လူငယ်လေး မူစစ်
Vol. 94 Ch. 1306
ရှီမာယူယူသည် ဖြည်းညင်းစွာလဲသွားသော အလောင်းကို သေချာအောင် ကြည့်ပြီးနောက် အသက်ကိုခပ်ပြင်းပြင်းရှုနေသော လူငယ်ကိုကြည့်လိုက် သည်။
လူငယ်၏ လက်တွင်သွေးများစွန်းနေပြီး မျက်လုံးတွင်လည်း သွေးများ ပြည့်နေသည်။ သူ၏ မျက်နှာမှာ ပုံသဏ္ဍာန်ကို မမှတ်မိနိုင်လောက်အောင် ဖူးရောင်နေသည်။ သူသည် အလောင်းကို မုန်းတီးစွာကြည့်လိုက်သည်။
ရှီမာယူယူသည် ကျန်းရှုဆီသို့ တွားသွားနေသော လူငယ်အားကြည့်ပြီး စက္ကန့်ပိုင်းမျှတွေဝေသွားသော်လည်း မတားမိပေ။
“သခင်… သခင်လေး အသတ်ခံလိုက်ရပြီလား” ထိုအစောင့်များသည် ကျန်းရှုလဲကျသွားသည်ကို ကြည့်ပြီးအလန့်တကြားအော်ကြလေသည်။
“သူတို့ကို ဖမ်းလိုက်ကြ မဟုတ်ရင် ငါတို့ပြန်သွားရင် သေလိမ့်မယ်”
သူတို့သည် သခင်ကိုမကာကွယ်နိုင်သည့်အပြင် လူသတ်သမားကိုပါ မဖမ်းနိုင်ပါက အသက်ရှင်နိုင်မည်မဟုတ်ပေ။ သို့သော် သူတို့၏ ရှင်သန်ရေး အတွက် ပင်ကိုယ်အသိသည် မျှော်လင့်ချက် အနည်းငယ်ပေးနေသည်။
“ပန်းလေး သူတို့ကို မင်းကိုပဲအပ်ထားလိုက်တော့မယ်” သူမ လက်ဝှေ့ပြီး သည်နှင့် ပန်းလေးသည် အားလုံးရှေ့တွင်ပေါ်လာလေသည်။
“ယူယူ ငါတို့ဒီရောက်တာနဲ့ အစားကောင်းကောင်းတွေ့ရမယ်လို့ ထင် မထားဘူး” ပြန်းလေးသည် လူအများအပြားစားသောက်ရတော့မည်ကို မြင်ပြီး နောက် သူမ လက်ဖျားမှ နွယ်ပင်များပျံထွက်ပြီးနောက် နွယ်ပင်များထပ်ခွဲဖြာ ထွက်လေသည်။ နွယ်ပင်တစ်ခုချင်းစီသည် လူသားအရပ်တစ်ရပ်စာလောက်ရှိ ပြီး စွဲမက်ဖွယ်ကောင်းလှသည်။
အသားစားပန်းဘုရင် ထွက်လာသည်နှင့် အားလုံးသည် တွေဝေမိန်းမော သွားကြလေသည်။ လူသားတစ်ယောက်ကို တိုက်ခိုက်လျှင် မျှော်လင့်ချက်ရှိ သေးသည်။ အသားစားပန်းဘုရင်ကို တိုက်ခိုက်မည်ဆိုသော်လည်း သူတို့၏ မျှော်လင့်ချက်သည် စုံးစုံးမြုပ်သွားလေသည်။
“အသားစားပန်းဘုရင်က ဘာလို့ဒီမှာရှိနေတာလဲ မင်းတို့က တစ္ဆေ မြို့တော်ကမဟုတ်ဘူးလား”
“မှန်းတာတော်တယ် ဆုပေးမယ်၊ ဆုကတော့ အစားခံရမှာပဲ ဟားဟား ဟား” ပန်းလေး ရယ်မောလိုက်သည်။
ပြေးနိုင်သောသူများသည် လှည့်ပြီး ပြေးရန်ကြိုးစားလေသည်။ သူတို့ သည် တစ်ချိန်တည်းမှာပင် နောင်တရမိကြသည်။ ဘာလို့များ ဒီလိုနေရာကို လာမိတာလဲ။ အခု အကူအညီတောင် တောင်းလို့မရတော့ဘူး။
“အာ…”
