← Chapters

သတ်ဖြတ်ခြင်း

Vol. 6 Ch. 90

သတ်ဖြတ်ခြင်း

Vol. 6 Ch. 90

ဟွမ်ဂိုဏ်းချုပ်ဟာ ဘာဖြစ်သွားမှန်း မမြင်နိုင်ခင်မှာပဲ ယီထျန်းယွမ်ရဲ့ ခြေထောက်က သူ့ခေါင်းပေါ်မှာ ရောက်နှင့်နေပြီဖြစ်သည်။ ယီထျန်းယွမ်က သူ့ထက် အဆမတန် အင်အားကြီးမားလိမ့်မယ်လို့ ဘယ်လိုမှ မထင်ထားခဲ့ပေ။

“ဒါ ဟုတ်မှ မဟုတ်နိုင်တာ” ဟွမ်ဂိုဏ်းချုပ်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။

ဟွမ်ဂိုဏ်းချုပ်က အလျင်အမြန် ထရပ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ့ရဲ့ ကျင့်ကြံမှုနည်းစနစ်ဖြစ်တဲ့ ကောင်းကင်နဂါးလက်ဝါးနည်းစနစ်ကို အသုံးပြုကာ လေဆင်နှာမောင်းတစ်ခုဖန်တီးပြီး ယီထျန်းယွမ်ကို တိုက်ခိုက်လိုက်သည်။ ဒါပေမယ့် ယီထျန်းယွမ်က ဒီတိုက်ခိုက်မှုကို ကြိုတင်မှန်းဆထားပြီးဖြစ်ပြီး၊ ဟွမ်ဂိုဏ်းချုပ်ရဲ့ တိုက်ခိုက်မှုတွေကို လျင်မြန်စွာ ရှောင်တိမ်းကာ သူ့ရဲ့ လက်သီးနဲ့ ချက်ချင်း တန်ပြန်ထိုးလိုက်သည်။

ယီထျန်းယွမ်ရဲ့ လက်သီးချက်ဟာ ဟွမ်ဂိုဏ်းချုပ်ကို မြေပေါ်သို့ လွယ်ကူစွာ လဲကျသွားစေပြီး၊ သူ့ရဲ့ သွားတစ်ချောင်းထပ်ပြီး ကျိုးသွားပြန်သည်။

ယီထျန်းယွမ်က ဟွမ်ဂိုဏ်းချုပ်ကို ကဲ့ရဲ့စွာ ကြည့်လိုက်ပြီး၊ ဟွမ်ဂိုဏ်းချုပ်က ယီထျန်းယွမ်ဟာ ဒီလက်သီးချက်မှာ သူ့ရဲ့ စွမ်းအားအပြည့်ကို သုံးမထားမှန်း ချက်ချင်း သဘောပေါက်လိုက်သည်။ သူတို့နှစ်ယောက်ကြားက ကွာဟမှုဟာ အလွန်ကြီးမားလွန်းသည်။ ယီထျန်းယွမ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားဟာ ၇၀,၀၀၀ နီးပါးရှိပြီး၊ ဟွမ်ဂိုဏ်းချုပ်ကတော့ ၄၀,၀၀၀ သာရှိသည်။

ယီထျန်းယွမ်က ဟွမ်ဂိုဏ်းချုပ်ဆီ ဖြည်းဖြည်းလျှောက်လာရင်း ပြောလိုက်သည်။

“အခုရော ဘာလုပ်မလဲ”

ဟွမ်ဂိုဏ်းချုပ်က ယီထျန်းယွမ်ရဲ့ လက်သီးချက်ကြောင့် ပြန်လည်ထူထောင်ရန် ကြိုးစားနေရင်း၊ ခေါင်းတစ်ခြမ်းမူးဝေနေပြီး အမြင်အာရုံလည်း မှုန်ဝါးနေသည်။ ဒါပေမယ့် သူက စကားပြောဖို့ ရုန်းကန်ရင်း ပြောလိုက်သည်။

