← Chapters

သေဖို့အလှည့်ကျပြီ

Vol. 94 Ch. 1313

သေဖို့အလှည့်ကျပြီ

Vol. 94 Ch. 1313

ဓားရှည်သည် အလွန်မြန်ဆန်လွန်းလှသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် မူစစ်ရှေ့သို့ ရောက်လာခဲ့သည်။ သူ၏ ရင်ဘတ်ဆီသို့ရောက်လာသည်ကို တုံ့ပြန်နိုင်ခြင်းမရှိဘဲ ငေးငိုင်စွာဖြင့် ကြည့်နေခဲ့ရသည်။

ထိုသို့အမြန်နှုန်းကြောင့် သူ ဓားရှည်ကိုမရှောင်လိုက်နိုင်သည့်အပြင် အား ထည့်လိုက်သောအခါ နေရာတွင်ပင် ပိတ်မိသွားပြီး လှုပ်မရတော့ပေ။

အဖြူရောင်ဓားသွားသည် အေးစက်သောအလင်းနှင့်အတူ တောက်ပလာ သည်။ သူသည် ခေတ္တမျှ မျက်စိကျိန်းသွားပြီး တဖြည်းဖြည်းလဲကျသွားတော့ သည်။

သူ့ဆီသို့ သေဆုံးခြင်း တဖြည်းဖြည်းနီးကပ်လာသည်ကို ကြည့်ရင်းနှင့်ပင် နူးညံ့သောလက်တစ်စုံသည် သူ၏ပခုံးကိုဆုပ်ကိုင်လိုက်သည်။ နွေးထွေးသော အင်အားတစ်ခုသည် သူ့ဆီသို့စီးဆင်းလာပြီး ထင်ယောင်ထင်မှားမြင်နေရသည် များမှ သူ့ကိုဆွဲလိုက်သည်။

သူသတိပြန်ရလာချိန်တွင် ရှီမာယူယူသည် ဘယ်လက်ဖြင့် သူ့ပခုံးကိုကိုင် ထားပြီး ညာလက်ဖြင့် ဓားရှည်တစ်ချောင်းကို စွဲကိုင်ထားသည်ကို မြင်လိုက်ရ သည်။ သူတို့နှစ်ယောက်သည် ဓားရှည်၏ စွမ်းအားကြောင့် တွန်းကန်သွားရပြီး အဝေးထိလွှင့်ပြီးမှ ရပ်သွားကြခြင်းဖြစ်သည်။

“ခလွမ်း…”

ဓားရှည်သည် မြေပြင်ပေါ်သို့ ကျသွားသည်။ ရှီမာယူယူသည် လက်ကို နာကျင်စွာဖြင့် ခါယမ်းလိုက်သည်။ သူမသည် အမှုန့်တချို့ထုတ်ကာ လိမ်းလိုက် သည်။ သွေးသည် ချက်ချင်းပင် ရပ်တန့်သွားလေသည်။

“တော်တော်လေးနာတာပဲ” သူမသည် ပင့်သက်ပြင်းပြင်းရှုရှိုက်လိုက် သည်။

အကြိမ်ပေါင်းများစွာ ရောစပ်ထားသော ခန္ဓာကိုယ်ဖြစ်နေ၍သာ သူမ ခန္ဓာကိုယ်သည် ဝိညာဉ်လက်နက်နှင့်ပင် တူညီနေခြင်းဖြစ်သည်။ မဟုတ်ပါက သူမသည် သွေးထွက်ရုံတင်မကဘဲ လက်ဖဝါးတစ်ခုလုံးပင် ကွဲထွက်သွားနိုင် သည်။

မူစစ်သည် သူမအား ရှုပ်ထွေးစွာကြည့်လိုက်သည်။ သူဘာစဉ်းစားနေ သည်ကို မသိနိုင်ပေ။

မောင့်ထျန်းရှန့်သည် သေတော့မည်ဟုတွေးနေစဉ်တွင် သူမကိုကယ်ရန် တစ်စုံတစ်ယောက်ရောက်လာမည်ဟု သူမ ထင်မထားပေ။ ထိုလူအား မြင်ပြီး နောက်တွင် ပျော်ရွှင်စွာ ငိုလေသည် “ဖန်းယန် ငါ့ကိုကယ်ပါဦး”

“ရှန့်ရှန့် မစိုးရိမ်နဲ့ ငါ သေချာပေါက် နင့်ကိုကယ်မယ်” အရှေ့မှဦးဆောင် လာသည့် ကောင်လေးသည် မောင့်ထျန်းရှန့်ဆီသို့ပြေးသွားပြီး သူမကို ကူညီ ပေးလိုက်သည်။ သူသည် သူမ ဘောင်းဘီထဲ သေးပေါက်ချထားသည်ကို အထင် မသေးပေ။

