တကယ်တော့ သွေးမစပ်ပါဘူး
Vol. 94 Ch. 1316
ရှီမာယူယူသည် ရင်ထဲတွင် ခံစားသွားရကာ ထိုအသိစိတ်သို့ပြောလိုက် သည် “တကယ်လို့ မထင်မှတ်ထားတာတွေ တွေ့ပြီးသွားတယ်ဆိုရင် ကျွန်မ မူစစ်ကို ဂရုစိုက်လိုက်ပါ့မယ်”
မူလျန်ကျယ်၏ နှုတ်ခမ်းသည် ခပ်ဖျော့ဖျော့ အပြုံးအဖြစ် ကွေးတက်သွား လေသည်။ သူမ ပြောလိုက်သည့် စကားကိုကြားသွားသကဲ့သို့ပင်။
မူစစ်သည် ရှီမာယူယူအား စောင့်ကြည့်နေသည်။ သူမ၏ မျက်နှာ အမူအရာ ပြောင်းသွားသည်ကို မြင်သောအခါ မည်သည့်ပြဿနာမှမရှိသည်ကို သူ သိလိုက်သည်။
ခဏကြာပြီးသွားသောအခါ ရှီမာယူယူသည် သတိပြန်ဝင်လာကာ သူ့ကို ကျောက်စိမ်းစာကို ပြန်ပေးလိုက်သည် “ဒီထဲမှာ ဘာရတနာမြေပုံမှမရှိဘူး”
“မရှိဘူးလား” မူစစ်သည် ကျယ်လောင်စွာ အော်လိုက်သည် “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါက အရေးကြီးတယ်လို့ ကျွန်တော့်အဖေ သေချာ ပေါက်ပြောခဲ့တာ၊ သူပျောက်သွားရင်တောင် သူ့ကို ဒါနဲ့ရှာနိုင်မယ်လေ”
“အဲဒီမှာ မင်းအဖေထားခဲ့တဲ့ အသိစိတ်နည်းနည်းရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “သူက အဲဒါကိုချိပ်ပိတ်ဖို့ အတားအဆီးတစ်ခုသုံးခဲ့တယ်၊ မင်း ဝင်နိုင်လောက်အောင် အားကောင်းတဲ့အထိ မင်းကိုစောင့်နေတာ”
မူစစ်သည် အနည်းငယ် စိတ်ပျက်သွားလေသည်။ ထိုအရာသာ ရတနာ မြေပုံမဟုတ်ပါက သူမနှင့်ညှိနှိုင်းနိုင်မည့်အရာ သူ့တွင်မကျန်တော့ပေ။
“ဘာမှ စိတ်ပျက်သွားစရာမရှိဘူး၊ ငါ မင်းအဖေကိုရှာဖို့ မင်းကိုခေါ်သွားဖို့ ကတိပေးတယ်၊ ဒါပေမဲ့ သူ့ကိုရှာနိုင်ပါ့မလားဆိုတာတော့ ငါ အာမ,မခံနိုင်ဘူး၊ ဘာလို့လဲဆိုတော့ သူ အဲနေရာကိုရောက်တဲ့အချိန်ကို ဘာတွေတွေ့ကြုံမလဲ ဆိုတာ သူကိုယ်တိုင်တောင် မသိဘူး” ရှီမာယူယူ ပြောလိုက်သည်။
မူစစ်သည် သူမ စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကို သဘောပေါက် လိုက်သည်။ သူ၏ အနာဂတ်မှာ မသေမချာဖြစ်ကာ သူ့ဖခင် မရှိတော့သည်မှာ လည်းဖြစ်နိုင်ချေရှိသည်ဟု ပြောနေခြင်းဖြစ်သည်။
