ဘာမှမဟုတ်ဘူး ကြောက်အောင်ခြောက်တဲ့ ကစားပွဲလေးပဲ
Vol. 94 Ch. 1312
မောင့်ထျန်းရှန့်သည် သူမ စကားများကြောင့် ကြက်သေသေသွားခဲ့သည်။
သူသည် အဆိပ်အသုံးပြုရန်ကိုသာသိပြီး တစ်ခါမှ အဆိပ်မမိဖူးပေ။ ထို့ကြောင့် အဆိပ်မိသည့် ခံစားချက်ကို သူမ မသိပေ။
“ဘယ်တုန်းက ငါ့ကို အဆိပ်ခတ်လိုက်တာလဲ” သူမ သိသွားသောအခါ မလှုပ်နိုင်တော့ပေ။ သူမသည် ရှီမာယူယူအား ကြောက်လန့်တကြားအော်လေ သည်။
ရှီမာယူယူသည် ခုံကို ခြေတစ်ဖက်ဖြင့် နင်းလိုက်သည်။ သူမ ရှေ့ကို ကိုင်းလိုက်ပြီး “မင်းက အဆိပ်မိသွားတာကိုတောင် မသိဘူး၊ ကြည့်ရတာ မင်းက တစ်ခါမှမသင်ဖူးဘူးနဲ့တူတယ်”
“အခု အနံ့ပဲ” မောင့်ထျန်းရှန့်သည် စဉ်းစားပြီးနောက် ပြောလေသည်။
“နောက်ဆုံးတော့ တုံ့ပြန်ပြီပဲ” ရှီမာယူယူလသည် လက်ထဲမှ ပုလင်းကို လှုပ်ယမ်းလိုက်သည်။ “ပြောပါဦး တကယ်လို့ ဒါကိုမင်းမျက်နှာကို အစက် ကလေးချလိုက်ရင် သက်ရောက်မှုက ဘယ်လိုဖြစ်မလဲ၊ တော်တော်လေးတော့ ကြည့်ကောင်းမှာပဲ၊ ဒီအဆိပ်ကဘာလဲဆိုတာ ငါမသိသေးဘူး၊ တကယ်ပဲ သက်ရောက်မှုကိုကြည့်ချင်နေပြီ”
“မလုပ်နဲ့ မလုပ်နဲ့ ငါ့မျက်နှာကို မဖျက်ဆီးပါနဲ့” မောင့်ထျန်းရှန့် အော်လေ သည်။
“ဖြန်း…” ရှီမာယူယူသည် သူမ ငိုသံပြတ်သွားအောင် ရိုက်လိုက်သည်။
“မလုပ်ရဘူးလား ဒါပေမဲ့ ခုနက မင်း ငါ့ကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်မလို့မလား၊ အဲတုန်းကကျ ဘာလို့ မစဉ်းစားမိတာလဲ”
“မှားသွားပါတယ် မှားသွားပါတယ် ခွင့်လွှတ်ပါ၊ မင်းကို ရတနာတွေပေး ပြီး တောင်းပန်ဖို့ ငါ့အဖေကိုပြောလိုက်ပါမယ်” မောင့်ထျန်းရှန့်သည် ရိုးရိုးစင်းစင်းပင် ပြောလေသည်။
“ကျွတ် ကျွတ် မင်းက ဒီလိုပြောနိုင်လောက်အောင် မိသားစုကို ခိုလှုံနေတဲ့ သခင်မလေးပဲ” ရှီမာယူယူ သက်ပြင်းချလေသည် “မင်းမျက်လုံးထဲက အမုန်းနဲ့ လူသတ်မယ့်အကြည့်တွေကို ဖုံးဖိမရတာတော့ နှမြောစရာပဲ၊ မဟုတ်ရင် မင်းကို လွှတ်လိုက်မိမှာတောင် ကြောက်တယ်၊ တစ်နာရီအတွင်းကို မင်း ငါ့ကို သတ်ဖို့ မင်းမိသားစုကို ခေါ်လာမှာပဲ”
