← Chapters

အရိုက်ခံနေရတဲ့ လူငယ်လေး

Vol. 94 Ch. 1304

အရိုက်ခံနေရတဲ့ လူငယ်လေး

Vol. 94 Ch. 1304

“အား…”

သူ့လက်ကို ရှီမာယူယူဆွဲထားသောကြောင့် ဒိဝူသည် အလိုလိုပါသွား လေသည်။ သူသည် မည်သည့်ကာကွယ်မှုမှရှိမနေသဖြင့် ကြောက်လန့်တကြား အော်လိုက်သည်။

“မင်းရဲ့တစ္ဆေရောင်ဝါကိုလွှတ်လိုက်” ရှီမာယူယူ အမိန့်ပေးလိုက်သည်။

ဒိဝူသည် သူမ လုပ်နေသည့်အရာကို မသေချာသော်လည်း သူမစကားကို နားထောင်ကာ တစ္ဆေရောင်ဝါကို ထုတ်လွှတ်လိုက်သည်နှင့် နွေးထွေးသော ရောင်ဝါကိုခံစားမိလေသည်။

သူ နံရံနှင့်နီးလာချိန်တွင် အလန့်တကြားမျက်လုံးမှိတ်လိုက်သည်။ သို့သော် သူထင်ထားသည့် သက်ရောက်မှုဖြစ်မလာဘဲ ပါးလွှားသော အမြှေး လွှာကို ဖြတ်သွားသည်ကိုသာ ခံစားရပြီးနောက် မျက်လုံးပြန်ဖွင့်ချိန်တွင် မြို့၏ နံရံပေါ်တွင် ရပ်ပြီးသားဖြစ်လေသည်။

“ဒါက ဒါက…” သူသည် မြို့နံရံကိုတအံ့တဩကြည့်ပြီးနောက် ရှီမာယူယူ ကို ပြန်ကြည့်လိုက်သည်။ သူတို့ဘယ်လိုလုပ်ဝင်လာကြတာလဲ။

“ဒါက.. ဒါက ဆိုတာ ဘာအဓိပ္ပာယ်လဲ” ရှီမာယူယူသည် သူ့လက်ကိုလွှတ် ပြီးနောက် သူမနှင့် ဟိန်းသံလေးကိုပြန်ခွဲကာ ဟိန်းသံလေးကို ဝိညာဉ်စေတီ အတွင်းသို့ထည့်လိုက်သည်။

“ဒီကိုဘယ်လိုလုပ် ရောက်လာတာလဲ” ဒိဝူသည် မယုံနိုင်ဖြစ်နေသေး သည်။ အစောပိုင်းက မည်သူမှမဝင်နိုင်သည့်နေရာကို မျက်စိတစ်မှိတ်အတွင်း တွင် သူဝင်နိုင်သွားသည်။ အရမ်းကို အံ့ဩဖို့ကောင်းတာပဲ။

“မင်းကို ပြောပြရင်တောင် နားလည်မှာမဟုတ်ဘူး စိတ်ထဲထားမနေနဲ့” ရှီမာယူယူ ဆက်ပြောလေသည် “ဆင်းပြီး လျှောက်ပတ်ကြည့်ရအောင်”

သူမ ပြောသည်နှင့် ဒိဝူကိုလျှောက်ပတ်သွားပြီး သူ့အနောက်မှ လှေကားမှ ဆင်းသွားလိုက်သည်။

“သူတို့ကိုထုတ်မှာလား” ဒိဝူသည် သတိပြန်ဝင်လာသည်နှင့် သူမနောက် ကိုလိုက်ရင်း မေးလိုက်သည်။

“မလောနဲ့ သူတို့က အလင်းအရည်အချင်း ဝိညာဉ်သခင်တွေ၊ သူတို့ အခု ထွက်ရင်တောင် ဒီနေရာက အမှောင်အရည်အချင်းဝိညာဉ်သခင်တွေနဲ့ တစ္ဆေ တွေပြည့်နေလို့ ဘာမှတတ်နိုင်မှာမဟုတ်ဘူး အဖေဘာဖြစ်လဲဆိုတာ ရှင်းရှင်း လင်းလင်းသိမှ ခေါ်လို့ရတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုရင် သူတို့လောကအသေးထဲမှာ ဒေါသထွက်ကြလိမ့်မယ်” ဒိဝူ သက်ပြင်းချလိုက်သည် “ဒါပေမဲ့ ကျွန်တော့်ကိုကျ ဘာလို့နေခိုင်းတာလဲ”

