← Chapters

မဖြစ်တော့ဘူး ငါတို့ပေါ်သွားတော့မယ်

Vol. 95 Ch. 1323

မဖြစ်တော့ဘူး ငါတို့ပေါ်သွားတော့မယ်

Vol. 95 Ch. 1323

“ရှိသေးတာလား”

“စောင့်လိုက်ဦး ရှိဦးမယ်” ရှီမာယူယူသည် အပူအပင်ကင်းစွာ ပြောလေ သည်။

သူမ နေ့ခင်း အပြင်ထွက်စဉ်က သူတို့အပြင် တခြားသူများ၏ အကြည့်ကို ပါ ခံစားမိခဲ့သည်။

“တစ္ဆေမြို့တော်မှာက တဏှာစိတ်ကြီးတဲ့သူများတာပဲ၊ ဒီကောင်တွေ အပြင်ကို သေချာပေါက်ရှိဦးမှာပဲ၊ အထူးသဖြင့် မင်းတို့လို ရပ်ကွက်တွေပဲ၊ ဆင်းရဲသားရပ်ကွက်မှာ နောက်ခံမရှိဘဲနေတဲ့သူတွေက သေချာပေါက် ဝင်ပါ ချင်ကြမှာပဲ” ရှီယူ ဆက်ပြောလေသည် “တစ်ခါတလေကျ နောက်ခံရှိတဲ့သူတွေ က သူများတွေကို ခြိမ်းခြောက်လို့ရတယ်”

“အဟမ်း” ရှီမာယူယူသည် ချောင်းဟန့်ကာ အလျင်အမြန်ပင် ဝိုင်တစ် ခွက်ကို ပါးစပ်အပြည့်သောက်လိုက်သည်။

သူမက ကျန်းဖန့်ကို ရှီယူရဲ့ နာမည်ကိုသုံးလိုက်တာမဟုတ်ဘူးလား။

သူမ အဲအကြောင်းကိုသိသွားရင် ဘယ်လိုဖြစ်မှာလဲမသိဘူး။

သူမသည် တကယ့်လူ ရုတ်တရက်ပေါ်လာခြင်းကို နေရခက်နေသည်။

သူမ မျှော်လင့်ထားသည့်အတိုင်းပင် ထိုညတွင် ရောက်လာသည့်သူများ ရှိသေးသည်။ တည်ဆောက်မှုတွင် လူဆယ်ယောက်ကျော် ပိတ်မိနေကာ တစ်ယောက်ချင်းစီသည် အားကောင်းကြသည်။

“ယူယူ နေထွက်တာနဲ့ တခြားသူမရှိတော့ဘူးထင်တယ်” ရှီယူ သူမကို သတိပေးလေသည်။

“အင်း ဒီကိုရောက်လာချင်တဲ့သူတွေ အကုန်ရောက်ပြီထင်ပါတယ်” ရှီမာယူယူ ဆက်ပြောလိုက်သည် “ငါ ဘယ်လောက်ဆွဲဆောင်မှုရှိလဲဆိုတာကိုပဲ ပျော်ရမှာလား တစ်ညတည်းနဲ့ လူဆယ်ယောက်ကျော်ရောက်လာတာကို ကြည့်ရင်လေ”

“ကျွန်မက ကျွန်မထက်လှတဲ့သူကို အသိအမှတ်ပြုတာရှားတယ် ဒါပေမဲ့ ကျွန်မသာဆိုရင် ဒီလောက်လူအများကြီးလာမယ်မထင်ဘူး” ရှီယူ ပြောလိုက် သည်။

ထိုအသိအမှတ်ပြုမှုသည် ရှီမာယူယူသည် သူမထက်ပင်လှနေသည်ဟု အဓိပ္ပာယ်သက်ရောက်သည်။

သူမသည် လမ်းကိုတစ်ပတ်ပတ်လိုက်သည်နှင့် ထိုမျှလူများကို ဆွဲဆောင် နိုင်ခဲ့သည်။ သူမသာ တစ်စုံတစ်ရာလုပ်လိုက်ပါက မြို့တစ်ဝက်လောက်သည် ရူးသွားနိုင်သည်။