မောင့်ထျန်းရှန့်သည် သူမအတွေးများကို ထုတ်ပြောလိမ့်မည်ဟု ထင် မထားပေ။ သူမသည် အလျင်အမြန်ပင် ငြင်းဆန်လိုက်သည် “မလုပ်ပါဘူး မလုပ်ပါဘူး၊ မင်း ငါ့ကိုလွှတ်ပေးတာနဲ့ မင်းကို အပြစ်မတင်တော့ပါဘူး”
“ဟားဟား…” ရှီမာယူယူ ပြုံးလိုက်သည် “မင်းလိုလူတွေက ဘာလို့ ဒီလောက်တောင် လွယ်မယ်လို့ထင်ရတာလဲ၊ မင်းက ဒီကိစ္စကို မလိုက်တော့ဘူး လို့ပြောတာနဲ့ တကယ်ပဲ ကျော်သွားမယ်လို့ထင်နေတာလား၊ ကျန်းရှုပြီးတော့ နောက်တစ်ယောက်လာပြန်ပြီ မင်းတို့နှစ်ယောက်က ပြီးခဲ့ပြီးသားကိစ္စလို ပြော နေကြတယ်၊ ငါ့ရည်ရွယ်ချက်ကိုရော မေးဖူးရဲ့လား၊ ငါ လွှတ်ချင်ရဲ့လားကိုရော မေးရဲ့လား”
“မင်း တကယ်ပဲ ကျန်းရှုကိုသတ်လိုက်တာလား” မောင့်ထျန်းရှန့် အော် လေသည်။
“မဟုတ်ဘူး မဟုတ်ဘူး မသတ်ဘူး ငါက ဒီအတိုင်းပဲ သူ့အစောင့်တွေကိုပဲ သတ်လိုက်တာ” ရှီမာယူယူ ပြန်ဖြေလေသည် “သူ အမြဲတမ်း အနိုင်ကျင့်ခဲ့တဲ့ ကလေးက သူ့ကိုသတ်လိုက်တာ”
မောင့်ထျန်းရှန့်သည် မူစစ်အား အလန့်တကြားကြည့်လိုက်သည်။
မူစစ်အရိုက်ခံပြီးရချိန်တွင် ကျန်းရှုပျောက်သွားသည်ဟု သူမ ခံစားမိ သော်လည်း အမှန်တကယ်ပင် သူ ကျန်းရှုကို သတ်နိုင်လောက်သည့် အရည်အချင်းရှိလိမ့်မည်ဟု ထင်မထားပေ။ သူဖြစ်လိမ့်မည်ဟု သူမ တကယ် မထင်ခဲ့ပေ။
သူမ စိတ်ထဲတွင် ဆိုးဝါးသော သတိပေးချက်တစ်ခုဝင်လာသည်။ သူတို့ က လျှို့ဝှက်ချက်ကို ပြောလိုက်မှတော့ သူတို့က သူကို လွှတ်ပေးတော့မယ့် အစီအစဉ်မရှိတော့ဘူးထင်တယ်။
ထိုအတွေးဝင်လာသည်နှင့် သူမသည် မီးတောက်လွှတ်ကာ တိုက်ခိုက်ရန် ပြင်လေသည်။
ထိုမီးတောက်သည် ယခုကဲ့သို့အခြေအနေမှပင် ကြီးထွားလာခြင်းဖြစ် သည်။ သူမသည် ထိန်းချုပ်ပြီး ဆွဲလိုက်ရန်သာလိုသည်။ မီးတောက်သည် သူ့ ဘာသာ လေပေါ်တွင် တောက်လောင်မည်ဖြစ်သည်။