“မင်းက တစ္ဆေလေ တစ်ခါတလေ မင်းရှိနေတာ မေးဖို့ ပိုပြီးအဆင်ပြေ တယ်” ရှီမာယူယူ ပြောလိုက်သည်။

“အာ… ဒါကိုတောင် စီစဉ်ထားတာလား” ဒိဝူသည် နှုတ်ခမ်းရွဲ့လိုက်သည် “အာ… သခင်မလေးက အစတုန်းကခေါ်တာမဟုတ်ဘူးလေ မတော်တဆခေါ် မိသွားတာ”

ရှီမာယူယူ ရယ်မောလိုက်သည် “မင်းက အရိပ်အကဲတော့ မနှေးဘူးပဲ”

“အဲတော့အစကတည်းက သူတို့ကိုခေါ်ဖို့ အစီအစဉ်မရှိဘူးပေါ့” ဒိဝူသည် စိတ်ချအောင် ပြောလိုက်သည်။

“မင်းပြောတာမှန်တယ် ဒါပေမဲ့ ဆုတော့မရှိဘူး” ရှီမာယူယူ ပြောလိုက် သည်။

“ဒါဆိုရင် ဒီနေရာကိုဝင်နိုင်မယ်လို့ ဘယ်လိုလုပ်သိတာလဲ”

“ငါက ဉာဏ်ကောင်းလို့လေ”

“…” ကိုယ့်ဘက်ကိုယ်ယက်တဲ့ ရောဂါပြန်ထလာပြန်ပြီ။

“အဲဒါက သခင်မလေးမှာရှိတဲ့ ဝိညာဉ်သားရဲကြောင့်မလား” ဒိဝူ ဆက် ပြောလေသည် “ပေါင်းစပ်လိုက်တာနဲ့ တစ်သားတည်းဖြစ်သွားတာ”

ရှီမာယူယူ ရပ်ပြီးသူ့ကိုလှည့်ကြည့်လိုက်ရာ မဆုတ်မနစ် လိုက်မေးနေ သည်ကို မြင်ပြီးရှင်းပြလေသည် “မင်းတို့တွေ စမ်းသပ်နေကတည်းက ငါမြင် ပြီးပြီလေ၊ ဒီကာကွယ်ရေးတည်ဆောက်မှုကို ဝိညာဉ်အတားအဆီးနဲ့လုပ်ထား တာ ဝိညာဉ်အတားအဆီးဖြစ်နေသရွေ့တော့ ငါ့ကိုတားလို့မရဘူး”

“ဪ အဲဒီဝိညာဉ်သားရဲက ဝိညာဉ်အတားအဆီးကို ဖြတ်လို့ရတာ မလား” ဒိဝူသည် တစ်ခုခုကိုသိပုံရကာ ရုတ်တရက် တစ်စုံတရာကိုမှတ်မိသွား လေသည် “အဲဒီသားရဲက ရှေးဟောင်းအထွတ်အထိတ်သားရဲဟူမဟုတ်ဘူး လား”

“မှန်သွားပြန်ပြီ” ရှီမာယူယူသည် လှေကားတစ်လျှောက် ဆက်ဆင်းလာ လိုက်သည်။ သူမ စိတ်ထဲတွင်တွေးနေမိသည်။ ဒိဝူသည် အားကိုးနိုင်သည့်ပုံ မပေါ်သော်လည်း အမှန်တကယ်ပင် ဉာဏ်ကောင်းသည်။

သို့သော် သူသာ ဉာဏ်မကောင်းလျှင် ဝမ်းကွဲအစ်ကိုမှ သူမကို လာရှာခိုင်း မည်မဟုတ်ပေ။

သူတို့သည် မြို့နံရ့၏အောက်ခြေသို့လာရာ တစ္ဆေရော လူသားပါ မရှိသည့် ဗလာကျင်းနေသောလမ်းကို တွေ့လေသည်။

“ဒီမှာ ဘာလို့ဘာမှမရှိတာလဲ”

