← Chapters

ကံကောင်း၍အောင်မြင်သွားခြင်း

Vol. 95 Ch. 1320

ကံကောင်း၍အောင်မြင်သွားခြင်း

Vol. 95 Ch. 1320

မြောက်ပိုင်းမြို့၊ အလယ်ပိုင်းခရိုင်၊ ခမ်းနားသောအိမ်တော်၏ ခြံအနောက် တွင် လူနှစ်ယောက် တိုးတိတ်စွာစကားပြောနေကြသည်။ ပြီးသည်နှင့် သူတို့သည် ပစ္စည်းထည့်ထားသော အိတ်အပြန်အလှန်လဲလှယ်ပြီးနောက်တွင် ကျေနပ်စွာထွက်သွားကြလေသည်။

မြောက်ပိုင်းမြို့၏ အဖြေသည် နေ့တစ်ဝက်ပင်မကြာလိုက် ကျန်းမျိုးနွယ် သို့ရောက်လာသည်။

ကျန်းချီသည် ထိုင်ခုံပေါ်တွင်ထိုင်ပြီး ဒူးထောက်ထားသော ကျန်းဖန့်အား ကြည့်နေသည်။

“သိလာတာရှိလား”

“ရှိပါတယ် အကြီးအကဲကျန်း” ကျန်းဖန့် ဆက်ပြောလေသည် “သူတို့ အဖြေပြန်လာပါပြီ ရှီမျိုးနွယ်မှာ တကယ်ပဲ သခင်မလေးရှိပါတယ်၊ သူမက မကြာသေးခင်ကပဲ မြောက်ပိုင်းမြို့ကနေထွက်သွားပြီး တခြားခရိုင်တွေကို လှည့်ပတ်ခရီးသွားနေပါတယ်”

“အဲတစ်ယောက်က မူစစ်နဲ့ရှိနေတဲ့သူဟုတ်လားဆိုတာ အတည်ပြုပြီးပြီ လား” ကျန်းချီ မေးလိုက်သည်။

“ဟုတ်လောက်မှာပါ သူမ ထွက်သွားတော့ တစ္ဆေအစောင့်တစ်ယောက် ကိုပဲခေါ်ပြီးထွက်သွားတယ်တဲ့၊ ရှီယူမှာလည်း တစ္ဆေအစောင့်တစ်ယောက်ပဲရှိ တယ်လေ၊ သခင်မလေးက လျှို့ဝှက်ခရီးထွက်တာဖြစ်လို့ မြောက်ပိုင်းမြို့မှာ သိတဲ့သူ နည်းတယ်လို့လဲပြောကြပါတယ်၊ ဘယ်သူမှအဲအကြောင်းကိုမပြော ကြဘူး၊ ရှီယူသာမဟုတ်ရင် သူမ အဲအကြောင်းကိုသိမှာမဟုတ်ပါဘူး”

“အဲလိုဆိုရင် သူမက တကယ်ပဲ ရှီမျိုးနွယ်ရဲ့ အကြီးဆုံးသခင်မလေးပဲ” ကျန်းချီ ပြောလိုက်သည်။

“ဟုတ်မယ့်ပုံပါပဲ” ကျန်းဖန့် ပြောလိုက်သည်။

“အဲလူက ရှီမျိုးနွယ်နဲ့ရင်းနှီးပေမဲ့ အခု သူတို့သခင်မလေးကို သတ်လိုက် ရင် ပြဿနာတွေအများကြီးတက်သွားနိုင်တယ်၊ ကျန်းရှုကိစ္စကလည်း တိုးတက်မှုမရှိဘူး စံတင်အဆင့်ကလည်းမမြင်ရသေးဘူး၊ ရှီမျိုးနွယ်နဲ့ ငါတို့က ဘာရန်ငြိုးမှမရှိမှတော့ သူမကိုခဏတောလွှတ်ထားလိုက်တာပေါ့”

“ဟုတ်ကဲ့ပါ အကြီးအကဲချီ”

“ကျန်တဲ့အလုပ်က ဆက်ပြီးစစ်ဆေးမယ်၊ ငါတို့ ကျန်းရှုကိုသတ်တဲ့သူကို ရှာရမယ်၊ လူအင်အားမလောက်ရင် မင်းအတွက် လူနှစ်ရာထပ်ဖြည့်ပေးမယ်”

“ဟုတ်ကဲ့”