တကယ့်အချစ်စစ်ထင်တယ်။

ရှီမာယူယူသည် ဖန်းယန်ကို စိတ်မဝင်စားပေ။ သူမ မျက်လုံးများသည် အနောက်မှလိုက်လာသော လူအိုကြီးထံသို့ အကြည့်ရောက်သွားသည်။ သူသည် ထိုဓားရှည်ကို ပစ်လွှတ်လိုက်သောသူပင်ဖြစ်လေသည်။

သူမသည် သူ၏အားအင်ကိုမသိသောကြောင့် ပန်းလေးနှင့် သူတို့ဆိုလျှင် သူ့ကိုနိုင်နိုင်မည်လားကို မသေချာတော့ပေ။

အရေးကြီးသည်မှာ တိုက်ပွဲဖြစ်ပါက ကင်းလှည့်အဖွဲ့မှလူများ၏ အာရုံကို ဆွဲဆောင်သွားစေမည်။ လျှို့ဝှက်သတင်းထောက်လှမ်းမည့် သူမ၏ ရည်ရွယ် ချက်ပြည့်တော့မည်မဟုတ်ပေ။

“မင်းက ဘယ်သူလဲ” အဘိုးကြီးသည် ရှီမာယူယူအား တအံ့တဩ ကြည့် လေသည်။

သူသည် ရှီမာယူယူ၏ လက်ရှိအသက်ကို မပြောနိုင်ပေ။ သူမသည် ငယ်ရွယ်သည်ကိုတော့ သူ အာရုံခံနိုင်သည်။ အနည်းဆုံးတော့ သူမသည် နှစ်ပေါင်းရာချီနေလာသောသူနှင့် မတူပေ။ ဒီလောက်ငယ်ငယ်လေးနဲ့ သူ့ရဲ့ တိုက်ကွက်ကို လက်ဗလာနဲ့ ကာနိုင်နေပြီ။

သူသည် အားအကုန်မသုံးသော်လည်း သူ၏ ဝိညာဉ်လက်နက်သည် သာမန်လူ ခံနိုင်သည့်အရာမဟုတ်ပေ။ သို့သော် သူမသည် လက်ဗလာဖြင့် ကာခဲ့သည်။ သူမ ဒဏ်ရာရသွားသော်လည်း လက်ဖဝါးကွဲမသွားပေ။

“ကျွန်မဘယ်သူလဲဆိုတာ သိဖို့မလိုပါဘူး” ရှီမာယူယူ ပြန်ဖြေလိုက် သည်။

“အဘိုးချီ သူတို့ပဲ သူတို့ကကျန်းရှုကိုသတ်လိုက်တာ” မောင့်ထျန်းရှန့် သည် ဖန်းယန်၏လက်မောင်းကိုတွယ်ချိတ်ကာ တုန်ယင်စွာဖြင့် အော်လေ သည်။

“မင်းက တကယ်ပဲ ကျန်းရှုကိုသတ်ခဲ့တာပဲ၊ မင်းကိုယ်မင်း ဘယ်သူမှတ် နေလဲ မင်းကိုအလွတ်မပေးဘူး” ဖန်းချီသည် ရှီမာယူယူအားကြည့်လိုက်သည်။

သူသည် လက်နှစ်ဖက်ဖြင့် ဝိညာဉ်စွမ်းအင် စုစည်းလိုက်သည်။ သူသည် ရှီမာယူယူကို လျော့တွက်ရန်အစီအစဉ်မရှိသဖြင့် အားအပြည့်ထည့်လိုက်သည်။

ရှီမာယူယူသည် သူ ဝိညာဉ်စွမ်းအင်သုံးသည်ကိုကြည့်ပြီး သူမ၏ တင်းမာ သောစိတ်များ လျော့သွားသည်။

သူ့အားက ဧကရာဇ်အဆင့်အထက်တောင်မရောက်သေးတာ စိုးရိမ်နေဖို့ မလိုဘူးပဲ။

ဖန်းချီသည် ရှီမာယူယူကို လျော့မတွက်သော်လည်း သူမ မည်မျှသန်မာ ကြောင်းကို မသိပေ။ နေရာတစ်ခုလုံးသည် သူမ၏ ဝိညာဉ်လောကထဲသို့ ရောက်သွားကြောင်းကို သူ သတိမထားမိလိုက်ပေ။

ရှီမာယူယူသည် သူမ၏ ဝိညာဉ်လောကကို ထပ်ပြီးမချဲ့တော့ဘဲ လေဟာ ပြင် အရည်အချင်းကိုသာ သုံးလေသည်။ တခြားသူများ မသိသော်လည်း အဖွဲ့ ထဲမှ အားအကောင်းဆုံးဖြစ်သော ဖန်းချီတစ်ယောက်သာ သတိထားမိလေ သည်။