“ငါတို့လာတဲ့နေရာက လူမရှိတဲ့အပိုင်းမို့လို့နေမှာ” ရှီမာယူယူ ခန့်မှန်း လိုက်သည်။ မဟုတ်လျှင် အစောပိုင်းက လှုပ်ရှားမှုများလုပ်နေစဉ်က စောင့် ကြည့်မည့်သူ ရှိမှာမဟုတ်လား။

“ဒီနေရာအကြောင်းကို နည်းနည်းပဲသိတယ် တစ်ယောက်ယောက်ကို မေးကြတာပေါ့” ဒိဝူ ပြောလိုက်သည်။

“ကောင်းပြီလေ”

သူတို့သည် လမ်းလျှောက်ရင်းနှင့် အခြေအနေကို စူးစမ်းရာ မည်သူ တစ်ဦးတစ်ယောက်မှမရှိသည်ကို တွေ့လိုက်ရသည်။

“ဒိဝူ မင်းက တစ္ဆေမြို့တော်အကြောင်းကြားဖူးတယ်ဆိုမှတော့ ငါ့ကို ပြောပါဦး ဘာတွေကြားထားတာလဲ”

“ဘာမှတော့မဟုတ်ပါဘူး ဒီကလူတွေက ဘယ်လောက်ရက်စက်ပြီး တိုက်ခိုက်တာကို ဘယ်လောက်ကြိုက်ကြလဲဆိုတာရယ်” ဒိဝူ ဆက်ပြောလေ သည် “ဒါပေမဲ့ တစ္ဆေလောကမှာမရပ်တည်နိုင်တဲ့ လူတွေသာ ဒီနေရာ အကြောင်းကိုသိရင် ဒီကိုလာဖို့ပဲရွေးကြမှာပဲ”

ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ သူတို့က ဒီနေရာကို အကာအကွယ်အဖြစ်ပဲ ထားတာလေ။ ဒါဆိုရင် သွေးမိစ္ဆာမြို့တော်နဲ့ မတူဘူး လား။

“တိတ်ဆိတ်လိုက်တဲ့ မြို့တော်ပဲ ဘာသံမှကိုမကြားရဘူး၊ ကျွန်တော့်လို သာဆိုရင် ဒီနေရာကိုဘယ်တော့မှမလာဘူး” ဒိဝူသည် နှုတ်ခမ်းတွန့်လိုက် သည်။ သူ၏နှာခေါင်းသည် ရုတ်တရက်လှုပ်ရှားသွားကာ ပင့်သက်ပြင်းပြင်းရှိုက် ပြီး ပြောလိုက်သည် “ဒီမှာလူသားအနံ့ရှိတယ်”

ရှီမာယူယူ ရပ်သွားသည်။ သူက တကယ်ပဲ ဟိုဟိုဒီဒီအနံ့ခံကောင်းတဲ့ ခွေးတစ်ကောင်လိုပဲ။

“ဘာတွေ့တာလဲ” သူ အပြင်းအထန် အနံ့ခံနေသည်ကို မြင်သောအခါ သူမကိုယ်သူမ ရယ်ချင်စိတ်ကိုမျိုသိပ်ပြီး မေးလိုက်သည်။

“လူသားနဲ့ တစ္ဆေအနံ့နည်းနည်းကိုပဲရတယ် သွေးနံ့လည်းပါနေတယ်” ဒိဝူ ဆက်ပြောလေသည် “ကျွန်တော်မမှားရင် တိုက်ခိုက်နေကြတာပဲ”

“နောက်ဆုံးတော့ လူရှိနေပြီပေါ့ အဲဒီကိုသွားကြည့်ရအောင် ဘယ်ဘက် လဲ”

သူတို့သည် လမ်းဆုံလမ်းခွရောက်နေရာ ဒိဝူ ညာဘက်ကို ညွှန်ပြလိုက် သည်နှင့် အရှိန်မြင့်ပြီး ပြေးကြလေသည်။

“မင်းကိုသတ်မယ် ကောင်စုတ်လေး မင်းက ငါ့ကိုမြင်တာနဲ့ပုန်းတယ်ပေါ့ အံ့ဩလောက်စရာပဲ အာ သူ့ကိုရိုက်ကြ ဒီနေ့ မင်းကိုသင်ခန်းစာမပေးရင် မင်း ဘာမှတတ်မှာမဟုတ်ဘူး”