“မင်း… မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လိုလုပ် ငါ့ထက် ဒီ… ဒီလောက်မြင့်နိုင်ရတာလဲ… ဒါ မဖြစ်နိုင်ဘူး”

“မင်းက ဘာမှ မသိဘဲနဲ့ ငါ့ကို လက်ခြေဖြတ်ပြီး ခန္ဓာကိုယ်တစ်ခုတည်းကျန်အောင် လုပ်မယ်ဆိုတဲ့ ရွေးချယ်မှုကို ပေးခဲ့တာလား၊ အိပ်မက်မက်နေတဲ့ အဘိုးကြီး၊ အခုဆို ငါက မင်းအပေါ် သနားညှာတာမှုနဲ့ ဆက်ဆံပေးမယ်လို့ ထင်နေသေးလား”

ယီထျန်းယွမ်က ပြုံးရင်း ပြောလိုက်ပြီး၊ ဒီမာရ်နတ်အပြုံးကို မြင်လိုက်ရတဲ့ ဟွမ်ဂိုဏ်းချုပ်ဟာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။ ယီထျန်းယွမ် အနားကပ်လာချိန်မှာပဲ သူက လက်ကို အလျင်အမြန်မြှောက်ပြီး အော်လိုက်သည်။

“သေစမ်း” ဟူး ဆိုတဲ့ အသံနဲ့အတူ သူ့လက်ထဲက သိုလှောင်ကွင်းထဲကနေ အနက်ရောင်မီးခိုးငွေ့နဲ့ အရည်တစ်မျိုး ထွက်ပေါ်လာသည်။

ယီထျန်းယွမ်က ချက်ချင်းဆိုသလိုပင် ပြေးဝင်လာပြီး ဟွမ်ဂိုဏ်းချုပ်ရဲ့ လက်ကို သူ့ခန္ဓာကိုယ်ပေါ်သို့ ပြန်ရိုက်ချလိုက်ကာ နောက်သို့ ခုန်ထွက်လိုက်သည်။

ဟွမ်ဂိုဏ်းချုပ်ရဲ့ လက်ဟာ ရုတ်တရက် “ဘုန်း” ဆိုတဲ့ အသံနဲ့ ပေါက်ကွဲသွားပြီး သူ့ကိုယ်တိုင်ကို လွင့်ထွက်သွားစေသည်။

ဟွမ်ဂိုဏ်းချုပ်ရဲ့ ချပ်ဝတ်ဟာ ဒီထိခိုက်မှုကို မခံနိုင်ဘဲ ပျက်စီးသွားပြီး၊ သူ့လက်တစ်ဖက်လည်း ပျက်စီးသွားသည်။ သူက ယီထျန်းယွမ်ကို မျက်နှာမူဖို့ ကြိုးစားပြီး လှည့်လိုက်ပေမယ့်၊ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်လာပြီး လှုပ်ရှားနိုင်စွမ်းမရှိတော့မှန်း သိလိုက်ရပြီး သွေးတွေ ချောင်းဆိုးထွက်လာသည်။

“အဟွတ်...အဟွတ်....”

ယီထျန်းယွမ်က ဟွမ်ဂိုဏ်းချုပ်ဆီ ထပ်မံဖြည်းဖြည်းလျှောက်လာရင်း ပြောလိုက်သည်၊

“မင်းလို လူမျိုးက လျှို့ဝှက်လက်နက်ကို သုံးမယ်လို့ ငါမထင်ထားခဲ့ဘူး၊ ဒီဗုံးက တကယ်ကို အန္တရာယ်ရှိတာပဲ၊ ဒါပေမယ့် မင်းက အရမ်းသိသာလွန်းတယ်”