“ရတနာမရှိမှတော့ အဖေက ရတနာသွားရှာမယ်ဆိုပြီး ဘာလို့သူများတွေ ကို ပြောတာလဲ” မူစစ် နားမလည်နိုင်ပေ။
“ငါမှန်းတာတော့ နံပါတ်တစ် သူက တခြားသူတွေကို အရူးလုပ်ချင်တာပဲ နံပါတ်နှစ် သူက မင်းကိုကာကွယ်ပေးချင်လို့ပဲ” ရှီမာယူယူ ပြောလိုက်သည်။
ထိုနေရာတွင် သူမဖခင်သည် တားမြစ်ချက်ဖြစ်နေသောကြောင့် မူလျန်ကျယ်သည် သူ့ကိုသွားကယ်မည်ဟု ပွင့်ပွင့်လင်းလင်းပြောရန်မဖြစ်နိုင် ပေ။ သို့သော် သူ ထွက်သွားရမည်။ ထို့ကြောင့် သင့်တော်သည့် ဆင်ခြေတစ်ခု ကို ရှာရန်လိုသည်။
ထို့အပြင် သူ တစ်ခုခုဖြစ်ခဲ့ပါက ရတနာပေါ်မလာသရွေ့ မူစစ် အဆင်ပြေ လိမ့်မည်။ အနည်းဆုံးတော့ ယန်းဇီနှင့် တခြားသူငယ်ချင်းများကဲ့သို့လူများ သည် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များနှင့် သူ့ကို ကာကွယ်ပြီး မွေးမြူထား နိုင်သည်။
သို့သော် သူမသည် ထိုအရာများကို မူစစ်ကိုမပြောပြပေ။ သူတို့ မူလျန်ကျယ်ကို ခြေရာခံနိုင်လျှင် အကောင်းဆုံးဖြစ်မည်။ သူ့ကိုမရှာနိုင်ပါက သူမသည် သူ့ကို အမှန်တရားကိုပြောပြရမည်။
ထိုသို့နှောင့်ယှက်ခံရပြီးနောက်တွင် သူတို့သည် စားသောက်ချင်စိတ်မရှိ တော့ပေ။ ရှီမာယူယူသည် ပစ္စည်းများကို သိမ်းပြီးနောက် စားပွဲများ၊ ထိုင်ခုံများ ကိုထုတ်လိုက်သည်။ ပစ္စည်းများနေရာချပြီးသောအခါ ထိုနေရာသည် လူနေ သည့်နေရာနှင့်တူသွားလေသည်။
အားလုံးပေါင်း အိပ်ခန်းနှစ်ခန်းရှိသည်။ ရှီမာယူယူသည် ဒိဝူကို မူစစ်၏ အခန်းထဲသို့ထည့်ပြီးနောက်တွင် တံခါးပိတ်ကာ လူလျန်ကျယ်နှင့် သူမ ဖခင်၏ အခြေအနေကို ပြန်စဉ်းစားနေလိုက်သည်။ သို့သော် သူမတွင် မည်သည့် သတင်းအချက်အလက်မှမရှိသဖြင့် ဘာမှစဉ်းစားမရသောကြောင့် သက်ပြင်းချ လိုက်သည်။ ထိုညကို ကျင့်ကြံမည်ဟုသာ ဆုံးဖြတ်လိုက်သည်။
သူမ၏ လုံခြုံရေးသေချာရန်အတွက် ခြံဝန်းပတ်ပတ်လည်တွင် အတား အဆီးချထားလိုက်သည်။ ထို့နောက်တွင် သူတို့သုံးယောက်ထဲတွင် အိပ်နေသူ မှာအိပ်နေပြီး ကျင့်ကြံသူမှာ ကျင့်ကြံကြသည်။ နောက်ဆုံးတွင် ခြံဝန်းမှ ဆူညံ သံသည် နေ့လယ်ရောက်သောအခါ တိတ်ဆိတ်သွားလေသည်။
