ပျင်းနေတဲ့သူ နောက်တစ်ယောက်
Vol. 94 Ch. 1311
လူတစ်ယောက် ဝင်လာသည်ကိုတွေ့သည်နှင့် မူစစ်သည် ရှားပါးလှသော အပြုံးကိုဖုံးကွယ်ပြီး သူတို့ပထမဆုံးတွေ့စဉ်ကကဲ့သို့ သူ့ရောင်ဝါသည် အေးစက်သွားလေသည်။
သူမ မတ်တတ်ရပ်ပြီး ထိုမိန်းကလေးနှင့် သူမ၏အဖောကို ကြည့်လိုက် သည်။ သူ အေးစက်စွာ ပြောလေသည် “မောင့်ထျန်းရှန့် ဒီကိုဘာလာလုပ်တာ လဲ”
“ကောင်စုတ်လေး နင် ကျန်းရှုကိုသတ်လိုက်တာလား” မောင့်ထျန်းရှန့် သည် မူစစ်ဆီသို့ ပြေးလာပြီး ပြင်းထန်စွာ တွန်းလိုက်သည်။
မောင့်ထျန်းရှန့်သည် မိန်းကလေးဖြစ်သော်ငြား သူမသည် ခန္ဓာကိုယ် သန့်စင်ခြင်းသိုင်းကို ကျင့်ကြံထားသဖြင့် အားအပြည့်ပါသည်။ ထိုတွန်းချက် ကြောင့် မူစစ်သည် မြေပေါ်သို့ ပြင်ငးထန်စွာကျသွားမည်အပြုတွင် ရှီမာယူယူ သည် သူ့ကို ဘေးသို့အလွယ်တကူပင် ဆွဲလိုက်သည်။
သူမသည် ခေါင်းငုံ့ကာ စဉ်းစားနေလေသည်။ ပူဆွေးမှုနှင့် ဒေါသများ ပြည့်နေသော မောင့်ထျန်းရှန့်သည် အစပိုင်းက သူမကို သတိမထားမိပေ။ အခု သူမ မျက်နှာမြင်လိုက်မှပင် သူမ မျက်လုံးထဲမှ မနာလိုမှုများ စီးကျလာသည်။
“မင်းက ဘယ်သူလဲ ဒီကောင်လေးကို ကူညီရဲသေးတာလား”
“ငါက မြို့မြောက်ပိုင်းက လောင်လျူမိသားစုကပဲ၊ ငါက ဒီနေ့ မူစစ်နဲ့တွေ့ ပြီး အခုသူနဲ့စကားပြောနေတယ်၊ ဒီကိုအလောတကြီးဝင်လာပြီး လူရိုက်တာက မင်းအတွက် ကောင်းမယ်မထင်ဘူးနော်” ရှီမာယူယူသည် ဂရုမထားသလို နှာမှုတ်လေသည်။
“ဘာ လောင်လျူမိသားစုတွေ လောင်ဝမ်မိသားစုတွေပြောနေတာလဲ၊ ဒီ ကောင်စုတ်ကိုကူညီရဲမှတော့ ဒီနေ့ ပြန်ပေးဆပ်ရအောင်လုပ်ပေးမယ်” မောင့်ထျန်းရှန့် အော်လေသည်။
မြို့မြောက်ပိုင်းသည် သူမ၏ မောင့်မိသားစုကို ကြောက်ရွံ့စေသည်။ မိသားစုအနည်းငယ်မှလွဲ၍ မည်သူမှ မတတ်နိုင်ပေ။ လျူမိသားစုသည် ကြီးမား သော မိသားစုမျိုးနွယ်တော့မဟုတ်ပေ။ သူမကို သတ်ပစ်နိုင်သလို ရုပ်ပျက် ဆင်းပျက်ဖြစ်အောင်လည်း လုပ်နိုင်သည်။
မိသားစုတွင်းမှ အဆိပ်သခင်သည် သူမကို အဆိပ်မှုန့်နှစ်ပုလင်းပေးလိုက် သည်။ ထိုအဆိပ်၏ သက်ရောက်မှုကို စမ်းသပ်ရန် ဒီနေ့အသုံးပြုရန် သူမ စီစဉ် ထားသည်။
“မောင့်ထျန်းရှန့် မင်းဘာလုပ်တာလဲ” မူစစ် အော်လိုက်သည် “မင်း လူတချို့ကို ပြစ်မှားလို့ရတယ်၊ ဒါပေမဲ့ အပြစ်လုပ်လို့မရတဲ့လူဆိုတာလည်း ရှိ သေးတယ်၊ ဒီအတွက်ကြောင့် မင်းမိသားစုတော့ ဒုက္ခတွေ့တော့မယ်၊ ဒီနေ့ မင်း လုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် နောင်တမရစေနဲ့”
