သူမ တွေ့ကရာဖန်တီးလိုက်တဲ့ မျိုးနွယ်က တကယ်ရှိ နေတယ်
Vol. 95 Ch. 1318
ရှီမာယူယူသည် ထိုလူများကို ကြည့်လိုက်သည်။ သူတို့၏ အင်္ကျီများတွင် ကျန်းမျိုးနွယ် တံဆိပ်ကိုရိုက်နှိပ်ထားသောကြောင့် သူတို့သည် ကျန်းမျိုးနွယ်၏ အစောင့်များဖြစ်နိုင်သည်။
ယန်းဇီသည် ရှေ့တစ်လှမ်းတိုးပြီး အစောင့်များကို လက်သီးဆုပ်ဖြင့် နှုတ်ဆက်ကာ ပြုံးရင်းနှင့်ပြောလေသည် “အစောင့်ဖန့် ဒီနေ့ဒီလို နေရာအစုတ် ကလေးကို ဘယ်လိုဖြစ်လို့ရောက်လာတာလဲ”
“အာ… မင်းပဲကိုး ယန်းဇီ၊ မင်းကလည်း ဒီမှာဘာလုပ်နေတာလဲ” ကျန်းဖန့်သည် သခင်လေးကျန်းရှုကိုသတ်သည့် လူနှင့် ယန်းဇီပတ်သတ်မလား မပတ်သတ်မလားဟုသည့်အကြည့်နှင့် ယန်းဇီကိုအကဲခတ်နေလေသည်။
ကျန်းရှုသည် မူစစ်ကို အနိုင်ကျင့်ခဲ့သည်။ ထိုလူသည် မူစစ်နှင့် အမြဲတစေ ဆက်ဆံရေးကောင်းခဲ့သည်။ သူသည် မူစစ်ကို စောင့်ရှောက်ခဲ့သည်။ သခင်လေးကျန်းရှုကို သူ ကိုယ်တိုင် သတ်သည်မှာ မဖြစ်နိုင်တာတော့ မဟုတ် ပေ။
ယန်းဇီသည် သူ၏ မျက်နှာအမူအရာမှ မည်သည့်အရာကိုတွေးနေသည် ကို သိသဖြင့် အလျင်အမြန်ပင် ရှင်းပြလေသည် “အစောင့်ဖန့် ရမ်းမတွေးလိုက် ပါနဲ့ ငါ မင်းတို့သခင်လေးကို မသတ်ခဲ့ဘူး”
“တကယ်ပဲ မင်းမဟုတ်ဘူးလား” ကျန်းဖန့်သည် သူ့ကိုမယုံပေ။ သူ့ မျက်လုံးထဲတွင် လူတိုင်းသည် ပြစ်မှုကျူးလွန်သည့် သံသယရှိသူများဖြစ်ကြ သည်။
“တကယ်ပဲ ငါမဟုတ်ဘူး၊ ကိုယ့်ဘာသာ စစ်ကြည့်လိုက်ပါ သခင်လေး ကျန်းရှုသေတုန်းက ငါက ဆိုင်မှာအလုပ်တွေများနေခဲ့တာ” ယန်းဇီ ပြောလိုက် သည်။
“ဟင်း စစ်မှာပါ” ကျန်းဖန့်သည် အေးစက်စွာနှာမှုတ်လေသည် “တကယ် ပဲ မင်းမဟုတ်ဖို့ ငါလည်းမျှော်လင့်ပါတယ်၊ ငါတို့က ဆက်ဆံရေးကောင်းကြ တာပဲလေ၊ တကယ်ပဲ မင်းသာဆိုရင် အဲဒီဆက်ဆံရေးကောင်းတာလောက် လေးက အသုံးမဝင်ဘူး ငါ မင်းကိုသေချာပေါက် ဖမ်းရမှာပဲ”
“စိတ်အေးအေးထားပါ ငါမဟုတ်ပါဘူး ငါ့မှာ အလီဘိုင်တွေရှိပါတယ်” ယန်းဇီသည် ပြုံးပြီးပြောလေသည် “ဪ ဟုတ်သားပဲ အစောင့်ဖန့် ဒီကိုလာရ တဲ့အကြောင်းအရင်းများရှိမလား၊ သခင်လေးကျန်းရှုကိုသတ်တ မူစစ်လို့ သံသယဝင်နေတာလား”