ပန်းလေးသည် တစ်ယောက်ပြီးတစ်ယောက်ဖမ်းလိုက်ရာ တစ်ခဏ အတွင်းမှာပင် လမ်းကြားမှာ ပြောင်ရှင်းသွားကာ ပန်းပွင့်ဖတ်များသာ ကျန်ခဲ့ လေသည်။
“ဒါ ဒါက…” လူငယ်သည် တုံ့ဆိုင်းသွားလေသည်။ ကျန်းရှုကို သတ်နိုင် သည်ကပင် အံ့ဩလောက်စရာကောင်းသည်ဟု ထင်ခဲ့သည်။ သို့သော် မိနစ် အနည်းငယ်အတွင်းမှာပင် အခြေအနေပြောင်းသွားမည်ဟု သူ ထင်မထားပေ။
ရှီမာယူယူသည် လူငယ်လေးကိုကြည့်ပြီးမေးလိုက်သည် “မင်းနာမည် ဘယ်လိုခေါ်လဲ”
လူငယ်လေးသည် သတိပြန်ဝင်လာကာ သူမအား တစ်ချက်ကြည့်ပြီး ဘာမှမပြောဘဲနှင့် အဝေးသို့ လျှောက်သွားလေသည်။။
“ဒါက မင်းအသက်ကိုကယ်ပေးလို့ ငါ့ကို ဒီလိုပြန်ဆပ်တဲ့ပုံလား” ရှီမာယူယူသည် သူ့နောက်ကျောမှ အော်လေသည်။
“မင်းက ဒီနေရာမှာမရှိသင့်ဘူး၊ ဘယ်သူမှမသိရင် ထွက်သွားလိုက်တော့ ပြီးတော့ မင်းကကျန်းရှုကိုလည်း သတ်ခဲ့တယ်၊ သူ့မျိုးနွယ်ကသာသိရင်… မင်း တို့ ဒီမြို့ကနေ ဖြစ်နိုင်သလောက် မြန်မြန်သာ ထွက်သွားလိုက်တော့” လူငယ် လေးသည် သူ၏ ကျိုးပဲ့နေသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲလျှောက်ရင်း အော်လေသည်။
“သခင်မလေး သူ့ကို ဒီအတိုင်းပဲ လွှတ်လိုက်တော့မှာလား” ဒိဝူသည် သူ ၏ ဖူးရောင်နေသော မျက်နှာကိုအုပ်ထားရင်း မေးလိုက်သည်။
ရှီမာယူယူသည် ဘာမှမပြောဘဲ သူ့နောက်ကျောကိုကြည့်ပြီး ပြုံးလိုက် သည်။ သူမ လက်ချောင်းများသည် သုံးအထိ ချိုးတွက်လိုက်သည်။
တစ် နှစ် သုံး…
“ဘုန်း…”
လူငယ်လေးသည် မခံနိုင်တော့ဘဲ လဲကျသွားလေသည်။
ရှီမာယူယူ လျှောက်သွားပြီး ခေါင်းရမ်းကာ ပြောလိုက်သည် “ဒိဝူ သူ့ကိုပါ ခေါ်ခဲ့လိုက်”
“အာ… သူ့ကိုခေါ်ခဲ့မှာလား” ဒိဝူ လျှောက်လာသည် “သခင်မလေး ဒီလူ က အဆင့်အတန်းမြင့်တဲ့လူကို ပြစ်မှားထားတာ၊ သူ့ကိုပါ ခေါ်လာရင် ပြဿနာ တွေကျွန်တော်တို့အပေါ် ကျလာလိမ့်မယ်၊ သူ့ကို ဆေးပေးပြီး ဒီမှာပဲ ဘာလို့ မထားခဲ့တာလဲ၊ သေချာတာတော့ သူ မသေပါဘူး”
ရှီမာယူယူသည် ဒိဝူကို စိုက်ကြည့်လိုက်သည်။ သူသည် သူမ အကြည့် ကြောင့် ကြက်သီးမွေးညင်းများ ထသွားလေသည်။
“ဒိဝူ” သူမသည် သူ့ကို လေးနက်စွာကြည့်လိုက်သည်။
“သခင်မလေး”
“မင်းက တကယ်ပဲ ငရဲခွေးလား” ရှီမာယူယူသည် သူ့ဆီသွားပြီး ပတ် လျှောက်ရင်းနှင့် သံသယဖြင့် အနီးကပ်ကြည့်လိုက်သည်။
ဒိဝူသည် သူမသံသယကို အလျင်အမြန်ပင် ဖြေရှင်းကာ ကြက်ပေါက် လေးသဖွယ် ခေါင်းညိတ်လေသည် “ဟုတ်ပါတယ် ကျွန်တော်က ငရဲခွေးပါ”
