← Chapters

စိတ်ဒဏ်ရာရအောင်လုပ်တဲ့ကလေး

Vol. 94 Ch. 1309

စိတ်ဒဏ်ရာရအောင်လုပ်တဲ့ကလေး

Vol. 94 Ch. 1309

“သူက မင်းကိုစိတ်ရင်းနဲ့ ဆက်ဆံတာမဟုတ်ဘူးဆိုတာ မင်းသိပြီးသားပဲ” ရှီမာယူယူ အခိုင်အမာပြောလိုက်သည်။

“အဖေပျောက်သွားပြီးတော့ တခြားလူတွေက ကျွန်တော့်ကိုအနိုင်ကျင့် ကြတယ်၊ ပြီးတော့ ကျွန်တော့်မှာ ငွေကြေးမရှိဘူးလေ၊ ဦးလေးယန်းဇီက ကျွန်တော်နဲ့ နီးစပ်တဲ့တစ်ဦးတည်းသောသူပဲ” မူစစ် ပြောလိုက်သည် “ကျွန်တော်က မသန်မာဘူး၊ ဘာကိုဘယ်လိုလုပ်ရမလဲ မသိဘူး၊ ဦးလေးယန်းဇီ မရှိရင် ဆာလောင်တာနဲ့ သေသွားခဲ့မှာ”

“သူက မင်းကိုစိတ်ရင်းနဲ့မဟုတ်ဘူးဆိုတာ ဘယ်တုန်းကသိခဲ့တာလဲ” ရှီမာယူယူသည် အမှောင်ဝိညာဉ်အသီးများစွာ ထုတ်လိုက်သည်။ သူမသည် ဒိဝူ ကို တစ်လုံးပစ်ပေးပြီး တစ်လုံးကို မူစစ်လက်ထဲသို့ ထည့်လိုက်သည်။

မူစစ်သည် လက်ထဲမှ ဝိညာဉ်အသီးကို ကိုင်ထားလိုက်သည်။ သူသည် အသီးပေါ်မှ ရေစက်များကို စိုက်ကြည့်ပြီး စပြောလေသည် “လွန်ခဲ့တဲ့ ၂ နှစ်က အဖေအိမ်မှာ ထားသွားတဲ့ ရတနာမြေပုံရှိလားလို့ သူမေးတယ်”

“ရတနာ မြေပုံလား”

အမှန်ပင် သူ့အတွက် ကောင်းသည့် အကြောင်းပြချက်ဖြစ်မည်။

“အင်း အဖေက ရတနာသွားရှာတယ်လို့ သူပြောတယ်၊ အဖေက အိမ်မှာ မြေပုံကိုထားသွားနိုင်တယ် အဲဒါသာရှိရင် သူ့ကိုရှာနိုင်မယ်လို့ပြောတယ်၊ အဖေ ကအရင်ကပြောဖူးတယ်လို့တောင် သူပြောသေးတယ်၊ ဒါပေမဲ့ အဲလိုပစ္စည်းကို တစ်ခါမှမမြင်ဖူးဘူး” မူစစ် ဆက်ပြောလေသည် “ကျွန်တော် သူ့ကိုပြောတော့ သူက မယုံဘူး၊ ရှာဖို့ပဲပြောနေတာ ကျွန်တော် သူ့ကိုပြောပြီးတော့ ကြိမ်းမောင်း တာမျိုးတောင်ရှိတယ်”

ထိုကောင်လေးသည် အမြဲသတိရှိသည်ကို ရှီမာယူယူ နားလည်သွားလေ ပြီ။ ယန်းယီသည် သူ့ကို အရင်က ကြင်နာဖူးသည်။ ပြီးခဲ့သည့် ၂ နှစ်က သူ၏ အပြုအမူသည် သိသာလွန်းနေသောကြောင့် သံသယဝင်လာခြင်းဖြစ်သည်။

“ခုနက ငါသာ စကားဖြတ်မပြောရင် မင်း သူ့ကိုအမှန်ပြောမှာလား”

“ပြောမှာ၊ သူဒါကို သိထားရင် ကျန်းမိသားစုက အကြောင်းစုံသိသွားပြီး ကျွန်တော့်ကိုဖမ်းရင်တောင် သူက နည်းလမ်းရှာပြီး ကျွန်တော့်ကိုကယ်မှာပဲ၊ ပြီးတော့ သူက အဲပစ္စည်းကို မရသေးဘူးလေ” မူစစ် ပြောလိုက်သည်။

