လိုတဲ့ဟာကိုလုပ်မယ်
Vol. 95 Ch. 1319
ကျန်းဖန်၏ မျက်နှာသည် တင်းခံနေရခြင်းကြောင့် နီရဲသွားလေသည်။ သူသည် ပေါက်ကွဲလိုက်ချင်သော်လည်း ရှီမာယူယူ၏ ဟိတ်ဟန်ကြီးပုံကို မြင် ပြီးနောက် အပြစ်ရှိသလိုခံစားရလေသည်။
ပြတ်သားသော စိတ်ရှိသူများသည် ခေါင်းငုံံ့မည်မဟုတ်ဆိုသည်ကို သူတို့ နားလည်ထားသည်။ သူမ မောက်မာပုံကိုကြည့်ပြီး သူမသည် သေချာပေါက် အားကိုးရှိသည့်ပုံပေါက်သည်။
“မူစစ်က ဒီမနက်ကိုထွက်သွားတယ်၊ ကျန်းမျိုးနွယ်က သခင်လေး အသတ်ခံရတယ်ဆိုတာတင်မကဘူး မောင့်မျိုးနွယ်က သခင်မလေးအသတ်ခံရ တာကိုလည်း ကြားလိုက်တယ်၊ ဪ ဟုတ်သားပဲ ဖန်းမျိုးနွယ်က စံတင် အဆင့်ရောက်တဲ့သူတွေလည်း အသတ်ခံရပြီး သူတို့သခင်လေးပျောက်နေတာ လည်းကြားတယ်၊ သူတို့ရဲ့ လျှို့ဝှက်နည်းတောင် ခြေရာခံလို့မရဘူးဆိုပဲ၊ မူစစ် က ကလေးပဲရှိသေးတာ… မင်းတို့က အနည်းဆုံး စံတင်အဆင့်ထက်မြင့်တဲ့ လူ ကိုရှာနေတာမလား” ရှီမာယူယူ ဆက်ပြောလေသည် “မူစစ်က အဲလိုပုံပေါက် လို့လား”
“သခင်မလေးရှီ စိတ်မဆိုးပါနဲ့ သခင်လေးကျန်းရှုကို နောက်ဆုံး တွေ့လိုက်တာက မူစစ်ဆိုတာကို အားလုံးတွေ့လိုက်လို့ ကျွန်တော်တို့က သံသယဝင်စရာတစ်ခုခုများရှိမလားလို့ လာကြည့်တာပါ” ကျန်းဖန့် ဆက်ပြော လေသည် “မိန်းကလေးက သူနဲ့ထွက်သွားပြီးနောက်ပိုင်းကို သိမယ်လို့လည်း ကျွန်တော် မထင်ပါဘူး၊ တခြားနေရာတွေကိုလည်း စုံစမ်းစရာလေးတွေရှိလို့ သွားလိုက်ပါဦးမယ်”
“ဒါဆိုလည်း လိုက်မပို့တော့ဘူးနော်” ရှီမာယူယူသည် ယဲ့ယဲ့ ပြောလိုက် သည်။
“သွားလိုက်ပါဦးမယ်”
ကျန်းဖန့် လက်ဝှေ့ယမ်းပြသည်နှင့် သူ၏ အပေါင်းအပါများအားလုံး နောက်ဆုတ်ကြလေသည်။ သူသည် ယန်းဇီကို ကြည့်တောင်မကြည့်ဘဲနှင့် ရှီမာယူယူကို လက်အုပ်ချီပြီးသည်နှင့် ထွက်သွားလေသည်။
“လာလေ ဆက်စားရအောင် အဲဒါတွေကြောင့် အစားအသောက်မပျက် စေနဲ့” ရှီမာယူယူသည် အသီးအရွက်တချို့ယူပြီး မူစစ်၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။
မူစစ်သည် ရှီမာယူယူအား ကြည့်ပြီး အစောပိုင်းက သူမ လွှမ်းမိုးနိုင်သည့် ဩဇာကို တွေးနေမိသည်။
သူတို့ တွေ့သည်မှာ နှစ်ရက်သာရှိသေးသော်လည်း သူမ၏ ပုံစံပေါင်းစုံကို သူ့ကိုပြသခဲ့သည်။ သူမ သူ့ကိုကယ်စဉ်က သူမသည် ကောက်ကျစ်သည်။ လူ သတ်သည့်အချိန်တွင် သူမသည် ရက်စက်ပြီးတည်ကြည်သော်လည်း သူ့အပေါ် တွင် ကြင်နာနွေးထွေးသည်နှင့် တစ်ပြိုင်နက် ကျန်းဖန့်ကိုတော့ လွှမ်းမိုးနိုင် သည်။
လူတစ်ယောက်က ဘာလို့အဲလို အမျိုးမျိုးဖြစ်နိုင်ရတာလဲ။
