ရတနာမြေပုံရဲ့ အမှန်တရား
Vol. 94 Ch. 1315
ရှီမာယူယူသည် ပန်းလေးနှင့် အိပ်မက်လေးတို့ကို သိမ်းလိုက်သည်။ သူတို့ စားလက်စများမှာ စားပွဲပေါ်တွင် ရှိနေသေးသည်။
“စားကောင်းနေတာကို သူတို့ကြောင့် အရသာပျက်သွားတယ်” ဒိဝူ ညည်းညူလေသည်။
“အဲလူတွေလာတော့ မင်း ဗိုက်ပြည့်နေပြီမဟုတ်ဘူးလား” ရှီမာယူယူ ပြောလိုက်သည်။
သူသည် သူမပြင်ဆင်ပေးထားသော ဟင်းများကို အကုန်စားပြီးလေပြီ။ သူ မစားရသေးသည်မှာ အသီးများသာဖြစ်သည်။
“အဲဒါက လုံခြုံပါ့မလား” မူစစ် မေးလိုက်သည် “ဖန်းမျိုးနွယ်ရဲ့ လျှို့ဝှက် သိုင်းက အားကောင်းတယ်လို့ ကြားဖူးတယ်၊ အဲဒါကပြီးတော့ မိန်းကလေးရဲ့ စာချုပ်သားရဲ၊ သူတို့သာ မိန်းကလေးကိုရှာတွေ့ရင် ပြဿနာတက်လိမ့်မယ်”
“စိတ်ချပါ အဆင်ပြေသွားလိမ့်မယ်” ရှီမာယူယူသည် ယုံကြည်ချက်ရှိရှိ ဖြင့် ပြောလေသည်။
သူမသည် စာချုပ်နေရာမှာသာရှိလျှင် သဲလွန်စများသည် သူမဆီသို့ ဦးတည်လာလိမ့်မည်။ သို့သော် ပန်းလေးသည် ဝိညာဉ်စေတီအတွင်းတွင်ရှိ သည်။ လုံးဝမတူသော နေရာတွင်ဖြစ်သည်။ လျှို့ဝှက်နည်းသာ သူတို့ကို ဦးဆောင်နိုင်ခဲ့လျှင်တောင် သူမကို ရှာတွေ့နိုင်မည်မဟုတ်ပေ။
သူမ ယုံကြည်ချက်ရှိနေသည်ကို မြင်သောအခါ ဒိဝူနှင့် မူစစ်တို့ စိတ်အေး သွားလေသည်။
ထို့နောက်တွင် သူတို့သည် သူတို့ရောင်ဝါ၏ အကြွင်းအကျန်များကို ရှင်းလင်းရန် ဝိညာဉ်အရည်အချင်းကိုသုံးလိုက်ကြသည်။
“နောက်ဆုံးတော့ ဖြေရှင်းပြီးသွားပြီ” သူမသည် လက်ခါရင်း ပြုံးပြီးပြော လေသည်။
မူစစ်သည် သူမကိုကြည့်ပြီး ရုတ်တရက် သူမရှေ့သို့လာပြီး ချက်ချင်း ဒူးထောက်လေသည်။ ထိုအပြုအမူသည် သူမနှင့်ဒိဝူကို ထိတ်လန့်သွားစေ သည်။
“မူစစ် ဘာလုပ်တာလဲ”
မူစစ်သည် သူမကို နှစ်ကြိမ်မျှ အရိုအသေပေးပြီး ပြောလိုက်သည် “ကျေးဇူးပြုပြီး ကျွန်တော့်အဖေကိုကယ်ပေးပါ၊ မိန်းကလေးသာရှိရင် သေချာ ပေါက် သူ့ကိုရှာတွေ့မှာပါ”
ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည်။ သူသည် ထိုတောင်းဆိုချက်ကို ပြောလာမည်ဟု သူမ ထင်မထားပေ။ သူမသည် သူ့ကိုလျစ်လျူမရှုဘဲ ခုံတစ်ခုံ ထုတ်ကာ ထိုင်ရင်းနှင့် ပြောလိုက်သည် “ငါ့မှာ လုပ်ဖို့လိုတာတွေ အများကြီးပဲ မင်းသိပါတယ်”
“ကျွန်တော် သိပါတယ် အဲဒါကြောင့်ပဲ ချက်ချင်းကြီးကူညီပေးဖို့မလိုပါဘူး မိန်းကလေးအလုပ်တွေပြီးတာနဲ့ ကျွန်တော့်အဖေကို ရှာဖို့ကူညီပေးနိုင်မလား” မူစစ် မေးလေသည်။
