← Chapters

သခင်မလေးအတုနဲ့ သခင်မလေးအစစ်နဲ့တွေ့ပြီ

Vol. 95 Ch. 1322

သခင်မလေးအတုနဲ့ သခင်မလေးအစစ်နဲ့တွေ့ပြီ

Vol. 95 Ch. 1322

ကံကောင်းစွာပင် ဒိဝူနှင့် မူစစ်တို့၏ ခေါင်းမှာဘေးသို့ ရှောင်လိုက်သဖြင့် ဝိုင်များမှာ အသားကင်များပေါ်မကျဘဲ ကြမ်းပေါ်သို့ကျသွားလေသည်။

ရှီမာယူယူသည် လက်တွင် ဝိုင်ခွက်ကိုင်ထားရင်း လေပေါ်တွင် ရပ်တန့် နေလေသည်။

“ဘယ်သူလို့ပြောလိုက်တာ” ဒိဝူသည် ရှီယူအား ဂြိုဟ်သားတစ်ကောင် ကဲ့သို့ကြည့်လေသည်။

“ကျွန်မနာမည် ရှီယူ” ရှီယူသည် ဂုဏ်ယူစွာဖြင့် မေးမော့ပြီးပြောလေ သည်။

“မင်းက မြောက်ပိုင်းမြို့ ရှီမျိုးနွယ်က သခင်မလေးလား”

“ဟင် ဘယ်လိုလုပ်သိတာလဲ” ရှီယူသည် သူတို့အား သိချင်စိတ်ဖြင့် ကြည့်လိုက်သည် “ကျွန်မ ဒီကိုလာပြီး ကစားတာဘယ်သူမှမသိပါဘူး”

“….”

ဒိဝူနှင့် မူစစ်တို့သည် သူမကိုအလန့်တကြားကြည့်ပြီးနောက် အကြည့် များမှာ ရှီမာယူယူဆီသို့ ရောက်သွားလေသည်။ တိုက်ဆိုင်မှုကြီးလိုက်တာ။

“ဘာလို့လဲ” ရှီယူသည် သူတို့ကိုကြည့်လိုက်သည်။

သူတို့အကြည့်တွေက ထူးဆန်းလိုက်တာ။

“အဟမ်း ဘာမှမဟုတ်ပါဘူး” ရှီမာယူယူသည် ချောင်းနှစ်ချက်ဟန့်ကာ ပြောလိုက်သည် “မြောက်ပိုင်းမြို့က သခင်မလေးကဘာလို့ တောင်ပိုင်းမြို့ကို လာတာလဲလို့ ဒီအတိုင်းသိချင်ရုံပါ”

“ဒီအတိုင်းပျော်ရုံပဲလေ” ရှီယူ ဆက်ပြောလေသည် “အဲဒီမှာပျင်းလာလို့ တခြားနေရာတွေကဘယ်လိုလဲဆိုတာ ကြည့်ချင်လာလို့ ဒီအတိုင်းပဲ လာပတ် ကြည့်တာ”

“ထွက်လာတာ ဘယ်လောက်ကြာပြီလဲ”

“မကြာသေးပါဘူး တစ်နှစ်လောက်ပဲရှိသေးတယ်” ရှီယူ ဆက်ပြောလေ သည် “ကျွန်မ အရှေ့မြို့တော်ကိုရောက်ပြီးပြီ၊ ဒါပေမဲ့ အရှေ့မြို့တော်မှာက ပျော်စရာဘာမှမရှိဘူးဆိုတာ သိလား၊ အဲဒါကြောင့်တောင်ပိုင်းမြို့ကိုလာခဲ့ လိုက်တာပဲ”

“အဟွတ် အဟွတ် အဲလောက်လည်းမကြာပါဘူး” ရှီမာယူယူသည် ခေါင်းငုံ့ပြီး သူမ၏ ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ဝိုင်တစ်ကျိုက်သောက်လိုက်သည်။

သူမကိုယ်သူမ ရှက်ရွံ့မှုမှာကြီဂလားသည်။ သူမ ဖန်တီးလိုက်သော ဇာတ်ရုပ်သည် အမှန်တကယ်ရှိနေပြီးသည့်အပြင် တစ်ရက်မပြည့်သေးခင်မှာ ပင်ထိုလူကို တွေ့ရလေသည်။ ထိုသို့ဖြစ်ရန် အခွင့်အရေးမှာ အလွန်နည်းပါး သည်။ သို့သော် သူမ ကြုံတွေ့ရလေသည်။