ဟူး နှစ်အစကတည်းက တဏှာစိတ်ရှိတဲ့သူတွေများလိုက်တာ။

“သခင်မလေး သူတို့ကိုဘယ်လိုဖြေရှင်းမှာလဲ” ဒိဝူ မေးခွန်းထုတ်လိုက် သည်။

“ခေါင်းဖြတ် ခေါင်းဖြတ်” ရှီယူသည် ပျော်ရွှင်စွာဖြင့် အော်လေသည်။

“…” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ ဒီကောင်မလေးက မနေ့က အပျော်ပြောခဲ့တာမဟုတ်ဘူးကိုး။ သို့သော် သူမသည် ခေါင်းဖြတ်ရမည် ကို စိတ်မဝင်စားပေ “ပန်းလေးကိုစားခိုင်းလိုက်”

“ပန်းလေးက ဘယ်သူလဲ” ရှီယူမေးလိုက်သည် “အသားစားခွေးလား”

“….”

“ခွေးကဒီမှာ” ရှီမာယူယူသည် ဒိဝူကိုညွှန်ပြလိုက်သည် “ဒါပေမဲ့ သူက လူသားတွေကိုမစားဘူး”

“ကျွန်တော်က ငရဲခွေးပါ ခွေးမဟုတ်ဘူး” ဒိဝူ အော်လေသည်။

“ငရဲခွေး အဲဒါက ခွေးပဲမဟုတ်ဘူးလား” ရှီယူသည် လုံးဝန်းသော မျက်လုံး များဖြင့် မျက်တောင်ခတ်လေသည်။

“….” ဒိဝူသည် ဆွံ့အသွားတော့သည်။ စကားလုံးချင်းတူရင်တောင် အဓိပ္ပာယ်ကွာခြားချက်တွေရှိတာပဲလေ ဟုတ်တယ်မလား။

ယောက်ျားလေးတွေက မိန်းကလေးတွေနဲ့ ရန်ပြိုင်မဖြစ်ဘူး။ သူ ဒီအတိုင်းပဲ ဆက်သောက်တော့မယ်။

“ဒါပေမဲ့ ပန်းလေးကဘယ်သူလဲ” ရှီယူသည် ငရဲခွေးနှင့် ခွေးကြားမှ ကွာခြားချက်ကို စိတ်မဝင်စားပေ။ သူမသည် အားကောင်းသော လူတစ်စုလုံး ကို စားမည့် ပန်းလေးဆိုသောသူကို ပိုစိတ်ဝင်စားနေသည်။

“ပန်းလေးက ငါ့ရဲ့စာချုပ်သားရဲပဲ” ရှီမာယူယူ ဆက်ပြောလိုက်သည် “ပန်းလေး ထွက်လာပြီးရှီယူနဲ့တွေ့လိုက်ဦး”

ပန်းလေးထွက်လာလေသည်။ သူမ၏ သေးသွယ်ကျစ်လစ်သော ခန္ဓာ ကိုယ်နှင့် ထူးခြားသော အသွင်အပြင်တို့သည် ရှီယူ၏ အာရုံကိုဖမ်းစားသွား သည်။

“ယူယူ အဲဒီလူကောင်သေးသေးလေးကို အဲလောက်အများကြီး စားခိုင်း မလို့လား၊ သူမ စားပို့နင့်ပြီး သေသွားမှာကိုမကြောက်ဘူးလား” ရှီယူ ထအော် လေသည်။

“ဟား”

ဒိဝူ ထပ်မံရယ်မောလေသည်။

“စားပို့နင့်..သေမယ်ဟုတ်လား ဟားဟား” သူသည် နှုတ်ခမ်းထောင့်မှ ကျန်နေသောဝိုင်ကိုသုတ်ပြီး ရယ်မောလိုက်သည် “သူမက ဒီလောက်လူ နည်းနည်းလေးနဲ့ ဘယ်လိုလုပ် စားပို့နင့်သေမှာလဲ၊ သူမကတော့ လူတစ်ရာ လောက်စားရင်တောင် စားပို့နင့်ပြီးမသေဘူး”

“ဘာလို့လဲ” ရှီယူသည် ပန်းလေးအား မသေချာသလိုကြည့်လိုက်သည်။

ဒီလောက် ကျစ်လျစ်တဲ့ ခန္ဓာကိုယ်နဲ့ကို ဘယ်လိုလုပ် ဒီလောက်လူအများ ကြီးကို စားနိုင်မှာလဲ။