မောင့်ထျန်းရှန့်သည် မူစစ်၏ အပြစ်တင်ချက်ကြောင့် နောက်ပြန်ဆုတ် သွားသည်။ သူမသည် ဒေါသတကြီးရယ်မောလိုက်သည်။
“မူစစ် နင်က ဘယ်လိုဟာလေးလဲ၊ ငါ့ကိုလာသင်နေတာလား၊ ကောင်းပြီ လေ ကလေး၊ မင်းက သူမရုပ်ရည်ကြောင့် စွဲလမ်းနေပြီလား အဲတော့ မင်းက ချစ်မိနေပြီလား၊ ဟုတ်ပြီ မင်း အချစ်ကြောင့် ပြန်တိုက်ခိုက်ရလောက်အောင် စိတ်အားထက်သန်မယ်လို့တော့ ထင်မထားဘူး”
“ဘာတွေ မဟုတ်တာပြောနေတာလဲ” မူစစ်သည် ရှက်ရွံ့ကာ ပြန်ချေပ လေသည် “ဒီကနေထွက်သွားတော့”
“မင်းလို ကလေးက သဘောကျတဲလူရှေ့မှာ သတ္တိတွေရှိလာတာကို ငါ မှန်းလို့တောင်မရဘူး၊ ကျွတ် ကျွတ် ပြောပါဦး ငါ သူမမျက်နှာကို ဖျက်ဆီးလိုက် ရင် ငါ့ကို သတ္တိရှိရှိ တွန်းလှန်နိုင်သေးလား” မောင့်ထျန်းရှန့် နှာမှုတ်လေသည်။
“မောင့်ထျန်းရှန့် မင်းလုပ်ရဲလား” မူစစ် အော်လိုက်သည်။
“ဘာလို့ မလုပ်ရဲရမှာလဲ” မောင့်ထျန်းရှန့် သရောလေသည် “ငါ မင်း မျက်စိရှေ့မှာပဲ သူမ မျက်နှာကို အရင်ဖျက်ဆီးပြမယ်၊ မင်း ရင်နာသွားမလာလို့၊ မင်း ခံစားပြီးရင်တော့ မင်းတို့နှစ်ယောက်ကိုသတ်ပြီး ကျန်းရှုကို သွားတွေ့ခိုင်း မယ်၊ သူ အသက်ရှင်တုန်းက မင်းကို အနိုင်ကျင့်တာကို အကြိုက်ဆုံးပဲလေ၊ မင်း အရိုက်ခံရတိုင်းကို သူက အရမ်းကိုနေလို့ကောင်းတာတဲ့၊ အခု သူဒီမှာမရှိတော့ မင်းသွားပြီးတော့ အဖော်ပြုလိုက်တော့”
“ဟား…”
ဒိဝူသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် အရယ်ရဆုံး ဟာသကို ကြားလိုက်ရသလို ပခုံးလှုပ်ကာ ရယ်မောလေသည်။
“ရုပ်ဆိုးကောင် နင်က ဘာတွေရယ်နေတာလဲ” မောင့်ထျန်းရှန့် အော်လေ သည်။
“မင်းရဲ့ တုံးအမှုကိုရယ်တာလေ” ဒိဝူသည် သူ့မျက်နှာကို ပွတ်ကြည့် လိုက်သည်။ သူသည် သူ့သခင်နှင့် ဝူလင်းယူလောက် ကြည့်မကောင်း သော်လည်းမဆိုးလှပေ။ ဘယ်လိုလုပ် ဒီလောက် ရုပ်ဆိုးသွားရတာလဲ။
ကြည့်ရတာ ဒီမိန်းကလေးက တုံးအတာတင်မဟုတ်ဘူး မျက်စိပါ ကန်းနေတာပဲ
“ငါ့ကို တုံးတယ်လို့ပြောလိုက်တာလား”
“ဟုတ်တယ်၊ မင်း လုပ်ချင်တိုင်း ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်နိုင် တယ်၊ မင်းသတ်ချင်တိုင်း သတ်လို့ရမယ်လို့ပြောနေတာလား” ဒိဝူ ပြောလိုက် သည် “မင်းက ငါတို့ကို လူသေလိုဆက်ဆံနေတာလား ဒါပေမဲ့ ငါတို့ အသက်ရှင် နေသေးတာ ဆောရီးပဲ၊ အဲဒါကိုက မင်း တုံးတယ်ဆိုတာ ပြနေပြီ”
“ဟင်း မင်းတို့ အခုအသက်ရှင်နေသေးပေမဲ့ ခဏကြာရင် အကုန်သေမှာ ပဲ” မောင့်ထျန်းရှန့် ချေပလေသည် “မင်းတို့တွေ သူတို့သုံးယောက်ကို ဖမ်းလိုက်”
“ဟုတ်ကဲ့ပါ မိန်းကလေး”