“ကျွန်မ နာမည်တွေတောင် မသိရသေးဘူးပဲ”

“ကျွန်တော်က ဒိဝူ၊ ဒီကလူက မူစစ်” ဒိဝူ ပြောလိုက်သည်။

“မင်းကရော” ရှီယူသည် ရှီမာယူယူသည် ပြုံးပြီးမေးလေသည်။

ရှီမာယူယူသည် အစတွင် နာမည်တချို့ကိုလုပ်ကြံရန်စဉ်းစားလိုက် သော်လည်း သူမ၏ အရိပ်အကဲခတ်မြန်ပုံကိုကြည့်ပြီး ပြောလိုက်သည် “ကျွန်မ က ရှီမာယူယူပါ”

“အိုး ကျွန်မကရှီယူ မင်းက ရှီမာယူယူ နာမည်တွေကဆင်တော့ဆင်တယ် နော်” ရှီယူသည် ပျော်ရွှင်စွာ ပြောလေသည်။

“ဟားဟား…” ဒါပေါ့ ငါ့ရဲ့ပထမဆုံးနဲ့ နောက်ဆုံးစာလုံးတွေထည့်လိုက် ရင် မင်းနာမည်ဖြစ်သွားတာပဲ။

ရှီယူသည် ရှီမာယူယူနှင့် နာမည်တူပုံကိုစဉ်းစားနေသည်။ သို့သော် ဘေးတွင်ထိုင်နေသော ဟော်ပိုသည် အတွေးထဲနစ်မြောနေသည်။

“ဪ ဟုတ်သားပဲ ယူယူ ဒီအသားတွေကို ဘယ်သူကင်တာလဲ၊ အရသာ ရှိလိုက်တာ အရင်က ဒီလောက်အရသာရှိတဲ့ အသားကင်တွေမစားဖူးဘူး” ရှီယူသည် ပျော်ရွှင်စွာ အသားကင်စားရင်းနှင့် ဝိုက်တစ်ကျိုုက်သောက်လိုက် သည်။

ဒါက စိတ်ချမ်းမြေ့စရာမကောင်းလွန်းဘူးလား။

“ကျွန်မလုပ်ထားတာလေ၊ ဒီနေ့ညကို ပွဲကြီးပွဲကောင်းရှိလို့ ပျင်းတာနဲ့ မူစစ် အစာပြေစားလို့ရအောင်လုပ်လိုက်တာ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းလုပ်ထားတာလား ဒီဝိုင်လည်းမင်းချက်တာပဲလား”

“အင်း ပျင်းတဲ့အချိန်ကိုချက်ထားတာ” ရှီမာယူယူသည် ဝိညာဉ်လေး၏ နာမည်ကောင်းကို ပြတ်ပြတ်သားသားပင် ယူလိုက်သည်။

“အိုး တော်လိုက်တာ မင်းချက်ထားတာတွေက ကျွန်မဟာထက်တောင် အရသာရှိသေးတယ်” ရှီယူ လေးစားသွားသည်။

ရှီမျိုးနွယ်မှ အစားအသောက်ခုံမင်သည့် သခင်မလေးတစ်ယောက်အနေ နှင့် သူမသည်လည်း အရသာရှိအောင် မည်သို့ချက်ပြုတ်ရမည်ကိုသိသည်။ သို့သော် သူမ မျက်စိရှေ့မှ အစားအသောက်ကောင်းများနှင့် ဝိုင်ကောင်းကောင်း သည် သူမထင်ထားသည်ထက်ပင် ကောင်းနေသည်။

သူမ ဝင်လာပြီးနောက်တွင် စားပွဲပေါ်မှ အစားအစာများသည် လျင်မြန်စွာ ပင် ကုန်သွားလေသည်။ ရှီမာယူယူ မတ်တတ်ထလိုက်သည်နှင့် အသားကင် အကြွင်းအကျန်များသာ ကျန်တော့သည်ကို မြင်ပြီး ပြောလိုက်သည် “မင်းတို့ အတွက် ငါ စားစရာထပ်သွားချက်လိုက်ဦးမယ်”

“ရတာပေါ့ ရတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းချက်တာကို ကျွန်မကြည့်ချင် နေတာ” ရှီယူ ဆက်ပြောလေသည် “ကြည့်လို့ရမလား”