တစ်ချိန်တည်းမှာပင် ရှီမာယူယူ၊ မူစစ်နှင့် ဒိဝူတို့သည် မြို့ထဲတွင် လည်ပတ်နေကြာကာ ထိုတိုက်ဆိုင်မှုကိုပင် မသိကြပေ။ သူမသာ သိပါက ထို နှိမ့်ချစွာနေတတ်သော သခင်မလေးကို သေချာပေါက် ကျေးဇူးတင်မည်ဖြစ် သည်။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့လူပါလဲ။

သို့သော် မကြာသေးခင်က တွေ့ခဲ့သည့် မျိုးနွယ်အတွင်းတွင် နှိမ့်ချနေ တတ်သော သခင်မလေးမှာ ရှောင်ဟုန်သာဖြစ်သည်။ ထို့ကြောင့်ပင် ဖုံးကွယ် နေတတ်သော သခ်မလေးရှိဦးလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ သူမ ပိုမထင် ထားသည်မှာ ထိုသခင်မလေးသည် အချိန်ကိုက်ပင် ထွက်လည်နေခြင်းဖြစ် သည်။

လမ်းပေါ်မှလူများသည် ရှီမာယူယူ မူစစ်နှင့် အတူလမ်းလျှောက်လာသည် ကို မြင်သောအခါ အရူးတစ်ယောက်ကို မြင်ရသကဲ့သို့ ကြည့်ကြလေသည်။

မူစစ်လိုလူနဲ့ ဘယ်လိုလုပ် ဆက်ဆံရဲတာလဲ။ သူတို့ အသက်မရှင်ချင် တော့ဘူးလား။

“ဘယ်သူလဲ သူမက သတ္တိရဲလိုက်တာ”

“ဟုတ်တယ် ကျန်းရှုက မူစစ်နောက်လိုက်ပြီးတော့ ပျောက်သွားတာပဲ၊ ကျန်းမျိုးနွယ်က သူ့ကို သေချာပေါက်သွားရမှာပဲကို၊ သူနဲ့ရှိနေတာ သေဖို့ တောင်းဆိုနေတာပဲမဟုတ်ဘူးလား၊ သူတို့ကိုပါ ကြံရာပါဆိုပြီး စွပ်စွဲလိုက်ရင် ဒုက္ခရောက်သွားမှာပဲ”

“ဟုတ်လို့လား၊ ကျန်းရှုနဲ့ မောင့်ထျန်းရှန့်တို့ကိုသတ်တဲ့သူက တစ် ယောက်တည်းလို့ ထင်နေတာ၊ ပြီးတော့ ဖန်းမျိုးနွယ်က ဖန်းချီနဲ့ မောင့်ထျန်းရှန် တို့က တစ်ချိန်တည်းမှာသေတာဆိုတော့ သူတို့ပဲ တစ်ခါတည်းသတ်တာဖြစ် မယ်၊ ဖန်းချီက စံတင်အဆင့်လမ်းတစ်ဝက်ရောက်နေပြီ၊ သူ့ကိုသတ်မယ့်သူက အရမ်းအားကောင်းတာဖြစ်ရမယ်၊ ဒီမိန်းကလေးက ငယ်နေတဲ့ပုံပေါက်နေတာ ကို ဘယ်လိုလုပ်သူမဖြစ်နိုင်မှာလဲ”

“အဲလိုလည်းစဉ်းစားလို့ရတယ် ဒါပေမဲ့ ကျန်းမျိုးနွယ် ကိစ္စတွေကို ကိုင် တွယ်ပုံအရဆိုရင် မှန်တဲ့တစ်ယောက်ကိုလွှတ်ပေးတာထက် လူမှားပြီးတော့ပဲ သတ်လိမ့်မယ်၊ မူစစ်က ကျန်းရှုသေတာနဲ့ ဘာမှမဆိုင်ရင်တောင် လွတ်မှာ မဟုတ်ဘူး၊ ဒီမိန်းကလေးက သူနဲ့အတူရှိရဲတာ ဘာတွေဖြစ်လာမလဲ စဉ်းစားဖို့ တောင်မလိုဘူး”

“ဒီမိန်းကလေးက တကယ်လှတာပဲ၊ ကျန်းမျိုးနွယ်မှာ တဏှာစိတ်ကြီးတဲ့ သူတေါရှိတယ်မလား၊ သူတို့သာသိရင် သူမ အသက်မဆုံးရှုံးဘဲနဲ့ ပိုဆိုးတာဖြစ် သွားလိမ့်မယ်”

