုဒိဆန်း ပြောလိုက်သည်။

“ဒီနှစ်တွေမှာ အဖေဘာတွေဖြစ်ခဲ့လဲဆိုတာ သိချင်တယ်၊ သူ့အသက် ကျောက်စိမ်းက တစ်ချိန်လုံးအက်နေတာ၊ ဒီနှစ်တွေမှာ သူ့ဒဏ်ရာက လုံးဝကို ပြန်မကောင်းသေးတာလားလို့”

ရှီမာယူယူ ပြောလိုက်သောအခါ အားလုံး တိတ်ဆိတ်သွားကြသည်။ သူတို့သည် စိုးရိမ်နေခြင်းကြောင့် လေထုမှာ ထုံထိုင်းသွားသည်။

“မိန်းကလေးယူယူ မစိုးရိမ်ပါနဲ့ မင်းအဖေအဆင်ပြေမှာပါ” လက်ထောက် လေး ဆက်ပြောလေသည် “ဆရာက ပြောလိုက်တယ်၊ မိန်းကလေးရဲ့အဖေက အနာဂတ်ကို သက်ရောက်နိုင်မယ်တဲ့၊ အဲဒါကြောင့် ဒီလောက်မြန်မြန်မသေပါ ဘူး”

“အင်း ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် သူ့ကို ပြုံးရုံသာ ပြုံးပြလိုက် သည်။ သူသိထားလျှင် မသဲမကွဲဖြစ်မည်မဟုတ်သောကြောင့် အနာဂတ်တွင် မည်သို့ သက်ရောက်မှုရှိမည်ကိုတော့ သူမ မမေးတော့ပေ။

ထိုအလောင်းများကို တွေ့ပြီးမကြာခင်တွင် လေထဲတွင် တည်ထားသော မြို့တစ်မြို့ကိုတွေ့လေသည်။

ထိုမြို့သည် တိမ်ပင်လယ်မြို့တော်နှင့်မတူပေ။ တစ္ဆေမြို့တော်သည် လေထဲတွင် အမြဲတစေရှိခဲ့သည်။ အောက်မှ ထောက်ခံပေးသည့် အရာဘာမှ မရှိပေ။

ထိုနေရာသည် တစ္ဆေလောကနှင့် လူသားလောကတို့၏ ဆုံချက်ဖြစ် သည်နှင့်အညီ လေထဲတွင် တခြားသော ဝိညာဉ်စွမ်းအင်အရည်အချင်းများမှာ ရှားပါးလေသည်။ သူတို့ တစ္ဆေမြို့တော်သို့ နီးကပ်သွားလေလေ ဘာမှမရှိလေ လေ ဖြစ်ချေ၏။ တစ္ဆေမြို့တော်၏ အဆုံးမှထွက်သွားလျှင်လုံးဝ ပျောက်ကွယ် သွားတော့မည့်အတိုင်းပင်။

သူတို့သည် မြို့အပြင်သို့ ပျံသွားလိုက်ရာ မြို့အဝင်ပေါက်ကို မတွေ့ရပေ။

“မြို့အဝင်ပေါက်မရှိဘဲနဲ့ တစ္ဆေမြို့တော်ကို ဘယ်လိုဝင်ရမှာလဲ”

“လှည့်ပတ်ကြည့်ကြတာပေါ့”

သူတို့ ရက်အနည်းငယ်ပျံသန်းကြည့်ရာ နေရာတိုင်းသည် အတူတူပင်။ တူညီသောနံရံများ၊ အုတ်များ၊ အုတ်ကြွပ်များနှင့် ကွာခြားမှုလုံးဝမရှိပေ။ နေရာ တစ်ခုတည်းကိုသာ ဦးတည်သွားခြင်းကြောင့်သာမဟုတ်လျှင် တူညီသည့်နေရာ ကို ပြန်ရောက်လာသည်ဟု ထင်လောက်စရာပင်။

“တစ္ဆေမြို့တော်က ဒီလောက်ကြီးတာ၊ ဒီလောက်ရက်တွေကြာအောင် လမ်းလျှောက်တာတောင် ဘာမှမမြင်ရဘူး၊ အဖေသာ ဒီမှာတကယ်ရှိရင် ရှာဖို့ လွယ်မှာမဟုတ်ဘူး” ရှီမာယူယူ သက်ပြင်းချလေသည်။

“တကယ်ပဲကြီးတာပဲ”

“အရင်ဆုံး ဝင်ပေါက်ကို ရှာရမယ်” ဝူလင်းယူ ဆက်ပြောလေသည် “ဒီလောက်ကြာအောင် လျှောက်တာတောင် ဘာမှမမြင်ရဘူး၊ ဒါကြီးလို့တော့ ဖြစ်ပုံမရဘူး နဂိုကတည်းက ဒီလိုဖြစ်လို့ဖြစ်မယ်”

“ဖြစ်နိုင်တယ်” ရှီမာရှုံ့ချီ ဆက်ပြောလေသည် “ဝင်လို့ရမလား စမ်းကြည့် ရအောင်”

