ဆုံးရှုံးပြီးသား အခွင့်အရေးကပြန်မလာဘူး
Vol. 94 Ch. 1314
သူမသည် မိန်းမလှလေးဖြစ်သည်မှာ ထင်ရှားသည်။ သူမ မျက်နှာတွင် လည်း အပြုံးကိုအလှဆင်ထားသည်မှာ ရှင်းလင်းနေသည်။ သို့သော် စုန်းမအို ကြီးတစ်ယောက်ကို ကြည့်ရသကဲ့သို့ သူ့ နှလုံးသားသည် ကြောက်ရွံ့ထိတ်လန့် မိသည်။
သူ တံတွေးကိုမျိုချလိုက်ပြီး ကြောက်ရွံ့မနေရန် အစွမ်းကုန်ကြိုးစားပြီး ပြောလိုက်သည် “မျိုးနွယ်မှာ ငါ့ရာထူးက မြင့်တယ်၊ ပြီးတော့ ငါ့ဘိုးဘေးတွေ ဆီမှာ ဝိညာဉ်ပုံတူထားထားတယ်၊ မင်း ငါ့ကိုတိုက်ခိုက်ရင် ဝိညာဉ်ပုံတူကိုပါ တိုက်ခိုက်မိတဲ့အပြင် ငါ့မျိုးနွယ်ကလည်း ချက်ချင်းပဲ သတင်းရလိမ့်မယ်၊ အဲလို ဆိုရင် မင်းအန္တရာယ်များလိမ့်မယ်”
ရှီမာယူယူသည် ဝိညာဉ်တံဆိပ်ဆိုသည့် ပုံတူအကြောင်းကို သေချာသိ သည်။ သူမ အသိစိတ်တွင်လည်း အနည်းငယ်ကျန်နေသေးသည်။
သို့သော် သူမ မူစစ်ကိုကြည့်လိုက်သည်။ သူခေါင်းညိတ်ပြသည်ကို မြင် သည်နှင့် သူ့ကိုယုံလိုက်သည်။
“ဟုတ်ပြီ မင်း အမှန်ပြောတယ်လို့ပဲ ထားလိုက်ရအောင်” ရှီမာယူယူ ပခုံး တွန့်လိုက်သည်။ သူ့ကိုသတ်မည်လား လွှတ်ပေးမည်လားဆိုသည်ကိုတော့ သူမ ဘာမှမပြောပေ။
သို့သော် သူ့စိတ်ထဲမှ စိတ်အေးစွာ သက်ပြင်းချမိသည်။ သူမက သူ့ကိုယုံ မှတော့ ဘေးကင်းပြီလို့ ဆိုလိုတာပဲ။
“ငါ့ကို မင်းလွှတ်ပေးရင် ဒီအကြောင်းကို မစုစမ်းတော့ပါဘူး ငါ မင်းကို သေချာပေါက် ကျေးဇူးဆပ်ပါမယ်” သူသည် ရိုးသားသောအကြည့်ဖြစ်ရန် အတတ်နိုင်ဆုံးကြိုးစားလေသည် “အဲဒါတင်မဟုတ်ဘူး၊ မင်းကို ငါ့ အကြီးအကဲ အဖြစ်ခေါ်ပါမယ်၊ မင်း အရှေ့ကိုသွားစေချင်ရင် သေချာပေါက် အနောက်ကို မသွားပါဘူး၊ မင်းငါ့ကို နွားဖြစ်စေချင်ရင် မြင်းလိုမလုပ်ပါဘူး၊ မင်းငါ့ကို မယုံရင် ကျိန်နိုင်ပါတယ်၊ ငါကျိန်လိုက်တာနဲ့ မင်းကို ထိခိုက်အောင်မလုပ်ပါဘူး”