သူတို့ နီးလာသည်နှင့် ပြစ်တင်ပြောဆိုခြင်းများ၊ ထိုးကန်သည့်အသံများ ကို ကျယ်လောင်စွာ ကြားရလေသည်။

“ထစမ်း ခုနတုန်းက မင်းပဲမောက်မာနေတာမဟုတ်ဘူးလား ငါ့ကို ဘာလုပ်ချင်တယ်လို့ ပြောလိုက်တာ… ဒီမှာ ငါမင်းကို စောင့်နေတယ်”

“အသုံးမကျတဲ့ အမှိုက်သရိုက်၊ မင်းလိုအမှိုက်ကို ငါ့ခြေထောက်အောက် မှာ နင်းခြေပြမယ် ဟားဟားဟား”

“သခင်လေး ကျွန်တော်တို့ အရင်ပြန်သင့်တယ်ထင်တယ်၊ ဒီနေရာက ကန့်သတ်ဧရိယာပဲ၊ ကျွန်တော်တို့ဒီနေရာရောက်နေတာကို သိရင် မြို့ဝန်က အပြစ်ပေးလိမ့်မယ်” အသံတစ်သံသည် ဖျောင်းဖျနေသည်။

“ဘာတွေကြောက်နေတာလဲ ကောင်းကင်ကြီးပြိုကျရင်တောင် အဖေက ငါတို့အတွက် ကာပေးလိမ့်မယ်၊ ငါ့အဖေက အာဏာရှိတဲ့ မြို့ဝန်ပဲ၊ ငါတို့ မိသွား ရင်တောင် ဘာမှဖြစ်လာမှာမဟုတ်ဘူး”

“ထွီ.. ကျန်းရှု မင်းအဖေက မြို့ဝန်ရဲ့ခွေးပဲ၊ မင်းအဖေနာမည်နဲ့ မကောင်း တာတွေလုပ်တာအပြင် ဘာလုပ်တတ်သေးလို့လဲ၊ မင်း ဒီကိုနယ်ကျော်လာတာ ကို မင်းအဖေသိရင် ကာကွယ်ပေးမလားဆိုတာ ကြည့်ကြတာပေါ့၊ ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့အသက်ကိုမလိုတော့ဘူး ငါ မသေခင်ကို မင်းကိုပါ ဆွဲခေါ်သွားမှာ ဟားဟားဟား…”

“ငါ့ကိုခြိမ်းခြောက်ရဲသေးတယ် သူ့ကိုရိုက်စမ်း ဘာမှညှာတာစရာမလိုဘူး သူဒီနေ့မသေရင် ငါ့မျိုးရိုးနာမည်က ကျန်းမဟုတ်တော့ဘူး”

“ဟုတ်ကဲ့သခင်လေး”

“သခင်လေး သူ အဲလူရဲ့ကလေးပဲလေ သူ့ကိုသတ်လိုက်လို့ ရုတ်တရက် ကြီးပြန်လာရင် ဘယ်လိုလုပ်မလဲ”

“ဘာတွေကြောက်နေတာလဲ” ကျန်းရှုအော်လိုက်သည်။ “သူ့အဖေက ပျောက်နေတာ နှစ်တွေကြာနေပြီ သူသေကိုသေရမယ် သတ်လိုက်”

ရှီမာယူယူသည် လမ်းကွေ့လိုက်သည်နှင့် အရွယ်မရောက်သေးသည့်လူ တစ်ယောက်အား လူတစ်စုမှဝိုင်းကာ ဝိညာဉ်စွမ်းအား မသုံးနိုင်သည့် သာမန် လူတစ်ယောက်ကဲ့သို့ ကန်လိုက် ထိုးလိုက်လုပ်နေကြသည်။

ထိုလူငယ်လေးသည် မြေပေါ်တွင်လှဲကာ ဦးခေါင်းဒဏ်ရာမရစေရန် လက်နှစ်ဖက်ဖြင့် ကာထားလေသည်။

ရှီမာယူယူသည် ကြည့်လိုက်ရာ သူ၏ ခေါင်းမာသော မျက်လုံးများဖြင့် သွားစုံလေသည်။

***

All Chapters