“ဝိညာဉ်လောက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူသည် ရှီမာယူယူကို စိုက် ကြည့်လိုက်သည်။ သူမသည် ငယ်ရွယ်လွန်းသည့်အချက်မှာ မမှားနိုင်ပေ။ သို့သော် ဝိညာဉ်လောကရောင်ဝါ သူမနှင့် ဆက်သွယ်လိုက်သည့်အချိန်တွင် အမှားမဖြစ်နိုင်ဟု ပိုခံစားမိသွားသည်။

ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

လူငယ်လေးတစ်ယောက်က ဘယ်လိုလုပ် ဝိညာဉ်လောကကိုနားလည် နိုင်ရတာလဲ။

သို့သော် သူသည် ထိုအချက်များကို လက်မခံချင်ပေ။ သို့သော် လက်တွေ့ မှာ အမှန်တကယ်ဖြစ်နေသည်။ သူသည် ဝိညာဉ်လောကအတွင်းတွင် ပိတ်မိနေ သည်ကို ဝန်ခံရတော့မည်။

သူသည် ရှီမာယူယူ၏ ကျောဘက်ကိုကြည့်လိုက်သည်။ သူသည် အလျင်စလို မလုပ်ဆောင်ရဲတော့ပေ။ သူသည် ထိုဝိညာဉ်လောကကို ချိုးဖျက် ရန် အချိန်မည်မျှကြာနိုင်မည်ကို စတင်တွက်ချက်တော့သည်။

“ပန်းလေး သူနဲ့ရှင်းနိုင်လား” ရှီမာယူယူ မေးလိုက်သည်။

“အဲလူကြီးက ဧကရာဇ်အဆင့်အလယ်အလတ်ပဲ တခြားသူတွေသာမရှိ ရင် ငါရနိုင်တယ်၊ ရှိတယ်ဆိုရင်တော့ နည်းနည်းခက်လိမ့်မယ်” ပန်းလေးသည် ပွင့်လင်းစွာ ပြောလေသည်။

သူမသည် ပန်းများကို အကြိမ်ပေါင်းများစွာ ခွဲဖြာနိုင်သော်လည်း သူမ၏ အားများသည် အကိုင်းတစ်ခုချင်းစီတွင် ပါဝင်ပြီးသားဖြစ်သည်။ သူမ အားအပြည့်ဖြင့် တိုက်ခိုက်ပါက သန်မာနိုင်မည်မဟုတ်ပေ။

“ဒါဆိုရင် မင်းအဲလူတွေကို ကိုင်တွယ်လိုက် အိပ်မက်လေး၊ ဒီလူကို မင်းကို အပ်လိုက်ပြီ” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်ပါပြီ ယူယူ” ပန်းလေးသည် ထိုအပေါင်းအဖော်များကို ကိုင်တွယ် ရန် အကိုင်းများဖြာထုတ်လိုက်သည်။

ဖန်းယန်သည် မိသားစုမျိုးနွယ်တွင် ရာထူးမြင့်သောကြောင့် ကျန်းရှု အသတ်ခံရသောအခါ သူပါ သတိကပ်ထားရတော့သည်။ သူခေါ်လာသောလူ များသည် ကျန်းရှုနှင့် မောင့်ထျန်းရှန့်တို့ထက်ပင် ပိုသန်မာသည်။ သူသည် ထို လူများကို သူ၏ လုံခြုံရေးကိုကာကွယ်ရန်အတွက် အသုံးပြုခြင်းဖြစ်သည်။ သို့သော် အခု ရှီမာယူယူတို့နှင့်တွေ့သောအခါ မလုံလောက်တော့ပေ။

ရှီမာယူယူ နောက်ထပ်နာမည်တစ်ခု ပြောလိုက်သည်ကို မူစစ်ကြားလိုက် သည်။ သူမတွင် ပိုအားကောင်းသော စာချုပ်ဝိညာဉ်သားရဲများရှိသည်ဟု သူ တွေးလိုက်မိသည်။ သူမက အားကောင်းလိုက်တာ။

ပန်းလေးတစ်ယောက်နဲ့တင် သူ့ကိုအံ့ဩစေနေပြီ။ နောက်တစ်ယောက် ရှိသေးတာလား။ သူမက ဘယ်လောက်တောင် သန်မာတာလဲ။

အိပ်မက်လေး ပေါ်လာသည်နှင့် သူမ ခန္ဓာကိုယ်မှ လေအေးများသည် မူစစ်အား ကျောချမ်းသွားစေသည်။