“ဒါဆိုရင် ငါ စကားဖြတ်ပြောတော့ ဘာလို့အမှန်မပြောလိုက်တာလဲ”

“ကျွန်တော်လည်း မသိဘူး”

ရှီမာယူယူသည် ရယ်မောကာ ထိုအကြောင်းကို မပြောတော့ပေ။ သူမ သည် လက်ထဲမှ ဝိညာဉ်အသီးကိုကြည့်လိုက်သည်။ “စားလေ ဒါက အဲဒီ အဆင့် နိမ့်ဝိညာဉ်ကျောက်တွေထက် အသုံးဝင်တယ်”

“အရင်ဆုံး အစားအစာဝယ်ဖို့သွားလိုက်ဦးမယ်” မူစစ် ပြောသည်နှင့် သူ့ ဗိုက်မှအသံထွက်လာသည်။

မူစစ်သည် ဖွံ့ဖြိုးဆဲအရွယ်ဖြစ်ကာ နေ့စဉ် အစာစားရန်လိုသေးသည်ကို ရှီမာယူယူ ရုတ်တရက် တွေးမိလိုက်သည်။ အဲဒါကြောင့် သူက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေကို တန်ဖိုးထားပြီး ကိုင်တွယ်နေတာပဲ။

“မသွားနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့သွးလို့မရဘူး၊ လုပ်စရာတစ်ခုခုရှာကြ တာပေါ့” သူမ ထပြီး ခြံဝန်းထဲသို့ လျှောက်သွားလိုက်သည်။ မူစစ် သူမနောက် လိုက်သွားလိုက်သည်။

“ဘာလုပ်မလို့လဲ” မူစစ် မေးလိုက်သည်။

“ချက်မလို့လေ၊ မင်း ဗိုက်မဆာဘူးလား” ရှီမာယူယူသည် လက်ကို ဝှေ့ယမ်းလိုက်သည်။ သူမ၏ အိုးများ ဒယ်ပြားများ ပေါ်လာသည်။

မူစစ် ထိုပစ္စည်းများကို မြင်လိုက်ချိန်၊ အိုးများပင် ဝိညာဉ်ကိရိယာများဖြစ် သည်ကို သိလိုက်ချိန်တွင် သူမသည် မျိုးရိုးမြင့်သောမိသားစုမှ ဆင်းသက်လာ သည်ဟုပင် အမည်တပ်လိုက်သည်။

သူမ ကျွမ်းကျင်စွာ ချက်ပြုတ်နေသည်ကို ကြည့်ပြီး မော့ကြည့်လိုက်သည် “မိန်းကလေးက ချက်တတ်လိမ့်မယ်လို့ထင်မထားဘူး”

“ချက်ပြုတ်တာက ဘာထူးဆန်းလို့လဲ”

“မိန်းကလေးလို မိန်းကလေးတိုင်းက ရေကိုတောင်ထိချင်မှာမဟုတ်ဘူး လို့ထင်နေတာ” မူစစ်သည် ပွင့်လင်းစွာ ပြောလေသည်။

ရှီမာယူယူ ပြုံးလိုက်သည် “ငါက အစားအသောက်ချက်ရတာ ကြိုက် တယ်၊ အပြင်ကရောင်းတဲ့ဟာတွေက မကောင်းဘူး အဲဒါကြောင့် ငါ ကိုယ်တိုင် ချက်တယ်၊ ဒီလောက်နှစ်တွေအများကြီး ချက်ပြီးသွားတော့ ချက်တာကို ကျွမ်းတောင် ကျွမ်းကျင်နေပြီ”

“မိန်းကလေးကြီးပျင်းလာတဲ့ နေရာကကောင်းမှာပဲ” မူစစ်သည် ခိုင်မာစွာ ပြောလေသည်။

“ဟုတ်တယ်” ရှီမာလိုင်နှင့် တခြားသူများကို စဉ်းစားမိသည်နှင့် သူမ အပြုံးသည် ပို၍တောက်ပနေသည်။ “ငါ့အဘိုးနဲ့ အစ်ကိုတွေက ငါ့အပေါ်အရမ်း ကောင်းကြတယ်၊ ငါတို့ စွန့်ပစ်ထားတဲ့နေရာမှာနေတုန်းက၊ ငါ့အဘိုးက အဲဒီ တိုင်းပြည်ရဲ့ စစ်သူကြီးလေ၊ ငါ့မှာ အစ်ကိုလေးယောက်ရှိပြီး အကုန်လုံးက အရည်အချင်းရှိကြတယ်၊ ငါက မွေးစားထားတယ်ဆိုပြီး သူတို့က ဘယ်တော့မှ မမုန်းဘူး”