“ကြည့်လို့ရတာပေါ့ မဟုတ်လည်း လျှို့ဝှက်ထားတာမရှိဘူး”

ရှီမာယူယူသည် အကင်ဖိုဘေးသို့လာပြီး မီးသွေးဖြင့် မီးစတင်မွေးတော့ သည်။ သူမသည် မီးရဲလာသည်နှင့် အသားကင်တော့သည်။

သူမ အသားစကင်သည်နှင့် ရှီယူရောက်လာပြီး အဆင့်တိုင်းကို ဂရုတစိုက်ကြည့်ကာ သူမ ချက်နေကျနည်းနှင့် ယှဉ်ကြည့်လိုက်ရာ ရှီမာယူယူ ၏ နည်းလမ်းသည် သူမနည်းလမ်းထက်ပင် ပိုကောင်းသည်ကို တွေ့ရလေ သည်။

“သူတို့ကို အဲဒီမှာပဲထားဖို့ ရည်ရွယ်ထားတာလား” သူမသည် တည်ဆောက်မှုအတွင်းမှ ငါးယောက်ကိုကြည့်ပြီးမေးလေသည်။

“သူတို့ကဘယ်သူတွေလဲဆိုတာ မင်းမသိချင်ဘူးလား” ရှီမာယူယူ မေး လိုက်သည်။

သူမ ဝင်လာကတည်းကပင် အသားကင်နှင့်ဝိုင်ကိုသာ အာရုံစိုက်နေပြီး တည်ဆောက်မှုအတွင်းမှ လူများအကြောင်းကို တစ်ခါမှမပြောခဲ့ပေ။

“သူတို့က ဘယ်သူတွေလဲဆိုတာ မသိပေမဲ့ သူတို့ဘာလုပ်ချင်တာလဲ ဆိုတာတော့ သိတယ်” ရှီယူ ဆက်ပြောလေသည် “ညနေတုန်းက သူတို့တွေ ဒီနေ့ညကို အလှလေးကိုဖမ်းဖို့ အစီအစဉ်ဆွဲနေတာကို ကြားလိုက်တယ်၊ အဲဒါ ကြောင့် ကျွန်မသူရဲကောင်းဖြစ်ချင်တာနဲ့ လိုက်လာတာပဲ၊ ဒါပေမဲ့ မင်း ကိုယ့် ဘာသာကိုင်တွယ်နိုင်မယ်လို့ထင်မထားဘူး”

ရှီမာယူယူသည် မျက်မှောင်ကြုတ်ပြီး သူမကို သံသယဖြင့်ကြည့်လိုက် သည်။

သူမလိုသခင်မလေးက မူစစ်ရဲ့အိမ်လို့ ဆင်းရဲသားရပ်ကွက်ကို ဘာလာ လုပ်တာလဲလို့ထင်နေတ ဒီကအဲလူတွေနောက်လိုက်လာတာကိုး။

“အာ.. ယူယူ သူတို့က မင်းအတွက်လာတာလေ သူတို့အတွက် ဘာ အစီအစဉ်ရှိလဲ” ရှီယူ မေးလိုက်သည်။

ရှီမာယူယူသည် အသားပေါ် အရသာများထည့်ရင်းနှင့် ရှက်သွေးဖြာကာ မေးလိုက်သည် “မင်းသာဆိုရင် ဘာလုပ်မှာလဲ”

ရှီယူသည် စဉ်းစားကြည့်ပြီး အလေးအနက် ပြန်ဖြေလေသည် “ကျွန်မသ ဆိုရင် သူတို့ခြေလက်တွေကို နုတ်နုတ်စင်းမယ်၊ မျက်လုံးတွေဖောက်မယ် လျှာနဲ့နားရွက်တွေကိုဖြတ်ပြီးတော့ ဝက်ဖြစ်အောင်လုပ်လိုက်မယ်၊ ပြီးတာနဲ့ သူတို့ဒဏ်ရာတွေထဲကို အဆိပ်ထည့်ပေးလိုက်ရင် သူတို့ဒဏ်ရာတွေဘေးမှာ လောက်တက်လာလိမ့်မယ်၊ သူတို့သွေးတွေကို လောက်တွေစုပ်ခိုင်းပြီး သေခွင့် ပေးလိုက်တော့မယ်”

“….”