ရှီမာယူယူသည် မတ်မတ်ရပ်ကာ ပြောလိုက်သည် “ဒါပေမဲ့ မင်းက ငရဲ ခွေးဖြစ်မယ်မထင်ဘူး၊ ငါတွေးထားတဲ့ ငရဲခွေးက စကားမပြောဘဲ ဘာမဆိုလုပ် မယ်လို့ထင်နေတာ၊ ဒါပေမဲ့ မင်းက အလုပ်မလုပ်ဘဲ စကားပဲပြောနေတယ်လို့ ဘာလို့ ငါခံစားမိနေတာလဲ”
“ကျွန်တော်…” ဒိဝူသည် ပြောစရာစကားများ ပျောက်ဆုံးသွားလေ သည်။ သခင်မလေး ပြောချင်သည့် အဓိကအချက်မှာ ထိုအရာကိုပြောချင်နေ ခြင်းဖြစ်သည်။
သူ့ရဲ့ဘယ်အပိုင်းက ငရဲခွေးနဲ့မတူနေတာလဲ။ ကျွတ် သူကမတူဘူးလား၊ သူက ငရဲခွေးပဲလေ။
ရှီမာယူယူ၏ မပြောင်းလဲသော အကြည့်ကိုမြင်ပြီးနောက် သူသည် ထိုလူ၍ယ်ကို ထမ်းလိုက်သည်။ ပြီးနောက်တွင် သူ၏ နှစ်ပေါင်းထောင်ချီသော ခွေးနှာခေါင်းကို အမှီပြုကာ အားလုံးကိုရှောင်ရှားပြီး ကန့်သတ်ဧရိယာမှ ဘေးကင်းစွာဖြင့် ခေါ်ထုတ်လိုက်သည်။
ထိုနေရာသည် ဘာကြောင့် ကန့်သတ်ဧရိယာဖြစ်နေသည်ကို သူတို့ မသိသော်လည်း လူစည်ကားနေသော လမ်းကိုမြင်ပြီးနောက်တွင် ထိုနေရာမှ ထွက်လာလိုက်ပြီဖြစ်ကြောင်းကို သိလိုက်ရသည်။
ကျန်းရှုသည် ကန့်သတ်နယ်မြေရောက်သည်အထိ လူငယ်နောက်ကို လိုက်လာခြင်းဖြစ်သည်။ သူသည် သိပ်ဝေးဝေးမရောက်သေးသဖြင့် သူတို့ ရောက်နေသောနေရာသည် ထွက်ပေါက်နှင့် မဝေးလှပေ။
ရှီမာယူယူသည် ဒိဝူကို လူငယ်ကိုထမ်းပိုးရင်းနှင့် သူမအနောက်မှ လိုက်လာခိုင်းလိုက်သည်။ သူတို့သည် လမ်းအတိုင်းဆင်းလာကြပြီး တည်းခိုဆောင်ကို ရှာလိုက်ကြသည်။ သို့သော် လှည့်ပတ်ရှာသော်လည်း မည်သည့် တည်းခိုဆောင်မှမတွေ့ပေ။
“အာ.. ထူးဆန်းလိုက်တာ ဘာလို့ တည်းခိုဆောင်တွေမရှိတာလဲ” ဒိဝူ ညည်းညူလေသည်။
လူတစ်ယောက်ကို ထမ်းရင်းနှင့် လမ်းတစ်လျှောက် ပတ်သွားနေရသည် မှာ အာရုံအများအပြားကို ဆွဲဆောင်နိုင်သည်။ ရှီမာယူယူ၏ အလှနှင့်ပါ ပေါင်း လိုက်သောအခါ လှည့်ကြည့်နှုန်းများမြင့်နေသည်ကို မတတ်နိုင်ခဲ့ပေ။
“တစ္ဆေမြို့တော်မှာ တည်းခိုဆောင်မရှိဘူး” သူ့ကျောပေါ်မှလူငယ် နိုးလာ သည်။ သူ့တွင် အားအင်မရှိသည့်တိုင်အောင် ဆင်းရန် လူးလွန့်လေသည်။
ရှီမာယူယူသည် လှည့်ပြီး သူ့ကိုကြည့်ရင်း ပြောလိုက်သည် “ဒီမှာ တည်းခိုဆောင်မရှိဘူးလို့ပြောလိုက်တာလား”
“ဟုတ်တယ် တစ်မြို့လုံးကို ပတ်လျှောက်နေရင်တောင် ဘယ် တည်းခို ဆောင်ကိုမှတွေ့မှာမဟုတ်ဘူး” လူငယ်လေး ပြောလေသည်။