“အဲလူတွေက သန်မာတယ်လေ ပန်းလေးကတကယ်ပဲ စားနိုင်ပါ့မလား” မူစစ်သည် စိုးရိမ်စွာမေးလိုက်သည်။

ထိုလူများ၏ အင်အားသည် ကျန်းရှု၏အစောင့်များထက်ပင် မြင့်နေ သည်။ ထို့ကြောင့် သူတို့ ခုခံလျှင်စားရန်ခက်သွားမည်။

“သူတို့ကို ဒီအတိုင်းစားဖို့တော့ ခက်မှာပဲ” ရှီမာယူယူ ဆက်ပြောလေ သည် “ဒါပေမဲ့ မူမူလေး၊ အလုပ်မဖြစ်ရင် အမြဲတမ်း အကြံဆိုတာကြံတတ်ရ မယ် နားလည်လား”

“စိတ်ထဲမှာ ဘာအကြံရှိတာလဲ” ရှီယူ မေးလိုက်သည်။

“ရှင်းပါတယ်” ရှီမာယူယူသည် ပြောရင်းနှင့် ပုလင်းတစ်လုံးထုတ်လိုက် သည် “မကြာခင် မိုးလင်းတော့မယ် ငါတို့အမြန်လုပ်ရမယ်”

သူမသည် တည်ဆောက်မှုအတွင်းသို့ ပုလင်းပစ်ထည့်လိုက်သည်။ ထိုလူ များသည် ပုလင်းကိုမြင်သောအခါ အလိုလိုကြည့်မိကြလေသည်။

“အနံ့ကကောင်း.. အဲဒါဘာလဲ”

“ကောင်းတဲ့ဟာလေးလေ” ရှီမာယူယူ ဆက်ပြောလေသည် “မင်းတို့ကို စားလို့လွယ်မယ့်ဟာလေးလေ”

“ဝါး အဆိပ်ပဲ” ရှီယူ အော်လိုက်သည် “သူတို့ မခုခံနိုင်တဲ့ အဆိပ်ပဲ ဒီအကြံ ကကောင်းလိုက်တာ သစ္စာမဲ့ပြီး ရက်စက်တယ်”

ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ သစ္စာမဲ့ပြီး ရက်စက်တယ်ဆို တာဘာအဓိပ္ပာယ်လဲ။

“ဒါပေမဲ့ သူတို့က ဒီလောက်အားကောင်းတာ သူတို့ကိုအဆိပ်ခတ်ချင်ရင် အဆိပ်က အရမ်းအားကောင်းမှဖြစ်မယ်” ရှီယူ သူမကို သတိပေးလေသည်။

“အဲဒါက ပြဿနာမဟုတ်ပါဘူး” ရှီမာယူယူသည် ယုံကြည်ချက်အပြည့် ဖြင့် ပြောလေသည်။

လျင်မြန်စွာပင် တည်ဆောက်မှုထဲမှလူများသည် သူမကို မယုံကြည်နိုင် စွာကြည့်ပြီး တစ်ယောက်ပြီးတစ်ယောက် သတိမေ့သွားတော့လေသည်။

“ပန်းလေး စားလိုက် လူလာနေတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်ပြီ” ပန်းလေးခေါင်းညိတ်ပြီး သူမလက်ကိုဆန့်ထုတ်လိုက်ရာ အင်္ကျီလက်မှ နွယ်ပင်နှစ်ပင်ထွက်လာသည်။ ထိုမှတစ်ဆင့် နွယ်ပင် ၁၀ခက် ထွက်လာပြီး လူသားအရပ်တစ်ရပ်စာမြင့်သော ပန်းများသည် နွယ်တစ်ခက်ဆီ မှ ပွင့်လာသည်။

“အသားစားပန်းဘုရင်” ဟော်ပိုသည် ချက်ချင်းပင် ပန်းလေးကို မှတ်မိ လေသည်။

ပြီးသည်နှင့် ရှီမာယူယူသည် တည်ဆောက်မှုကိုဖယ်လိုက်ရာ စက္ကန့်ပိုင်း အတွင်းတွင် ပန်းလေးသည် ပန်းတစ်ပွင့်လျှင် လူတစ်ယောက်စားပြီး နွယ်ပင် များကိုသိမ်းလိုက်သည်။