ရှီမာယူယူသည် စိတ်ရင်းအပြည့်ရှိနေသော ဖန်းယန်ကိုကြည့်လိုက် သည်။ ဘာမှမပြောရဘဲနှင့်ပင် ထိုလူသည် ကျန်းရှုနှင့် မောင့်ထျန်းရှန့်တို့ထက် ပင် ဖြတ်ထိုးဉာဏ်ကောင်းနေသည်။ ထိုနှစ်ယောက်သည် သက်ညှာပေးရန်ပင် မလုံလောက်သည့်ကြားထဲကပင် သခင်လေး၊ သခင်မလေး ရာထူးအကြားတွင် သွားသွားလာလာလုပ်နေခဲ့ကြသည်။
သူတို့က တကယ်ကို တုံးအပြီး ရိုးရှင်းတာပဲ။
ဒီဖန်းယန်ကတော့ အတင်းကြီး မာန်မတက်ဘူးပဲ။
သူသည် သူ့လူများ အသတ်ခံလိုက်ရသည်ကိုမြင်သည်နှင့် ချက်ချင်းပင် သူ၏ မာန်မာနကိုလွှတ်ချပြီး တောင်းပန်ရမည်ကိုသိကာ ကျေးဇူးဆပ်မည်ကို ပင် ကမ်းလှမ်းနေသည်။
သို့သော် စိတ်ရင်းမှန်သည် မမှန်သည်ကိုတော့ သူတို့သေချာစွာ ဆုံးဖြတ် ရမည်။
“မင်းက ကျိန်ရဲတယ်ပြောမှတော့ ကျိန်လိုက်လေ” ရှီမာယူယူ ပြောလိုက် သည်။
ဖန်းယန်၏ မျက်လုံးများသည် ပျော်ရွှင်စွာအရောင်လက်လာပြီး ချက်ချင်း ပင် ကျိန်ဆိုလေသည် “ကျွန်တော် ဖန်းယန်က အမှောင်နတ်ကို တိုင်တည်ပါ တယ်၊ ဒီနေ့ ကျွန်တော့်ကိုလွှတ်ပေးတာနဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြဿနာမရှာ တော့ပါဘူး၊ ကျွန်တော်ပြန်သွားရင်လည်း လက်ဆောင်တွေအနဲ့အတူ ကျေးဇူး ဆပ်ဖို့ လူလွှတ်လိုက်ပါမယ်”
ဖန်းယန်သည် သူ၏ သစ္စာဆိုမှု စီးဆင်းသွားသည်ကို ခံစားမရသည်။ သူမ သူ့ကိုလွှတ်လိုက်သည်နှင့် သူပြန်သွားနိုင်တော့သည်။
သူပြန်သွားနိုင်ရင် အဲနောက်ကို ဘာပဲဖြစ်ဖြစ်…
သို့သော် သူ၏စကားများကို ကြားပြီးနောက် ရှီမာယူယူ၏ မျက်နှာမှာ အေးစက်သွားလိမ့်မည်ဟု သူ ထင်မထားပေ။ သူမသည် ဖြည်းညင်းစွာ ပြော လိုက်သည် “မင်းက ပါးနပ်တဲ့လူလို့ငါထင်နေတာ”
ဖန်းယန်သည် သူမ ထိုသို့ပြောလိုက်သည်ကို ကြားသည်နှင့် လန့်ဖျပ် သွားလေသည်။ သူသည် သူ၏ သစ္စာဆိုမှုကို အမြန်ပြန်တွေးတောလိုက်သည်။ ထိုစကားများတွင် သူမ ဒေါသဖြစ်စေမည့် အရာပါသွားလိမ့်မည်ဟု သူ မထင် ပေ။
သူ တိတ်တိတ်လေးတွေးနေတာကို သူမ ခန့်မှန်းမိလို့များလား။
ရှီမာယူယူသည် သူ့ကိုကြည့်ပြီး ပြောလိုက်သည် “မင်းရဲ့ သစ္စာတိုင်တည် မှုက ဘာပြဿနာမှမရှိဘူး စိတ်ရင်းနဲ့ပုံလည်းပေါက်တယ်၊ ဒါပေမဲ့ မင်းနောက် လိုက်နေတဲ့ မိန်းကလေးတွေလောက် ငါ့ကို မှတ်ဉာဏ်နိမ့်တယ်လို့ မင်း မထင် သင့်ဘူး”