“မင်းအဖေပျောက်နေတာ နှစ်တွေအများကြီးကြာနေပြီ၊ သဲလွန်စလည်း မရှိဘူး၊ လူတစ်ယောက်ကိုရှာတာ အဲလောက်လွယ်မလား” ရှီမာယူယူ ပြော လိုက်သည် “ပြီးတော့ ငါတို့က တွေ့ရုံပဲရှိတာလေ၊ ဘာလို့ မင်းကိုကူညီရမှာလဲ၊ တည့်တိုးပဲပြောမယ် မင်းကိုကူညီရင် ငါ ဘာအကျိုးအမြတ်ရမျာလဲ”
“မိန်းကလေးသာ ကူညီဖို့ဆန္ဒရှိရင် ခိုင်းတာ ဘာမဆိုလုပ်ပါမယ်” မူစစ် ပြောလိုက်သည်။
“ငါခိုင်းတာဘာမဆိုလား” ရှီမာယူယူ ပြောလိုက်သည် “ငါ့အဖေကို ကယ်ပြီးတာနဲ့ ငါ ဒီနေရာကနေ ထွက်သွားမှာပဲ၊ ဒီကိုဘယ်တော့မှ ပြန်မလာ တော့ဘူး၊ ဘာလို့ မင်းကို ငါက ခိုင်းရမှာလဲ”
မူစစ်၏ မျက်နှာမှာ နီရဲသွားသည်။ သူမ ပြောသည်မှာ မှန်သည်။ သူသည် သူမအတွက် လုံးဝအသုံးမဝင်ပေ။ ယခုနေရာသည် လက်တွေ့ကမ္ဘာပင်ဖြစ် သည်။ အကျိုးအမြတ်မရှိဘဲ ဘယ်သူက သူ့ကိုကူညီမှာလဲ။ ယန်းဇီတောင်မှ သူ့ ရဲ့ကိုယ်ပိုင်ပန်းတိုင်ကြောင့် သူ့ကိုကောင်းကောင်းဆက်ဆံပေးတာပဲ။ သူမသိ တဲ့လူတစ်ယောက်ဆိုရင်တော့ မပြောပါနဲ့တော့လေ။
သို့သော် သူသာ ထိုအခွင့်အရေးကို လက်လွတ်လိုက်ရပါက သူ့ဖခင်ကို မည်သည့်အချိန်မှ ရှာနိုင်တော့မည်ကို မသိနိုင်ဟု သူ့အသိစိတ်မှ ပြောနေသည်။
“ကျွန်တော့်အဖေကို ရှာနိုင်မယ်ဆိုရင် မိန်းကလေးနောက်ကိုလိုက်ပါမယ် ကျွန်တော်ကအဲလောက် အားမကောင်းပေမဲ့ ငယ်သေးတယ်လေ၊ ကျွန်တော် က မိန်းကလေးအတွက် အသုံးဝင်မယ့်သူဖြစ်လာမယ့်နေ့ရောက်လာမှာပါ”
ရှီမာယူယူသည် သဘောတူသင့်မတူသင့်ကို စဉ်းစားရင်း သူ့ကိုကြည့် လိုက်သည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်သိသည်မှာ မကြာသေး သော်လည်း သူ့ကို သဘောကျပြီး သနားမိသည်။ သူတို့နှစ်ယောက်လုံးသည် အထီးကျန်သောသူများဖြစ်ကြကာ သူမသည် ခရီးစဉ်ရှည်ကြီးလျှောက်လာပြီး ဖြစ်ကာ သူငယ်ချင်းများ၊ ဆရာများနှင့် သူမကို လေးစားသည့်သူများစွာရှိခဲ့ သည်။ သို့သော် သူ့တွင် မည်သူမှမရှိပေ။
အခုပြောမှပင် သူသည် ပို၍သနားဖွယ်ကောင်းသည်မှာ ပိုရှင်းလင်းနေ သည်။
သို့သော် သူမ သဘောတူလိုက်ပါက မည်မျှအထိ တွယ်ငြိသွားမလဲဆို သည်ကို သူမ မသိပေ။
သူမ တွေဝေနေသေးသည်ကို မူစစ်မြင်သောအခါ တိကျသော ဆုံးဖြတ် ချက်ကိုချလိုက်သည်။ သူသည် အမည်းရောင်ကျောက်စိမ်းစာတစ်ခုကိုထုတ်ပြီး ပြောလိုက်သည် “အဖေက ရတနာရှာဖို့ ထွက်သွားခဲ့တာ၊ သူ့ကိုသာရှာတွေ့ရင် မိန်းကလေးလည်း ရတနာရှာတွေ့မှာပဲ ပြီးတာနဲ့ ရတနာက မိန်းကလေးအပိုင် ဖြစ်လာမှာ”
ရှီမာယူယူသည် ကျောက်စိမ်းစာကို မြင်လိုက်သည့်အချိန်တွင် အနည်းငယ် မှင်တက်သွားလေသည်။ သူသည် ထိုပစ္စည်းကို ရှာတွေ့သည်မှာ ကြာပြီဖြစ်သော်လည်း မည်သူ့ကိုမှ မပြောခဲ့ပေ။