“ဒါဆိုရင် မိန်းကလေးက ကံကောင်းတာပဲ” မူစစ်သည် အားကျစွာဖြင့် ပြော လေသည်။

သူမတွင် ဖခင်မရှိသော်လည်း သူမကိုချစ်ပေးသော မိသားစုရှိသည်။ သူ့ တွင်တော့ ဘာမှမရှိပေ။

“အဲအပိုင်းမှာတော့ ငါတကယ်ကံကောင်းတယ်” ရှီမာယူယူသည် မဖုံးကွယ်ပေ “ဒါပေမဲ့ ငါ့မှာစိုးရိမ်စရာတော့ရှိနေတာပဲ”

“ပြဿနာရှိသေးတာလား” မူစစ်သည် မယုံပေ။

“သေချာပေါက်ရှိတာပေါ့၊ မင်းအသက်အရွယ်တုန်းက ငါ ဘယ်လို ကျင့်ကြံရမယ်ဆိုတာမသိဘူး၊ တစ်တိုင်းပြည်လုံးကလူတွေက ငါ့ကို နံပါတ် ၁ အမှိုက်လို့ သတ်မှတ်ထားကြတာ” ရှီမာယူယူ ပြန်ဖြေလေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မိန်းကလေးက ဒီလောက်မိုက်တာ” မူစစ် သည် ပထမဆုံးအနေနဲ့ အံ့ဩမှုကို ပြသလေသည်။

“ဘာကိုမဖြစ်နိုင်ရမှာလဲ” ရှီမာယူယူ ပြန်ချေပလေသည် “အဲတုန်းက ငါ အဆိပ်မိနေပြီး ကျင့်ကြံလို့မရဘူး၊ ငါ့အဖေလည်း အကြောင်းအရင်းကိုမသိခဲ့ ဘူး”

“ဒါဆိုရင် နောက်ပိုင်းကျ ဘယ်လိုလုပ် ကျင့်ကြံနိုင်သွားတာလဲ”

“အဆိပ်ဖြေတယ်၊ ငါ အဲတုန်းက အဆိပ်ဖြေတယ် ကျင့်ကြံတယ် ပြီးတော့ လောကကြီးထဲကိုဝင်တယ် နောက်တော့ ဘဝကတဖြည်းဖြည်း ပြောင်းသွား တာပဲ” ရှီမာယူယူ ကမ်းလှမ်းလိုက်သည် “ရော့ ငါလုပ်ထားတဲ့ အသားကင်စား ကြည့်”

မူစစ်သည် ခေတ္တမျှတွေဝေသွားသည်။ သူသည် သူမ လက်ထဲမှ အသား ကင်ကိုယူလိုက်သည်။ သူကိုက်လိုက်သည်နှင့် မျက်လုံးထဲတွင် အံ့ဩမှုများ ဖြစ်သွားပြီးနောက် ပြန်ထိန်းလိုက်လေသည်။

ရှီမာယူယူသည် သူမ အရည်အချင်းကို သိပြီးသားဖြစ်သည်။ သူမသည် ထိုခဏတွင်တော့ အံ့ဩသွားသည်။ သူမသည် ထိုလူငယ်၏ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမှာ သန်မာသည်ဟု တွေးမိလိုက်သည်။

“ပုံမှန်ဆိုရင် မင်းဘာတွေစားလဲ” သူမသည် ပန်းကန်ပေါ်သို့ အသားကင် တင်လိုက်သည်။ ဒိဝူသည် စားပွဲဘေးသို့ ယူသွားလိုက်သည်။

“သာမန်လူတွေ စားတဲ့အတိုင်းပဲစားတာလေ၊ အဆင့်နိမ့်ကျောက်တွေနဲ့ ဝယ်လို့ရတယ်” မူစစ် ပြန်ဖြေလေသည်။

သူသည် ထိုအစားအစာများကို ကြာရှည်စွာ စားခဲ့သည်။ သို့သော် ကျင့်ကြံ ရာတွင် အထောက်အကူမဖြစ်ပေ။

သူ တစ်ပန်းကန်စားပြီးနောက်တွင် စားပွဲပေါ်မှ အစားအသောက်များကို ယူမစားတော့ပေ။ ဒိဝူသည် အရှေ့တိုးလာသည် “စားပွဲပေါ်မှာ အများကြီးရှိ သေးတယ်”

