စိတ်ထဲမှနောင်တရခြင်း
Vol. 95 Ch. 1317
မူစစ်၏ မျက်လုံးများ ရဲရဲတောက်လာသည်။
“သင်လို့ရလား”
“ဒီအတားအဆီးက အဲလောက်မခက်ဘူး၊ ဒါပေမဲ့ လွယ်လည်းမလွယ်ဘူး နောက်ကိုအခွင့်အရေးရှိမယ်ဆိုရင် ငါ မင်းကိုသင်ပေးနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “မင်းအဖေလည်း သိမယ်လို့ထင်တာပဲ၊ ငါတို့သူ့ကိုရှာတွေ့ရင် သူလည်း မင်းကိုသင်ပေးနိုင်မှာပဲ”
လက်ရှိတွင် ရှီမာယူယူသင်ပေးချိန်မရှိသည်ကို မူစစ်သိသည်။ နောင် တစ်ချိန် သူမတွင်အချိန်ရှိပါက သူလည်း လိုက်ပြီးသင်ယူမည်။
“မင်းအပြင်သွားတော့ အခြေအနေဘယ်လိုလဲ၊ ငါတို့မြို့ကနေထွက်သွား လို့ရလား” ရှီမာယူယူ မေးလိုက်သည်။
“မရဘူး” မူစစ် ပြောလိုက်သည် “တားမြစ်ဧရိယာမှာ ကိစ္စတစ်ခုဖြစ်နေ ပြီး နေရာတစ်ခုလုံးကို ချိပ်ပိတ်လိုက်ပြီလို့ ကြားတယ်၊ လူသားရော တစ္ဆေရော မြို့ထဲကနေ ဘယ်သူမှထွက်ခွင့်မရှိဘူး၊ ပြီးတော့ ကျန်း၊ မောင့်နဲ့ ဖန်းမျိုးနွယ် တွေက နေရာတိုင်းမှာရှာနေကြတယ်၊ သူတို့နဲ့တွေ့တဲ့သူတိုင်းကို စစ်ဆေးမေး မြန်းနေတယ်၊ အဲဒါကြောင့် ဒီရက်ပိုင်းကို လမ်းမှာအသွားအလာနည်းနေတယ်”
“မင်းအပြင်သွားတော့ မင်းကိုမဖမ်းကြဘူးလား” ဒိဝူ မေးလိုက်သည်။
“သူတို့က ကျွန်တော့်ကို ဖမ်းမိပြီး ကြည့်သေးတယ်၊ ဒါပေမဲ့ ကျွန်တော်ဆို တာကို သူတို့သိတာနဲ့ လွှတ်ပေးလိုက်တာ” မူစစ် ပြောလိုက်သည်။
“မင်းက ငယ်ငယ်ကတည်းက အနိုင်ကျင့်ခံလာရတာလေ၊ အဲဒါကြောင့် ကျန်းရှုနဲ့တခြားသူတွေကို မင်းသတ်ရဲမယ်ဆိုတာကို သူတို့မယုံတာ သဘာဝကျ တယ်” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ သူတို့က စံတင်အဆင့်နဲ့အထက် လူတွေကို ပစ်မှတ်ထားနေကြတာ”
“စံတင်ဝိညာဉ်အဆင့်တစ်ဝက်ရောက်နေတဲ့သူကို သတ်ဖို့ဆိုရင် သူတို့ အမြင်အရတော့ စံတင်အဆင့်တစ်ဝက်နဲ့အထက်မှပဲဖြစ်နိုင်မယ်လို့ တွေးကြမှာ ပဲ” ရှီမာယူယူ ပြောလိုက်သည် “အဲဒါလည်းအဆင်ပြေတာပဲ ငါတို့ပြဿနာကို နည်းနည်းဖြေရှင်းပြီးသားဖြစ်တာပေါ့”
“သူတို့က ကျွန်တော်တို့ကိုရှာနေတုန်းလို့ ပြောချင်တာလား” ဒိဝူမေး လိုက်သည်။
“ကျန်းရှုက မူစစ်နောက်ကိုလိုက်ပြီးမှ အသတ်ခံရတာလေ” ရှီမာယူယူ ပြောလိုက်သည် “သူ သတ်ခဲ့သည် မသတ်ခဲ့သည်ဖြစ်စေ လူတွေက သူ့ကို မေးခွန်းထုတ်ကြမှာပဲ”
“အမှန်ပဲ” ဒိဝူ ခေါင်းညိတ်လေသည် “အဲလူတွေက ဒေါသကိုသူများ အပေါ်ပုံချဖို့ကြိုက်ကြတာ၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ အဖြေရှာမရရင် အားနည်း တဲ့သူတွေကို ရိုက်မှာပဲ”
