← Chapters

လုပ်နိုင်စွမ်းက ဦးစားပေးပထမပဲ

Vol. 94 Ch. 1305

လုပ်နိုင်စွမ်းက ဦးစားပေးပထမပဲ

Vol. 94 Ch. 1305

“ဘယ်သူလဲ”

မြေပေါ်မှလူငယ်လေးအပြင် ကျန်းရှုနှင့်သူ၏ အပေါင်းအပါများပါ ရှီမာယူယူကို သတိထားမိကြသည်။

အစပိုင်းတွင် ထိုလူသည် မြို့ထဲမှလာပြီး ပွဲကြည့်ရန်လာသည်ဟု ထင်ထားကြသည်။ သို့သော် ထိုလူများသည် အရင်ကတစ်ခါမှမမြင်ဖူးသည့်လူ များဖြစ်လိမ့်မည်ဟု ထင်မထားကြပေ။

“မင်းတို့က ဘယ်သူတွေလဲ”

လက်တစ်ချက်ဝှေ့လိုက်သည်နှင့် ကျန်းရှု၏အပေါင်းအပါများသည် ချက်ချင်းပင် သူတို့နှစ်ယောက်ကို ဝိုင်းလိုက်ကြသည်။

“ဒီအတိုင်းပဲ လမ်းကြုံလို့ ဖြတ်သွားတာပါ” ရှီမာယူယူ ပြောလိုက်သည်။

သို့သော် သူတို့မယုံသည်မှာ ထင်ရှားနေသည်။

“ဒီနေရာကနေ ဘယ်လိုလုပ် လမ်းကြုံလို့ ဖြတ်သွားရမှာလဲ”

“ဒါဆိုရင် ငါတို့က ဘယ်သူတွေလို့ထင်လဲ” ရှီမာယူယူသည် မေးခွန်းဖြင့် ပြန်ဖြေလေသည်။

“ဟင်း မင်းတို့ကဘယ်သူလဲဆိုတာကို ဂရုမစိုက်ဘူး” ကျန်းရှုသည် နှာမှုတ်လေသည် “မင်း ဘယ်သူလဲဆိုတာကို ဂရုမစိုက်ဘူး၊ မင်းက ငါတို့ အကြောင်းသိမှာတော့ သူနဲ့အတူ လိုက်ခံစားပေးရမယ်”

“မင်းလုပ်တာကို ငါတို့မြင်လိုက်တာကြောင့် ဟုတ်မယ်မထင်ဘူး ငါတို့က မင်းတို့ရဲ့ ကန့်သတ်ဧရိယာလို့ခေါ်တဲ့ နေရာရောက်နေလို့ထင်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “မင်းက သိသွားမှာမကြောက်ဘူးလို့ ပြောပေမဲ့ မင်း ပြော သလိုဆိုရင် မင်းအဖေက မင်းကိုကာကွယ်ပေးလောက်‌အောင် အားမကောင်း ဘူးပဲ၊ အဲဒါကြောင့် မင်းက ငါတို့ကိုသတ်ချင်တာ ငါပြောတာဟုတ်တယ်မလား”

ကျန်းရှုသည် ရှီမာယူယူကို အေးစက်စွာ စိုက်ကြည့်လေသည်။ သူတို့ သည် စကားအနည်းငယ်သာပြောရသေးကာ သူမသည် မှန်အောင်မှန်းနိုင်နေ သည်။ ကြောက်ဖို့ကောင်းလိုက်တဲ့ မိန်းကလေးပါလား။

ယူယူ ပြောသည်မှာမှန်သည်။ ကျန်းရှုကြောက်နေသည်မှာ သူ ကန့်သတ် ဧရိယာသို့လာသည်ကို သူမ သတင်းဖြန့်လိုက်မည်ကိုဖြစ်သည်။ မျက်မြင်မရှိဘဲ ကောလဟလသက်သက်သာဆိုပါက သူ့ဖခင်ကို ဆင်ခြေပေးနိုင်သည်။ သို့သော် မျက်မြင်သက်သေရှိသွားပါက မတူတော့ပေ။ ထိုအဘိုးကြီးသည် သူ့ကို သေချာပေါက် သတ်မည်ဖြစ်သည်။