“ရွှတ်…” သူမလက်ထဲမှ မီးတောက် မိုးပေါ်သို့ပျံသွားသည်ကို ကြည့်ပြီး သူမစိတ်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်ဖြစ်လာသည်။ သို့သော် မီးတောက် လွတ်ထွက်မသွားခင်မှာပင် ဒိဝူတားလိုက်လေသည်။
“အိုး နှမြောစရာပဲ အချက်ပြမီးတောက်က အသုံးမဝင်ဘူး” ရှီမာယူယူ ပြုံး လိုက်သည် “အခု တကယ်ကိုအန္တရာယ်များတယ်၊ မင်း အောင်မြင်လုနီးပါးဖြစ် တော့မလို့ အာမခံရဖို့ဆိုရင် မင်းကို စောစောကတည်းက သတ်ထားသင့်တယ် ထင်တယ်”
မောင့်ထျန်းရှန့်သည် သူမ ရှေ့မှတွဲလောင်းကျနေသော ပုလင်းကို ကြည့် နေလိုက်သည်။ သူမ၏ ဖြူဖျော့သော မျက်နှာမှာ ကြောက်ရွံ့မှုများ ပြည့်သွား သည်။ အောက်မှ ရှူးရှူးအနံ့ထွက်လာကာ သူမ၏ စကတ်များမှာ စိုရွဲသွားတော့ သည်။
ရှီမာယူယူသည် ရွံရှာစွာဖြင့် စောင်းကြည့်လိုက်သည်။ ရွံစရာကောင်း လိုက်တာ။
သူမ ခြေထောက်ကို ပြန်ရုတ်ပြီး နောက်ပြန်ဆုတ်လိုက်သည်။ သူမသည် နှာခေါင်းကို ပိတ်လိုက်သည်။ “မင်း ဒီလိုမျိုး ဘောင်းဘီထဲကို သေးပေါက်ချမယ် လို့ထင်မထားဘူး ရွံဖို့ကောင်းလိုက်တာ ငါ့ပန်းလေးတောင်မှ အထင်သေးတော့ မယ်၊ ပန်းလေး အဲလိုလူကို မင်းစားချင်ရဲ့လား”
သူမ စကားဆုံးသည်နှင့် ပန်းလေးပေါ်လာသည်။ သူမ ကြောက်ရွံ့နေ သောလူကိုမြင်သောအခါ အထင်သေးစွာဖြင့် ပြောလိုက်သည် “အဲလို ရွံစရာ ကောင်းတဲ့သူကိုမစားချင်ပါဘူး၊ တခြားလူကို စားလိုက်တာကမှ ကောင်းဦး မယ်”
သူမသည် ပန်းများကို ဖွင့်ဟလိုက်သည်။ ပန်းတစ်ပွင့်လျှင် လူတစ် ယောက်စားလိုက်ရာ လူအားလုံး စားပြီးလေသည်။
မောင့်ထျန်းရှန့်သည် ပန်းလေးအား ကြည့်နေလေသည်။ သူမသည် ထိန်လန့်နေသဖြင့် ဆွံ့အသွားသည်။
“အား ငါ့ပန်းလေးက မင်းကို အထင်သေးနေပြီ” ရှီမာယူယူ ပြောလိုက် သည် “ကြည့်ရတာ မင်းကို ငါကိုယ်တိုင်ရှင်းရတော့မယ်ထင်တယ်”
“မလုပ်ပါနဲ့ မလုပ်ပါနဲ့ ငါ့ကိုမသတ်ပါနဲ့ ငါ့မျက်နှာကို မဖျက်ဆီးပါနဲ့” မောင့်ထျန်းရှန့်သည် လဲကျသွားကာ မထိန်းနိုင်မသိမ်းနိုင်ငိုလေသည်။
