← Chapters

ကျွန်မက သူ့အစ်မပါ

Vol. 95 Ch. 1324

ကျွန်မက သူ့အစ်မပါ

Vol. 95 Ch. 1324

အစောပိုင်းလာသည့် လူများသည် ရှီမာယူယူနှင့်အဖွဲ့အတွက် မည်သည့် ထင်မြင်ချက်မှမရှိခဲ့ပေ။ သို့သော် သည်တစ်ကြိမ်တွင်တော့ ထိုသို့မဟုတ်ပေ။ အကြောင်းမှာ တစ်ဖက်မှရှီယူ စကားပြောလိုက်သည်နှင့် သူမ၏ ဇစ်မြစ်မှာ ပေါ်သွားနိုင်သည်။

ဒိဝူနှင့် မူစစ်တို့သည် အနောက်မှ စိတ်လှုပ်ရှားစွာဖြင့် ရှီယူကို ကြည့်မိကြ ကာ သူမ ပါးစပ်မဟမိအောင် ဆိုတောင်းမိလေသည်။

“မိန်းကလေးရှီယူ အဆင်ပြေရဲ့လား” ကျန်းဖန့်သည် ရှီမာယူယူကို မေးလိုက်သည်။

ရှီမာယူယူသည် ရှီယူကို ငဲ့ကြည့်လိုက်သည်။ သူမ မျက်လုံးများသည် အံ့ဩမှုများဖြစ်နေသော်လည်း ဘာစကားမှမပြောသဖြင့် တော်သေးသည်။

“အဆင်ပြေပါတယ် ကျွန်မ မနေ့ညက ခြင်တွေကြောင့် မအိပ်လိုက်ရတာ ပဲရှိတာပါ” သူမသည် ကျန်းဖန့်ဘက်သို့လှည့်လိုက်သည်။ “ဒီကိုဘာလို့လာတာ လဲ”

“လူတချို့က သခင်မလေးကို စော်ကားဖို့ရည်ရွယ်ချက်ရှိနေတယ်လို့ ဒီမနက်အစောက သတင်းရလိုက်လို့၊ သခင်မလေး လုံခြုံရေးကို စိုးရိမ်လို့ လာကြည့်တာ အဆင်ပြေတယ်ဆိုလို့ တော်ပါသေးတဘ်” ကျန်းဖန့် ပြန်ဖြေ လေသည် “ဒါက”

“သူမက…”

“ကျွန်မက သူမရဲ့အစ်မ ရှီချင်းပါ” ရှီယူသည် အရင်မိတ်ဆက်လေသည် “ကျွန်မ ညီမလေးက တောင်ပိုင်းမြို့ကိုလာတဲ့သတင်းရလို့ သူမကိုလာရှာတာ”

“အဲတော့ မိန်းကလေးကလည်း ရှိမိသားစုက သခင်မလေးပဲပေါ့ တွေ့ရ တာဝမ်းသာပါတယ်” ကျန်းဖန့် ပြောလိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်” ရှီယူ ပြန်ဖြေလေသည် “ညီမလေး နင့်ကို ကာကွယ်ဖို့ လူပိုခေါ်သွားဖို့လိုတယ်လို့အဖေပြောတယ်၊ နင့်စိတ်တိုင်းကျလုပ် လို့မရဘူး အဖေ့ဆန္ဒကိုမငြင်းဘူးမလား”

ရှီမာယူယူ၏ နှုတ်ခမ်းမှာ တွန့်သွားလေသည်။ ဒါက အကြီးပုံစံလာဖမ်း နေတာလား။

သူမသည် ဟော်ပိုကိုကြည့်လိုက်သည်။ မင်းရဲ့သခင်မလေးကို မထိန်း တော့ဘူးလား။

သို့သော် ဟော်ပိုသည် အိပ်ချင်ယောင်ဆောင်သလိုနှင့် မျက်စိကိုမှေးထား လေသည်။ သူရဲ့သခင်မလေးက ဆော့ရတာကြိုက်တာပဲ။ အန္တရာယ်ရှိတာက လွဲပြီး သူမလုပ်ချင်တာလုပ်တာကို သူဂရုစိုက်မှာမဟုတ်ဘူး။

အဲဒါကြောင့်ပဲ ဒီလောက်လူအများကြီးထဲကမှာ သခင်မလေးက သူ တစ်ယောက်တည်းကိုပဲ ခေါ်လာတာလေ။