ရှီမာယူယူသည် စကားပြောနေရင်းနှင့် အဆိပ်ဖြေဆေးပေးပြီးသဖြင့် သူတို့သည် အဆင်ပြေနေသည်။ ဟော်ပိုသည် အသားစားပန်းဘုရင်ကိုမြင်ပြီး အလွန်အံ့ဩနေပြီး ရှီယူသည် ထိတ်လန့်တကြားထခုန်ကာ ပန်းလေးကို ဖက်ပြီးပြောလေသည် “မင်းက အသားစားပန်းဘုရင်ဖြစ်နေတာကိုး၊ ငါ စာအုပ် တွေထဲမှာပဲမြင်ဖူးတာ ဒီနေ့မြင်ရလိမ့်မယ်လို့ ထင်မထားဘူး”

ပန်းလေးတစ်ချက်စဉ်းစားလိုက်သည်နှင့် နွယ်ပင်များသည် သူမလက်ထဲ သို့ပြန်ဝင်သွားလေသည်။

“ဒီမှာ ဒီမှာ မလောပါနဲ့ ငါမင်းရဲ့ နွယ်ပင်တွေကို ကြည့်ပါရစေဦး” ရှီယူသည် ပန်းလေး၏ လက်ကိုကိုင်ပြီးပြောလေသည်။

ပန်းလေးသည် ရှီယူ၏ တက်ကြွနေမှုကြောင့် လန့်သွားပြီး ရှီမာယူယူ ဘေးတွင်သွားပုန်းလေသည်။

“ငါ့ကိုကြောက်တာလား” ရှီယူသည် အံ့ဩသွားသည်။

“သူမ မကြောက်ပါဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ဒီအတိုင်းပဲ ပန်းလေးက အပြင်လူတွေ ထိတာကိုအသားမကျသေးလို့ပါ၊ သူမက မရည်ရွယ် ဘဲမင်းကို ထိခိုက်မိသွားမှာကြောက်လို့ပါ”

“အာ.. အဲတော့ မင်းပြောတာက သူမက ကျွန်မကိုမကြောက်ဘဲနဲ့ အထင်သေးတာပေါ့” ရှီယူသည် လက်မှိုင်ချကာ ပြောလေသည်။

“ဟင်း ဟင်း” အဲလိုပဲမှတ်ယူလို့ရတာပေါ့။ ရှီမာယူယူသည် စိတ်ထဲမှ ဆက်ပြောနေမိသည်။ သူမသည် တည်ဆောက်မှုကျောက်တုံးများကို သိမ်း လိုက်သည်နှင့် ခြံဝန်းသည် မူလပုံစံအတိုင်းပြန်ဖြစ်သွားလေသည်။

“အိုး တစ်ညတော့ ဒီလိုပဲကုန်သွားပြီ” ရှီယူ အကြောဆန့်လေသည် “မင်း ဒီလောက်လွယ်လွယ်နဲ့ ဖြေရှင်းလိုက်မယ်လို့ ထင်မထားဘူး၊ ဒီနေ့ညတော့ တိုက်ပွဲအကြီးကြီးဖြစ်ပြီထင်နေတာ”

“မင်းကြည့်ရတာ ပျင်းနေသလိုပဲ” ရှီမာယူယူ ပြောလိုက်သည်။

“အဲလိုတော့မဟုတ်ပါဘူး” ရှီယူ ပြုံးလိုက်သည် “သူတို့ စော်ကားမယ့် အကြောင်းပြောတာ မကြားရင် သူတို့နောက်လိုက်မလာပါဘူး၊ အဲလိုဆိုရင် အရသာရှိတဲ့ အသားကင်နဲ့ အသီးဝိုင်ကိုစားရမှာလည်းမဟုတ်ဘူး”

“….”

“သခင်မလေးရှီယူ” ကျန်းဖန့်သည် လူတချို့ခေါ်လာပြီး ခြံဝန်းအား မသိမသာအကဲခတ်ကြည့်လေသည်။ သို့သော် မည်သည့်သွေးကွက်ကိုမှမမြင်ရ ပေ။ “သခင်မလေးကို မတော်မတရားကြံတဲ့သူရှိတယ်လို့ကြားတယ် အဆင်ပြေရဲ့လား”

ရှီမာယူယူ ရင်များကဆုန်ပေါက်သွားသည်။ မဖြစ်တော့ဘူး သူမ ပေါ်သွား တော့မယ်။

***

All Chapters