ယီထျန်းယွမ်က အစကတည်းက သူ့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေခဲ့တာမို့၊ ဟွမ်ဂိုဏ်းချုပ်က ဒီလို လျှို့ဝှက်နည်းလမ်းကို သုံးဖို့ ပြင်ဆင်နေတာကို သတိထားမိခဲ့သည်။ ဟွမ်ဂိုဏ်းချုပ်က သွေးအနည်းငယ်ထပ်ချောင်းဆိုးလိုက်ပြီး ချက်ချင်း အသနားခံလိုက်သည်။

“ကျေးဇူးပြုပြီး ငါ့အသက်ကို ချန်ထားပေးပါ၊ နောက်ဆို မင်းကို လုံးဝအနှောင့်အယှက်မပေးတော့ပါဘူး၊ ပြီးတော့ ငါ့ရဲ့ ခမ်းနားဂိုဏ်းကို မင်းရဲ့ အမိန့်အောက်မှာ ထားပေးမယ်”

ဟွမ်ဂိုဏ်းချုပ်မှာ ယီထျန်းယွမ်ကို ဆက်ပြီး တိုက်ခိုက်နိုင်မယ့် နည်းလမ်းမရှိတော့တာမို့၊ ခေါင်းငုံ့ပြီး အသက်ရှင်ဖို့ အသနားခံလိုက်ရသည်။ သူဟာ သေချင်သေးတာ မဟုတ်ပေ။ သူက ခမ်းနားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ပြီး၊ ရှေ့မှာ တောက်ပတဲ့ အနာဂတ်တွေ ကျန်ရှိနေသေးသည်။

ယီထျန်းယွမ်ရဲ့ မျက်နှာအမူအရာဟာ ချက်ချင်းပြောင်းလဲသွားပြီး အသံက အေးစက်စွာ ပြောလိုက်သည်။

“မင်းက အသနားခံလိုက်ရုံနဲ့ ဘာမှ မဖြစ်သလို မင်းဂိုဏ်းကို ပြန်သွားနိုင်မယ်လို့ ထင်နေတာလား၊ ငါတို့နေရာချင်းပြောင်းနေမယ်ဆိုရင် မင်းက ငါ့အသက်ကို ချန်ထားပြီး လွှတ်ပေးမယ်လို့ ထင်နေလား”

ယီထျန်းယွမ်က ရယ်လိုက်ပြီး ဆက်ပြောသည်။ “မင်းက သေမလိုဖြစ်နေတာတောင် အသက်မပြတ်သေးဘူးလို့ ထင်ရတယ်၊ ဒါဆို ဒါကို စမ်းကြည့်ကြစို့…”

ယီထျန်းယွမ်က တာအိုမီးလျံကို ထုတ်ယူပြီး ဟွမ်ဂိုဏ်းချုပ်ဆီ ချက်ချင်းပစ်လိုက်သည်။ မီးလျှံဟာ ဟွမ်ဂိုဏ်းချုပ်ကို ချက်ချင်းဆိုသလိုပင် လွှမ်းခြုံလိုက်ပြီး၊ ဟွမ်ဂိုဏ်းချုပ်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ ဒီမြင်ကွင်းကို မြင်ရတဲ့ ဘယ်သူမဆို အရေပြားတွေ ထောင်ထလာလောက်တဲ့ အော်သံဖြစ်သည်။ မကြာခင်မှာပဲ ဟွမ်ဂိုဏ်းချုပ်ဟာ ရုန်းကန်နေတာကို ရပ်တန့်သွားပြီး မြေပေါ်မှာ လုံးဝ မီးလောင်ပြာကျသွားသည်။

(ဟွမ်ဂိုဏ်းချုပ်ကို အောင်မြင်စွာ သတ်ဖြတ်ပြီးပါပြီ၊ အတွေ့အကြုံ ၅၄,၀၀၀၊ ကောင်းကင်နဂါးလက်ဝါးနည်းစနစ် (မြေကမ္ဘာအဆင့်ကျင့်ကြံမှုနည်းစနစ်)၊ အတွေ့အကြုံတစ်သိန်းဆေးပြား၊ ရူးသွပ်မှုအမှတ် ၃,၂၀၀ ရရှိပါသည်)