သူမ နောက်မှ နောက်လိုက်များသည် ထိုသို့ကိစ္စများကို လုပ်ဖူးသည့် အတွေ့အကြုံများသည်။ လူများကို ဖမ်းရသည်မှာ သူတို့အတွက် ရင်းနှီးနေ သော အလုပ်တစ်ခုပင်ဖြစ်သည်။
ထိုလူများသည် သူတို့သုံးယောက်အနောက်သို့သွားကာ ချည်တုပ်ရန် ပြင် လေသည်။
“မင်းတို့ကို ဘယ်လိုရှင်းမလဲဆိုတာ ကြည့်ထားလိုက်” ဒိဝူသည် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုရန် အဆင်သင့်ဖြစ်နေသည်။
“ဒိဝူ ဘာလို့ မူစစ်စကားကို နားမထောင်တာလဲ” ရှီမာယူယူသည် သူမ ခုံ တွင်ဝင်ထိုင်ပြီး ရောက်လာသော အပေါင်းအပ်များကို စိတ်မဝင်စားသည့် သဘောကိုပြသလိုက်သည်။
“မူစစ်က ဘာပြောလိုက်တာလဲ” ဒိဝူ မေးလေသည်။
“ငါတို့ ဝိညာဉ်စွမ်းအင်သုံးမရဘူးလို့ ပြောထားတာလေ မဟုတ်ရင် ကင်းလှည့်အဖွဲ့ကို သတိပေးပြီးသွားဖြစ်သွားမယ်” ရှီမာယူယူ သတိပေးလေ သည်။
ဒိဝူသည် မူစစ်ပြောခဲ့သည်ကို မှတ်မိသေးသည်။
ပုံမှန်အားဖြင့် မောင့်ထျန်းရှန့်တို့ ကဲ့သို့လူမျိုးသည် တခြားသူများကို အနိုင်ကျင့်ရာတွင် ဝိညာဉ်စွမ်းအင်ကို အသုံးမပြုပေ။ သူတို့သည် ဖျော်ဖြေမှုကို လိုချင်သော်လည်း ကင်းလှည့်အဖွဲ့ဝင်ပါမည်ကို မလိုလားပေ။ အကြောင်းမှာ ကင်းလှည့်အဖွဲ့များတွင် စစ်ဆေးမေးမြန်းသည့် ထူးခြားသောနည်းလမ်းများ ရှိသည်ဟု ပြောကြသည်။
ရှီမာယူယူ ထိုအကြောင်းကို မှတ်မိနေသည့်အတွက် မူစစ် စိတ်အေးသွား သည်။ လတ်တလောတွင် ကင်းလှည့်အဖွဲ့ ဝင်မပါသည်က ကောင်းမည်။ မဟုတ်လျှင် သူတို့အဖမ်းခံရပါက တားမြစ်ဧရိယာသို့ သွားခဲ့ခြင်း၊ ရှီမာယူယူတို့ နှစ်ယောက်၏ သံသယဝင်စရာ သရုပ်မှန်များ၊ ကျန်းရှု၏ လူသတ်မှုများ ပေါ် ပေါက်သွားနိုင်သည်။ သူတို့သာ မိသွားပါက အသက်ရှင်လျက်ထွက်လာရန် မဖြစ်နိုင်ပေ။
သူတို့သုံးယောက်ကို ထိန်းချုပ်ထားသော အပေါင်းအပါများသည် သူတို့ ခုခံခြင်းမရှိသည်ကို မြင်သောအခါ ဝိညာဉ်စွမ်းအင်မရှိသည့် အမှိုက်သရိုက်များ အလား ရှုံ့ချလေသည်။
“အဲကောင်မလေးကို အရင် ငါ့ဆီခေါ်လာခဲ့” မောင့်ထျန်းရှန့်သည် ထိုင်ခုံ တစ်ခုံကိုဆွဲပြီး ဘေးတွင်ထိုင်လေသည် “သူမကို ငါ့ရှေ့မှာဒူးထောက်ခိုင်းပြီး ငါ အလှဆင်ပေးလို့ရအောင် မျက်နှာကိုမော့ခိုင်းလိုက်”
သူမသည် ဆေးပုလင်းထုတ်လိုက်သည်။ သူမသည် အဖုံးဖွင့်လိုက်သည်။ ဆေးများစွန်းထင်းနေသော အဖုံးမြေပေါ်သို့ကျသွားသည်နှင့် ချက်ချင်းပင် မြေ ပြင်တွင် အပေါက်သေးတစ်ပေါက် ပေါက်သွားလေသည်။
မြေသားတွင်ပင် အပေါက်ဖြစ်သွားသည်ကို ကြည့်လျှင် မျက်နှာပေါ်သို့ တင်လိုက်ပါက သက်ရောက်မှုကို ပြောရန်ပင်မလိုတော့ပေ။