“ဟုတ်ပြီ သူ့ကိုမခြောက်နဲ့တော့” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ မူစစ် အဲလူတွေ မင်းကိုလာရှာရင် ဘာပြောရမလဲဆိုတာ မင်းသိတယ်နော်”
“သူတို့က ကျွန်တော့်နောက်လိုက်လို့ လမ်းကြားလေးထဲကိုရောက်သွား တယ်၊ ပြီးတာနဲ့ မိန်းကလေးတို့နဲ့တွေ့ပြီးတော့ ကျွန်တော့်ကိုကယ်ခဲ့တယ်၊ ကျွန်တော်တို့ ထွက်သွားတော့ သူက အကောင်းအတိုင်းရှိသေးတယ်လို့ သူတို့ ကို ပြောခဲ့တယ်” မူစစ် ပြောလိုက်သည်။
“ကောင်းပြီ”
မည်သို့ပင်ဖြစ်စေကာမူ နောက်ပိုင်းအဖြစ်အပျက်ကို မည်သူမှမမြင်ခဲ့ပေ။ အဲလူတားမြစ်ဧရိယာကိုသွားတာကို ဘာကြောင့်လဲဆိုတာ ဘယ်နယောက်သိ နိုင်မှာလဲ။
“ဒါပေမဲ့ သခင်မလေး၊ ကျွန်တော်တို့ အထောက်အထားတစ်ခုကို စဉ်းစား မှဖြစ်တော့မယ်၊ မဟုတ်ရင် ဒီမှာအဲလိုတင်းကြပ်နေရင် ဘယ်လိုထွက်တော့ မလဲ” ဒိဝူ ပြောလိုက်သည်။
“အဲလူတွေမေးရင် ငါတို့က မြို့မြောက်ပိုင်းက အိမ်တော်အသေးတစ်ခုက လို့ပြောလိုက်ရုံပြီး၊ ပြီးတော့ လမ်းလျှောက်ထွက်ရင်းနဲ့ မူစစ်အနိုင်ကျင့်ခံရတာ ကိုတွေ့လို့ ကူညီလိုက်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“အဲအတိုင်းပဲလား အဲလူတွေက ငတုံးတွေမဟုတ်ဘူးနော် ဘယ်လိုလုပ် ယုံမှာလဲ၊ သူတို့လူလွှတ်ပြီးစုံစမ်းခိုင်းတာနဲ့ ကျွန်တော်တို့တွေ သွားပြီပဲ” ဒိဝူ ပြောလိုက်သည်။
“သူတို့က လူသတ်သမားရှာနေရတာနဲ့တင် ရှုပ်နေပြီ ငါတို့နောက်ခံကို စစ်ဖို့ဘယ်လိုလုပ် အချိန်ရှိမှာလဲ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ တောင် နဲ့မြောက်ဘက်တွေက ဆီနဲ့ရေလိုပဲ၊ သူတို့ စစ်ချင်ရင်တောင် လွယ်မှာမဟုတ် ဘူး”
“ဘယ်လိုဖြစ်လို့လဲ”
“တစ်ခြားသူသာဆိုရင် နည်းနည်းချောမွေ့ဦးမယ်၊ ဒါပေမဲ့ ကျန်းမျိုးနွယ် ဆိုရင်တော့ သူတို့မြောက်ပိုင်းကိုဝင်တာနဲ့ ဆွဲပြီးအရိုက်ခံရမှာပဲ” ရှီမာယူယူ ပြုံးပြီးပြောလိုက်သည်။
“အမှန်ပဲ ကျန်းမျိုးနွယ်က တောင်ပိုင်းကကိစ္စတွေကို ကိုင်တွယ်နေတာ မလား၊ အဲဘက်ကလူတွေက သေချာပေါက် သူတို့ကို မျက်စိဒေါက်ထောက် ကြည့်နေဦးမှာပဲ၊ ဒါပေမဲ့ သခင်မလေး သူတို့အဲဒါကို ချောချောမွေ့မွေ့စုံစမ်းနိုင် ရင် ဘယ်လိုဖြစ်မှာလဲ” ဒိဝူ ပြောလိုက်သည်။
“ဒါဆိုရင် ငါတို့ကတော့ ကံမကောင်းတာပေါ့ အဲအချိန်ကျရင် အစီအစဉ် ထပ်ဆွဲရတော့မယ်” ရှီမာယူယူ ပြောလိုက်သည် “ကောင်းပြီ မနက်စာစားပြီးပြီ လား”
“နည်းနည်းပါ” မူစစ် ပြန်ဖြေလေသည်။