“ဟားဟား မင်းတို့ ဒီအကြောင်းကိုမသိသေးဘူးလား” လူတစ်ယောက် သည် ကျယ်လောင်စွာရယ်မောလေသည် “ငါ ဒီမနက်ပဲမြင်ပြီးသွားပြီ”

“ဘာမြင်ခဲ့တာလဲ”

“ကျန်းဖန့်က ဒီမနက်ပဲ မူစစ်အိမ်ကိုလူတွေခေါ်ပြီးသွားပြီးပြီ၊ အဲတုန်းက ငါ နည်းနည်းဝေးဝေးမှာရှိနေတာ၊ ငါ အများကြီးမကြားလိုက်ရပေမဲ့ အဲလူတွေ ဒီကောင်မလေး သင်ခန်းစာအပေးခံရပြီးတော့ ထွက်ပြေးသွားတာကို မြင်လိုက် ရတယ်၊ ဒီမိန်းကလေးက သာမန်တော့မဟုတ်ဘူး”

“တကယ်ကြီးလား”

“ဟူး တကယ်ပေါ့” ထိုလူ ဆက်ပြောလေသည် “အဲလိုမဟုတ်ရင် မူစစ်က လမ်းပေါ်ထွက်ရဲပါ့မလား”

“အမှန်ပဲ၊ အဲလိုဆိုရင် ဒီမိန်းကလေးက အဆင့်အတန်းမြင့်တဲ့သူလား”

“အတိအကျပဲ မဟုတ်ရင် ကျန်းဖန့်ထွက်ပြေးအောင် ဘယ်လိုလုပ်နိုင်မှာ လဲ”

“နှမြောစရာပဲ၊ ငါ ဒီကောင်မလေးကို အပျော်ဖမ်းဖို့ စဉ်းစားနေတာကို”

“ဖက်တီး စဉ်းတောင်မစဉ်းစားနဲ့ မင်း စမ်းကြည့်လိုက်တာနဲ့ သင်းကွပ်ခံရ တော့မယ်၊ နောက်တစ်ချိန်ကျ ယောက်ျားတောင်ဖြစ်တော့မှာမဟုတ်ဘူး ဟားဟား”

“ဟားဟားဟား…”

မူစစ်၏ စွမ်းအားမှာ မသန်မာသော်လည်း သူတို့အနောက်မှ ထိုလူများ၏ အကြည့်ကို ခံစားမိသည်။ အကြောင်းအရင်းတချို့ကြောင့် သည်တစ်ခေါက် တွင် ရုတ်တရက် သူ့စိတ်ထဲမှ ဒေါသမီးများတောက်လာသည်။

သူ စိတ်အဆင်မပြေဖြစ်နေသည်ကို ရှီမာယူယူခံစားမိသောအခါ ရပ်ပြီး မေးလိုက်သည် “ဘာဖြစ်တာလဲ”

“အဲလူတွေ…” မူစစ်သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ထိုလူများကို ကြည့်လိုက်သည်။

နှစ်ပေါင်းများစွာအတွင်းတွင် သူမသည်သာ သူ့ကိုကောင်းကောင်းမွန်မွန် ဆက်ဆံပေးသူဖြစ်သည်။ သူမကို ထိုလူများ၏ ညစ်ညမ်းသောအတွေးများ ကြောင့် အစွန်းအထင်းမဖြစ်စေချင်ပေ။

ရှီမာယူယူသည် ထိုလူများကို ကြည့်ပြီးပြောလိုက်သည် “သူတို့ခန္ဓာကိုယ် ထဲက သူတို့မျက်လုံးတွေ ကြီးလာတာကို မင်းဒေါသထွက်နေလည်း ဘာအသုံး ဝင်မှာလဲ၊ မင်း သူတို့ကိုဿွားပြီး သတ်နိုင်တာလည်းမဟုတ်ဘူး ဟုတ်တယ် မလား”

“ဒါပေမဲ့… သူတို့က ဒေါသထွက်စရာကြီးလေ” မူစစ် ပြောလိုက်သည်။

“မင်းသန်မာလာတဲ့အထိစောင့်၊ အဲကျရင် သူတို့ ကြောက်သွားရင် မင်း ကိုဘာမှမလုပ်ရဲတော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“မိန်းကလေးက သူတို့ကိုကြောက်အောင်လုပ်နိုင်တယ်လေ” မူစစ်သည် ယုံကြည်မှုအပြည့်ဖြင့်ပြောလေသည်။