“ညီမလေး နင် ငါ့နောက်ကိုမလိုက်ဘဲ ငါ့ကိုနှင်လွှတ်ရင် နောက်တစ်ခါ အဖေလာလိမ့်မယ်၊ ဘာလဲ အဖေက နင့်ကိုပြန်ခေါ်တာလိုချင်လို့လား” ရှီယူ သည် ရှီမာယူယူကို မျက်စိမှိတ်ပြလေသည်။

ရှီမာယူယူသည် သွားကြိတ်လိုက်သည်။ ဒါကတော့ ခြိမ်းခြောက်တာ သေချာနေတာပဲ။

သို့သော် ကျန်းဖန့်ရှိနေသဖြင့် သူမကိုငြင်းမရပေ။ သူမ ခေါင်းညိတ်လိုက် သည် “နင်နေချင်ရင်နေလေ”

“အပြင်မှာ လူဆိုးတွေများတယ် ဒီမှာငါနဲ့ဆိုရင် နင်ပိုပြီးလုံခြုံမှာ” ရှီယူ ထောက်ပြလေသည်။

ကျန်းဖန့်သည် မနေ့ညကကိစ္စကို သူမတွေးနေသည်ဟု ထင်လိုက်သည်။ သူတို့ မည်မျှသိထားသည်ကို သူ မသေချာပေ။

“သခင်မလေးရှီ သခင်လေးကျန်းရှုကိုသတ်တဲ့ကိစ္စအတွက် စုံစမ်းရမှာ မို့လို့ သွားခွင့်ပြုပါဦး”

ထို့နောက်တွင် သူသည် အားလုံးကိုလက်အုပ်ချီပြီးနောက် သူ့လူများကို ဦးဆောင်ပြီးထွက်သွားလေသည်။

သူတို့အဝေးသို့ရောက်သောအခါ ကျန်းဖန့်ရပ့်လိုက်သည်။ သူသည် မူစစ်၏ အခန်းကိုပြန်ကြည့်လိုက်သည်။

“ခေါင်းဆောင် မနေ့ညက ဝင်သွားတဲ့လူတွေ တစ်ယောက်မှ ထွက်မလာ ကြဘူး” သူ့ဘေးမှအစောင့်တစ်ယောက်သည် ရေရွတ်လိုက်သည် “ပြီးတော့ ဘာလှုပ်ရှားမှုမှလည်းမတွေ့ဘူး ဝင်သွားတော့ သွေးစွန်းထားတာလည်းမရှိဘူး”

“ကျွမ်းကျင်သူတွေကို တိတ်တဆိတ် နေရာချထားတာဖြစ်မယ်၊ ကြည့်ရ တာဒီနေရာကို ကျွမ်းကျင်သူတွေ ကာကွယ်ထားတဲ့ပုံပဲ” ကျန်းဖန့် မှတ်ချက်ပေး လေသည်။

သူတို့သည် မနေ့ညက နှာဘူးလူတစ်စု ရှီမာယူယူတို့အား သွားတိုက်ခိုက် မည်ဟု အမှတ်တမဲ့ကြားသိခဲ့သည်။ သူတို့သည် ထိုအခွင့်အရေးကိုအသုံးချကာ ရှီမာယူယူကို ကျွမ်းကျင်သူများမှ ကာကွယ်ထားခြင်းရှိမရှိကို သိချင်နေသည်။

ပြီးနောက်တွင် သူတို့သည် သူမအပေါ်တွင် သံသယရှိနေတုန်းပင်ဖြစ် သည်။

သို့သော် ရှီမာယူယူသည် သူတို့ကိုသတ်ရန် တည်ဆောက်မှုနှင့် အဆိပ်ကို သာ သုံးမည်ဟု သူတို့ထင်မထားကြပေ။ ပုန်းကွယ်နေသည့် အစောင့်ဆိုသည် မှာလည်းရှိမနေပေ။

ကျွမ်းကျင်သူ အများအပြားသည် တိတ်တဆိတ်ပင် ပျောက်ကွယ်သွားခဲ့ သည်။ ထို့ကြောင့် ပညာရှင်ကျွမ်းကျင်သူများကို သွားရှုပ်၍မရပေ။ အထူးသဖြင့် တည်ဆောက်မှုခင်နှင့် အဆိပ်သခင်များသည် တိုက်ခိုက်နိုင်ကြသည်။

ရလဒ်မှာ သူတို့ထင်ထားသည်နှင့် ဆင်တူနေသဖြင့် ထိုနေရာတွင် အားကုန်ခံရန်မလိုပေ။

“သွားကြမယ်”

သူသည် သူ့လူများကိုခေါ်သွားလေသည်။ သူသည် ရှီမာယူယူကို စမ်းသပ် မည့်အကြံကို အမှန်တကယ် လက်လွှတ်လိုက်လေပြီ။

