← Chapters

ညဘက်ဧည့်သည်

Vol. 95 Ch. 1321

ညဘက်ဧည့်သည်

Vol. 95 Ch. 1321

ရှီမာယူယူသည် နားချိန်ရောက်သောအခါ ဝိညာဉ်အတားအဆီးကို ပြင် လိုက်သည်။ သည်တစ်ခါတွင်တော့ အရင်ညကနှင့်ပြောင်းပြန်ပြင်လိုက်သည်။ သည်တစ်ခုသည် ဝင်လာပြီး အပြင်မထွက်နိုင်သည့် အတားအဆီးဖြစ်သည်။ မူစစ်သည် သူမ နောက်ထပ်တည်ဆောက်မှုနှစ်ခု ဆောက်လုပ်နေသည်ကို မြင် သောအခါ ငေးငိုင်စွာဖြင့် ကြည့်နေလေသည်။

သူမ သိတာ ဘယ်နခုတောင်လဲ။

ညနောက်ပိုင်းတွင် ရှီမာယူယူသည် အချိန်ကိုက်ပင်နိုးလာသည်။ သူမ သည် အိပ်ရာဘေးတွင် ချထားသော ဖိနပ်စီးပြီးနောက် ခြံဝန်းသို့ဝင်လာမည့်သူ များကို စောင့်နေသည်။

“ဟင် ဘာလို့ ဒီရောက်လာတာလဲ”

“ဖက်တီး မင်းမလာဘူးလို့ မပြောဘူးလား”

“နံစော်နေတဲ့တစ္ဆေအိုကြီး မင်းကလာပြီး ငါကဘာလို့မလာရမှာလဲ”

“ခြေသလုံးအိမ်တိုင်လည်း ရောက်လာတာပဲ”

“ဒီနေ့ညကို လူအများကြီးရောက်လာတာပဲ၊ ငါတို့ဘာလုပ်ကြမလဲ အနိုင်ရသူက ဘယ်သူလဲဆိုတာ ကြည့်ကြမလား”

“ငတုံးတွေ ငါတို့က တိတ်တိတ်လေးလာတာကို ဘယ်လိုလုပ် သူများကို ပေးသိမှာလဲ၊ အသံတွေဆူသွားရင် ပြဿနာတက်လိမ့်မယ်”

“ဟုတ်တယ် ဒါပေမဲ့ ငါတို့ဒီမှာလူသုံးယောက်ရှိတာ ဘယ်လိုခွဲကြမလဲ”

“သူမကို ဖမ်းမိပြီးမှ ဆုံးဖြတ်ကြမယ်၊ အရင်က မိန်းကလေးတွေကို အတူ မသုံးဖူးတာကျနေတာပဲ အနည်းဆုံးတော့ လုပ်ရမယ့်ဟာကို နောက်မှအတူတူ လုပ်ကြဖို့ပဲ”

“ဟီးဟီး အဲအကြံကိုကြိုက်တယ်”

“လူလာနေပြီ”

သူတို့သုံးယောက်မဝင်ခင်တွင် နောက်ထပ် အရိပ်နှစ်ခုချဉ်းကပ်လာသည် ကို မြင်လိုက်ရလေသည်။

“ရွှတ် ဒီနေ့တော့ လူတွေတကယ်များတာပဲ”

“အဲနှစ်ယောက်က ငါတို့ဆီက သူမကိုလုယူမှာပဲ သူမကိုအရင်သွားဖမ်းရ အောင်”

“အင်း”

သူတို့သည် ယိမ်းယိုင်နေသော တံခါးပေါက်ကိုမဖွင့်ခင် ခြံစည်းရိုးကို ခုန် ကျော်လိုက်သည်။

လူနှစ်ယောက်သည် ထိုသုံးယောက်ပျံဝင်သွားသည်ကို မြင်လိုက်သည်နှင့် အမြန်ပြေးဝင်ပြီး ခုန်လိုက်သည်။

သို့သော် ထိုလူနှစ်စုသည် ဝင်လိုက်သည်နှင့် မှင်တက်သွားလေသည်။

ရှီမာယူယူသည် သူမအခန်းတံခါးရှေ့တွင် ပြုံး၍ထိုင်နေပြီး ဘေးတွင် ဒိဝူနှင့် မူစစ်တို့သည် ရပ်နေသည်ကို သူတို့ မြင်လိုက်ရလေသည်။

“မူစစ်ရဲ့ အိမ်လေးကနေကြိုဆိုပါတယ်” ရှီမာယူယူသည် အေးခဲနေသော လူငါးယောက်ကို ကြည့်လိုက်သည်။

