← Chapters

အဖေ့နာမည်က တားမြစ်ချက်

Vol. 94 Ch. 1310

အဖေ့နာမည်က တားမြစ်ချက်

Vol. 94 Ch. 1310

ရှီမာယူယူ မူစစ်ကိုကြည့်လိုက်ချိန်တွင် သူမ ထိုအရွယ်က တူညီသော ခေါင်းမာမှုကို မြင်ရလေသည်။

ထိုနှစ်များတွင် ကြုံခဲ့သည့် သူ၏အတွေ့အကြုံများကို စဉ်းစားကြည့်ရာ သူမ စိတ်တဲတွင် အရင်က တစ်ခါမှမဖြစ်ဖူးသည့် သနားမှုများဖြင့် ပြည့်သွား လေသည်။

သူမသည် မြွေသားစွပ်ပြုတ်ကို ချပေးပြီး ပြောလိုက်သည် “အသားချည်း စားမနေနဲ့ ဒါကိုလည်းစားကြည့်ဦး၊ ဒါက နှစ်တစ်ထောင် ကျောက်စိမ်းနက်မြွေ သားနဲ့ချက်ထားတာ၊ ဒီဟင်းရည်သောက်တာက မင်းကျန်းမာရေးအတွက် ကောင်းတယ်”

မူစစ်သည် တစ်ဇွန်းသောက်ကြည့်ရာ အမှန်တကယ်ပင် အရသာ ကောင်း လေသည်။ စားပြီးနောက်တွင် ဝမ်းဗိုက်ထဲမှ နူးညံ့သော အင်အားထွက်လာ သည်ဟု ခံစားရပြီး သက်တောင့်သက်သာ ဖြစ်စေသည်။

“မိန်းကလေးမှာ ဘာလို့ဒီလို ပစ္စည်းကောင်းတွေများနေရတာလဲ”

“ဖြည်းဖြည်းချင်း စုလာတဲ့ဟာတွေလေ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “အတွေ့အကြုံများလေလေ ရလာတာများလေလေပဲ”

“ဒါပေမဲ့ မိန်းကလေးက ကျွန်တော့်ထက် အများကြီးလည်းမကြီးပါဘူး” မူစစ် ပြောလိုက်သည်။

“ဘယ်လိုလုပ်သိတာလဲ၊ ငါက မင်းထက် နှစ်တစ်ရာလောက်ကြီးတာ လည်းဖြစ်နိုင်တာပဲ” ရှီမာယူယူ ရယ်မောလိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ ဝိညာဉ်သခင်များသည် နှစ်တစ်ထောင်ကြာသည့် တိုင်အောင် အသက်နှစ်ဆယ် သုံးဆယ်အရွယ်ကဲ့သို့ဖြစ်အောင် ရုပ်ရည်ကို ထိန်းသိမ်းနိုင်ကြသည်။

“အလိုလိုသိတာ” မူစစ် ပြန်ဖြေလေသည်။

“ဟားဟား စွပ်ပြုတ်သောက်ဦး”

“မိန်းကလေးအသက် ဘယ်လောက်လဲဆိုတာ မပြောဘူးလား” မူစစ် သည် သူမကို လက်မလျော့ဘဲ ကြည့်လေသည်။

“ငါက အသက် ၅၀ ထဲရောက်ပြီ” ရှီမာယူယူသည် ခေတ္တမျှ စဉ်းစားလိုက် သည် “ဘာလို့ အဲလောက်အံ့ဩသွားတာလဲ”

မူစစ်သည် သူမကို မှင်တက်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။ ထိုသည်မှာ သူ့မျက်နှာတွင် အကြာရှည်ဆုံးဖြစ်သော အမူအရာပင်ဖြစ်သည်။

“အခုမှ အသက် ၅၀ ရောက်တာလား”

“ဟုတ်တယ်”

“မြို့ထဲက အသက်တစ်ရာရှိတဲ့ကောင်တွေတောင် မိန်းကလေးလောက် မတော်ဘူး” မူစစ် ပြောလေသည် “အသက် ၅၀ ရှိတဲ့ မိန်းကလေးလေးတွေက တော့ ပျော်ပါးဖို့ပဲသိတယ်”

“ငါတို့က အတွေ့အကြုံမတူကြဘူးလေ” ရှီမာယူယူသည် သူမကိုယ်သူမ ထူးခြားသည်ဟု မခံစားရပေ။ အများစုတွင် သူမသည် မိုရှားနှင့်တွေ့ဆုံခြင်း၊ တိညာဉ်သားရဲများနှင့် စာချုပ်တည်ထောင်ခြင်းကဲ့သို့ ပြင်ပအင်အားကိုသာ မှီခို ခဲ့သည်ကများသည်။