“မူစစ်ရဲ့အားနဲ့ဆိုရင် သူက သူတို့ကိုသတ်နိုင်ပါ့မလား” ကျန်းဖန့် ပြော လိုက်သည် “ငါက အကြီးအကဲဖန်းချီရဲအမိန့်နဲ့ သူ့ကိုမေးစရာရှိလို့လာတာ”
“အကြီးအကဲချီက ဒီဟာကိုတာဝန်ယူထားတာလား” ယန်းဇီသည် မှင်တက်သွားပြီး နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။
“အဲလိုတော့မဟုတ်ဘူး အကြီးအကဲချီက အကြီးအကဲတွေအားလုံးထဲမှာ အတင်းကြပ်ဆုံးပဲ၊ ပြစ်မှုကျူးလွန်သူကတော့ သေချာပေါက် မလွတ်နိုင်ဘူး” ကျန်းဖန့် ပြောလိုက်သည် “တော်ပြီ ဘေးမှသွားရပ်လိုက်တော့ ငါ့အလုပ်ကို လာမနှောင့်ယှက်နဲ့တော့”
“ကောင်းပါပြီ ကောင်းပါပြီ” ယန်းဇီသည် ဘေးသို့နောက်ဆုတ်လိုက်ပြီး ကျန်းဖန့်အား လမ်းဖယ်ပေးလိုက်သည်။ သူ့အကြည့်များသည် မနက်စာစားနေ ကြသော သူတို့အပေါ်သို့ရောက်သွားလေသည်။
ရှီမာယူယူနှင့် ဒိဝူတို့၏ အသွင်အပြင်မှာ ပေါ်လွင်နေသည်ကို သူ မြင်လိုက်ရသည်။ သူတို့က သေချာပေါက် ဒီနေရာကမဟုတ်ဘူးပဲ။
သူသည် ဒိဝူရှေ့သို့လာပြီး မေးလေသည် “မင်းက ဘယ်သူလဲ”
“ဒီသခင်ကြီးက…” ဒိဝူသည် မောက်မာသောပုံစံဖမ်းတော့မည် အလုပ် တွင် ရှီမာယူယူ၏ အကြည့်ကြောင့် ပြန်ထိန်းချုပ်လိုက်ရသည် “အဟွတ် အဟွတ် ကျွန်တော်က ဒိဝူပါ၊ ကျွန်တော်က မျိုးနွယ်က သခင်မလေးနဲ့ ခရီးသွား ဖော်ပါ”
ကျန်းဖန့်သည် ရှီမာယူယူအားကြည့်ပြီး ပြောလိုက်သည် “သခင်မလေး ဟုတ်လား၊ ဘယ်မျိုးနွယ်က သခင်မလေးလဲ၊ ဘာလို့ စိမ်းတဲ့ပုံပေါက်နေတာလဲ”
ရှီမာယူယူသည် တူအားနေရာတွင်ချပြီး ပြုံးလိုက်သည် “ကျွန်မက မြောက်ပိုင်းမြို့ ရှီမျိုးနွယ်က ရှီယူပါ”
“မြောက်ပိုင်းမြို့က ဟုတ်လား” ကျန်းဖန့် မျက်မှောင်ကြုတ်လိုက်သည်။ သူ သည် မြောက်ပိုင်းမြို့မှ လူအနည်းငယ်ကိုသာ တွေ့ဖူးသည်။ သို့သော် ရှီမျိုးနွယ်ဆို သည်ကို တစ်ခါကြားဖူးသည်။ သူတို့သည် မြောက်ပိုင်းမြို့တွင် အတော်အသင့် ကြီးသော မျိုးနွယ်ဖြစ်ပုံရသည်။ သူတို့သည် ထိုနေရာရှိ အုပ်ချုပ်သူနှင့် ဆက်ဆံ ရေး မကောင်းသည့်ပုံတော့မဟုတ်ပေ။
သူမသာ ရှီမျိုးနွယ်ကဆိုပါက သူ ပို၍ဂရုစိုက်ရမည်။