ဒီအသိပေးချက်ကို မြင်တဲ့အခါ ယီထျန်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး၊ သူရလိုက်တာက ကောင်းကင်နဂါးလက်ဝါးနည်းစနစ်တစ်ခုနဲ့ အတွေ့အကြုံတစ်သိန်းဆေးပြားတစ်ခုပဲ ဖြစ်နေတာကို တွေ့လိုက်ရသည်။

“ဒါ နည်းလွန်းတယ်” သူက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ သူသတ်တဲ့ ရန်သူတွေဆီကနေ ပစ္စည်းတွေ ပိုရဖို့ဆိုရင် ကံကောင်းခြင်းအော်ရာကို အသုံးပြုဖို့ လိုမယ်လို့ တွေးလိုက်သည်။ မဟုတ်ရင် ရလာတဲ့ ပစ္စည်းတွေက အရမ်းနည်းလွန်းသည်။ ခဏစဉ်းစားပြီးနောက်၊ ကောင်းကင်နဂါးလက်ဝါးနည်းစနစ်ဟာ မြေကမ္ဘာအဆင့်ကျင့်ကြံမှုနည်းစနစ်ဖြစ်ပြီး၊ ဒီတိုက်ပွဲက လွယ်ကူလွန်းတာမို့ ဒီလောက်ဆိုရင်လည်း မဆိုးဘူးလို့ တွေးလိုက်သည်။ ဒီတိုက်ပွဲမှာ သူဘာမှ မလုပ်ရလောက်အောင် လွယ်ကူခဲ့သည်။

သူက ဟွမ်ဂိုဏ်းချုပ်ရဲ့ အလောင်းဆီ လျှောက်သွားပြီး သိုလှောင်ကွင်းထဲက ပစ္စည်းတွေကို စစ်ဆေးကြည့်သည်။ သိုလှောင်ကွင်းထဲမှာ ကြွယ်ဝတဲ့ ပစ္စည်းတွေ အများကြီးပါရှိနေပြီး၊ ဆေးပြားများစွာ၊ ရွှေသား၊ အရည်အသွေးကောင်းတဲ့ ဝိညာဉ်လက်နက်တွေ ပါရှိနေသည်။ ဒါက သူ့အတွက် လုံလောက်တဲ့ ရလဒ်ဖြစ်သည်။ ဘာကြောင့်ဆိုရင် ဂိုဏ်းချုပ်တစ်ယောက်က သူ့ဂိုဏ်းရဲ့ ပစ္စည်းအားလုံးကို အမြဲတမ်း သယ်ဆောင်လာမှာ မဟုတ်တာကြောင့်ပင်။

ဟွမ်ဂိုဏ်းချုပ်ရဲ့ သိုလှောင်ကွင်းကို သူ့အိတ်ထဲ ထည့်သိမ်းပြီးနောက်၊ ကောင်းကင်နဂါးလက်ဝါးနည်းစနစ်ကို စစ်ဆေးကြည့်သည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်နဂါးလက်ဝါးနည်းစနစ်စာအုပ်ဟာ သူ့လက်ထဲမှာ ပေါ်လာသည်။ သူဟာ ဝမ်းသာမှုနဲ့ ပြည့်နှက်သွားသည်။ ဒီစာအုပ်ကို ကျောက်စိမ်းနန်းတော်ကို ပေးလိုက်ရင် သူတို့ရဲ့ အင်အားကို အမြန်မြှင့်တင်ပေးနိုင်မှာဖြစ်ပေမယ့်၊ အားနည်းချက်က သူကိုယ်တိုင်က ဒီနည်းစနစ်ကို ကျင့်ကြံလို့ မရဘူးဆိုတာပဲ။ ဘာကြောင့်ဆိုရင် ကျင့်ကြံမှုနည်းစနစ်စာအုပ်တစ်အုပ်ကို ကျင့်ကြံလိုက်ပြီဆိုရင် စာအုပ်ကိုယ်တိုင်က ပျောက်ကွယ်သွားမှာဖြစ်လို့ပင်။