ခြံဝန်းထဲတွင် ကျန်းဖန့်တို့အဖွဲ့ထွက်သွားသည်နှင့် ရှီယူသည် ရှီမာယူယူ အား နှစ်ကြိမ်မျှပတ်လိုက်သည် “အဲဒါကြောင့် မနေ့ညက ငါ့နာမည်ကြားတော့ မင်းတို့က အဲလောက်ထူးဆန်းနေတာကိုး၊ မင်းက ငါ့ဟန်ဆောင်ထားတယ် မြန်မြန်ပြောဦး ဘာတွေဖြစ်ခဲ့တာလဲ”

“တကယ်တော့ တိုက်ဆိုင်သွားတာပါ” ရှီမာယူယူ ပခုံးတွန့်လိုက်သည် “ကျန်းဖန့်က လူတွေဒီကိုခေါ်လာတော့ ငါက မူစစ်နဲ့ရှိတာကိုတွေ့သွားတယ်၊ မူစစ်က ကျန်းရှုအသတ်ခံရတာနဲ့ ဆက်နွယ်နေတော့ သူက ငါ့ကိုမေးခွန်းမေး တယ်၊ မြောက်ပိုင်းမြို့က တောင်ပိုင်းမြို့နဲ့ဝေးတယ်လို့တွေးလိုက်တယ်၊ ငါက ဒီအတိုင်း သာမန်ကာလျှံကာပဲ ဆော့ဖို့ထွက်လာတဲ့ မြောက်ပိုင်းမြို့က ရှီမိသားစုကပါလို့ဖြေခဲ့တယ်၊ ဘယ်သူထင်မိမလဲ မြောက်ပိုင်းမြို့မှာ တကယ်ပဲ ရှီမိသားစုရှိတဲ့အပြင် လည်ပတ်ဖို့ထွက်လာတဲ့ ရှီမိသားစုက သခင်မလေးရှိနေ တယ်၊ မထင်မှတ်ထားလောက်အောင်ပဲ မင်းက တကယ်ဒီကိုရောက်ချလာ တယ်”

ရှီယူ မှင်တက်သွားလေသည်။ ပြီးနောက်တွင် ရယ်ကွဲတော့လေသည်။

“ဟားဟားဟား… ဘုရားရေ တကယ်ပဲ အဲလိုတိုက်ဆိုင်တာရှိသေးတာ လား အဲလိုဖြစ်ဖို့က အခွင့်အရေးနည်းလွန်းတယ်”

“ငါလည်း မဖြစ်နိုင်ဘူးလို့တွေးတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အခုပဲဖြစ်သွားတယ်မဟုတ်ဘူးလား”

သူမသည် စိတ်ထဲမှ သက်ပြင်းချမိသည်။ သူမသာ ရှီယူနာမည်နှင့် ကမ္ဘာကြီးကို ကိုင်လှုပ်မည့်တစ်စုံတရာကိုသာလုပ်လိုက်ပါက ထိုလူသည် သူမ ကိုလာရှာပေမည်။ အဆင်ပြေမည်ဟု သူမတွေးခဲ့လိမ့်မည်။ သို့သော် တစ်ယောက်နှင့် တစ်ယောက် ထိပ်တိုက်တွေ့သည့်ကိစ္စမှတော့ ရှားပါးသည်။

“ဒါပေမဲ့ မြောက်ပိုင်းမြို့မှာ တကယ်ပဲရှီမိသားစုရှိလိမ့်မယ်လို့ ထင်မထား ဘူး၊ ရှီမိသားစုမှာ နှိမ့်ချနေတတ်ပြီး ကစားမက်တဲ့သခင်မလေးရှိမယ်လို့ ပိုတောင် ထင်မထားသေးတယ်” သူမ ထပ်ပြောလိုက်သည်။

“မင်းရဲ့နာမည်ရဲ့ ပထမဆုံးနဲ့နောက်ဆုံး စာလုံးကိုသုံးလိုက်တော့ ငါ့ နာမည်ဖြစ်သွားတယ်” ရှီယူသည် ရှီမာယူယူ သူမအဖြစ်ဟန်ဆောင်သည်ကို ဒေါသမထွက်ပြ‌ပေ “ဒါပေမဲ့ ဘာလို့ မင်းနာမည်နဲ့မလုပ်တာလဲ၊ မကောင်းတဲ့ လျှို့ဝှက်ချက်များရှိလို့လား”