“ခုနက ဝင်လာတုန်းက အရှိန်အဟုန်က ဘယ်ရောက်သွားတာလဲ” ရှီမာယူယူသည် ခေါင်းရမ်းလိုက်သည် “ဒီအချိန်မှာတောင် မင်းမျက်နှာကို စဉ်းစားနိုင်သေးတယ်နော်၊ မင်းက တုံးတာလား ရိုးအတာလားပဲ”
“မလုပ်… မလုပ်ပါနဲ့…” မောင့်ထျန်းရှန့်သည် ဘာပြောရမည်ကို မသိ တော့ပေ။ သူမသည် ခေါင်းကိုသာ တတွင်တွင်ခါယမ်းနေမိသည်။
“မစိုးရိမ်ပါနဲ့ ငါက တခြားသူတွေကို မရွံတတ်ဘူး” ရှီမာယူယူ ပြောလိုက် သည်။ သို့သော် မောင့်ထျန်းရှန့်သည် မရပ်မနားငိုနေဆဲပင် “မငိုနဲ့လေ မင်းထပ် ငိုနေရင် ချက်ချင်းပဲ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်လိုက်မယ်”
“အား…”
မောင့်ထျန်းရှန့်သည် ချက်ချင်းရပ်တန့်သွားသည်။ သူမသည် စိတ်လှုပ်ရှားလွန်းသဖြင့် မေ့ပင်မေ့သွားလေသည်။
ပန်းလေးသည် အားလုံးကိုစားပြီးနောက် ရှီမာယူယူဘေးသို့ ပြန်လာလိုက် သည်။ သူမသည် မောင့်ထျန်းရှန့်အား ရွံရှာစွာ ကြည့်လိုက်သည်။ “ယူယူ ယူယူ ကတော့ တကယ်ကိုဆိုးးတာပဲ၊ သူ့ကိုသတ်ချင်နေတာသိသာနေတာကို နှိပ်စက်နေသေးတယ်”
“ဘယ်မှာနှိပ်စက်လို့လဲ ငါကစဉ်းစားနေတာပါ” ရှီမာယူယူသည် ရိုးသား စွာပြန်ဖြေလေသည် “သူမက သခင်မလေးလေ၊ သူမသေဖို သင့်တော်တဲ့ နည်းလမ်းကို ငါစဉ်းစားရမယ်”
“ဟုတ်တယ် သူမက အခုကိုရုပ်ဆိုးနေပြီ၊ သေတာတောင် ရုပ်ဆိုးဆိုးနဲ့ သေရင် ငါတို့တော့ အိပ်မက်ဆိုးတွေမက်ကုန်တော့မှာ” ပန်းလေး သံယောင် လိုက်လေသည်။
“အဲဒါတော့ မဟုတ်သေးဘူး အဲဒါကြောင့် လှလှပပသေလို့ရမယ့် နည်းလမ်းကို စဉ်းစားပေးနေတာ” ရှီမာယူယူသည် လေးနက်စွာ ပြောလေ သည်။
“ဒါပေမဲ့ ယူယူ သူမရဲ့ဒီလိုပုံကိုကြည့်ဦး၊ ကြောက်လွန်းလို့မေ့သွားတာ လား၊ သူမသာ မေ့လဲသွားတယ်ဆိုရင် ပျော်ဖို့မကောင်းတော့ဘူး”
“မစိုးရိမ်ပါနဲ့၊ ဒီအဆိပ်က မလှုပ်မယှက်ဖြစ်စေပေမဲ့ အာရုံကြောတွေကို တက်ကြွစေလို့ သူမ မေ့လဲမှာမဟုတ်ဘူး”
“ကောင်းတယ်”
ဘေးတွင်ရပ်နေသော မူစစ်သည် နှုတ်ခမ်းတွန့်လိုက်သည်။ ဒီမိန်းကလေး နှစ်ယောက်က ရက်စက်လိုက်တာ။ ဆဲဆိုတာမရှိဘဲကျိန်ဆဲတယ်၊ လူတစ် ယောက်ရဲ့စိတ်ကို ညှဉ်းပန်းတယ်၊ ပြီးတော့ မေ့မသွားအောင်လုပ်တယ်။ အရင် က ရှီမာယူယူကို လူကောင်းတစ်ယောက်ဟု သူထင်ခဲ့သည်။ သူအတွေးလွန်း သွားတာပဲဖြစ်ရမယ်။