ပြင်ပအခြေအနေများသာမရှိပါက သူမသည် ထိုမျှလောက် အင်အား ရောက်လာမည်မဟုတ်ပေ။

သေချာသည်မှာတော့ သူမ ကိုယ်တိုင်လည်း ကြိုးစားခဲ့သည်။ သူမ၏ နှစ်မြှုပ်မှုသည် အားလုံးကို အရှက်ရစေခဲ့သည်။

“ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးက အရမ်းမိုက်တာပဲ”

“မင်းသာကြိုးစားရင် မင်းလည်း အာမခံချက်ရှိတဲ့ ဘဝရလိမ့်မယ်”

“ကျွန်တော်က အာမခံချက်ရှိတဲ့ ဘဝကိုမလိုချင်ဘူး၊ ဒီအတိုင်းပဲ အဖေ့ ကိုရှာချင်တာ”

“မင်းအဖေက ဘယ်လိုပျောက်သွားတာလဲ၊ ရတနာသွားရှာတာလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ်” မူစစ်သည် ခေတ္တမျှ တိတ်သွားပြီးမှ ပြန်ဖြေလေသည်။

သူသည် သူ့ဖခင်အကြောင်းကို များများစားစား မပြောချင်ဖြစ်နေသည်ကို ရှီမာယူယူ မြင်သည်နှင့် တခြားကိစ္စများကို အာရုံလွှဲလိုက်သည်။ သူမသည် တစ္ဆေမြို့တော်ကြောင်း မေးမြန်းလိုက်သည်။

တစ္ဆေမြို့တော်သည် ငါးနှင့်နဂါးတို့ ရောယှက်နေသည့် နေရာတစ်ခုဟု ရှီမာယူယူ တွေးထင်ခဲ့သည်။ သို့သော် အချိန်ကြာပြီးနောက်တွင် တချို့သော မိသားစုမျိုးနွယ်များနှင့် အင်အားစုများသည် ထိုနေရာတွင် သူတို့ဘာသာ ရပ်တည်လာကြသည်မှာ မြို့ဝန်လော့လျန်းရှား အပါအဝင်ပင်ဖြစ်သည်။

လော့လျန်းရှားသည် ပြိုင်စံရှားအလှတစ်ပါးဖြစ်သည်ဟု သူမ အရင်က ကြားဖူးသည်။ သို့သော် ကံမကောင်းစွာပင် သူမသည် ယုတ်ညံ့ကာ ရက်စက် သည်။ သူမသည်လည်း သန်မာလှသည်။ တစ္ဆေမြို့တော်မှ လူတိုင်းသည် သူမကို ကြောက်ရသည်။

သို့သော် သူမသည် လူရှေ့ထွက်လာခဲသည်ဟု ပြောကြသည်။ သူမ လုပ်နေသည့်အရာများကို မသိနိုင်ပေ။

မြို့ဝန်က ကိစ္စများကို မစီမံသဖြင့် ကိုင်တွယ်သည့်သူ တခြားသူများရှိ၍ ဖြစ်လိမ့်မည်။ ထို့ကြောင့် မြို့ဝန်၏ တရားစီရင်မှုအောက်တွင် ဘဏ္ဍာစိုးလေး ယောက်ကို ရာထူးတိုးပေးခဲ့သည်။ သူတို့ထဲက တစ်ယောက်မှာ ကျန်းရှု၏ မိသားစုအကြီးအကဲဖြစ်သည်။

တစ္ဆေမြို့တော်သည် ရှီမာယူယူ အရင်က သွားခဲ့သည် မြို့တော်များထက် ကြီးမားသည်။ အထဲတွင် ရက်အတန်ကြာအောင် ပျံသန်းလျှင်တောင် မြို့အဝင် ပေါက်ကို မြင်နိုင်မည်မဟုတ်ပေ။

ကျန်းရှု၏ အရည်အချင်းမှာ မကောင်းလှပေ။ သူသည် သူ၏ ညီအစ်ကို များဖြင့်ပင် မယှဉ်နိုင်ပေ။ သို့သော် သူသည် သခင်လေးဖြစ်သဖြင့် သူ့ရာထူးမှာ မြင့်သည်။

မထင်မှတ်စွာပင် သူမသည် ရောက်သည်နှင့်ထိုကဲ့သို့ လူမျိုးကို သတ်မိပြီး ဖြစ်နေသည်။ အဲဒါကြောင့် တစ္ဆေမြို့တော်ကလူတွေ လက်လျော့ကြတာကိုး။