အဲတော့ ဒီနှစ်ယောက်လုံး အသက်ရှင်လို့မဖြစ်ဘူး။

သို့သော် ရှီမာယူယူ အသွင်အပြင်ကိုကြည့်ပြီး သူ စိတ်ပြောင်းသွားသည်။ သူမကိုသာ ခေါ်သွားပြီး မျိုးနွယ်ထဲမှ အလှလေးများကိုကြိုက်တတ်သူများကို ဆက်သလိုက်ရင် သူမ အပြင်မထွက်သရွေ့ သူတို့ကန့်သတ်ဧရိယာကိုလာတာ ကိုဘယ်သူသိတော့မှာလဲ။

ကျန်းရှုသည် သူတို့နှစ်ယောက်လုံး ထက်မြက်မည်ဟု ထင်မထားပေ။ သူ စိတ်ပြောင်းသွားသည်ကို နှစ်ယောက်လုံး သတိထားမိကြသည်။ သူသည် နှာမှုတ်ကာ ပြောလိုက်သည် “အခုမင်းကိုအခွင့်အရေးပေးမယ် ငါ့နောက်ကို လိမ်လိမ်မာမာလိုက်ခဲ့ရင် မင်းကို အသက်ရှင်ခွင့်ပေးမယ်”

“သခင်မလေး သူ့နောက်ကိုလိုက်ခဲ့ခိုင်းတာက နောက်ကျရင် သခင်မ လေးကို စားမှာပဲ” ဒိဝူ ဆက်ပြောလေသည် “မဟုတ်ဘူး သူတွေးနေတာ အဲဒါ မဟုတ်ဘူး၊ သူစဉ်းစားနေတာက သူကသခင်မလေးကို အိမ်ခေါ်သွားပြီး တခြား သူတွေကို စားခိုင်းမှာပဲ”

စားခိုင်းသည်ဆိုသည်မှာ အစားအသောက်စားသည်ကို ပြောခြင်းမဟုတ် ပေ။

ဒါပေမဲ့ ဒီကောင်က ဒီလောက်ပွင့်လင်းဖို့လိုလို့လား။ သူ့ကြောင့်နဲ့ ပြိုင်ဘက်ကတောင် ဒေါသထွက်သွားပြီ။

ကျန်းရှုသည် အမှန်တကယ်ပင် ဒေါသထွက်သွားသည်။ သို့သော် အရှက် ကွဲသွားခြင်းကြောင့် ရှက်သွားခြင်းမဟုတ်ဘဲ သူ့အတွေးများ ပေါ်သွားသော ကြောင့်ဖြစ်သည်။

“အဲဒီတစ္ဆေကိုသတ်ပြီး ကောင်မလေးကို ပြန်ခေါ်လာပြီး ကာမလိုက်စား တဲ့မျိုးနွယ်အကြီးအကဲတွေကို ဆက်သလိုက် သူတို့ကတော့ သေချာပေါက် ဘာမှပြောမှာမဟုတ်ဘူး”

“အာ.. တကယ်ပဲ သူအဲဒါစဉ်းစားနေတာပဲ သခင်မလေးက ကျွန်တော် တို့တော့ ဒုက္ခနဲ့လှလှတွေ့ကြပြီ” ဒိဝူသည် သူမ အင်္ကျီလက်ကိုဆွဲရင်းနှင့် အော်လေသည်။

ရှီမာယူယူ၏ မျက်နှာတွင် အမည်းကြောင်းများပြည့်သွားသည်။ ဝမ်းကွဲ အစ်ကိုနဲ့ တစ္ဆေသခင်တို့က သူ့ရဲ့ ရိုးအတဲ့ ပုံံကိုဘယ်လိုများ သည်းခံလဲမသိ။ သူမ ဝမ်းကွဲအစ်ကိုနားရှိ လူအားလုံးသည် ဒိဝူကဲ့သို့ ရင့်ကျက်ပြီး တည်ငြိမ်သူ များဖြစ်ကြသည်။

သူမသည် ထိုအစောင့်များကို တစ်ချက်ကြည့်လိုက်သည်။ တစ္ဆေများနှင့် တစ္ဆေဝိညာဉ်သခင်များ ရှိကြလေသည်။ ဆိုလိုသည်မှာ သူသည် အဆင့်အတန်း မြင့်သူတစ်ယောက်ဖြစ်သည်။ မဟုတ်လျှင် ထိုကဲ့သို့မြို့တစ်မြို့တွင် ရာထူးမြင့် ကိုယ်ရံတော်နှစ်ယောက် ရှိနိုင်မည်မဟုတ်ပေ။