“တည်ဆောက်မှုလား မင်းက တည်ဆောက်မှုသခင်လား” သူမသည် တည်ဆောက်မှုသခင်ဖြစ်သည်ကို သိသည်နှင့် သူတို့၏ မျက်နှာ အမူအရာသည် အကျည်းတန်သွားလေသည်။ သူတို့တွင် ယုတ်မာသည့်အတွေးရှိလျှင်တောင် သတ္တိရှိမည်မဟုတ်ပေ။

“မျက်နှာတွေပြောင်းသွားတာကြည့်ပါဦး” ရှီမာယူယူ ဆက်ပြောလိုက် သည် “ဘာလို့လဲ ငါသာ တည်ဆောက်မှုသခင်မဟုတ်ရင် လှုပ်ရှားတော့မလို့ လား”

“ဟား… မင်းက တည်ဆောက်မှုသခင်ဆိုရင်တောင် ဒီတည်ဆောက်မှု လောက်က ငါတို့ကိုပိတ်မထားနိုင်ပါဘူး”

“ဒါဆိုလည်း စမ်းကြည့်လေ” ရှီမာယူယူ ဆက်ပြောလေသည် “မင်းတို့ ငါ့ တည်ဆောက်မှုကနေ လွတ်နိုင်ရင် မင်းတို့ အသက်ကိုသက်ညှာပေးမယ် ပြီးတော့ မင်းတို့ကိုလွှတ်ပေးမယ်”

“ဟားဟား ဒီကလေးက ပါးစပ်တော့ သရမ်းတာပဲ ငါတို့က ဘယ်သူတွေ လဲဆိုတာ သိလား” နံစော်နေသော တစ္ဆေအိုကြီး ရယ်မောလိုက်သည်။

“ဘယ်သူဖြစ်ရမှာလဲ မင်းတို့တွေက ဒီအတိုင်း ကာမစိတ်ကြွနေတဲ့ အုပ်စုပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဟားဟား မင်းမသိဘူးပဲ ဒါမေပဲ့ မင်းဘေးကကောင်လေးကတော့ သေချာပေါက်သိတယ် ကောင်စုတ်လေး သူမကိုပြောပြလိုက် ငါတို့ကဘယ်သူ တွေလဲ” ဖက်တီးပြောလိုက်သည်။

“သူတို့နာမည်ပြောင်တွေက ဖက်တီး၊ နံစော်တဲ့တစ္ဆေအိုကြီး၊ ခြေသလုံး အိမ်တိုင်နဲ့ သူတို့သုံးယောက်က တပ်သားတွေပဲ၊ သူတို့က မရေတွက်နိုင်တဲ့ မိန်းကလေးတွေကို ဖျက်ဆီးခဲ့တယ်” မူစစ် ဆက်ပြောလေသည် “ကျန်တဲ့ နှစ် ယောက် ဂုဏ်သတင်းတွေလည်းမကောင်းဘူး ဒါပေမဲ့ သူတို့လည်း မိန်းကလေး တွေကို စော်ကားတဲ့နေရာမှာ နာမည်ကြီးတယ်”

“ကြည့်လေ မင်းတို့က ဒီအတိုင်းပဲ နှာဘူးတွေဆိုတာ သိနေတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ငါးယောက်ထဲမှာ လေးယောက်က ဧကရာဇ်အဆင့်ထိပ်ပိုင်းရောက်နေ ပြီ တစ်ယောက်က စံတင်အဆင့်တစ်ဝက်ရောက်နေပြီ” မူစစ် ထပ်ပေါင်းထည့် ပြောလေသည်။

“သူတို့သာ အုပ်စုဖွဲ့လိုက်ရင် အားကောင်းမှာပဲ၊ အဲဒါကြောင့် သူတို့က မကောင်းတာတွေ အများကြီးလုပ်လို့ရနေတာ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါမေပဲ့ ဆိုးလိုက်တာ၊ မင်းတို့က စံတင်အဆင့်ဆိုရင်တောင် ဒီတည်ဆောက်မှု ကထွက်သွားလို့ရမှာမဟုတ်ဘူး”

“ဟား မိန်းကလေး ငါတို့ထွက်ပြီး မင်းကိုခေါ်ထုတ်သွားပြီး ပျော်ပါးတဲ့ အချိန်ထိ စောင့်နေလိုက်”

“ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “ညတာရှညတော့မှာပဲ မူစစ် ဗိုက်ဆာလား ငါတို့ ညစာတစ်ခုခုစားကြမလား”