“ဒီကျင့်ကြံမှုနည်းစနစ်ကို ကျောက်စိမ်းနန်းတော်မှာ ထားလိုက်မယ်လို့ တွေးမိပေမယ့်… မဟုတ်သေးဘူး၊ ငါ ဘာတွေတွေးနေတာလဲ၊ ဒီနည်းစနစ်ကို အပြင်မှာ ထုတ်ဖော်လိုက်ရင် ဟွမ်ဂိုဏ်းချုပ်သေသွားပြီဆိုတာနဲ့ ကျောက်စိမ်းနန်းတော်က သူ့သေဆုံးမှုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သက်သေဖြစ်သွားနိုင်တယ်” သူက စာအုပ်ကို ချက်ချင်း သူ့ရဲ့ သိုလှောင်အိတ်ထဲ ပြန်ထည့်လိုက်ပြီး ရောင်းဖို့ ရွေးချယ်လိုက်သည်။

“ဒီတစ်ခုအတွက် ရူးသွပ်မှုအမှတ် ၈,၀၀၀ ပဲ ရတယ်ပေါ့၊ တကယ်ပဲ မြေအဆင့်ကျင့်ကြံမှုနည်းစနစ်ပဲ” ယီထျန်းယွမ်က စိတ်သက်သာရာရသွားသည်။ သူဟာ အကဲဖြတ်မျက်လုံးကို အဆင့်မြှင့်ဖို့ ရူးသွပ်မှုအမှတ် ၅၀,၀၀၀ အထိ သုံးထားခဲ့ပြီး၊ အခုလောလောဆယ် ၈,၀၀၀ ပြန်ရတာကလည်း မဆိုးလှပေ။

ဟွမ်ဂိုဏ်းချုပ်ဆီက ရလာတဲ့ ပစ္စည်းအသစ်တွေကို စစ်ဆေးပြီးပြီးချိန်မှာ၊ သူက လက်ကို ဝှေ့ရမ်းလိုက်ပြီး အလောင်းပတ်ဝန်းကျင်က မြေကြီးဟာ ရွှံ့စေးဖြစ်သွားကာ ဟွမ်ဂိုဏ်းချုပ်ရဲ့ အလောင်းကို မျိုချလိုက်သည်။ ယီထျန်းယွမ်က ဒါကို သူ့ရဲ့ အဆင်ပြေမှုအတွက် လုပ်လိုက်တာဖြစ်သည်။

“ကံကောင်းတာက ဟွမ်ဂိုဏ်းချုပ်တစ်ယောက်တည်းပဲ ရှိနေတာ၊ တစ်ယောက်ယောက်က ငါ့ကို ရှေးဟောင်းကောင်းကင်တာအို အမွေအနှစ်နယ်မြေထဲက ထွက်လာတာ မြင်သွားခဲ့ရင် ဒုက္ခရောက်နိုင်တယ်”

သူက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ သူဟာ ရှေးဟောင်းကောင်းကင်တာအို အမွေအနှစ်နယ်မြေကို ထိန်းချုပ်နိုင်တယ်ဆိုတာကို ဘယ်သူမှ မသိစေချင်ပေ။ သူက ကျောက်စိမ်းနန်းတော်ကို အမြန်ပြန်သွားပြီး ရှီရွှေ့ယွမ်ကို ပထမဆုံး သိစေချင်သလို၊ ရှေးဟောင်းကောင်းကင်တာအို အမွေအနှစ်နယ်မြေကို ကျောက်စိမ်းနန်းတော်ရဲ့ ဒုတိယခံတပ်အဖြစ် ပြောင်းလဲချင်သည်။