ထိုမိသားစုမျိုးနွယ်များ၏ အတွေးများကို သူမ နားလည်သည်။ သူသည် အိမ်တွင် အရာမရောက်ကာ မိသားစုဝင်များမှ သူ့ကိုအနိုင်ကျင့်ခဲ့သည်ကို အထက်မှလူကြီးများသည် မျက်ကွယ်ပြုနေခဲ့သည်။ သို့သော် မိသားစုဝင် တစ်ယောက်သည် အပြင်လူ၏ သတ်ဖြတ်ခြင်းကို ခံရသောအခါ အခြေအနေ မှာ ဆိုးဝါးသွားခဲ့သည်။ အရာအားလုံးကို စုံစမ်းစစ်ဆေးပြီး လူသတ်သမားကို သတ်လိုက်မှပင် ရန်ပြေငြိမ်းမည်ဖြစ်သည်။

အကြောင်းမှာ အရင်ကိစ္စများသည် မိသားစုအတွင်းရေးများဖြစ်ပြီး နောက်ပိုင်းမှာ မိသားစုမျိုးနွယ်တစ်ခုလုံး၏ မျက်နှာပါ ပါဝင်နေခြင်းကြောင့် ဖြစ်သည်။

တစ်ယောက်ယောက်က သူတို့မိသားစုရဲ့ ဆက်ခံသူကို သတ်ရဲမှတော့ သူတို့မျက်နှာကို ဖြတ်ရိုက်ပြီး သူတို့စည်းမျဉ်းကို စိန်ခေါ်လိုက်တာမဟုတ်ဘူး လား။

အရင်ကိစ္စများကို သည်းခံနိုင်သော်လည်း နောက်ပိုင်းကိစ္စများကို သည်းမခံနိုင်ပေ။

မူစစ်သည် မြို့ထဲမှ တခြားသောအင်အားစုများအကြောင်းကိုလည်း ပြောပြသည်။ သို့သော် သူတို့နှင့် မသက်ဆိုင်လှသဖြင့် ခပ်ပါးပါးသာ ပြောပြ လေသည်။

“မူစစ် ဒီလူရဲ့နာမည်ကို အရင်ကကြားဖူးလား”

“ဘယ်သူလဲ”

“ရှီမာလျူရွှန်”

“မိန်းကလေးအဖေလား”

“အင်း”

မူစစ်သည် ခဏကြာအောင် စဉ်းစားလိုက်သည် “တခြားသူကိုသွားမေး ရင်တော့ အဖြေပြန်ရမှာမဟုတ်ဘူး ဒါပေမဲ့ ကျွန်တော့်ကိုမေးရင်တော့ ရလိမ့် မယ်”

“မင်း အရင်က ကြားဖူးတာလား” ရှီမာယူယူ၏ မျက်လုံးများ အရောင် တောက်လာသည်။

“အင်း မြို့ထဲက လူတွေ နာမည်တစ်ခုကို ပြောတာကို မတော်တဆကြား ဖူးတယ်၊ ဒါပေမဲ့ အဲနာမည်က မြို့ထဲမှာ တားမြစ်ချက်လိုဖြစ်နေပြီး ဘယ်သူမှ မပြောကြဘူး၊ ကျွန်တော်ဖြတ်သွားတော့ လူနှစ်ယောက်စကားပြောနေတာ ကြားခဲ့တာ သူတို့ထဲက တစ်ယောက်က ပြောနေတာပဲ၊ မကြာခင်ပဲ နောက်တစ် ယောက်က သူ့ကို အမြန်တားလိုက်တာ ဒါပေမဲ့ အဲလိုဆိုရင်တောင် ကျွန်တော် က နောက်ကလျှောက်လာဆိုတော့ သူတို့နှစ်ယောက်ကို ခေါ်သွားကြတာ မြင် လိုက်တယ်” မူစစ် ပြန်တွေးနေလိုက်သည်။

ရှီမာယူယူ လန့်သွားသည်။ ပြောလိုက်ရင်တောင် အဲလိုဖြစ်တာလား။ သူမ အဖေက ဒီမှာဘာလုပ်ခဲ့တာလဲ။

“အဲဒါကြောင့် လူတွေကို လျှောက်သွားမမေးနဲ့၊ ကင်းလှည့်အဖွဲ့ကြားသွား ရင် ချက်ချင်းပဲ အဖမ်းခံရလိမ့်မယ်” မူစစ်သည် လေးနက်စွာပြောလေသည်။

“ငါ သိပါပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဒါပေမဲ့ သူ ဒီမှာဘာတွေ လုပ်ခဲ့လဲဆိုတာ မင်းသိလား သူ အခုဘယ်မှာလဲ”