သူ မပြောခဲ့သည်မှာ မနေ့က သူမ ချက်ပြုတ်ပေးသည့် ဟင်းလျာများကို စားပြီးနောက်တွင် သူစားနေကျ မန်ထိုများမှာ အရသာမရှိတော့ပေ။ သူသည် ပုံမှန် သုံးလုံးစားနေကျဖြစ်သော်လည်း ယနေ့တွင်တော့ တစ်လုံးသာစားခဲ့ သည်။
“စားလို့မပြီးသေးဘူးမလား ငါ မင်းအတွက်ချက်ပေးမယ်” ရှီမာယူယူ သည် ပြောရင်းနှင့် ဟင်းချက်ကိရိယာများကို ထုတ်လေသည်။ သူမသည် ယာဂု တစ်လုံးချက်ကာ ပန်ကိတ်နှင့် အကြော်နှစ်ခွက်ချက်လိုက်သည်။
သူတို့ ယာဂုနှင့် ပန်ကိတ်များ မကြာခဏစားလေ့ရှိသော်လည်း သူမ ချက်ပေးသည်များမှာ အရသာအရှိဆုံးဖြစ်သည်။
ဒိဝူသည် မူစစ်နှင့်ရှိလျှင် အကျိုးအမြတ်ခံစားရသည်ဟု ထင်မိသည်။ အနည်းဆုံးတော့ သူသည် သခင်မလေးချက်သည့် ဟင်းလျာများကို စားရ သည်။ ထိုသည်မှာ သူ၏သခင်ပင် မလုပ်ပေးသည့် အရာပင်ဖြစ်သည်။
ဒါပေမဲ့ နေပါဦး သခင်မလေးက ဒီကောင်စုတ်လေးကို ဘာလို့အဲလောက် ကောင်းကောင်းဆက်ဆံပေးနေတာလဲ။ အထူးသဖြင့် ကျောက်စိမ်းစာမြင်ပြီး တဲ့နောက်ပဲ။ သူမ သူ့ကိုကြည့်တဲ့အကြည့်တွေ မတူတော့ဘူး။
ကျောက်စိမ်းစာထဲမှာ ဘာတွေရှိနေတာလဲ။ သူ သိချင်လာသည်။ သို့သော် သခင်မလေးမှ မည်သည့်စကားမှမပြောသဖြင့် မေးလျှင်လည်း အသုံး ဝင်မည်မဟုတ်ပေ။
ရှီမာယူယူသည် မူစစ်၏ ခေါင်းကိုကြည့်ပြီး ခေါင်းကိုက်ခြင်း၊ သနားခြင်းတို့နှင့်အတူ နောင်တရမိလေသည်။
သူ၏ ဖခင်သည် သူမ အဖေဖြစ်သူကိုကယ်ရန် သွားခြင်းမှ ပျောက်ဆုံး သွားခဲ့သည်ဟု သူမ ထင်မထားခဲ့ပေ။ မူလျန်ကျယ်သာ အသက်ရှင်လျက်ရှိပါက သူမသည် သူ့ဖခင်ကို ရှာရာတွင် အကူအညီပေးမည်။ သူသာ ဒီကမ္ဘာကြီးတွင် မရှိတော့ပါက သူအဆင်ပြေစေရန် သူမတစ်သက်လုံးကြိုးစားသွားရတော့မည်။
အထူးသဖြင့် သူသည် ကလေးဘဝကပင် ထိုအတွက်ကြောင့် တစ်ယောက်တည်းနေလာရပြီး ထိုနှစ်များတွင် အနိုင်ကျင့်ခံရသည့်ဘဝကို စဉ်းစားမိလျှင် သူ့အတွက် သေချာတစ်ခုခုလုပ်ပေးရမည်ဟု သူမ ခံစားရသည်။
မူစစ်သည် သူမ အကြည့်ကိုခံစားမိသည်။ သူ မော့ကြည့်ပြီး မေးလိုက် သည် “ဘာဖြစ်လို့လဲ”
“ဘာမှမဟုတ်ပါဘူး” ရှီမာယူယူ ပြုံးလိုက်သည် “ဘယ်လိုလဲ စားကောင်း လား”
“အင်း”
“မင်းက လူငယ်လေးပဲ အထူးသဖြင့် မင်းက ထွားတဲ့အရွယ်ပဲရှိသေးတယ် ခန္ဓာကိုယ်က အာဟာရရှိမှဖြစ်မှာ ထပ်စားလေ”
“အင်း”
“မူစစ်” ယန်းဇီသည် အပြင်မှဝင်လာသည်။ သူသည် စားပွဲပေါ်တွင် စားကောင်းသောက်ဖွယ်များနှင့် နွေးထွေးမှုရှိသော မြင်ကွင်းကိုမြင်လိုက်ရ သောအခါ စိတ်ထဲမှ အကျပ်အတည်းကို ခံစားရလေသည်။