သူမသာ ဆန္ဒရှိပါက ထိုလူများ တစ်သက်တာမျက်လုံးပိတ်သွားအောင် လုပ်နိုင်မည်ဟု သူ ယုံကြည်သည်။

“တစ်ခါတလေကျ မင်းသူတို့ကိုသွားပြီး ရိုက်တာနဲ့ပဲ သူတို့က မင်းကို ကြောက်သွားမယ်လို့ မဆိုလိုဘူး” ရှီမာယူယူသည် ဆိုးညစ်သောအပြုံးပြုံး လိုက်သည်။

“သခင်မလေး၊ အခုဘယ်လို မကောင်းတဲ့အကြံတွေရှိနေတာလဲ” ဒိဝူ သည် ရှီမာယူယူ၏ ဆိုးညစ်သောအပြုံးကို မြင်ပြီး သိချင်စိတ်ဖြင့် အနားကပ် လာသည်။

“ငါ တွေးလိုက်လို့လား”

“ဟုတ်တယ်လေ” ဒိဝူသည် အတိအကျပင်ပြောလေသည် “သခင်မလေး က မကောင်းတာတစ်ခုခုလုပ်ချင်ရင် အဲလိုအပြုံးပြုံးတယ်လို့ ကြားဖူးတယ်”

ရှီမာယူယူ၏ မျက်နှာတွင် ချက်ချင်းပင် အနက်ကြောင်းများပေါ်လာ သည်။ သူမသည် မျက်စိစွေစောင်းကြည့်က သူ့ကိုစိုက်ကြည့်ပြီး တိုးညင်းစွာ မေးလိုက်သည် “ဘယ်သူပြောတာလဲ”

“ဒိလျူနဲ့ တခြားသူတွေပဲ” ဒိဝူသည် ရှီမာယူယူ၏ မျက်နှာတွင် တစ်စုံတရာ မူမမှန်တော့သည်ကို မြင်ပြီးနောက် ပါးမို့များတက်အောင်ရယ် မောကာ ဘေးနှစ်ဖက်ကိုကြည့်လိုက်သည်။

“ဒိလျူ…”

ရှီမာယူယူ ဒိလျူ၏ နာမည်ပြောလိုက်သည်ကို ဒိဝူကြားသည်နှင့် ရင်များ တုန်သွားကာ လောင်လျူကို ဖျက်ဆီးလိုက်ပြီဟု ခံစားရလေသည်။

ရှီမာယူယူသည် ထိုလူများကို တစ်ချက်ကြည့်ကာ ပြောလိုက်သည် “ငါတို့ တစ်နေကုန်လျှောက်လာပြီးပြီ ပြန်ရအောင် မူစစ် ဗိုက်ဆာတော့မယ်”

သူတို့သည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ရှေ့သို့ဆက်သွားကြလေသည်။ ရှီမာယူယူသည် လှည့်ထွက်ကာ ခဏလမ်းလျှောက်ပြီးသည်နှင့် ထိုလူများကို ပြုံးပြလိုက်သည်။ ပြီးနောက်တွင် ထိုလူနှစ်ယောက်ကို ခေါ်ပြီးထွက်လာခဲ့လိုက် သည်။

ညစာအတွက်ကိုတော့ ရှီမာယူယူသည် မူစစ်အတွက် စားပွဲသောက်ပွဲ လုပ်ပေးလေသည်။ မူစစ်သည် အရင်က ထိုမျှအရသာရှိသော စားကောင်း သောက်ဖွယ်များမစားဖူးပေ။ သူသည် ဗိုက်ဆာနေသဖြင့် အငမ်းမရစားမိလေ သည်။ ဒိဝူလည်း ထိုနည်းလည်းကောင်းပင်။

ပြီးနောက် သူမသည်လည်း စိတ်ကြည်နေသဖြင့် များများစားမိလေသည်။

စားပြီးနောက်တွင် သူမ အားလုံးကိုသိမ်းပြီး ပြောလိုက်သည် “ဒီနေ့ည ဧည့်သည်ရှိလိမ့်မယ် ငါတို့ ဧည့်ခံရဦးမယ်”

“ဧည့်သည်ဟုတ်လား ဘယ်သူလဲ”

ရှီမာယူယူ ပြုံးလိုက်သည် “အချိန်ရောက်လာရင်သိလိမ့်မယ်”

***

All Chapters