ဒီကောင်လေးက ခုနက တကယ်ပဲ သရုပ်ဆောင်ကောင်းတာပဲ။
“ဒါကိုထုတ်လိုက်တော့ ငါက မင်းဆီကလုလိုက်မှာကို မကြောက်ဘူးလား”
“မိန်းကလေးက လုပ်မှာမဟုတ်ပါဘူး” မူစစ်သည် ယုံကြည်ချက်အပြည့် ဖြင့် ပြောလေသည် “ကျွန်တော် မိန်းကလေးကိုယုံတယ်”
ရှီမာယူယူသည် သူ့ကိုကြည့်ပြီး သူ့လက်ထဲမှ ကျောက်စိမ်းစာကိုယူပြီး ပြောလိုက်သည် “မင်း သူများကို မျက်စိမှိတ်ပြီးမယုံသင့်တဲ့အချိန်တွေရှိတယ် ဆိုတာကို မသိဘူးလား၊ ပြီးတော့ ငါတို့သိတာက တစ်ရက်တောင်မပြည့်သေး ဘူး”
မူစစ် စကားမပြောပေ။ သူမကို အပြည့်အဝယုံကြည်သည်ဟု ပြောရမည် မှာ မဖြစ်နိုင်ပေ။ သို့သော် သူ အလောင်းအစားထပ်ထားသည်။ သူသာ နိုင်ပါက သူ့ဖခင်ကို ရှာနိုင်မည်ဖြစ်သည်။
ထို့အပြင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် သိသည်မှာ မကြာသေးသော်လည်း သူမသည် သူ့ကိုကူညီနိုင်မည်ဟု သူ၏ အလိုလိုသိစိတ် မှ ပြောနေသည်။
သူ ထို့သို့ပြောင်းသွားသည်ကို ကြည့်ပြီး ရှီမာယူယူ သက်ပြင်းချလိုက် သည် “ငါစဉ်းစားကြည့်လိုက်မယ်၊ မင်းအရင်ထလိုက်ပါ”
မူစစ်သည် ခေတ္တမျှစဉ်းစားပြီးနောက် နောက်ဆုံးတွင် ထလိုက်သည်။
“အထဲက ပစ္စည်းကိုမြင်ပြီးပြီလား” သူမသည် ကျောက်စိမ်းစာနှင့် ကစား နေလိုက်သည်။ ဒီအထဲမှာ တကယ်ပဲ ရတနာမြေပုံရှိတာလား။
သူမသည် သံသယဝင်တုန်းင်။
မူစစ်သည် ခေါင်းရမ်းပြီး ပြောလေသည် “အပေါ်မှာ ချိပ်ရှိတယ် ကျွန်တော် မဖွင့်နိုင်သေးဘူး”
“အိုး…” သူမသည် အတွင်းပိုင်းကို စူးစမ်းရအတွက် အသိစိတ်ကို အနည်း ငယ်သုံးလိုက်ရာ အမှန်တကယ်ပင် ခုခံမှုအနည်းငယ်နှင့်ကြုံရလေသည်။
ထိုချိပ်သည် မူစစ်အတွက် ခက်ခဲသော်လည်း သူမအတွက်တော့ ရိုးရှင်း သည်။
သူမသည် အားထည့်လိုက်ရာ သူမ၏ အသိစိတ်သည် တင်းကြပ်ထားမှုကို ကျော်နိုင်သွားလေသည်။
ကျောက်စိမ်းစာအတွင်းတွင် မူစစ်ပြောသကဲ့သို့ ရတနာမြေပုံရှိမနေပေ။ အရိပ်တစ်ခုသာ ချန်ထားခဲ့လေသည်။ ထိုသည်မှာ ဖခင်ဖြစ်သူမှ ချန်ထားခဲ့ သော စိတ်ဖြစ်နိုင်သည်။
လူတစ်ယောက်ဝင်လာသည်ကို အာရုံခံမိပြီး ထိုစိတ်အာရုံသည် မျက်လုံး ပွင့်လာသည်။ ဝင်လာသူမှာ သူ၏သားမဟုတ်ဘဲ လူစိမ်းမိန်းကလေးဖြစ်နေ သည်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် အမူအရာပြောင်းသွားကာ မေးလေ သည် “ငါ့ကလေးရော”
“စိတ်ချပါ မူစစ် အဆင်ပြေပါတယ်” ရှီမာယူယူ ပြောလိုက်သည် “သူက ကျွန်မကိုဝင်ခိုင်းလိုက်တာပါ၊ သူက အခုအပြင်မှာ ရှင်အာရုံခံနိုင်ပါတယ်”