ရှီမာယူယူ၏ နဖူးမှ ချွေးတချို့မှာ ကျသွားလေသည်။ ရှီယူသည် ကြင်နာ တတ်သော သခင်မလေးဟု သူမ ထင်ထားခဲ့သည်။ သူမကို အံ့ဩစေသည်မှာ သူမ အဖြေများသည် မထင်မှတ်ထားသည့်အရာများဖြစ်သည်။ တစ္ဆေမြို့တော် မှာက လူကောင်းမရှိဘူးထင်တယ်။

“ယူယူ ကျွန်မအကြံကိုဘယ်လိုထင်လဲ” သူမသည် ရှီမာယူယူကို မျက်တောင်ခတ်ရင်း မေးလေသည်။

“မသိဘူးလေ ဒါပေမဲ့စဉ်းစားကြည့်တော့ အဲဒါက အစားအသောက်မပျက် စေဘူးလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်လား” ရှီယူသည် ထိုသို့မခံစားရပေ “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ စားရင်တော့ သူတို့ကိုမကြည့်ဘူးဘေ၊ အဲဒါကြောင့် အစားအသောက်မပျက်စေ ပါဘူး”

ရှီမာယူယူသည် ရယ်ရင်းနှင့် ခေါင်းခါယမ်းလိုက်သည်။ ဘယ်လောက် တောင် ရိုးရိုးရှင်းရှင်းနဲ့ကို အညှာတာမဲ့တဲ့ မိန်းကလေးပါလိမ့်။

“မင်းအစီအစဉ်ကို မပြောရသေးဘူးနော်” ရှီယူ လိုက်ပြောလေသည်။

“အစီအစဉ်ဆိုတာမျိုးမရှိဘူး” ရှီမာယူယူ ဆက်ပြောလေသည် “သူတို့ တည်ဆောက်မှုကနေ ထွက်နိုင်ရင် သူတို့အသက်ကို သက်ညှာပေးမယ်လို့ ပြော ပြီးသား၊ နေထွက်လာလို့မှ သူတို့မထွက်နိုင်ဘူးဆိုရင် သူတို့အသက်က ငါ့အပိုင် ပဲ”

“မင်း တည်ဆောက်မှုက ရှုပ်ယှက်ခတ်တယ်၊ ဝင်သွားတဲ့သူက ကျွန်မဆို ရင်တောင် တစ်ညလုံးထွက်နိုင်မှာမဟုတ်ဘူး၊ သူတို့ကိုကြည့်လိုက်ပါဦး တည်ဆောက်မှုအကြောင်းကို သိတောင်မသိဘူး၊ ဒီတစ်သက်တော့ သူတို့ မထွက်နိုင်ဘူးဆိုတာသေချာတယ်” ရှီယူသည် တိကျစွာပင်ပြောလေသည်။

သူမ ပြောလိုက်သောစကားကို ကြားသောအခါ တည်ဆောက်မှုထဲမှ လူများ၏ မျက်နှာများမှာ ပိုလေးလံလာသည်။ ရှီယူ တည်ဆောက်မှုထဲတွင် သွားသော်လည်း မပိတ်မိသည်မှာ သူမသည် တည်ဆောက်မှုများအကြောင်း နားလည်သည်ဆိုသည်ကို ပြသနေသည်။ တည်ဆောက်မှုကို အချိန်ကြာအောင် တိုက်ခိုက်သော်လည်း အပြောင်းအလဲမရှိပေ။ သူမ ပြောလိုက်သည်ကို ကြား ပြီးနောက်တွင် စိတ်ဓာတ်ကျလာကြသည်။

ရှီမာယူယူသည် အသားကင်ကို အမြန်ကင်ပေးလိုက်ရာ ရှီယူသည် ပျော်ရွှင်စွာဖြင့် စားသောက်တော့သည်။ ဗိုက်မပြည့်သေးသော မူစစ်သည် ရှီယူ နှင့်အတူစားလေသည်။

“သခင်မလေး သူတို့ထွက်မလာမှတော့ ဒီမှာစောင့်ကြည့်စရာမလိုတော့ ဘူးလေ ဟုတ်တယ်မလား” ဒိဝူသည် သူ့ဝေစုကိုစားပြီးသည်နှင့် နားချင်နေ သည်။

“မလောနဲ့လေ တခြားဧည့်သည်ရှိသေးတယ် ဖြည်းဖြည်းချင်းစောင့်ရ အောင်”

သူမသည် ပြောရင်းနှင့် သခွားသီးအစေ့တချို့ထုတ်လိုက်သည်။

***

All Chapters