“ဘာလို့လဲ”
“တစ္ဆေမြို့တော်ကို လူအများကြီးမလာကြဘူးလေ၊ ဒီကိုလာတဲ့သူတွေ က ဝင်မယ့် အင်အားစုကိုရွေးပြီး ဒီမှာအခြေချဖို့လာကြတဲ့သူတွေချည်းပဲ၊ ဒီကို ဖြတ်သွားဖြတ်လာလုပ်ခဲကြတယ်၊ ဘယ်သူက ဒီမှာတည်းခိုဆောင်ဖွင့်မှာလဲ”
“အဲလိုဆိုမှတော့ မင်းအိမ်မှာ ငါတို့နေမှာပေါ့” ရှီမာယူယူ ပြောလိုက် သည်။
လူငယ်လေးသည် ခေတ္တမျှတိတ်သွားပြီး ပြောလိုက်သည် “ကျွန်တော့်ကို ချပေး”
ရှီမာယူယူသည် ဒိဝူအား မျက်စပစ်လိုက်ရာ သူသည် လူငယ်လေးကို လွှတ်ပေးလိုက်သည်။
လူငယ်လေးသည် လမ်းပေါ်မှလူများကို ကြည့်ပြီး သူတို့နှစ်ယောက်ကို ပြောလေသည် “ကျွန်တော့်နောက်လိုက်ခဲ့”
သူသည် ဘေးရှိ လမ်းကြားငယ်ဆီသို့ လျှောက်သွားလေသည်။ ရှီမာယူယူ နှင့် ဒိဝူတို့သည် အနီးကပ်ကာ လိုက်သွားကြသည်။
လူငယ်လေးသည် သူတို့ကို လမ်းမကြီးပေါ်တွင် မလျှောက်ခိုင်းပေ။ သူတို့သည် လမ်းကြားသို့ကွေ့လိုက်သည်။ နောက်ဆုံးတွင် ပျက်စီးနေသော အိမ်တစ်အိမ်ရောက်ရာ တံခါးဖွင့်ပြီးဝင်သွားလိုက်ကြသည်။
ရှီမာယူယူသည် အိမ်ကိုလှည့်ပတ်ကြည့်လိုက်သည်။ သက်ကယ်အိမ် အနည်းငယ်ရှိကာ အိမ်များမှာ ရွဲနေသည်။ ပတ်ပတ်လည်မှ ခြံစည်းရိုးသည် ဆွေးမြေ့နေသည်။ သူမ အားအနည်းငယ်သုံးလိုက်သည်နှင့် ပြိုကျတော့မည်ဟု ပင် စိတ်ထဲမှတွေးနေမိသည်။
ခြံဝန်းမှာလည်း သန့်ရှင်းနေခြင်းမရှိပေ။ အားလုံးမှာ သစ်သားများဖြစ်ကြ သည်။ မညီမညာဖြစ်နေသော ဘေးနံရံများကြောင့် ပုံမှန်မဟုတ်ကြောင်းကို ချက်ချင်းသိလိုက်ရသည်။ အနိုင်ကျင့်သူများရောက်လာပါက ချက်ချင်းပြိုသွား မည်ဟု ခန့်မှန်းနေကြသည်။ အနိုင်ကျင့်မည့်သူကိုတော့ သူတို့ မသိကြပေ။
သူတို့အခန်းသို့ဝင်လိုက်သောအခါ အခန်းထဲတွင် အခြေခံထားရှိရမည့် စားပွဲများ ထိုင်ခုံများပင်မရှိဘဲ ကြမ်းပေါ်တွင် ဖျာတစ်ချပ်သာရှိကာ တစ်ခန်းလုံး ရှင်းလင်းနေသည်။
“ဒီမှာဘာမှတော့မရှိဘူး ကိုယ့်အိမ်လိုသဘောထားကြပါ” လူငယ်လေး ပြောပြီးနောက်တွင် ဖျာပေါ်ထိုင်ပြီး သူ့ဒဏ်ရာများကို စစ်နေသည်။
“မင်းနာမည် ဘဘ်လိုခေါ်လဲ” ရှီမာယူယူ မေးလိုက်သည်။
သည်တစ်ကြိမ်တွင် လူငယ်လေးသည် ကန့်လန့်မတိုက်ဘဲ ခေတ္တမျှ တိတ် သွားကာ ပြောလေသည် “မူစစ်”
ရှီမာယူယူသည် ဘာမှမပြောသော်လည်း လောကအသေးထဲမှ လက်ထောက်လေးသည် ရုတ်တရက် ထအော်လေသည်။
***