သူ ပျံသန်းသွားရာ နံရံများအပေါ်သို့ မရောက်ခင်အမြင့်တစ်နေရာတွင် အမည်းရောင်လှိုင်းဂယက်များနှင့် တိုက်မိလေသည်။

ရှီမာရှုံ့ချီသည် ထိုလှိုင်းဂယက်၏ စွမ်းအားကိုခံစားမိပြီး ထိခိုက်မှုမှ တားဆီးရန် စွမ်းအားကိုသုံးပြီး ကာကွယ်လိုက်သည်။ သို့သော် သူသည် အားပြင်းပြင်းဖြင့် ခုန်ထွက်သွားလေသည်။

“ဒီမှာ ကာကွယ်ရေးတည်ဆောက်မှုရှိနေတာလား”

ရှီမာရှုံ့ချီသည် လေးလံသောအကြည့်ဖြင့် အားလုံးဆီသို့ပြန်လာသည်။

“ဒီဟာကို အတင်းဖျက်လို့မရဘူး၊ ဒီကာကွယ်ရေးတည်ဆောက်မှုက အားကောင်းတယ်”

သူသည် စံတင်အဆင့်ကျွမ်းကျင်သူဖြစ်လျက်နှင့်ပင် လှိုင်းဂယက်၏ စွမ်းအားကြောင့် ပြန်ကန်ထွက်လေသည်။ ကြည့်ရသည်မှာ တစ္ဆေမြို့တော်၏ ကာကွယ်မှုစွမ်းအားသည် အလွန်အားကောင်းသည့်ပုံပင်။

“ကြည့်ရတာ ဒီမြို့အဝင်ပေါက်ကို ဝင်ဖို့ကမလွယ်လောက်ဘူး” မိုဒိဆန်း သည် မြို့နံရံကို စိတ်ဝင်တစားကြည့်လိုက်သည် “ဒီလိုမျိုးတော့ ဇွတ်တိုးဝင်လို့ ရမှာမဟုတ်ဘူး၊ ငါတို့ တစ်ခုခုတော့ စဉ်းစားရတော့မယ် မင်းမှာ အကြံရှိလား”

သူသည် ဝူလင်းယူအားကြည့်လိုက်သည်။ ပညာရှိစံအိမ်တော်၏ မြင့်မြတ် သောသားတော်သည် အတွေ့အကြုံရှိသည် မဟုတ်ပါလား။

ထင်ထားသည့်အတိုင်းပင် ဝူလင်းယူသည် ခေါင်းညိတ်ပြီးပြောလိုက် သည် “နည်းလမ်းတချို့တော့ ကြားဖူးတယ် ဒါပေမဲ့ အလုပ်ဖြစ်မလားတော့ မသေချာဘူး”

“ဘာအကြံရှိလဲ” ရှီမာလျူဖန် မေးခွန်းထုတ်လိုက်သည်။

ဝူလင်းယူသည် ဒိဝူအားကြည့်ပြီး ပြောလိုက်သည် “စမ်းကြည့်လိုက်”

“ငါလား ငါ့မှာအဲလောက်အားကောင်းတဲ့ စွမ်းအားမရှိဘူး” ဒိဝူသည် ခေါင်းကိုအလျင်အမြန်ယမ်းလေသည်။

“သွားစမ်းကြည့်လိုက် မင်းဒဏ်ရာရမှာမဟုတ်ဘူး” ဝူလင်းယူ ပြောလိုက် သည်။

“ကောင်းပါပြီ”

ဒိဝူသည် အသက်ပြင်းပြင်းရှုကာ မြို့အဝင်သို့ ပျံသွားလိုက်သည်။

“ဘုန်း…”

ဒိဝူတွင် အားကောင်းသော စွမ်းအားမရှိကာ ဝူလင်းယူ၏ စကားများကို ယုံစားပြီး သူ့ကိုယ်သူမကာကွယ်ဘဲ ပြေးဝင်လိုက်ရာ တိုက်ခိုက်မှုစွမ်းအား ကြောင့် ပြန်ကန်ထွက်လေသည်။

ဝူလင်းယူသည် လက်ကိုဝှေ့ယမ်းလိုက်ရာ စွမ်းအားအလင်းတန်းသည် သူ့ကို ဖမ်းပြီး ပြန်ခေါ်လိုက်သည်။

“အား… နာလိုက်တာ ဘာပြဿနာမှမရှိဘူးလို့ပြောတာမဟုတ်ဘူးလား” ဒိဝူသည် သူ၏ ဒဏ်ရာရထားသော လက်မောင်းကို ပွတ်သပ်ကာ သူ့အား မကျေမနပ်ဖြင့် စိုက်ကြည့်လေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် မင်းယုံတာပဲလေ” ဝူလင်းယူသည် တိုးညင်းစွာ ပြော လေသည်။

“ငါ…”