“ကောင်းတာပေါ့” ပြန်ဖြေသူမှာ ဒိဝူပင်ဖြစ်လေသည်။

မူစစ်သည် စားချင်လား မစားချင်လားမသိသဖြင့် ပြန်မဖြေပေ။ သို့သော် သူ စားချင်သည်ကို ရှီမာယူယူသိသည်။

“ဒီလိုညမျိုးဆို အသားကင်က လိုက်မှာပဲ ဝိုင်လေးနဲ့ဆိုရှယ်ပဲ ဒါကမှ ပျော်မွေ့စရာလို့ခေါ်တယ်” ရှီမာယူယူဆက်ပြောလေသည် “ခဏလောက် စောင့်နေနော် မူမူလေး”

သူမ ခေါ်လိုက်ပုံကို မည်သို့တုံ့ပြန်ရမည်ကို မူစစ်မသိပေ။ အစောပိုင်းက ဆန္ဒပြရန်ကြိုးစားကြည့်သေးသော်လည်း သက်ရောက်မှုမရှိသဖြင့် သူမကို လွှတ်ထားလိုက်ရတော့သည်။

ရှီမာယူယူသည် အကင်အိုးနှင့် ပါဝင်ပစ္စည်းများကိုထုတ်ပြီး ပြင်ဆင်ကာ စတင်ပြီးအသားကင်တော့သည်။

ပါဝင်ပစ္စည်းများသည် ပြင်ဆင်ပြီးဖြစ်သည်။ လျင်မြန်စွာပင် အသားကင် အနံ့မှာ လွင့်ထွက်လာသည်မှာ ဖက်တီး၏ ဗိုက်ထဲမှ သန်ကောင်ကိုဆွဲဆောင် လိုက်သလိုပင်။

“ဒီတည်ဆောက်မှုက ကိုင်တွယ်ဖို့ခက်လိုက်တာ၊ ဝိညာဉ်စွမ်းအင်သုံးပြီး တော့တောင် ခွဲလို့မရဘူး” သူသည် တည်ဆောက်မှုကို အညှာတာမဲ့စွဦ တိုက် ခိုက်သော်လည်း တည်ဆောက်မှုသည် မည်မျှပင်ကြိုးစားစေကာမှု အသစ် အတိုင်းပင်။

မူစစ်သည် သူတို့ပြောစကားကိုကြားပြီး ပြောလိုက်သည် “ရှီယူ သူတို့ ဒီလိုတိုက်ခိုက်နေတာ သူများတွေကိုများ ဆွဲဆောင်သလိုဖြစ်မလားဖြစ်မလား”

“မဖြစ်ဘူး ငါ ဝိညာဉ်အတားအဆီးကို ပြင်ပြီးပြီ ဝိညာဉ်စွမ်းအင်နဲ့ အသံ ကိုပါပိတ်ပြီးပြီ ဘယ်သူမှဒီအကြောင်းကိုသိမှာမဟုတ်ဘူး”

“ဝိညာဉ်အတားအဆီးက အဲလောက်စွမ်းအားကြီးလား”

“ဒါပေါ့” ဒိဝူ ဆက်ပြောလေသည် “မူမူလေး မင်းက ငယ်သေးတော့ အတွေ့အကြုံမရှိသေးလို့ မင်းကြီးလာရင် ပိုပြီးသင်ယူရမယ်၊ ကမ္ဘာကြီးမှာ ပျော်စရာကိစ္စတွေ အများကြီးရှိတယ်ဆိုတာ သိလာလိမ့်မယ်”

မူစစ် ငါးမျှားချိတ်တွင် ဟတ်မိသွားလေပြီ။ သူသည် ထိုနေရာတွင် ထိုင်ပြီး ဖခင်ကိုစောင့်နေရုံတင်မဟုတ်တော့ဘဲ ကမ္ဘာကြီးအကြောင်း စတင်သိချင်လာ သည်။

ရှီမာယူယူသည် အလျင်အမြန်ပင် ပန်းကန်ပြားကြီးတစ်ခုစာ အသားကင် လိုက်သည်။ ပါဝင်ပစ္စည်းများကျန်နေသေးသဖြင့် မလောက်မည်စိုးကာ ထပ် ကင်လိုက်လေသည်။

ရှီမာယူယူသည် မူစစ်အတွက် အသီးဝိုင်တစ်ကရားဖွင့်ပြီးနောက် ဒိဝူ အတွက် သေရည်တစ်ကရားဖွင့်လိုက်သည်။ သူတို့ စမသောက်ခင်တွင် အပြင်မှ အသက်ရှုသံများကြားရလေသည်။