သို့သော် လူကောင်းများအကြားတွင် ကွာခြားသည်မှာ အဘယ်နည်း။ လူကောင်းနဲ့ လူဆိုးကြားရှိ နယ်နိမိတ်သည် မရှင်းလင်းပေ။ အခု သူမ၏ ဆိုးရွား သောအပြုအမူကိုမြင်ရသော်လည်း တစ်ဖက်မှကြည့်လျှင် သူမသည် လူဆိုး တစ်ယောက်မဟုတ်ပေ။
နောက်ထပ် အပူစီးကြောင်းတစ်ခုသည် မြေပြင်ပေါ်မှ သူတို့ခြေထောက် ဆီသို့စီးလာသည်။ ရှီမာယူယူနှင့် ပန်းလေးတို့သည် တစ်ချိန်တည်းမှာပင် ခြေလှမ်းနှစ်လှမ်းပြန်ဆုတ်လိုက်ကြသည်။
“ရွံဖို့ကောင်းလိုက်တာ ထပ်ပြီးတော့မရပ်နိုင်တော့ဘူး” ပန်းလေးသည် နှာခေါင်းပိတ်ထားလေသည်။
“တကယ်ကိုလွန်နေပြီ” ရှီမာယူယူသည် မူစစ်ကိုကြည့်လိုက်သည် “သူမ ကို ဘယ်လိုရှင်းချင်လဲ”
မူစစ်သည် သူမအား ခါးသီးစွာစိုက်ကြည့်လိုက်သည်။ သူသည် သူတို့၏ နှစ်ပေါင်းများစွာ အနိုင်ကျင့်လာမှုကို ပြန်တွေးလိုက်သည်။ “သူမကို ကျွန်တော် ကိုယ်တိုင်ရှင်းချင်တယ်”
“ကောင်းပြီ ဒါဆိုရင် မင်းကို အပ်လိုက်တော့မယ်” ရှီမာယူယူ ခေါင်းညိတ် လေသည်။ သူ ရပ်နေသေးသည်ကို သူမ တွေ့သောအခါ အဆိပ်မိနေဆဲဖြစ် သည်ကို သတိရသွားသည်။ သူမသည် အဆိပ်ဖြေဆေးပေးလိုက်သည်။
အဆိပ်ပြေသွားသော မူစစ်သည် မောင့်ထျန်းရှန့်ဆီသို့ လျှောက်လာလိုက် သည်။ သူသည် မှော်ဝင်လက်စွပ်ထဲမှ ဓားမြောင်ထုတ်လိုက်သည်။ ထိုဓားသည် အစောပိုင်းကမှ ကျန်းရှုကိုယ်ထဲဝင်သွားသော ဓားပင်ဖြစ်သည်။
“မူစစ် မင်း ငါ့ကိုသတ်ရဲသတ်ကြည့် မင်းဆိုးဆိုးဝါးဝါးသေအောင်လုပ်ပြ မယ်” မောင့်ထျန်းရှန့်သည် မျှော်လင့်ချက်မဲ့စွာ အော်လေသည်။
“ဒါပေမဲ့ မင်းက ငါ့ရှေ့မှာအရင်သေမှာလေ” ထိုသို့ပြောပြီးနောက်တွင် လက်ထဲမှ ဓားမြောင်ကိုမြင့်မြင့်မြှောက်ကာ အားအပြည့်ဖြင့် စိုက်ချလိုက်လေ သည်။
“ရပ်လိုက်”
တားမြစ်သံနှင့်အတူ မူစစ်၏ ရင်ဘတ်သို့ ဓားရှည်တစ်ချောင်းထိုးစိုက် သွားလေသည်။
***