ဒိဝူသည် အလိမ်ခံလိုက်ရသကဲ့သို့ ဆွံ့အသွားလေသည်။

“ဒေါသမထွက်ပါနဲ့ ဒီဒဏ်ရာက ရည်ရွယ်ချက်ရှိတယ်” ဝူလင်းယူ ပြော လိုက်သည်။

“တစ်ခုခုများ စဉ်းစားမိလို့လား” ရှီမာယူယူ မေးလိုက်သည်။

“တစ္ဆေတွေကိုကျ တွန်းကန်အား နည်းတာသတိမထားမိဘူးလား” ဝူလင်းယူသည် မေးဖြင့် ပြန်ဖြေလေသည်။

“အဲလိုပုံပဲ” ရှီမာယူယူ စဉ်းစားကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံး သည် မတိုက်ခိုက်သော်လည်း ကာကွယ်ရေးတည်ဆောက်မှု၏ စွမ်းအားမှာ ကွဲပြားသည်။

“ကြည့်ရတာ ကွဲပြားမှုတော့ရှိတယ်၊ အားအင်ကွာခြားမှုကြောင့်လား” ရှီမာလျူဖန် မေးလိုက်သည်။

“စမ်းကြည့်လိုက်လေ” မိုဒိဆန်းပြောလိုက်သည်။

မိုဒိဆန်းသည် စနောက်လိုက်ခြင်းဖြစ်သည်။ သို့သော် ရှီမာလျူဖန်သည် စကားကြားပြီးသည်နှင့် ပျံသွားသွားလိမ့်မည်ဟု ထင်မထားပေ။

“ဘုန်း”

ရှီမာလျူဖန်သည် ကြိုတင်ပြင်ဆင်ထားခြင်းကြောင့် ဒဏ်ရာမရလိုက် ပေ။ သို့သော် သူသည် ဒိဝူနှင့် စွမ်းအား မတိမ်းမယိမ်းရှိပြီး ထိုတိုက်ခိုက်မှုသည် ဒိဝူထက်ပင် အားပြင်းသည်ကို ထင်ရှားစွာတွေ့ရလေသည်။

“လူသားတွေကိုကျ ဘာလို့တစ္ဆေတွေထက် ပိုပြီးတိုက်ခိုက်မှုအားပြင်း တာလဲ” လက်ထောက်လေး မေးလိုက်သ်ည။

“အရင်က ဒါကို ဆောက်ခဲ့တဲ့လူက လူသားတွေကို မုန်းလို့နေမှာပေါ့” ရှီမာယူယူ ခန့်မှန်းလိုက်သည်။

“ကြည့်ရတာ ဒါကိုလည်း မင်းနဲ့ဒိဝူကိုပဲ အားကိုးရမယ်ထင်တယ်” ဝူလင်းယူ ပြောလိုက်သည်။

“အင်း”

ရှီမာယူယူသည် သူ၏ဆိုလိုရင်းကိုနားလည်ပြီး အားလုံးကို လောက အသေးထဲသို့ထည့်ပြီး သူမနှင့် ဒိဝူသာ နေခဲ့လိုက်သည်။

“ဘယ်လိုဝင်ကြမလဲ” ဒိဝူ မေးလိုက်သည်။

ရှီမာယူယူသည် သူမ၏ ဝိညာဉ်စွမ်းအင်ကိုသိမ်းပြီးနောက် အမှောင် ရောင်ဝါထုတ်ပြီး ဟိန်းသံလေးနှင့် ပေါင်းစပ်လိုက်သည်။ ပြီးနောက်တွင် သူမ ကိုယ်ပေါ်မှ ရောင်ဝါသည် လုံးဝ ပြောင်းလဲသွားလေသည်။

ဒိဝူသည် သူမကိုယ်ပေါ်မှ ရောင်ဝါကို အနံ့ခံမိသဖြင့် သူ၏ မျက်လုံးများ သည် မျက်ရည်များပြည့်လာကာ ပျော်ရွှင်စွာ ပြုံးဖြီးလာသည်။

“အိုးအိုး ဒီအနံ့က မင်းသမီးရဲ့အနံ့ပဲ” ဒိဝူသည် သူမကိုပတ်ပြီး က,လေ သည် “အရင်က ဒီအနံ့ရဖူးတယ် ဒါပေမဲ့ တော်တော်တော့ကြာပြီ”

ရှီမာယူယူသည် သူ၏ ပျော်ရွှင်မှုကိုမြင်သောအခါ ပြုံးပြီး ပြောလိုက်သည် “ကောင်းပြီ ဝင်ရအောင်”

“ဘယ်လိုဝင်မှာလဲ” ရှီမာယူယူသည် သူမေးပြီးသည်နှင့် ကာကွယ်ရေး တည်ဆောက်မှုမှ သူတို့ကို ထိခိုက်စေမည်ကိုပင် ဂရုမစိုက်တော့ဘဲ သူ့လက်ကို ကိုင်ကာ အရှိန်ဖြင့် မြို့နံရံဆီသို့ ပျံသွားလိုက်သည်။

***

All Chapters