တစ္ဆေမြို့အပြင်ဘက်တွင် လုံးဝကို ရှုပ်ယှက်ခတ်နေသည်။ ကျန်းမျိုးနွယ် မှ သခင်လေးသည် မနက်ပိုင်းတွင် အသတ်ခံလိုက်ရပြီး မောင့်ထျန်းရှန့်၏ နာမည်ကျောက်ပြားသည် နေ့လယ်တွင် ကွဲသွားခဲ့သည်။ ဖန်းမျိုးနွယ်မှ သခင်၇ မှာသေသွားပြီး ဖန်းမျိုးနွယ်မှ သခင်လေးသည် ပျောက်နေသည်။ သူတို့သည် လျှို့ဝှက်ဆန်းကြယ်သော နည်းကိုအသုံးပြုသော်လည်း သူ၏ တည်နေရာကို ရှာမတွေ့ပေ။
ထိုဇာတ်လမ်းအတွဲလိုက်သည် မျိုးနွယ်တချို့အတွင်း ပျံ့နှံ့သွားသည်။ ကျန်းရှုသည် ထိုလူပေလူတေလေးနောက်လိုက်သွားသည်ကို အစပိုင်းက သံသယဝင်ခဲ့သော်လည်း နောက်တွင် မည်သည့်ထင်မြင်ချက်မှမရှိတော့ပေ။
အစောင့်အကြပ်များစွာရှိသောကြောင့် ရိုးရှင်းစွာ ဆန့်ကျင်နိုင်သည့်အရာ တော့မဟုတ်ပေ။ အထူးသဖြင့် ဖန်းချီ ဖြစ်သည်။ သူသည် စံတင်အဆင့်သို့ ခြေ တစ်လှမ်းဝင်နေသော လူသာဖြစ်သည်။ အတိအကျဆိုရသော် သူသည် အလွန် အားကောင်းသဖြင့် သူ၏ သခင်လေးကို ကာကွယ်ရန် စေလွန်ခြင်းခံရသည်။ အခု သူသေဆုံးပြီး သခင်လေးမှာပျောက်ဆုံးနေရာ စံတင်အဆင့်နှင့် အထက်ရှိ သောသူများကို သံသယလှည့်သွားလေသည်။
သို့သော် တစ္ဆေမြို့တော်တွင် ထိုသို့လူမှာ များပြားသည်။ မည်သူမည်ဝါ ဖြစ်သည်ကို ရှာဖွေရန်မလွယ်ကူပေ။
သို့သော် မည်မျှပင် ခက်ခဲစေကာမူ သူတို့ စစ်ဆေးရဦးမည်။ ထိုလူသည် သူတို့၏ သခင်မလေး၊ သခင်လေးနှင့် အစောင့်များအားလုံးကို သတ်ရဲသည်။ အဲလိုလူကိုဘယ်လိုလုပ် အလွယ်တကူလွှတ်ပေးရမှာလဲ။ အထူးသဖြင့် ပြဿနာအမျိုးမျိုးဖြစ်နေတာလေ။ မစစ်ဆေးနိုင်စရာ အကြောင်းမရှိဘူး။
အရေးအကြီးဆုံးမှာ ဖန်းသခင်လေးမှာ ခြေရာလက်ရာမရှိပျောက်နေ သဖြင့် ဖန်းမျိုးနွယ်သည် စစ်ဆေးရမည်။
သူ၏ အသက်ကျောက်စိမ်း အဆင်ပြေနေသေးသောကြောင့်သာမဟုတ် လျှင် သူသည်လည်း ကျန်းမျိုးနွယ်မှ တစ်ယောက်ကဲ့သို့ သေသွားပြီဟု ထင် လိုက်ရတော့မည်။
ကျန်းမျိုးနွယ် စံအိမ်တော် ပင်မခန်းမ..