“အာ… အစောပိုင်းက ပြစ်မှားမိတာ တောင်းပန်ပါတယ်၊ မိန်းကလေးက သခင်မလေးရှီဆိုတာကို ကျုပ်မသိလိုက်ဘူး” ယန်းဇီ ပြောလိုက်သည်။
“တောင်းပန်တာကို မေ့ထားလိုက်ပါ၊ ဒါပေမဲ့ ကျွန်မက မြို့တောင်ပိုင်း ရောက်တုန်းကို မူစစ်အိမ်မှာနေဖို့တွေးထားတာ ပြဿနာတော့မဖြစ်ဘူးမလား” ရှီမာယူယူ ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး ဘာလို့ပြဿနာရှိရမှာလဲ” ယန်းဇီ ဆက်ပြောလေ သည် “ဒါက မူစစ်အိမ်ပဲ သူအဆင်ပြေတယ်ဆို ဘာပြဿနာမှမရှိပါဘူး”
“ကောင်းပါပြီ” ရှီမာယူယူသည် ပြုံးရင်းနှင့် သူ့ကိုကြည့်လိုက်သည် “မူစစ် က ငယ်ငယ်ကတည်းက ရှင့်စကားနားထောင်တယ်၊ ရှင် မငြင်းမှတော့ သူလည်း ဆန့်ကျင်မှာမဟုတ်ပါဘူး၊ မူစစ် မင်းရဲ့ဦးလေးယန်းဇီက ပြသနာမရှိ ဘူးလို့ပြောမှတော့ ငါ့ကိုအခုပေးနေပြီလား”
“ရှီယူ ဘာတွေစဉ်းစားနေတာလဲ ကျွန်တော်က ကြိုဆိုတာပေါ့” မူစစ် ပြောလိုက်သည်။
“ကောင်းတာပေါ့”
ရှီမာယူယူ ဘာကြောင့် မူစစ်ကို နွေးထွေးစွာပြုံးပြနေသည်ကို ယန်းဇီ မသိတော့ပေ။ သို့သော် သူ့ဆီသို့အရောက်တွင် ပြုံးနေသော်လည်း ထိုအပြုံး သည် အေးစက်သည်။
လျှို့ဝှက်ရတနာမြေပုံအကြောင်းကို သူမများသိသွားလို့လား။
“မူစစ် အခုမင်းကအဆင်ပြေတယ်လို့ပြောမှတော့ ဆိုင်မှာလည်း ငါလုပ် ပေးဖို့လိုတာတွေရှိတော့ သွားလိုက်ဦးမယ်”
“ဟုတ်ကဲ့ပါ ဦးလေးယန်းဇီ”
ယန်းဇီသည် သူတို့ကိုမကြည့်ရဲတော့ဘဲ လှည့်ထွက်သွားလေသည်။
မည်သူမှမရှိတော့သည့်နောက်တွင် ဒိဝူသည် အေးချမ်းစွာဖြင့် မေးခွန်း မေးတော့လေသည်။
“သခင်မလေး မြောက်ပိုင်းမြို့မှာ ရှီမျိုးနွယ်ရှိတာသိရဲ့သားနဲ့တောင် ဘာလို့ အဲလူကိုရှီယူလို့ ပြောလိုက်တာလဲ”
“မြောက်ပိုင်းမြို့မှာ ရှီမျိုးနွယ်ရှိတယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး” မူစစ် ပြောလိုက်သည်။
ရှီမာယူယူသည် ပခုံးတွန့်ပြီး ပြောလိုက်သည် “ငါလည်း အဲဒါမသိခဲ့ဘူး၊ ဒီအတိုင်း ကံကောင်းသွားတာဖြစ်မယ်”
“အဲလူတွေပုံစံကြည့်ရတာတော့ ရှီမျိုးနွယ်က မြောက်ပိုင်းမြို့မှာ မျိုးနွယ် ကြီး တစ်ခုပဲဖြစ်ရမယ်၊ သူတို့သာ သွားစုံစမ်းလိုက်ရင် ကျွန်တော်တို့တော့ ပေါ်သွားတော့မယ်” ဒိဝူ ပြောလိုက်သည်။
“အမှန်ပဲ” ရှီမာယူယူ ဆက်ပြောလိုက်သည် “အစတုန်းကတော့ မျိုးနွယ် သေးလေးတစ်ခုရဲ့ နာမည်ကိုတွေ့ကရာသုံးလိုက်တာပဲ၊ အဲဒါက သူတို့ စုံစမ်းဖို့ အချိန်ပိုလိုမယ်လေ၊ ကြည့်ရတာ ရှီမျိုးနွယ်က နာမည်ကြီးတဲ့ပုံပဲ၊ သူတို့ အဲဒီကို ဒီအတိုင်း သွားပြီးတေ့ စုံစမ်းလိုက်ရုံပဲ”