“မသိဘူး၊ သူ့နာမည်ပြောတာကိုပဲ ကြားဖူးတာ၊ အဲတုန်းက သူတို့ အဖမ်း ခံရတာကြောင့်သာမဟုတ်ရင် မှတ်တောင်မမှတ်မိဘူး၊ ဒါပေမဲ့ အဲလူတွေ တုံ့ပြန်ချက်ကို ကြည့်ရသလောက် မိန်းကလေးရဲ့အဖေက အရမ်းကိုကြီးတဲ့ ကိစ္စလုပ်လိုက်တာလို့ ထင်တာပဲ၊ အဲတုန်းက ကျွန်တော်မသိလိုက်တာနှမြော စရာပဲ အဲဒါကြောင့် မသိလိုက်ဘူး” မူစစ်သည် အားနာစွာဖြင့် ပြန်ပြောလေ သည်။

“အင်း ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် သူ့ကို ပြုံးပြလိုက်သည် “အနည်းဆုံးတော့ အဲတုန်းက ငါ့အဖေ ဒီကိုရောက်လာတယ် ဆိုတာကို မင်းအတည်ပြုပေးနိုင်တယ်လေ၊ သူ ဒီမှာရှိနိုင်ချေ မြင့်သွားပြီ၊ အဲတော့ ငါလာတာမှန်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”

“ဒါပေမဲ့ မိန်းကလေးအဖေကိုရှာချင်ရင် ခက်လိမ့်မယ်” မူစစ် ပြောလိုက် သည်။

“သူ ဒီမှာရှိနေသရွေ့ သူ့ကိုရှာနိုင်မှာပဲ” ရှီမာယူယူသည် ယုံကြည်ချက် ရှိရှိဖြင့် အတိအလင်းပြောလေသည်။

သူမ အပြုံးကိုကြည့်ပြီး မူစစ်သည် နားမလည်ဘဲနှင့် ခေါင်းညိတ်လိုက် သည်။ သူသည် သူ့အဖေကိုပါ ရှာမည်ဟု စိတ်ထဲမှ ကျိန်ဆိုမိသည်။

“ဪ ဟုတ်သားပဲ တစ်ခုရှိသေးတယ်” သူ စားပြီးတော့မည်ကို ရှီမာယူယူ မြင်လိုက်သည်။ သူမသည် အသီးလှီးထားသော ပန်းကန်ဖြင့် လွဲပေး လိုက်ကာ ခရင်းပေးလိုက်သည်။ “တစ္ဆေမြို့တော်က တားမြစ်ဧရိယာက ဘယ်လိုနေရာလဲဆိုတာ မင်းမပြောရသေးဘူး”

“တစ္ဆေမြို့တော်က ဒီတားမြစ်ဧရိယာက ကျွန်တော့်မှတ်ဉာဏ်ထဲမှာ တော့ အနီးကပ်နေလို့မရတဲ့ နေရာတစ်ခုလို့ ကြားဖူးတယ်၊ မိသွားလို့ကတော့ အဲလူတစ်ယောက်တည်းကို သတ်ရုံအပြင်မကဘူး မိသားစုကိုပါ သတ်တယ်တဲ့” မူစစ် ရှင်းပြလေသည်။

“အိုး… အဲလောက် လျှို့ဝှက်ဆန်းကြယ်တဲ့နေရာမှာ အစောင့်တစ် ယောက်တောင်မရှိဘူးလား” ရှီမာယူယူသည် နားမလည်နိုင်ဖြစ်နေသည်။

အဲနေရာမှာ ဘယ်သူမှမရှိတာကို သူမ ဘယ်လိုသိလိုက်တာလဲ။ သို့သော် တားမြစ်ဧရိယာတွင် ထူးဆန်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။ အားလုံး ကူညီရန် ထိုနေရာသို့ သွားခဲ့ကြသည်။ လူအများအပြား စုပြုံသတ်ဖြတ်မှု အပြီး တွင်တော့ မည်သူမှ တားမြစ်ဧရိယာကို ဖြတ်မသွားရဲတော့ပေ။ အဲဒီမှာ သူမနဲ့ မူစစ်တို့လို အခြေအနေမျိုးဖြစ်မယ်လို့ ဘယ်ထင်မိမလဲ။

“မူစစ် ခွေးကောင် ဒီကိုထွက်ခဲ့စမ်း” အသံစူးစူးသည် အပြင်မှ ဒေါသဖြင့် ထွက်လာသည်။ ထို့နောက်တွင် သွေးနီရောင် ဝတ်စုံဝတ်ထားသော ပုံရိပ်တစ်ခု သည် လှုပ်ခတ်နေသော ခြံစည်းရိုးကိုဖွင့်လိုက်သည်။

***

All Chapters