သူမသည် သူတို့ကိုရှင်းရမည့် နည်းလမ်းကိုစဉ်းစားနေသည်။ ဒီကိုလာ ပြီးတော့ အဆင့်အတန်းမြင့်တဲ့လူတစ်ယောက်ကို သတ်လိုက်ရင် သူမအတွက် အဆင်မပြေဖြစ်နိုင်လား။ ဒါပေမဲ့ သူမ သူ့ကိုဒီအတိုင်း လွှတ်မပေးချင်ဘူး။ ဒုတိယအချက်အနေနဲ့ သူတို့က သူမကိုကန့်သတ်ဧရိယာမှာတွေ့တာလေ။ သူမ အကြောင်း သတင်းဖြန့်လိုက်ရင် ဘယ်လိုဖြစ်မလဲ။

သတ်ရမှာလား မသတ်ရဘူးလား။

သူမ ဆုံးဖြတ်ချက်မချမှီတွင် တစ်ဖက်လူသည် သူမအတွက် ဆုံးဖြတ် ချက်ချပြီးသားဖြစ်သည်။ တချို့မှာ ဒိဝူကိုသတ်ရန် တိုက်ခိုက်ကြလေသည်။ ဒိဝူသည် မသိစိတ်မှ သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ပြန်တိုက်ခိုက်ရန် ပြင်လေသည်။ သို့သော် သူ ဝိညာဉ်စွမ်းအင် လုံးဝသုံးမရတော့သည်ကို သိလိုက်ရလေသည်။

အဲဒါကြောင့် အဲလူတွေက လူကို ကန်ကြ ထိုးကြတာကိုး။ သူတို့က ဘာမှ လုပ်မရလို့လေ။

“အာ.. အမလေး နာလိုက်တာ”

ဒိဝူသည် အရေကြမ်းပြီး အသားထူသော ဝိညာဉ်သားရဲဖြစ်သော်လည်း ပြိုင်ဘက်များမှာလည်း ဝိညာဉ်သားရဲများဖြစ်ကြသည်။ ထို့ကြောင့် ခန္ဓာကိုယ် အားယှဉ်ရာတွင် အကျိုးအမြတ်မရှိပေ။ သူတို့သည် အရေအတွက်များသဖြင့် အရိုက်ခံရသောကြောင့် နာကျင်မှုဖြင့်သာ အော်ရလေသည်။

သူ ကျယ်လောင်စွာအော်နေသော်လည်း သူ၏ အရည်အချင်းမှာလည်း မဆိုးလှပေ။ သူသည် အစောင့်တစ်ယောက်ကို ထိုးကာ နောက်တစ်ယောက်ကို အားကောင်းသည့် ကန်ချက်ကျွေးလိုက်သည်။

ရန်သူလေးယောက်ကို လက်သီးဆုပ်နှစ်ခုဖြင့်သာ ရင်ဆိုင်ရသည်မှာ ခက်ခဲသည်။ ပြီးနောက်တွင် သူတို့မှာ အရေအတွက်သာနေသဖြင့် သူသည် ပြော့ဖတ်လောက်အောင် အရိုက်ခံရလေသည်။

သူ ဆိုးဆိုးဝါးဝါးအရိုက်ခံနေရပြီး ထိုနေရာမှလူများ သူမဆီသို့လာနေ သည်ကို ရှီမာယူယူ မြင်လိုက်ရသောအခါ လက်များကိုချိုးပြီး ရေရွတ်လိုက် သည် “အားသုံးပြီးမတိုက်ခိုက်ရတာ ကြာနေပြီ၊ ငါ့ခန္ဓာကိုယ်က သံချေးတက် နေပြီလားတောင်မသိဘူး”

သူမပြောပြီးနောက်တွင် သူတို့မျက်နှာကို တိုက်ရိုက်ထိုးချလိုက်ရာ လွင့် သွားကြလေသည်။

“ဘုန်း”

ထိုလူသည် တစ်ဆယ်မီတာအကွာသို့လျွင့်သွားပြီး မြေပေါ်သို့ ကြမ်းတမ်း စွာကျသွားလေသည်။ ထိုကျယ်လောင်သော အသံသည် အားလုံးကို ဆွဲဆောင် လေသည်။

နူးညံ့တဲ့ မိန်းကလေးတစ်ယောက်က ဒီလိုစွမ်းအားရှိတာ ဖြစ်နိုင်လို့လား။

သူတို့သည် မျက်နှာတစ်ခြမ်း ရွဲ့သွားသောလူကို ကြောင်ကြည့်ရင်းက မျက်နှာထားလုံးဝမပြောင်းသော ရှီမာယူယူကို ကြည့်လိုက်ကြသည်။