“သူမကို စောင့်ကြတာပေါ့” မူစစ် အကြံပေးလိုက်သည်။

ရှီမာယူယူ ပြုံးလိုက်သည် “ငါ ချက်တာကြာဦးမှာ မင်းတို့အရင်စားနှင့် လိုက်၊ မဟုတ်ရင် ခဏကြာရင် အရသာရှိတော့မှာမဟုတ်ဘူး”

အရင်ကဆိုလျှင် အားလုံးသည် ပုံမှန်သာ ပြုမူသည်။ အခြေခံအားဖြင့် သူမသည် စားမပြီးခင်တွင် အသားကင်သည်။ တစ်ခါတလေတွင် တစ်ယောက် က ကူညီပြီး အသားကင်ပေးသည်။ အများစုတွင် တစ်ပန်းကန်ပြီးသည်နှင့် အားလုံးသည် စတင်စားကြသည်။ သူမ ကိုစောင့်ရသည်မှာ ကြာသည်ဟု ပြော ကြသည်များလည်းရှိသည်။

အထူးသဖြင့် ဗိုက်ဆာနေသူများဖြစ်ကြသည်။

သူမ ထိုသို့ပြောလိုက်သော်လည်း သူ မလှုပ်ပေ။ သူသည် ယဉ်ကျေးမှု ရှိသည်ဟု သူမ ပြောရပေမည်။

ထိုအရာများကြောင့် သူမ သူ့ဖခင်ကိုသိချင်မိသည်။ ကိုယ့်ကိုယ်ထိန်းချုပ် နိုင်ပြီး ကြမ်းတမ်းအောင် သင်ကြားပေးနိုင်သည်။ သူသည် သာမန်လူမဟုတ် သည်မှာ သေချာသည်။

သူမ အသားကင်ပြီးသည်နှင့် ဘဲကင်နှင့် မြွေသားစွပ်ပြုတ်ချက်လိုက် သည်။ အားလုံးပြီးသွားချိန်တွင် အသားကင်မှာ အေးသွားသည်။ အရသာ မပြည့်စုံတော့သော်လည်း အရသာရှိသေးသည်။

သူတို့သုံးယောက်သည် စကားပွဲတွင် ထိုင်လိုက်ကြသည်။ ရှီမာယူယူ သည် ဘဲခြေထောက်ကို ဖြုတ်ပြီး မူစစ်၏ ပန်းကန်လုံးထဲထည့်ပေးလိုက်သည်။

“မိန်းကလေး…”

ဒိဝူ ဘဲခြေထောက်ယူမည်လုပ်သည်နှင့် ရှီမာယူယူသည် တူဖြင့် ပြန်ရိုက် ချလေသည်။ သူမ မူစစ်ကို ဘဲခြေထောက်ပေးလိုက်သည်ကို မြင်သည်နှင့် အားလျော့စွာ ကန့်ကွက်လိုက်သည်။

ရှီမာယူယူသည် ဘဲလည်ချောင်းကိုဖြုတ်ပြီး သူ့ပန်းကန်လုံးထဲသို့ ထည့် လိုက်သည် “စားလေ”

“…” ဒိဝူသည် ခံစားသွားလေသည်။

ဒီလူကကျ ဘဲခြေထောက်စားရပြီး သူကကျ ဘာလို့ဘဲလည်ချောင်းပဲ စားရတာလဲ။

“စားလေ ဒါက မင်းအတွက် အကောင်းဆုံးပဲ” ရှီမာယူယူ ရေရွတ်လိုက် သည်။

“ဟား…” မူစစ်သည် ဝမ်းသာအားရဖြင့် ပထမဆုံးအကြိမ်ရယ်မောလိုက် သည်။

ဒိဝူသည် ပို၍ ခံစားသွားလေသည်။

“ဘာလဲ မစားချင်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။

“မဟုတ်ဘူး မိန်းကလေးပေးတဲ့ ဟင်းတွေက အကောင်းဆုံးပါပဲ” ဒိဝူ သည် ရှီမာယူယူ၏ မျက်နှာရည်ကြီးကိုကြည့်ပြီး အလျင်အမြန် ပြုံးပြုလိုက် သည်။

ဟိုတစ်ယောက် ဒိလျူကတော့ သခင်မလေးဆီက ဟင်းစားဖူးတယ်လို့ သူ့ကို မပြောဖူးဘူး။ ပြန်သွားမှ ကြွားလုံးထုတ်ရမယ်။

***

All Chapters