မျက်နှာချင်းဆိုင် စကားပြောခြင်း
Vol. 95 Ch. 1326
ဟော်ပိုရှိနေခြင်းကြောင့် ရှီမာယူယူသည် သူတို့ကို မဆက်သွယ်လိုက် ပေ။ သူမသည် မူစစ်အိမ်သို့ပြန်သွားလိုက်သည်။
ရှီယူသည် တားမြစ်ဧရိယာကို များစွာစိတ်ဝင်စားနေသော်လည်း ဖိအား မပေးပေ။ သူမသည် ရက်အနည်းငယ်စောင့်ရန်သာ လိုလေသည်။
သူတို့ပြန်လာချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။ မူစစ်သည် မီးထွန်းပြီး သူတို့ကိုစောင့်နေလေသည်။
“ဘာလို့ နိုးနေတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“မိန်းကလေးတို့ကိုစောင့်နေတာ” မူစစ် ပြန်ဖြေလေသည်။
“စားပြီးပြီလား”
“ကျွန်တော် အပြင်ထွက်ပြီး စားစရာဝယ်လာတယ်” မူစစ် ပြောလိုက် သည်။ သူမ လက်ရာကိုစားပြီးနောက်တွင် အပြင်မှ စားစရာများမှာ ဆိုးဝါးလှ သည်ဟုတော့ သူထည့်မပြောတော့ပေ။
သို့သော် သူသည် ကောင်းစားပြီးနောက် အခက်အခဲများကို မေ့တတ် သည့် လူမျိုးတော့မဟုတ်ပေ။ ပေါက်စီအဖြူများသည် ပေါ့သော်လည်း သူ စားနိုင်သေးသည်။
“ဒါဆိုလည်း သွားနားတာပေါ့” ရှီမာယူယူ မေးလိုက်သည်။
“လည်ပတ်တာဘယ်လိုနေလဲ” မူစစ်သည် သူမကို ဦးစွာမေးခဲသည်။ ဆိုလိုသည်မှာ ပြီးခဲ့သည့်နှစ်ရက်တွင် သူမကို လက်ခံလာပြီဟု ဆိုလိုခြင်းဖြစ် သည်။
“အဆင်ပြေပါတယ် ငါ နည်းနည်းပင်ပန်းနေပြီ သွားနားတော့မယ်” သူမ သည် အခန်းထဲသို့ အရင်ဝင်သွားလိုက်သည်။
ရှီယူမဝင်ခင်တွင် သူမသည် လောကအသေးထဲမှ တစ်ယောက်နှင့် ဆက်သွယ်လိုက်သည်။
“လက်ထောက်လေး ဘာလဲ”
“အစ်မယူယူ တစ်ယောက်ယောက်နဲ့တွေ့တာ မဟုတ်ရင် တစ်နေရာရာ ကိုသွားခဲ့တာလား” လက်ထောက်လေး မေးလိုက်သည်။
“အင်း ဘာလို့လဲ”
“ဒီနေ့ အာရုံရနေတယ်၊ မိန်းကလေးရဲ့ အဖေရောင်ဝါနဲ့တူတယ်” လက်ထောက်လေး ပြန်ဖြေလေသည် “မိန်းကလေး အဖေနဲ့ ဆိုင်တဲ့နေရာ ဖြစ်ဖြစ် မဟုတ်ရင် ဆက်နွယ်တဲ့လူနဲ့တွေ့ခဲ့လို့ဖြစ်မယ်၊ အဲလူက မူစစ်လိုပဲ မိန်းကလေးအဖေကို သက်ရောက်မှုရှိလိမ့်မယ်”
“မင်းပြောတာ… ရှီယူလား” ရှီမာယူယူ မေးလိုက်သည်။
“သူမ နာမည်ကိုတော့မသိဘူး၊ ဒါပေမဲ့ ဒီနေ့ မိန်းကလေးအဖေနဲ့ ပတ်သတ်တာတစ်ခုခုတော့ရှိနေပြီ” လက်ထောက်လေး ပြန်ဖြေလေသည်။
“အကြီးဆုံးသခင်မလေးကိုတော့ ငါမသိဘူး၊ ဒီနေ့ထူးခြားတဲ့ နေရာတစ်ခု ကိုသွားခဲ့တယ် တားမြစ်ဧရိယာပဲ” ရှီမာယူယူ ပြောလိုက်သည် “တားမြစ် ဧရိယာက အမြဲတမ်းအဲနေရာမှာပဲရှိနေတာလေ၊ အဖေက အဲဒါနဲ့တော့ ပတ်သတ်မှုမရှိလောက်ဘူးမလား၊ ရှီယူများဖြစ်မလား”
အဲတော့ သူမ တကယ်ပဲရှီယူကို သူမဘေးမှာထားထားရမှာလား။