ကျန်းအကြီးအကဲအောက်တွင် ကျန်းချီသည် ယနေ့စုံစမ်းခဲ့သော တခြား သူများနှင့်အတူ ဒူးထောက်နေလေသည်။
ကျန်းရှု၏ ရာထူးသည် မျိုးနွယ်အတွင်းတွင် မြင့်လှသည်တော့မဟုတ် ပေ။ သူသည် စုံစမ်းရန်လူလွှတ်ထားသော်လည်း အကြီးအကဲအားလုံးနှင့် မျိုးနွယ်ခေါင်းဆောင်များ၏ အာရုံကိုဖမ်းစားနိုင်ရန် မလုံလောက်ပေ။ မျိုးနွယ် ခေါင်းဆောင်မှ ကျန်းချီကို တာဝန်ပေးစေလွှတ်ရသည်ကပင် ထိုအခြေအနေကို အလေးထားသည်ဟု ပြသနေသည်။ တခြားတစ်ယောက်သာဆိုလျှင် သူသည် စီမံသူတစ်ယောက်ကိုသာ ရှင်းခိုင်းလိုက်မည်ဖြစ်သည်။
“ဘာတွေ့ခဲ့လဲ” ကျန်းချီ မေးလိုက်သည်။
“အကြီးအကဲကို ပြန်ဖြေပါတယ် သခင်လေးကျန်းရှုသွားတဲ့ လမ်းကြောင်း တစ်လျှောက် စစ်ကြည့်ပြီးပါပြီ၊ ပြီးတော့ သူက မူစစ်နောက်ကိုလိုက်သွားပြီး အဲကလေးက တားမြစ်ဧရိယာကိုဝင်သွားတယ်လို့ အကုန်လုံးက ပြောပါတယ်” အစောင့်ခေါင်းဆောင် ပြောလေသည်။
“ဒါဆိုရင် မူစစ်ကိုဘာလို့မဖမ်းရမှာလဲ” ကျန်းချီ မေးလိုက်သည်။
“ကျွန်တော်တို့ သံသယဝင်တာလည်း မူစစ်ကိုပဲ၊ ပြီးတော့ သူ့ဇစ်မြစ်က ထူးခြားတယ်၊ သူ့ကိုဖမ်းဖို့တော့ ခက်လိမ့်မယ်” အစောင့်ပြန်ဖြေလေသည်။
“ဘာလို့ အဲလိုပြောရတာလဲ”
“သူ့အဖေနာမည်က မူလျန်ကျယ်ပါ”
မူလျန်ကျယ်၏ နာမည်ကို ကြားသည်နှင့် ကျန်းချီ၏ မျက်လုံးမှာ ကျဉ်းမြောင်းသွားပြီး ပြောလေသည် “အဲတော့ သူလား”
“ဟုတ်ပါတယ် မြို့ဝန်ရဲ့အမိန့်အရ မူစစ်ကိုသွားပြီး အလွယ်တကူဖမ်းလို့ ရပါတယ်” အစောင့်ပြန်ဖြေလေသည် “ဒါပေမဲ့ မူစစ်က သခင်လေးကျန်းရှုကို သတ်ဖို့က မဖြစ်နိုင်ဘူး”
“မူလျန်ကျယ်ရဲ့သားက အားကောင်းရမှာမဟုတ်ဘူးလား” ကျန်းချီ မေး လိုက်သည်။
“အကြီးအကဲကို ပြန်ဖြေပါတယ်၊ ဒီမူစစ်က မူလျန်ကျယ်ရဲ့ သားအရင်း မဖြစ်နိုင်ဘူး၊ သူက လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အပြင်ကနေခေါ်လာတဲ့သူပါ” အစောင့်က ပြန်ဖြေလေသည် “အဲဒါကြောင့် သူက ၁၅ အရွယ်ကလေးပဲရှိပါ သေးတယ်၊ သူက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပဲ စပြီးကျင့်ကြံခဲ့တာပါ၊ အစောင့် တွေအများကြီးနဲ့ သခင်လေးကျန်းရှုကို သတ်ဖို့စွမ်းအား သူ့မှာဘယ်လိုလုပ်ရှိ မှာလဲ၊ သူ့ကို မသေမရှင်ဖြစ်အောင် ရိုက်ဖို့က သခင်လေးနဲ့ သခင်မလေးတို့ အတွက် ကလေးကစားစရာလိုပဲ”