ရှေးဟောင်းကောင်းကင်တာအို အမွေအနှစ်နယ်မြေရဲ့ ခုခံကာကွယ်မှုဟာ လက်ရှိ ကျောက်စိမ်းနန်းတော်ရဲ့ ခုခံကာကွယ်မှုထက် အဆများစွာ သာလွန်ကောင်းမွန်မှန်း သူသိထားသည်။

“ကျောက်စိမ်းနန်းတော်ကို အမြန်ဆုံး ပြန်ရောက်ဖို့ လိုတယ်” သူက တစ်ယောက်တည်း ရေရွတ်လိုက်သည်။

“လမ်းမှာ နောက်ထပ် ဒုက္ခတွေ မဖြစ်အောင် ဂရုစိုက်ရမယ်၊ ဒါမှ ငါ့ရဲ့ ပြန်ရောက်ချိန်ကို နောက်မကျစေမှာ” သူက ပတ်ဝန်းကျင်ကို စေ့စပ်စွာ ကြည့်ရှုရင်း အနီးအနားက အခြေအနေတွေကို ခံစားစစ်ဆေးပြီး ကျောက်စိမ်းနန်းတော်ဆီ အလျင်အမြန် ပြေးထွက်သွားသည်။

သူဟာ ကျောက်စိမ်းနန်းတော်ကို ကျောက်စိမ်းဂိုဏ်းအဖြစ် အမြန်ဆုံး အဆင့်မြှင့်တင်ချင်သည်။ ဒါကြောင့် ကျောက်စိမ်းနန်းတော်ရဲ့ အင်အားစုစုပေါင်းကို မြှင့်တင်ဖို့ လိုအပ်သည်။ လက်နက်တွေ၊ ချပ်ဝတ်တွေ၊ အဆင်တန်ဆာတွေ အများကြီး ဖန်တီးပေးဖို့ လိုအပ်မှာဖြစ်သည်။ သူ့ရဲ့ အဓိကရှာဖွေမှုကိစ္စကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြီးမြောက်အောင် လုပ်ချင်သည်။

အဲ့ဒီအချိန်မှာပဲ၊ ကျောက်စိမ်းနန်းတော်မှာ.....။

ကောင်းကင်ဟာ အချိန်တိုအတွင်း ပိုပြီး မှောင်မည်းလာပြီး၊ တိမ်တွေဟာ မည်းမှောင်လာကာ ကျောက်စိမ်းနန်းတော်ရဲ့ အထက်မှာ စုဝေးလာသည်။ နန်းတော်ထဲက လူတွေရဲ့ အာရုံခံစားမှုတွေဟာ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ တဖြည်းဖြည်း ထုံကျလာသည်။

ရှီရွှေ့ယွမ်က ဒီထူးဆန်းတဲ့ အခြေအနေကို ချက်ချင်း သတိထားမိပြီး၊ ဘာဖြစ်နေမှန်း သိရဖို့ နန်းတော်အပြင်ဘက် တံခါးဝဆီ အလျင်အမြန် ပြေးထွက်လာခဲ့သည်။ မကြာခင်မှာပဲ သူမဟာ အနှစ်သာရစိတ်ဝိညာဉ်စုစည်းမှုနယ်ပယ်က ကျင့်ကြံသူတစ်ယောက်ရဲ့ ဖိအားကို ခံစားလိုက်ရပြီး၊ အဲ့ဒီဖိအားနဲ့အတူ ကြောက်မက်ဖွယ်ရာ အော်ရာကိုပါ တွေ့လိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သူမနားလည်လိုက်သည်။ ဒါဟာ ကျောက်စိမ်းနန်းတော်ကို လက်စားချေဖို့ ရောက်လာတာဖြစ်ပြီး၊ နောက်ထပ် စစ်ပွဲတစ်ခုအတွက် ပြင်ဆင်ရတော့မှာဖြစ်သည်။

အခန်း (၉၀) ပြီးပါပြီ။

All Chapters