“မထင်ပါဘူး” ဖန်းယန်သည် ဝန်ခံရန်ငြင်းဆန်လေသည်။
“မင်းပြောလိုက်တာက မင်းပြန်သွားရင် ငါတို့ကို ဘာပြဿနာမှမရှာဘူး ပေါ့၊ ဒါပေမဲ့ မင်းတကယ်စဉ်းစားနေတာက မင်းအတွက်မင်းပဲ၊ အချိန်ရောက် လာရင် မင်းဒီအကြောင်းကို တခြားသူကိုပြောလိုက်ရင် မင်းမျိုးနွယ်ဝင်တွေက မင်းအတွက် လက်စားချေပေးမှာပဲ၊ မင်း ပေါ်မလာဘဲ ဒီအကြောင်းကို မသိချင် ယောင်ဆောင်လိုက်တာနဲ့ မင်းကတိပျက်တယ်လို့ တွေးလို့မရတော့ဘူးလေ ဟုတ်တယ်မလား”
“ငါ…” ဖန်းယန်သည် ထိုသို့မစဉ်းစားပါဘူး ပြောလိုသည်။ သို့သော် ရှီမာယူယူ၏ မျက်လုံးများသည် စူးရှကာ သူထိုသို့ပြောလိုက်လျှင်လည်း သူမ ယုံမည်မဟုတ်ကြောင်းကို သူ သိသည်။ “ငါ သတိမဲ့သွားတယ် ငါ သစ္စာအသစ် ဆိုပါမယ်”
သို့သော် ရှီမာယူယူသည် ခေါင်းရမ်းပြီး ပြောလိုက်သည် “တစ်ခါ ဆုံးရှုံး ပြီးတာနဲ့ ပြန်မရတော့မယ့် အခွင့်အရေးတွေရှိတယ်”
“မင်း ငါ့ကိုသတ်လို့မရဘူး ငါ့မှာ ဝိညာဉ်ပုံတူရှိတယ်၊ ငါ့ကိုသတ်လိုက်တာ က မင်းအတွက် မကောင်းဘူး၊ ငါ အခုပဲ သစ္စာအသစ်ဆိုလိုက်မယ်၊ ငါ့ မျိုးနွယ် ဝင်တွေ မင်းကိုပြဿနာလာမရှာပါဘူးလို့ ကျိန်ဆိုလိုက်မယ်၊ အဲလိုဆိုရင်ရော မင်းငါ့ကိုမသတ်ဘူးဆိုရင်လေ” ဖန်းယန် ပြောလိုက်သည်။
သူ၏ ခွဲခြမ်းစိတ်ဖြာမှုသည် မမှားပေ။ သူ့ကိုသတ်သည်ထက် လွှတ်လိုက် သည်က ပို၍အသုံးဝင်မည်။ သူမတွင် သူ့ကိုကိုင်တွယ်မည့် နည်းလမ်း မည်မျှများသည်ကို သူမသိသည်မှာတော့ နှမြောဖွယ်ကောင်းလေသည်။
သူမသည် ထိုလူကို မဆိုးလှဟုတွေးလိုက်သဖြင့် သူ့ကို မသတ်ခြင်းဖြစ် သည်။ သူသာ ပါးနပ်ပါက သူ့ကိုလွှတ်ကောင်းလွှတ်ပေးမည်။ ထိုအခွင့်အရေး ကို သူကိုယ်တိုင်ပင် စွန့်ပစ်သည်မှာ နှမြောဖွယ် ကောင်းလေသည်။
“စိတ်အေးအေးထားပါ ငါ မင်းကိုမသတ်ပါဘူး” ရှီမာယူယူ ပြောလိုက် သည် “မင်းကို လွှတ်မပေးရုံတင်ပါပဲ”