အဲလူက ဝိညာဉ်သားရဲလေ၊ ဘယ်လိုဖြစ်လို့ လူသားတစ်ယောက်ကို တောင် မယှဉ်နိုင်ရတာလဲ။ သူတို့ ဘာမြင်လိုက်ရတာလဲ။ လူသား တစ်ယောက် ရဲ့ ထိုးချက်က အသွင်ပြောင်းသားရဲရဲ့ မျက်နှာတစ်ခြိမ်းကို ရွဲ့သွားစေတယ်။

သူတို့ အံ့ဩသည် မအံ့ဩသည်ကို ရှီမာယူယူ ဂရုမစိုက်တော့ပေ။ သူ သည် ဒိဝူဘက်သို့ လျှပ်တပြက်သွားကာ ထိုလူများကို ကန်ချလိုက်လေသည်။

ဒိဝူသည် သူအရိုက်ခံရတော့မည်ဟု တွေးနေဆဲမှာပင် သူ့ဘေးမှလူ ပျောက်သွားလိမ့်မည်ဟု ထင်မထားပေ။ သူသည် လန့်သွားပြီးမှ ရှီမာယူယူအား လေးစားစွာဖြင့် ကြည့်လိုက်သည်။

သခင်မလေးက အရမ်းကိုမိုက်တာပဲ။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ကျန်းရှု အော်လိုက်သည် “လူသားတစ် ယောက်က ဘယ်လိုလုပ် ဝိညာဉ်သားရဲကိုနိုင်မှာလဲ”

ထပ်ပေါင်းပြောရလျှင် တစ်ချက်တည်းနှင့် အနိုင်ယူသွားခြင်းဖြစ်သည်။ မဖြစ်နိုင်လိုက်တာ။

အရိပ်တစ်ခုသည် သူ့မျက်လုံးထဲတွင် မရပ်မနားသွားနေသည်။ နောက် တစ်ခုသူသိလိုက်သည်မှာ သူ၏ လူများသည် အားလုံးမြေပေါ်လဲသွားကြလေ သည်။ သူ သတိပြန်ဝင်လာသောအခါ နှစ်ယောက်သာ မတ်တတ်ရပ်နိုင်တော့ သည်။

သူသည် ရှီမာယူယူ၏ လူသတ်နိုင်သည့်အကြည့်ကို မြင်သောအခါ ကြောက်ရွံ့သွားလေသည်။ သူ့စိတ်ထဲတွင် သူသည် ထိုကောင်စုတ်ကလေးနှင့် ကန့်ကတ်ဧရိယာသို့လာမိသည့်အတွက် သူ့ကိုယ်သူ မုန်းမိသည်။ ယခုနေရာ တွင် ဝိညာဉ်စွမ်းအင်သုံးမရသဖြင့် သူသည် ရှီမာယူယူကို တိုက်ခိုက်ရန် အခွင့်အရေးမရှိပေ။

“မင်း.. ငါ့ကိုမသတ်နဲ့” သူသည် ကြောက်ရွံ့မှုများပြည့်နေသော မျက်လုံး များဖြင့် နောက်ပြန်ဆုတ်ကာ ခန္ဓာကိုယ်မှာလည်း အဆက်မပြတ်တုန်ယင်နေ သည်။

“ငါတို့ကို ဖမ်းပြီးသတ်မယ်လို့ ပြောတယ်မလား၊ အဲအရသာကို မင်းကို လည်းခံစားခိုင်းလိုက်ရမလား” ရှီမာယူယူသည် ဖြည်းညင်းစွာဖြင့် သူ့ဆီသို့ ချည်းကပ်သွားပြီး မည်သည့်လှုပ်ရှားမှုမှမလုပ်ဘဲ ဖိအားပေးလိုက်သည်။

ကျန်းရှုသည် သူမလက်များ အတူစုထားသည်ကို မြင်သောအခါ မျက်ရည်များကို မျိုသိပ်ပြီး ပြောလိုက်သည် “ငါ့ကိုလွှတ်ပေးရင် ဘာကိုမှ မစုံစမ်းတော့ဘဲ ဘာမှမဖြစ်သလိုနေပေးမယ်…”

“ဟား…”

ဓားမြောင်တစ်ချောင်းသည် သူ့ခန္ဓာကိုယ်သို့ ထိုးဖောက်သွားကာ ကျန်းရှု သည် သေဆုံးသည်အထိ မျက်လုံးပြူးနေခဲ့သည်။ သူသည် ထိုကဲ့သို့ အသက် ဆုံးရှုံးလိုက်ရမည်ဟု ထင်မထားပေ။

***

All Chapters