“ငါ့မှာက လျှို့ဝှက်ချက်အများကြီးရှိတယ်” ရှီမာယူယူ ပြန်ချေပလေ သည်။

“တကယ်လား၊ ငါက သူများရဲ့လျှို့ဝှက်ချက်ကို တူးရတာ တကယ်ကြိုက် တာ” ရှီယူ ပြန်ဖြေလိုက်သည် “မူမူလေး ဒီမှာအခန်းရှိသေးလား”

“မင်းတကယ်ပဲ နေချင်တာတော့မဟုတ်ဘူးမလား” ရှီမာယူယူ မေးလိုက် သည်။

“ငါတို့ သဘောတူပြီးပြီမဟုတ်ဘူးလား ဘယ်အချိန်ဖြစ်ဖြစ်လို့ပြောတယ် လေ” ရှီယူ၏ မျက်နှာထားမှာ နောင်တရနေပြီလားဟူသည့် အမေးနှင့်ဖြစ် သည်။

“ဒါပေမဲ့ ငါတို့ကအခုမှတွေ့ကြတာလေ၊ ငါက လူဆိုးဖြစ်နေမှာကို မကြောက်ဘူးလား ငါကမကောင်းတာတွေလုပ်ပြီးတော့ မင်းနဲ့ဆက်နွယ်သွား မှာကို မကြောက်ဘူးလား” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်လား မင်းက မကောင်းတာတွေလုပ်တော့မှာလား” ရှီယူသည် သူမ အား တောက်ပသောမျက်လုံးများဖြင့် စိုက်ကြည့်လေသည်။

သူမသည် စိုးရိမ်မှုမရှိ ကြောက်ရွံ့ခြင်းမရှိသည်ကို ရှီမာယူယူ မြင်လိုက် သည်။ သို့သော် ပျော်ရွှင်သွားကာ အလိုလိုမေးလိုက်မိသည် “မင်းဘာလုပ်ချင် လို့လဲ”

“ဘာမှမဟုတ်ဘူး ဒီအတိုင်းမေးကြည့်တာ” ရှီယူသည် ရှေ့တိုးကာ ရှီမာယူယူ၏ ပခုံးပေါ်လက်တင်လိုက်သည်။ သူမသည် သွားဖြဲပြပြီး “ယူယူ မင်းက ငါ့အကြိုက်ဆိုတာ သိလိုက်ပြီ၊ ငါက လျှို့ဝှက်ချက်တွေအများကြီးနဲ့ မကောင်းတာလုပ်တဲ့သူကိုကြိုက်တယ်”

“ငါက ဘယ်သူလဲ၊ ဘာလုပ်တဲ့သူလဲဆိုတာတောင် မင်းမသိဘူး ငါက မင်းကို ထိခိုက်အောင်လုပ်မှာကို မကြောက်ဘူးလား” ရှီမာယူယူ မေးခွန်းထုတ် လိုက်သည်။

“မကြောက်ပါဘူး ပျော်တောင်ပျော်သေးတယ်” ရှီယူသည် စိတ်ထဲမရှိကာ ပျော်ပင်ပျော်နေလိုက်သေးသည်။

ရှီမာယူယူသည် ရှီယူအား ဖျောင်းဖျနိုင်မလားဟူသည့် မျှော်လင့်ချက်နှင့် ဟော်ပိုဆီသို့အကြည့်လွှဲလိုက်သည်။ သို့သော် ထိုလူအိုကြီးသည် မည်သည့် ငြင်းဆန်မှုမှမရှိဘဲ ကြည့်ရုံသာကြည့်နေလေသည်။

ဘယ်လိုပဲဖြစ်ဖြစ် သခင်မလေးက ကစားရတာကြိုက်တာပဲ သူက ထောက်ပံ့ပေးရမှာပေါ့။

“ဒီလိုမလုပ်ပါနဲ့ ငါ့ကိုပါခေါ်သွားရင် တကယ်ကောင်းမှာ” ရှီယူသည် ခိုင်မာနလေသည် “တစ်ခုခုလွဲတာရှိရင် ကိုင်ထားဖို့အတွက် ရှီမိသားစုလို သစ်ပင်ကြီးရှိတယ်လေ”

“ငါလည်း အဲလိုတွေးချင်ပါတယ် ဒါပေမဲ့ အဲဒီသစ်ပင်ကြီးကို ငါ မကိုင်နိုင် မှာစိုးတယ်၊ အဲအစား ငါ ခွေးကျဝက်ကျကျသွားလိမ့်မယ်” ရှီမာယူယူသည် သူမ၏ အတွေးကို ပွင့်လင်းစွာပြောပြလိုက်တော့သည်။

***

All Chapters