သူမ သူ့ကိုမသတ်ဟုကြားသည်နှင့် ဖန်းယန်သည် သက်ပြင်းချမိသည်။ သူသည် လမ်းဖောက်ရန် ဆက်ကြိုးစားလေသည် “ငါ့ကို ဖမ်းထားရင်လည်း မင်းအတွက် မကောင်းနိုင်ဘူး၊ ငါပြန်မလာဘူးဆိုတာ ငါ့မျိုးနွယ်ဝင်တွေမြင် တာနဲ့ သေချာပေါက် လူလွှတ်ပြီးစုံစမ်းကြမှာပဲ၊ ငါ့အနံ့နောက်ကိုလိုက်ပြီး ရှာ လိမ့်မယ်၊ အဲအချိန်ကျရင် မင်းအတွက် နိမိတ်မကောင်းဘူး”
“မင်းကိုဖမ်းချင်ရင် မင်းကိုရှာမရအောင်လုပ်မယ့် နည်းတွေငါ့မှာ အများ ကြီးရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဖန်းမျိုးနွယ်မှာ လျှို့ဝှက်နည်းရှိတယ်၊ သူတို့က အသက်ကျောက်စိမ်းကို သုံးပြီး တည်နေရာကို ခြေရာခံနိုင်တယ်” မူစစ်ပြောလိုက်သည် “သူတို့သာ ငါ တို့ကိုလိုက်မှီမယ်ဆိုရင် မင်းတို့ပြဿနာတက်မှာပဲ”
“စိတ်ချပါ ငါ့မှာ ကိုယ်ပိုင် အစီအစဉ်ရှိပြီးသားပါ” ရှီမာယူယူ ပြောလိုက် သည် “ပန်းလေး မင်းပန်းတွေက လူတစ်ယောက်ရဲ့ အသက်ကိုမယူဘဲ ဖမ်းထားလို့ရတယ်မလား”
“ရတယ်” ပန်းလေးပြောလေသည်။
“ဒါဆိုလည်း သူ့ကိုဖမ်းလိုက်တော့၊ ငါလုပ်စရာရှိတာတွေ လုပ်ပြီးတာနဲ့ သူ့ကို သတ်မလား မသတ်ဘူးလားကိုဆုံးဖြတ်မယ်” ရှီမာယူယူ ပြောလိုက် သည်။
“ငါ အဲမိန်းမကို မဖမ်းချင်ဘူး သေးစော်နံတယ်” ပန်းလေးသည် တောင်းဆိုချက်ထုတ်လေသည်။
“အင်း မဖမ်းချင်လည်းရတယ်လေ” ရှီမာယူယူသည် အတင်းအကြပ် မတိုက်တွန်းပေ “အဲမိန်းမက ငါ့ကိုရုပ်ပျက်အောင်လုပ်ပြီး သတ်ချင်နေတာ မလား၊ ဒီအတိုင်း သူမကိုသတ်လိုက်တော့ မူစစ်”
အစောပိုင်းက မူစစ်သည် မောင့်ထျန်းရှန့်ကို သတ်မည်အပြုတွင် ဖန်းချီ၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ အခု သူမသည် ထိုမိန်းကလေးကို သူ့လက်ထဲသို့ ထည့်လိုက်ပြန်ပြီ။
မူစစ်၏ ဓားသည် သူ့လက်ထဲတွင်ရှိနေသေးသည်။ သူ လျှောက်လာပြီး ကြောက်လန့်တကြားဖြစ်ကာ ထုံထိုင်းနေသော လူကိုမြင်သည်နှင့် ဓားမြောင် ကိုမြောက်ပြီး အားပြင်းပြင်းဖြင့် စိုက်ချလိုက်လေသည်။
“ရွှီး”
ဓားမြောင်တစ်ချောင်းလုံးသည် သူမ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားလေ သည်။ သူ ပြန်ထုတ်လိုက်ချိန်တွင်တော့ သွေးများသည် နေရာအနှံ့ပန်းထွက် ကာ သူ့မျက်နှာနှင့် ခန္ဓာကိုယ်ကိုပါ ပေကျံသွားလေသည်။