“ဟုတ်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “အစောင့်ဖန့် မယုံရင် အခုပဲ လူလွှတ်ပြီးစစ်ကြည့်လို့ရပါတယ်၊ ရှီမျိုးနွယ်အဖြစ် ဟန်ဆောင်ရဲတဲ့သူမရှိဘူး လို့တော့ထင်ပါတယ်”
ကျန်းဖန့်သည် သူမ ပြောစကားကိုကြားပြီးနောက်တွင် သူမ၏ ဇစ်မြစ်ကို ယုံကြည်မှုသည် အဆပေါင်းများစွာ တိုးလာလေသည်။ အမှန်တကယ်ပင် ရှီ မျိုးနွယ်အဖြစ် ဟန်ဆောင်ရဲသည့်သူမရှိနိုင်ကာ ထိုစကားများကို ဟန်ဆောင် ပြောရဲသည့်သူမှာ ပိုနည်းနိုင်သည်။
“မိန်းကလေးက သခင်မလေးရှီဆိုမှတော့ ဒီဘက်ကိုဘာလို့လာတာလဲ ဒီကလေး မူစစ်နဲ့ဘာလို့ရှိနေတာလဲ” ကျန်းဖန့် မေးလိုက်သည်။
ရှီမာယူယူသည် တအံ့တဩ မျက်တောင်ခတ်လိုက်သည်။ ထိုလူသည် သူမကို သံသယမဝင်ကာ သဘောထားမှာလည်း အနည်းငယ်ကောင်းလာ သည်။ မြောက်ပိုင်းမြို့မှာ တကယ်ပဲရှီမျိုးနွယ်ရှိနေတာလား။
ဘေးတွင်ရှိနေသော ယန်းဇီလည်း မှင်တက်သွားလေသည်။ မူစစ်သည် ရှီမျိုးနွယ်ကို မသိပေ။ သူ ထိုအရာကိုသိသည်။ အဲဒါကြောင့် သူမက ချက်ပြုတ် တာကိုတောင် ချဲ့ကားလွန်းတဲ့ပစ္စည်းတွေကိုသုံးတာကိုး။
ရှီမာယူယူသည် သူတို့၏ တုံ့ပြန်မှုကို ရိုးရိုးရှင်းရှင်းပင်ကြည့်လိုက်ရာ သူမ ခန့်မှန်းချက်မှန်နေပြီကို သိလိုက်ရသည်။ မြောက်ပိုင်းမြို့တွင် ရှီမျိုးနွယ်ရှိရုံတင် မကဘဲ ရှီမျိုးနွယ်သည် ရာထူးမြင့်သည့်အနေအထားတွင်ရှိသည့်ပုံပေါ်သည်။
“ကျွန်မ လမ်းထွက်လျှောက်ရုံပဲလေ” သူမ ပြုံးလိုက်သည် “မနေ့က ဒီနေရာကို လမ်းလျှောက်တော့ လူတစ်စုက မူစစ်ကိုအနိုင်ကျင့်နေတာကိုတွေ့ လိုက်တယ်၊ အဲဒါကြောင့် ကျွန်မတို့သွားပြီး သူ့ကိုကယ်လိုက်တယ်”
“မိန်းကလေးက ကျွန်တော်တို့ သခင်လေးကိုသတ်ခဲ့လား”
“မင်းတို့မျိုးနွယ်က သခင်လေးက ခေါင်းကြီးကြီး နားရွက်ကြီးကြီးနဲ့ အနီရင့်ရောင်ဝတ်စုံဝတ်ထားတဲ့ ဖက်တီးလား” ရှီမာယူယူ ပြောလိုက်သည်။
“သခင်လေးကျန်းရှုက ထွားတော့ထွားတယ်” ကျန်းဖန့် ပြောလိုက်သည် “အဲတော့ မိန်းကလေးက သခင်လေးကိုသတ်ခဲ့တယ်လို့ ပြောနေတာလား”