“သူတို့ မြောက်ပိုင်းမြို့ကိုသွားရင်တောင် ဘာမှမရှာတွေ့နိုင်ဘူးလို့ မပြောခဲ့ ဘူးလား” မူစစ်သည် ငယ်သေးသဖြင့် များများစားစားမတွေးနိုင်ပေ။
“ကျန်းမျိုးနွယ်သာ မြောက်ပိုင်းမြို့ကိုလူလွှတ်ပြီး စုံစမ်းခိုင်းမယ်ဆိုရင် ပစ်မှတ်မရှိရင်တော့ မလွယ်ဘူးလေ၊ ဒါပေမဲ့ ပစ်မှတ်ရှိနေရင်တော့ မေးကြည့် လိုက်ရုံပဲလေ၊ ပြီးတော့ အကုန်လုံးက မျိုးနွယ်ကြီးတွေဆို အာရုံစိုက်ပြီးသား လေ” ရှီမာယူယူ ရှင်းပြလေသည်။
“ဒါဆိုရင် မိန်းကလေးအန္တရာယ်မများနိုင်ဘူးလား” မူစစ် ပြောလိုက် သည်။
“ငါ့ကို စိုးရိမ်နေတာလား” ရှီမာယူယူသည် မေးထောက်ပြီး ပြုံးရင်းနှင့် မေးလေသည်။
မူစစ်သည် ခေါင်းငုံ့ပြီး ပြောလေသည် “အခုမှတွေ့တာကို ဘာလို့ မိန်းကလေးအတွက် စိုးရိမ်ပေးရမှာလဲ၊ ကျွန်တော်က တခြားသူတွေအတွက် လုံးဝ မစိုးရိမ်ပေးတတ်ဘူး”
ရှီမာယူယူသည် သူ့ကို ပြုံးပြီးကြည့်လိုက်သည်။ ဒီဂုဏ်မောက်ပြီး မပွင့်လင်းတဲ့ကောင်လေးက ချစ်စရာတော့ကောင်းသားပဲ။
“အရေးတော့ကြီးနေပြီ၊ သခင်မလေး သူတို့သာသိသွားရင် ကျွန်တော်တို့ ဒုက္ခမရောက်နိုင်ဘူးလား၊ အဲအခါကျရင် ဘာလုပ်ကြမလဲ” ဒိဝူ မေးလိုက်သည်။
“လိုတဲ့ဟာကိုလုပ်မယ်ဆိုတာ ကြားဖူးလား”
“ဒါပေမဲ့ သူတို့က လူအင်အားများတယ်လေ၊ ဒီမြို့က လူသောင်းဂဏန်း လောက်ပဲရှိတဲ့မြို့ပဲ သူတို့အကုန်လုံးကိုဘယ်လိုကိုင်တွယ်မှာလဲ” ဒိဝူသည် စိုးရိမ်တကြီး ပြောလေသည်။
“အမှန်ပဲ” ရှီမာယူယူ သက်ပြင်းချလေသည် “ကြည့်ရတာ ဒီမြို့ကနေ ဖြစ်နိုင်သလောက်မြန်မြန် ထွက်သွားဖို့ကိုစဉ်းစားရတော့မယ်”
“သူတို့က မြို့ကိုချိပ်ပိတ်ထားတာကို ဘယ်လိုလုပ်ထွက်သွားနိုင်မှာလဲ” မူစစ် ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့ ငါတို့ပေါ်သွားမယ်ဆိုရင် အဲလူတွေကိုရှောင်ဖို့ ငါ့မှာ နည်းလမ်းတွေအများကြီးရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။
သူတို့သာ ပေါ်သွားပါက တခြားတစ်ယောက်အဖြစ် သူမ အသွင်ပြောင်း လိုက်မည်။ ဟိန်းသံထောင်ချီသာရှိပါက ထိုအရာသည် အလွယ်လေးပင်ဖြစ် သည်။
သူမ ယုံကြည်ချက်ရှိနေသည်ကို ဒိဝူနှင့် မူစစ်မြင်သောအခါ မသိစိတ်မှ ယုံမိသည်။ သူမသာ ရှိပါက မည်သည့်ပြဿနာမှမရှိသည့်ပုံပင်။
မူစစ်သည် သူမအား ငေးငိုင်စွာစိုက်ကြည့်မိသည်။ သူ၏ ဖခင်သည်လည်း ထိုနည်းလည်းကောင်းပင်။ အရာရာကို ယုံကြည်မှုအပြည့်ဖြင့် ပြောတတ်သည်။ သို့သော် သူ သေချာပေါက်ပြန်လာမည်ဟု ပြောပြီး နှစ်ပေါင်းများစွာကြာ ပြီးနောက်တွင် သူ ပြန်မလာခဲ့ပေ။
အဖေ….