“မွှေးလိုက်တာ အသားကင်နဲ့ ဝိုင်အနံ့ပဲ”

“သခင်မလေး ဖြည်းဖြည်း”

“ချွတ် ဘုန်း”

မူစစ်သည် မြေပေါ်သို့ တံခါးကျသွားသည်ကိုကြည့်ရင်းနှင့် မိန်းကလေး တစ်ယောက်သည် အစေခံနှင့်ဝင်လာသည်ကို တွေ့လိုက်ရသည်။

“ဟင်” မိန်းကလေးသည် ခြံထဲတွင် ပိတ်မိနေသည့် လူများကိုကြည့်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည် “သူတို့က တည်ဆောက်မှုထဲမှာ ပိတ်မိနေတာ လား၊ ထူးဆန်းလိုက်တဲ့ ခြံဝန်းပဲ”

“သခင်မလေး အန္တရာယ်များပါတယ်” အစေခံအိုကြီးသည် သူမဘေးမှ လျှောက်လာကာ ခြံထဲမှ လူများကို သတိထားပြီးကြည့်လေသည်။

“ဟဲ့ ဒီမှာ စားကောင်းတဲ့ဟာရှိလား” မိန်းကလေးသည် ရှီမာယူယူအား မြင်သောအခါ လေးနွဲ့ခြင်းမရှိရောက်လာကာ ယဉ်ကျေးမှုအရိပ်အယောင်မရှိ ဘဲ ထိုင်ချလေသည်။

“ဟဲလို ဒါစားလို့ရလား” မိန်းကလေး မေးလိုက်သည်။

“ရတယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

သူမသည် မိန်းကလေးဝင်လာကတည်းကပင် စောင့်ကြည့်နေခဲ့သည်။ သူမသည် မြန်ဆန်သော်လည်း သူမ၏တည်ဆောက်မှုကို ရှောင်တိမ်းနိုင်ခဲ့ သည်။

ထိုလူသည် တည်ဆောက်မှုတွင် အရည်အချင်းရှိသော တည်ဆောက်မှု သခင်သာဖြစ်မည်။

“ဟော်ပို ဒီအသားကင်က အရမ်းစားကောင်းတယ်” ထိုမိန်းကလေးသည် အနည်းငယ်စားပြီးနောက် အစေခံအိုကြီးဆီသို့ပြေးသွားပြီး ပြောလိုက်သည် “လာပါ စားကြည့်”

“သခင်မလေး…” ဟော်ပိုသည် အကူအညီမ့သွားသည်။ သခင်မလေး သည် ပွင့်လင်းလွန်းသည်။ ဘယ်လိုဖြစ်ပြီး မသိတဲ့လူဆီကတောင် အစားအစာ တွေ ဒီအတိုင်းစားနိုင်ရတာလဲ။ တစ်ခုခုများဖြစ်သွားရင် ဘယ်လိုလုပ်မှာလဲ။

“စားလေ တကယ်အရသာရှိတယ်” မိန်းကလေးသည် ဟော်ပိုကို သူမ ဘေးတွင်ထိုင်ခိုင်းလိုက်သည်။

ရှီမာယူယူသည် သူမကိုစောင့်ကြည့်လိုက်သည်။ ဘယ်မျိုးနွယ်က သခင်မလေးမို့လို့ ဒီလိုသတ္တိတွေရှိနေတာလဲ။

“အိုး ဝိုင်အနံ့ကလည်းမွှေးလိုက်တာ အရသာရှိတယ်” ထိုမိန်းကလေး သည် သောက်ပြီးသည်နှင့် မူစစ်၏ ဝိုင်ကရားကိုဖက်ထားလေသည် “အိုး အသားကင်ကို ဝိုင်မွှေးမွှေးလေးက အဖော်ပြုပေးနေတာ၊ ကောင်းလိုက်တာ”

ရှီမာယူယူသည် သူမအားကြည့်ပြီး မေးလိုက်သည် “သခင်မလေးက…”

“ကျွန်မကို သခင်မလေးလို့မခေါ်ပါနဲ့ ရှီယူလို့ခေါ်ရင်ဖြစ်ပြီ”

“ဖူး….”

ဒိဝူနှင့် မူစစ်တို့သည် သောက်လက်စဝိုင်များ အန်ထွက်ကုန်တော့လေသည်။

***

All Chapters