“မဟုတ်ဘူး မဟုတ်ဘူး၊ ကျွန်မ အဲဒီဖက်တီးကိုမသတ်ခဲ့ဘူး ပြောပြမယ် နော်၊ ကျွန်မက ဖက်တီးတွေကိုအမုန်းဆုံးပဲ၊ အဲဒီဖက်တီးကို ကျွန်မမြင်လိုက်ရ တုန်းက သူ့ကို ထိတောင်မထိချင်ဘူး၊ သတ်ဖို့မပြောနဲ့” ရှီမာယူယူ ပြောလိုက် သည် “ဒါပေမဲ့ ဒီကောင်လေးကိုကယ်ဖို့ အစောင့်နည်းနည်းကိုတော့ ကျွန်မ သတ်ခဲ့ပါတယ်”
“မိန်းကလေးက တကယ်ပဲ သခင်လေးကိုမသတ်ခဲ့ဘူးလား”
“မသတ်ခဲ့ဘူးလို့ပြောနေတယ်လေ ယုံလို့ရသလို မယုံလို့လည်းရတယ်” ရှီမာယူယူသည် မှုန်ကုပ်သွားပြီး ဒေါသထွက်သွားလေသည်။
“သခင်မလေးရှီ စိတ်မဆိုးပါနဲ့ ဒီအတိုင်းမေးနေကျအတိုင်း မေးခွန်းမေးရ တာပါ” ကျန်းဖန့် ပြောလေသည်။
“ဟင်း ဒါဆိုရင်ပြီးပြီလား၊ ပြီးရင်တော့ ထွက်သွားလိုက်ပါ၊ ဒီသခင်မလေး က ရှင့်ကိုကြည့်တာနဲ့တင် မျက်စိနာနေပြီ” ရှီမာယူယူ ဒေါသထွက်လာသည်။
သူမသည် အမှန်တကယ်ပင် မျိုးနွယ်ကြီးမှဖြစ်သည်။ ထိုသို့မာနာကြီးပြီး ညှိနှိုင်းမရသော အကျင့်သည် သူတို့သခင်မလေးများနှင့် အတူတူပင်ဖြစ်သည်။ သို့သော် သူတို့သည် အပြင်မှာတော့ ထိုသို့မပြုမူတတ်ပေ။ ထိုအကျင့်မှာ လွန် သည်ဟုထင်သည်။ အထူးသဖြင့် သူတစ်ပါး၏ ပိုင်နက်တွင်ဖြစ်သည်။
ကျန်းဖန့်သည် စိတ်ထဲမှဒေါသကိုဖိချုပ်ကာ ပြောလိုက်သည် “သခင် မလေးရှီ၊ မိန်းကလေးက ရှီမျိုးနွယ်ရဲ့ သခင်မလေးပဲ၊ ဒီနေရာစုတ်က မိန်းကလေးနဲ့ မလိုက်ဖက်ပါဘူး၊ ကျွန်တော်တို့ ကျန်းမျိုးနွယ်က တောင်ပိုင်းရဲ့ အုပ်ချုပ်သူတွေပဲ၊ မိန်းကလေး လာသင့်တယ် ကျွန်တော်တို့က ဧည့်ဝတ်ကျေ မှာပါ၊ ထွက်လာပြီးတော့ ဘာလို့ကျန်းမျိုးနွယ်မှာမနေရမှာလဲ”
“မနေဘူး” ရှီမာယူယူသည် သူ့ကို ချက်ချင်းငြင်းလိုက်သည် “ကျွန်မ ဒီမှာ အဆင်ပြေတယ် မသွားချင်ဘူး”
“သခင်မလေးရှီ ဒီအိမ်တွေက အိုဟောင်းနေပြီး ကျိုးပဲ့နေပါပြီ အကုန်လုံး က မိန်းကလေးနဲ့မလိုက်ဖက်ဘူး၊ ကျွန်တော်တို့နဲ့အတူ ကျန်းမျိုးနွယ်ကို ဘာလို့ မလိုက်ခဲ့မှာလဲ” ကျန်းဖန့် ပြောလိုက်သည်။
“ကျွန်မသဘောကျတဲ့သူရှိသရွေ့တော့ သက်တောင့်သက်သာ နေမှာပဲ၊ ကျွန်မက ဒီလိုနေရာမှာနေရာပျော်နေပြီ” ရှီမာယူယူ ပြောလိုက်သည် “ကျန်း မျိုးနွယ်က မိတ်ဆွေဖွဲ့လို့ကောင်းတဲ့သူတွေတော့မဟုတ်ဘူးလို့ ကျွန်မအဖေ ပြောဖူးတယ်၊ အဲဒီကိုသွားရင် အနိုင်ကျင့်ခံရမှာကိုကြောက်မိပါတယ်၊ အဲဒါ ကြောင့် ဒီနေရာက ပိုကောင်းနိုင်ပါတယ်”