ရှီမာယူယူသည် သူ၏ ဝမ်းနည်းသောအကြည့်ကို မြင်ပြီး သူ့အဖေကို စဉ်းစားနေမည်ကို သိသဖြင့် ပြောလိုက်သည် “စားပြီးပြီလား စားပြီးရင် လမ်းသွားလျှောက်ရအောင်”
“လမ်းလျှောက်မယ်ဟုတ်လား” သူတို့နှစ်ယောက်လုံးသည် သူမအား မယုံကြည်စွာ ကြည့်လိုက်သည်။
“ဟုတ်တယ်လေ ကျန်းမျိုးနွယ်က ငါတို့အကြောင်းသိမှတော့ ဘာမှပုန်း နေစရာမလိုတော့ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ငါတို့ မြို့ကိုလာမှ တော့ လျှောက်ပတ်ကြည့်ရမှာပေါ့၊ တစ်ခုခုတွေ့မလားဆိုတာ ဘယ်သူသိမလဲ”
“ပြောတာ ဟုတ်တယ်” ဒိဝူသည် ပျော်လာသည် “ပြောရင်းနဲ့ တစ္ဆေ လောကကိုလာတဲ့သူရှားတယ်၊ လှည့်ပတ်ကြည့်လိုက်ရင် ဒီနေရာကဘယ်လို လဲဆိုတာ အဲလူတွေကိုပြောပြုလို့ရတယ်၊ မဟုတ်ရင် တစ္ဆေမြို့တော်ကိုရောက် ပြီးမှ ဘာမှမသိဘူးဆိုရင်အဲလူတွေတော့ ကျွန်တော့်ကိုရယ်လိမ့်မယ်”
ရှီမာယူယူသည် ထိုလူကို အကူအညီမဲ့စွာကြည့်လိုက်သည်။ သူက သူ့ အစ်ကိုတွေကို အကုန်လုံးကိုပြန်ကြွားချင်နေတာပဲ။ သူကတော့ တကယ်ပဲ…
“အဲလိုဆိုမှတော့ ကျွန်တော် ခေါ်သွားပြီးလိုက်ပြပေးမယ်” မူစစ် ပြော လိုက်သည်။
“ရတယ်လေ”
သူတို့သည် ထုပ်ပိုးပြီးသည်နှင့် သွားကြလေသည်။ သူတို့ထွက်လိုက်သည် နှင့် လမ်းမကြီးသည် မူစစ်နေသည့် ဆင်းရဲသားရပ်ကွက်အတိုင်းပင် ကျိုးပဲ့နေ သည့် အိမ်များပြည့်နေလေသည်။
တစ်ချိန်တည်းမှာင် ကျန်းဖန့်သည် ကျန်းချီဆီသို့ သတင်းပို့လေသည်။ ရှီမျိုးနွယ်မှ တစ်ယောက်ရောက်နေသည်ဟု ကျန်းချီကြားလိုက်သည်နှင့်် သူ အံ့ဩသွားပြီး ခေတ္တမျှတိတ်ဆိတ်သွားပြီးမှ ပြောလေသည် “မြောက်ပိုင်းမြို့က ရှီမျိုးနွယ်ကိုလူလွှတ်ပြီး စုံစမ်းလိုက် ဘယ်သူမှ သတိမထားမိအောင် ဂရုစိုက်”
***