မူစစ်၏ ဖခင်လျန်ကျယ်သည် ခေတ္တမျှအာရုံခံလိုက်ရာ သားဖြစ်သူ အဆင်ပြေသည်ကို အတည်ပြုနိုင်လိုက်သည်။ ထိုအခါမှပင် သူမဘက်သို့လှည့် ပြီးမေးလေသည် “ဒါကို မူစစ်က ဘာလို့မင်းလက်ထဲထည့်ပေးလိုက်တာလဲ”
“ဒါကို ရတနာမြေပုံလို့ သူထင်နေတာ၊ ရှင့်ကိုရှာပေးဖို့အတွက် သူ ကျွန်မ လက်ထဲကိုဒါအပ်လိုက်တာပဲ၊ ဒါပေမဲ့ အခုမြင်လိုက်ရတော့ ဒါက ရတနာမြေပုံ မဟုတ်ဘူးပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ရတနာရှိတယ်၊ ဘယ်ရတနာမြေပုံကိုမှ ချန်မထားခဲ့တာပဲရှိတာ” မူလျန်ကျယ် ပြောလေသည် “မင်း ငါ့ကိုရှာနိုင်ရင် ရတနာကိုလည်း ရှာနိုင်မှာပဲ”
“ရှင်က ရတနာရှာဖို့သွားတာမဟုတ်ဘူးပဲ” ရှီမာယူယူသည် ယုံကြည် ချက် အပြည့်ဖြင့် ပြောလေသည် “ရှင် ကျွန်မကို အမှန်မပြောဘူးဆိုရင် သူ့ကို ဘာကတိမှမပြောနိုင်ဘူး”
“ငါ သွားတဲ့နေရာက ရတနာရှိတယ်၊ ငါ မရှာတာပဲရှိတာ အဲဒီကိုသွားတာ က လူတစ်ယောက်ကိုကယ်ဖို့ပဲ”
“လူတစ်ယောက်ကို ကယ်ဖို့ဟုတ်လား”
“ဟုတ်တယ် ငါ သူငယ်ချင်းတစ်ယောက်ကို သိကျွမ်းခဲ့တယ်၊ ငါတို့ တစ် ယောက်နဲ့တစ်ယောက် သိတာမကြာသေးပေမဲ့ တစ်ခုခုဖြစ်လာခဲ့ရင် သူ့ကို ကယ်ဖို့လာမယ်လို့ ကျိန်ဆိုခဲ့တယ်”
“အဲဒါ ဘယ်သူလဲ”
“သူက ဘယ်သူလဲဆိုတာတော့ ငါ မပြောနိုင်ဘူး၊ ဒါပေမဲ့ မင်း ခန့်မှန်းနိုင် မယ်လို့ငါထင်တာပဲ ဘာလို့လဲဆိုတော့ မင်းရောင်ဝါက သူနဲ့ ခပ်ဆင်ဆင်ပဲ”
ရှီမာယူယူသည် မှင်တက်သွားကာ ပြောလိုက်သည် “ရှင်က ကျွန်မ အဖေ ကို ကယ်ဖို့သွားတာလား”
“အဲတော့ ရှီမာလျူရွှမ်က မင်းအဖေလား” လူလျန်ကျယ်သည် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“ဟုတ်တယ် သူအခုဘယ်မှာလဲ”
“သူဘယ်မှာလဲဆိုတာ ငါလည်းမသိဘူး၊ သူက နေဝင်တဲ့တောင်တွေမှာ ပျောက်သွားတယ်ဆိုတာပဲ ငါ သိတယ်၊ ငါ သူ့ကိုရှာဖို့ အဲဒီကိုသွားရမယ်ဆိုတာ ပဲသိတယ်” မူလျန်ကျယ် ပြောလိုက်သည် “ကလေး ငါ မင်းကို အပ်ချင်တာရှိ တယ်”
“ဘာလဲ”
“တကယ်လို့ မင်းငါ့ကိုရှာတွေ့တဲ့အချိန် ငါသေသွားရင် မူစစ်ကိုခေါ်ပြီး ဒီနေရာကနေ ထွက်သွားပေးပါ”
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “ကောင်းပါပြီ”
မူလျန်ကျယ်သည် သူမ ကတိရပြီးနောက်တွင် ပြန်ပြီးအိပ်မောကျသွား လေသည်။ ထိုသည်မှာ သူမကို ပြောရန်အတွက် သူ အားလုံးကိုစီစဉ်ပြီးသည့်ပုံ ပင်။ သူသည် သူ့ကလေးဝင်လာချိန်တွင် ညွှန်ကြားချက်ပေးနိုင်ရန် စွမ်းအားကို ချန်ထားရဦးမည်။
***