“ဦးလေးယန်းဇီ လာပြီလား” မူစစ်သည် ပြုံးပြီး သူ့ကိုလက်ယမ်းပြပြီး ပြောလိုက်သည် “ရှီယူက ချက်ကျွေးတာလေ အရမ်းစားကောင်းတယ် မြည့်ကြည့်ဦးမလား”
ယန်းဇီသည် ဘေးမှ အိုးခွက်ပန်းကန်များကိုကြည့်လိုက်သည်။ ထိုပစ္စည်း များသည် ဝိညာဉ်ကိရိယာများဖြစ်သည်ကို တစ်ချက်တည်းကြည့်လိုက်သည် နှင့်သိလိုက်သည်။ ရှီမာယူယူနှင့်ပတ်သတ်ပြီး သတိမှာပိုရှိလာသည်။
“အနံ့က မွှေးလိုက်တာ၊ ဒါပေမဲ့ ငါက ဒါမျိုးတွေမစားတော့ဘူးလေ မင်းပဲ စားပါ”
သူပြောရင်းနှင့် လျှောက်သွားလိုက်ရာ ရှီမာယူယူ မူစစ်အတွက်ချက်ပေး သမျှသည် ဝိညာဉ်ပါဝင်ပစ္စည်းများဖြင့် ချက်ပြုတ်ပေးသည်ကို သိလိုက်ရသည်။ ထမင်းတစ်ပန်းကန်ကပင်လျှင် ဝိညာဉ်စွမ်းအင်ကိုခံစားရသည်။ သူသည် လွင့်ပျံလာသော ဝိညာဉ်စွမ်းအင်ထူထဲမှုကို ခံစားမိသည်။
ထိုပစ္စည်းများသည် သူအရင်ကပေးခဲ့သော် အဆင့်နိမ့်ကျောက်များထက် ပင် ပို၍အသုံးဝင်လေသည်။
“မင်းက ယူရှီလို့ခေါ်တာလား” ယန်းဇီသည် ရှီမာယူယူကို ကြည့်လိုက် သည်။
“အမှန်ပါပဲ” ရှီမာယူယူသည် တိုးညင်းစွာ ပြန်ဖြေလေသည်။
“ဦးလေးယန်းဇီ ဒီကိုဘာလာလုပ်တာလဲ၊ အပြင်မှာတစ်ခုခုများဖြစ်လို့ လား” မူစစ် မေးလိုက်သည်။
“အပြင်မှာ ဂယက်ထနေတယ်လို့ မင်းကိုပြောတယ်မလား” ယန်းဇီ ပြော လိုက်သည် “ကျန်း၊ မောင့်နဲ့ ဖန်းမျိုးနွယ်တွေက လူတွေကို ဖမ်းပြီး စစ်လားဆေးလားလုပ်နေတယ်၊ မင်းကဘယ်လိုဖြစ်ပြီး…”
သူ စကားမဆုံးလိုက်ပေ။ သို့သော် သူ၏ ဆိုလိုရင်းမှာ ဘာလို့ဒီလူတွေကို အိမ်မှာ နေခိုင်းနေသလဲဟူသည့် မေးခွန်းကိုမေးနေခြင်းဖြစ်သည်။
“ဦးလေးယန်းဇီ ယူယူက သံသယဝင်ရမယ့်သူမဟုတ်ပါဘူး သူတို့က မြို့ မြောက်ပိုင်းက ရှီမျိုးနွယ်ကပါ” ယန်းဇီ ပြောလိုက်သည် “သူတို့က မြို့တောင် ပိုင်းကို တစ်ခါမှမရောက်ဖူးလို့ လာလည်တာလို့ပြောတယ်၊ အခု ကိစ္စတွေက ရှုပ်ကုန်တော့ သူတို့မှာနေစရာရှာမရဘူးဖြစ်နေတယ်၊ သူတို့က မနေ့ကပဲ ကျွန်တော့်ကိုကယ်ခဲ့ပေးတယ်၊ သူတို့က ကျွန်တော့်ကိုအထင်မသေးခဲ့ဘူး သူတို့ကို ဘယ်လိုလုပ် ဒီလိုလွှတ်ရမှာလဲ”
“ဒါပေမဲ့ မြောက်ပိုင်းနဲ့တောင်ပိုင်းက ဘယ်တော့မှအဆင်ပြေခဲ့တာ မဟုတ်ဘူးလေ ကျန်းမျိုးနွယ်သာ ဒီအကြောင်းကိုသိသွားရင် သူတို့ဒုက္ခရောက် လိမ့်မယ်” ယန်းဇီ ပြောလိုက်သည် “အားယား ကြည့်ပါဦး ကျန်းမျိုးနွယ်ဝင်တွေ ရောက်လာပြီ”
အားလုံးခေါင်းမော့ပြီးကြည့်လိုက်ရာ အပြင်မှ လူတစ်စုဝင်လာသည်ကို မြင်လိုက်ရသည်။
***