ရှီမာယူယူ၏ မျက်နှာမှာ နစ်မြှုပ်သွားသည်။ မောင့်ထျန်းရှန့်အပေါ် သူမ၏ အကြည့်များ ပိုအေးစက်လာသည်။
မောင့်ထျန်းရှန့်သည်လည်း အပေါက်ငယ်ကို သတိထားမိသည်။ သူမ သည် အံ့ဩကျေနပ်သွားသည်။ “အဆိပ်သခင်လုပ်တဲ့ အဆိပ်က ဒီတစ်ခါကို ဒီလောက်သက်ရောက်မှု ကောင်းလိမ့်မယ်လို့ထင်မထားဘူး၊ ဟီးဟီး မျက်နှာ ပေါ်ချလိုက်ရင် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာ ကြည့်ဖို့တောင် မစောင့်နိုင် တော့ဘူး၊ သူမကို ဒူးထောက်ခိုင်းလိုက်”
သို့သော် အပေါင်းအပါများ မည်မျှပင် ကြိုးစားစေကာမူ ရှီမာယူယူသည် မတ်တပ်ရပ်မြဲပင်။
“မင်းတို့ ဘာမှစားမထားဘူးလား၊ လူသားတစ်ယောက်ကို ဘယ်သူမှ မဖိနှိပ်နိုင်ဘူးလား” မောင့်ထျန်းရှန့် မျက်မှောင်ကြုတ်လေသည်။
“သူတို့ မစားတာမဟုတ်ဘူး ဒီအတိုင်းအားမရှိတာ” ရှီမာယူယူ ပြန်ဖြေ လိုက်သည်။ သူမသည် သူမပခုံးပေါ်သို့ လက်တင်လိုက်သည်။ လူနှစ်ယောက် ကို ကိုင်ပေါက်ပေးလိုက်သည်။
ထို့နောက်တွင် အားလုံးမတုန့်ပြန်နိုင်ခင်မှာပင် မောင့်ထျန်းရှန်ဘေးသို့ လျှပ်တပြက်ရောက်သွားလေသည်။ သူမသည် လက်ထဲမှ ဆေးပုလင်းကို အလွယ်တကူပင် လုယူနိုင်လိုက်သည်။
တစ်ချိန်တည်းမှာပင် ခြံဝန်းထဲတွင် ထူးဆန်းသော အနံ့အသက်တစ်ခု ပျံ့နှံ့သွားသည်။
“မင်း ဘယ်လိုလုပ် သူတို့ချုပ်ထားရာက လွတ်လာတာလဲ” မောင့်ထျန်းရှန့် အော်လေသည်။
“မင်းက သူများကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်ရတာကို ကြိုက်တာ လား၊ လူသတ်တာကိုကြိုက်တာလား” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက် သည် “ဒီနေ့ မင်းကို အဲဒါတွေလုပ်ပေးလိုက်ရင်ရော ဘယ်လိုလဲ”
“မင်း လုပ်ရဲလား” မောင့်ထျန်းရှန့် အော်လိုက်သည် “ဘာလုပ်နေကြတာ လဲ၊ သူမကို လာသတ်လေ”
ရှီမာယူယူ၏ လုပ်ဆောင်ချက်ကြောင့် သူမသည် အားမယှဉ်နိုင်ပေ။ သူမ သည် လူနှစ်ယောက်ကို အလွယ်တကူရှင်းနိုင်သော သူကိုမပြောနှင့် လူတစ် ယောက်နှင့် ခန္ဓာကိုယ်အားသုံးပြီး ဖြေရှင်းရာတွင်ပင် ရုန်းကန်နေရသည်။
“သခင်မလေး ကျွန်တော်တို့လှုပ်မရဘူး” လူတစ်ယောက် ပြောလိုက် သည်။
“လှုပ်မရဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ” မောင့်ထျန်းရှန့်သည် ရှီမာယူယူ၏ လက်ထဲမှ ဆေးပုလင်းကိုတွေ့သောအခါ မျက်နှာများဖြူဖျော့လာသည်။
“လှုပ်မရဘူးဆိုတာက လှုပ်မရဘူးပဲလေ” ရှီမာယူယူသည် စိတ်ရှည်စွာ ရှင်းပြလေသည် “မင်းက အဆိပ်သုံးနိုင်မှတော့ မင်းကအခုကို အဆိပ်မိနေပြီ ဆိုတာကို မပြောနိုင်ဘူးလား”
***