ကျန်းချီ စဉ်းစားကြည့်ပြီး မူစစ်ကို စာရင်းထဲမှထုတ်လိုက်သည်။ သူသည် အရည်အချင်းနိမ့်ပါးသူဖြစ်သဖြင့် သူ့အကြောင်းကို များများစားစားစဉ်းစားရန် မလိုတော့ပေ။
“အဲလူတွေ မြင်လိုက်ပုံအရဆို ကျန်းရှုက မူစစ်နောက်ကိုလိုက်နေတာ၊ မူစစ်က တစ်ခုခုကိုသိထားမှာပဲ၊ သူ့ကိုရှာပြီး မေးကြည့်တာပေါ့ သူ့မှာ ဘာ သဲလွန်စရှိမလဲလို့” ကျန်းချီ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ အကြီးအကဲ”
နောက်တစ်နေ့တွင် ရှီမာယူယူသည် အတားအဆီးမှလာသော အသံများ ကြောင့်နိုးလာသည်။ သူမ နိုးလာသည်နှင့် မူစစ်သည် အပြင်သို့လျှောက်သွား လေပြီ။ သူမ အတားအဆီးသည် အပြင်မှလာသောလူများကို တားဆီးရန်ဖြစ် သည်။ သို့သော် အထဲမှလူအပြင်ထွက်သည်ကို မတားနိုင်ပေ။
မူစစ်သည် အခန်းသို့ပြန်ဝင်ချိန်တွင် ပိတ်ဆို့ခြင်းရှိလိမ့်မည်ဟု ထင်မထား ပေ။ သူသည် ခေါင်းကိုအုပ်ပြီး အရှေ့သို့ဆက်လျှောက်လိုက်သည်။ သူ ခြံဝန်းသို့ ဆက်လျှောက်သွားသည်ကို ခံစားရသော်လည်း အပြင်တွင်သာ ပိတ်မိနေသည် ကိုတွေ့ရလေသည်။ သူသည် နောက်တစ်ခေါက်ပြန်ဝင်ရန်ကြိုးစားလေသည်။ သို့သော် စွမ်းတံတိုင်းတစ်ခုကြောင့် လဲကျသွားလေသည်။
သူသည် လှိုင်းဂယက်ထချိန်တွင် ခြံဝန်းထဲကို ဝင်မရသည့်အကြောင်းကို တွေးနေတုန်းမှာပင် ရှီမာယူယူ၏ အသံထွက်လာသည်။
“ဝင်လာခဲ့ပါ”
မူစစ်သည် တွားသွားပြီး သူ့အင်္ကျီမှ ဖုန်များကို ခါချလိုက်သည်။ သူသည် ဖြည်းညင်းစွာ ဝင်ရန်ကြိုးစားလိုက်သည်နှင့် သူ့ကိုတားထားသည့်အရာမရှိ တော့သည်ကို သိလိုက်ရသည်။
“ဘယ်တွေသွားနေတာလဲ” ရှီမာယူယူသည် တံခါးဖွင့်ပြီး မေးလိုက်သည်။
“အပြင်ကကိစ္စတွေ ဘယ်လိုနေလဲလိုတာ သိချင်လို့ လမ်းလျှောက်သွား လိုက်တာ” မူစစ် ပြောလိုက်သည် “ခုနက ဘာကြီးလဲ”
“အတားအဆီးလေ မင်းမသိဘူးလား”
မူစစ်သည် ခေါင်းရမ်းပြီး ပြောလေသည် “ကျွန်တော့်အဖေက အဲဒါကို နည်းနည်းတော့သင်ပေးဖူးတယ် ကျွန်တော် ကျင့်ကြံနိုင်တာနဲ့ သူက ပျောက်သွားတာပဲ”
ရှီမာယူယူသည် သူ့အကြည့်ထဲမှ သိချင်စိတ်ကိုမြင်သောအခါ အလိုလို မေးမိသွားလေသည် “မင်းသင်ချင်လား”
***