သူလှုပ်ရှားလိုက်ချိန်တွင် ဖန်းယန်၏ ပါးစပ်လှုပ်သွားလေသည်။ သူ တားရန်လုပ်လိုက်သော်လည်း လက်လျော့လိုက်ရသည်။
သူမ အနံ့ဆိုးဆိုးများထွက်နေသော်လည်း သူမကို မထင်မသေးပေ။ သူမ နှင့်ပတ်သတ်သည့် သူ၏ခံစားချက်များသည် အစစ်အမှန်ဖြစ်သည်မှာ ထင်ရှား သည်။ သေခြင်းတရားနှင့်ရင်ဆိုင်ရသည့်အချိန်တွင်တော့ ကုန်လွန်သွားသည် မှာတော့ နှမြောဖွယ်ကောင်းလေသည်။
ထိုအကြောင်းကြောင့် သူ သွေးအေးသည်ဟူ၍တော့ ရှီမာယူယူ မထင် ပေ။ ထိုသည်မှာ ပုံမှန်တုန့်ပြန်မှုသာဖြစ်သည်။ အတူတူသေရန် ဆန္ဒရှိသူမှာ နည်းပါးလှသည်။
“ပန်းလေး” သူမ ခေါ်လိုက်သည်။
ပန်းလေး၏ အင်္ကျီလက်ဖျားမှ နွယ်ပင်တစ်ခုဖြာထွက်လာပြီး နွယ်ပင်မှ အဖူးတစ်ခုသည် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ ထိုအဖူးသည် ဖန်းယန်၏ ဘေးသို့ရောက်သွားပြီး သူ့ကိုတစ်ကိုယ်လုံးမျိုချလိုက်လေသည်။
ဖန်းယန်သည် မခုခံပေ။ ခုခံမှုသည် အချည်းနှီးဖြစ်မည်ကို သူ သိသည်။ ပန်းလေးမှ အစောင့်များအားလုံးကို သတ်လိုက်သည်ကို သူ မြင်သည်။ ထို စွမ်းအားသည် သူ တွန်းလှန်နိုင်သည့်အရာမဟုတ်ပေ။ သူသာ မခုခံပါက အပြစ် တချို့မှ ကင်းလွတ်ခွင့်ကိုရနိုင်သည်။
ထိုကလေးသည် မဆိုးလှဟု ရှီမာယူယူခံစားမိသည်။ အမြော်အမြင်ရှိသူ သည် လက်ရှိအခြေအနေကို ကျိုးနွံနိုင်သည်။ သူသည် ဉာဏ်ကြီးရှင်ဖြစ်ရန် လက်တစ်ကမ်းအကွာတွင်ရောက်နေသည်။ သူသာ သူ့ကိုယ်သူ အထင်ကြီး လွန်းပြီး သူမနှင့် ညှိနှိုင်းသည့် အကြံကိုလက်လွှတ်ပြီး အခွင့်အရေးသာ မလွတ် သွားခဲ့လျှင်….
“ကောင်းပြီ သွားရအောင်” ရှီမာယူယူသည် သူမ နယ်ပယ်ကိုသိမ်းလိုက် ရာ ခြံဝန်းသည် ပြန်သေးသွားလေသည်။
ထိုလူများ မရှိတော့ပေ။ မောင့်ထျန်းရှန့်၏ အလောင်းသာ ထိုနေရာတွင် ကျန်ခဲ့လေသည်။ ပန်းလေးသည် သူမကို မစားသောကြောင့် ရှီမာယူယူသည် မီးတောက်ကိုသုံးပြီး ပြာဖြစ်အောင် ရှို့လိုက်ရလေတော့သည်။
***