“သခင်မလေးရှီ…”
“မင်းတို့ သခင်လေးကို ငါ သတ်လားမသတ်လားဆိုတာကို ကျန်းမျိုးနွယ် ကိုသွားပြီး စစ်ဆေးချင်သေးတာလား၊ မင်းကိုစိတ်အေးအောင်လုပ်ပေးမယ်” သူမ ပြောပြီးသည်နှင့် ရင်ဘတ်ပေါ်လက်တင်ကာ ပြောလိုက်သည် “ကျွန်မ အမှောင်နတ်ဘုရားတွေကို ကျိန်ဆိုပါတယ်၊ ကျွန်မနဲ့ ကျွန်မလူတွေက ကျန်းရှု ကိုမသတ်ခဲ့ပါဘူး၊ သူ့ကိုထိတောင်မထိခဲ့ပါဘူး ကျွန်မလိမ်တယ်ဆိုရင် ထာဝရ ငရဲမှာ နေရပါစေ”
ထို့နောက်တွင် အနက်ရောင်အလင်းတန်းသည် သူမ ရင်ဘတ်သို့ ပစ်ဝင် သွားလေသည်။ ခဏကြာပြီးနောက် သူမတွင် မည်သည့်ကိစ္စမှမရှိခဲ့သလိုပင်။
သခင်မလေးရှီသည် သူမကို နေထိုင်ရန် ဖိတ်ကြားခြင်းမဟုတ်သည်ကို သိထားပြီး သံသယရှင်းရန် ထိုကဲ့သို့နည်းလမ်းကို အသုံးပြုလိမ့်မည်ဟု ကျန်းဖန့် ထင်မထားပေ။
သူတို့အမြင်အရ သခင်မလေးရှီသည် အလည်ထွက်လာသဖြင့် ခရီးသွား ဖော် တစ်ယောက်အပြင် သေချာပေါက်ရှိရမည်။ သူမသည် သေချာပေါက် အနောက်မှကာကွယ်ပေးမည့် ကျွမ်းကျင်သူများ ပါလာရမည်။
သူမတွင် မည်သူမှမရှိပေ။ သို့သော် ထိုသည်မှာ သူမအစောင့်များမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ သူမကို ကာကွယ်ပေးနေသောလူကို မျှားခေါ်ရန် ကျန်း မျိုးနွယ်ကို လိုက်စေခြင်းဖြစ်သည်။ သို့သော် သူတို့သည် သူမကို မြင်သာအောင် ဖမ်း၍မရနိုင်ပေ။
သူမသည် အပြစ်မရှိကြောင်း သက်သေပြနိုင်မှတော့ သူတို့သည် သံသယ အားလုံးကို ဖယ်ရှားလိုက်ရတော့သည်။
“သခင်မလေးရှီ အထင်မှားနေပါပြီ ကျွန်တော်က အဲလိုရည်ရွယ်ချက်မရှိ ပါဘူး” ကျန်းဖန့် ပြောလိုက်သည်။
“ရည်ရွယ်ချက်ရှိတာ မရှိတာက အရေးမကြီးဘူး” ရှီမာယူယူ ပြောလိုက် သည် “ကျွန်မက ကျိန်ဆိုဖို့ကို စဉ်းစားနေတတ်တဲ့သူတွေနဲ့မဘူး၊ ကျွန်မရဲ့ အပြစ်ကင်းကြောင်းနဲ့ ပြဿနာတွေကြားကနေ ကယ်တင်မယ်ဆိုရင်တော့ ဝမ်းသာတာပေါ့၊ အဲနေ့က ကျွန်မမူစစ်ကိုကယ်ပြီး ထွက်လာခဲ့တယ်၊ မင်းတို့ရဲ့ သခင်လေးဘာဖြစ်ခဲ့လဲဆိုတာကို သူမသိဘူး၊ အဲတော့ သူ့ကိုဆက်မေးဖို့မလို တော့ဘူး ပြန်ပါတော့”
***