သူမသည် စကားမပြောဘဲ ဖန်းချီကို တိုက်ရိုက်တိုက်ခိုက်တော့သည်။

ရှီမာယူယူသည် တိုးညင်းစွာ သက်ပြင်းချမိသည်။ အိမ်မက်လေးကတော့ တကယ်ကို လွှမ်းမိုးနိုင်တာပဲ။

သူမသည် ချစ်စရာကောင်းပြီး တက်ကြွကာ ဖြူစင်သော မိန်းကလေးဖြစ် ခဲ့သည်။ သူမ၏ မှတ်ညာဉ်ပြန်ကောင်းလာပြီး ချိပ်ပြေသွားသည်နှင့် သူမ၏ ရောင်ဝါသည် အေးစက်သထက် အေးစက်လာခဲ့သည်။ သူမသာ အစကတည်း ကစာချုပ်မတည်ထောင်ခဲ့လျှင် သူမကိုပင် အောင်နိုင်သွားစေနိုင်သည်။ ထိုသည်မှာ ကြီးမားသော မေးခွန်းတစ်ခုပင်ဖြစ်လေသည်။

အထူးသဖြင့် သူမသည် အမှောင်ရောင်ဝါကို ပို၍ကြေညက်လာခဲ့သည်။ သူမ ပို၍ကြေညက်လေလေ အိပ်မက်လေး၏ အားမှာလည်းပိုတိုးလာကာ ရောင်ဝါမှာလည်း ပို၍အေးစက်လာခဲ့သည်။

မူစစ်သည် အိပ်မက်လေးအား ရှုံးနိမ့်နေသော ဖန်းချီအားကြည့်လိုက် သည်။ သူ သက်ပြင်းချလိုက်သည် “သန်မာလိုက်တာ”

မူစစ်သည် ဖန်းချီကိုသိပြီး သူ၏အားကိုပါ သိထားသည်။ ယခုအခါတွင် စွမ်းအားကို ပြသနေသော အိပ်မက်လေးကိုပင် မယှဉ်နိုင်တော့ပေ။

ဝိညာဉ်လောက နယ်ပယ်ချဲ့ထွက်လာသည်နှင့် အထဲတွင် ခြံဝန်းပါ,ပါလာ သည်။ သို့သော် တိုက်ခိုက်မှုမြေပြင်မှာ အမှန်တကယ်ပင် ကျယ်ဝန်းလေသည်။ မူစစ်သည် ထူးကဲသော ဝိညာဉ်စွမ်းအားများ ဖြတ်သွားသည်ကို ခံစားမိသည်။ သို့သော် အပြင်မှလူများသည် လုံးဝမခံစားရပေ။

မကြာမိတွင် ပန်းလေးနှင့် ဒိဝူတို့သည် ထိုလူများကို ရှင်းလင်းပြီးလေ သည်။ အိပ်မက်လေးသည် ဖန်းချီကို နောက်ဆုံးအချက်ကျွေးတော့မည်ကို ပန်းလေး မြင်သည်နှင့် အလျင်စလိုသွားလိုက်သည်။

“အိပ်မက်လေး ပြည့်ဝတဲ့အာဟာရအတွက် အဲလူတွေကို မသတ်နဲ့” ပန်းလေး အော်လိုက်သည်။

အိပ်မက်လေး၏ အဆုံးစွန်ဆုံး တိုက်ကွက်သည် ဘေးသို့ ကျဆင်းသွား လေသည်။ ဖန်းချီသည် ထိုအခိုက်တွင် သေခြင်းနှင့်လွတ်မြောက်သွားလေ သည်။ သို့သော် သူ စိတ်မအေးခင်မှာပင် မိုးပေါ်မှ ပန်းပွင့်ကြီးတစ်ပွင့်ကျလာ ကာ သူ့အား တိုက်ရိုက်ပင် ငုံလိုက်တော့လေသည်။

နောက်ဆုံးတွင် အကြောက်တတ်ဆုံး ဖန်းယန်နှင့် မောင့်ထျန်းရှန့်တို့သာ ကျန်ခဲ့လေသည်။

“မင်းငါ့ကိုမသတ်နိုင်ပါဘူး” ဖန်းယန်သည် ရှီမာယူယူ သူ့ကိုကြည့်သည် ကိုမြင်လိုက်ရသည်။ သူသည် ကြောက်ရွံ့နေချေပြီ။ သူ့လက်များသည် အားနည်းနေသည်ကို ခံစားရသည်။ မောင့်ထျန်းရှန့်သည် မြေပေါ်သို့ ပုံလျက်သားကျသွားလေသည်။

နောက်တစ်ခေါက် လာပြန်ပြီ။

“အိုး ငါကဘာလို့မင်းကိုသတ်လို့မရတာလဲ” ရှီမာယူယူသည် ဘာမှမဖြစ် သလိုပင် မေးလိုက်သည်။

***

All Chapters