“ဖြစ်နိုင်ချေများတယ်” လက်ထောက်လေး ပြောလိုက်သည် “ကံမကောင်းစွာနဲ့ပဲ ကျွန်တော်က ဆရာလောက်မတော်သေးလို့ မဟုတ်ရင် အဲဒါဘာလဲဆိုတာ သေချာသိမှာပဲ”
“မင်း အခုကိုတော်နေပါပြီ ကျေးဇူးပါပဲ” ရှီမာယူယူသည် ကျေးဇူးတင်စွာ ဖြင့် ပြောလိုက်သည်။
“ဒါနဲ့ အစ်မယူယူ ဝူလင်းယူရဲ့ အခြေအနေက နည်းနည်းဆိုးနေတယ် သူက မိန်းကလေးကိုမပြောခိုင်းဘူး ဒါပေမဲ့ သိထားတာပိုကောင်းမယ်ထင် တယ်”
“သူဘာဖြစ်တာလဲ” ရှီမာယူယူသည် ရုတ်တရက် စိတ်လှုပ်ရှားလာသည်။
“သူ့ စွမ်းအား ပျောက်လာတာကိုခံစားမိတယ်” လက်ထောက်လေး ပြန် ဖြေလေသည်။
“သူ့ကျန်းမာရေးက ဘယ်လိုလဲ”
“ကောင်းပါတယ်” လက်ထောက်လေး ပြန်ဖြေလေသည်။
ရှီမာယူယူ စိတ်သက်သာရာ ရစွာသက်ပြင်းချလိုက်သည်။ “အိုကေ သိပြီ ကျေးဇူးတင်ပါတယ် လက်ထောက်လေး”
“ယူယူ အပြင်မှာ အဆင်ပြေရဲ့လား ငါတို့ကိုဘယ်တော့ထွက်ခွင့်ပေးမှာ လဲ” ရှီမာလျူဖန် မေးလိုက်သည်။
“ဦးလေးလျူဖန် ဦးလေးက အမှောင်ဝိညာဉ်သခင်မဟုတ်ဘူး၊ ဦးလေး ပေါ်လာရင် အရမ်းသတိထားစရာဖြစ်လိမ့်မယ်၊ အခု သမီးက အဖေ့ကိစ္စကို စုံစမ်းနေတာ၊ အဖေ့ကိုရှာတွေ့တာနဲ့ ထုတ်ပေးမယ်နော၊ အိုကေ ရှီယူ ဝင်လာ ပြီ၊ ဒီမှာပဲ အပြီးသတ်လိုက်မယ်” ရှီမာယူယူသည် ဆက်သွယ်ချက်ဖြတ်လိုက်ပြီး ပြန်မဖြေတော့ပေ။
ရှီယူဝင်လာချိန်တွင် ရှီမာယူယူ မျက်လုံးပွင့်လျက်သားရှိသည်ကို တွေ့ လိုက်ရသည် “ငါ မင်းကိုနှောင့်ယှက်မိသွားလား”
“မနှောင့်ယှက်မိပါဘူး၊ နည်းနည်းပင်ပန်းသွားလို့ အသက်ရှုလေ့ကျင့်ခန်း လုပ်နေတာ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“အမှန်ပဲ မင်း မနေ့ညက တစ်ညလုံးမအိပ်လိုက်ရဘူး ပြီးတော့ တစ်နေကုန် အပြင်ထွက်လိုက်ရသေးတယ်” ရှီယူသည် လက်ဝှေ့ယမ်းလိုက် သည်နှင့် နံရံဘေး၊ ရှီမာယူယူအိပ်ရာ၏ မျက်နှာချင်းဆိုင်တွင် အိပ်ရာတစ်ခု ပေါ်လာလေသည်။
ကံကောင်းစွာပင် အခန်းမှာကြီးမားသည်။ ရှီမာယူယူ၏ အိပ်ရာကလွဲပြီး ဘာမှလည်းမရှိပေ။ မဟုတ်လျှင် အိပ်ရာနှစ်ခုချရန် မဖြစ်နိုင်ပေ။
ရှီယူသည် ဆေးကြောပြီးသည်နှင့် အိပ်ရာပေါ်တက်လိုက်သည်။ သူမသည် ဘေးစောင်းလှဲပြီး မကျေနပ်စွာဖြင့် ကြည့်လေသည်။
“ဒီလိုမျိုး လူတွေအကုန်စုဖို့က မလွယ်ဘူးနော်” ရှီမာယူယူသည် ခြေထောက်ချိတ်ထားပြီး လက်နှစ်ဖက်ကို ဒူးပေါ်တွင် တင်ထားသည်။
ရှီယူသည် ဘေးစောင်းလိုက်ကာ လက်ထောက်ပြီး ခေါင်းကိုတင်ထား လိုက်သည် “ငါက စည်းကမ်းမရှိတဲ့ပုံပေါက်တယ်လို့ ငါ့အဖေပြောတယ်၊ ဒါပေမဲ့ အမေက ငါ့ကိုမွေးပြီးတာနဲ့ ဆုံးသွားခဲ့တယ်၊ သူများတွေအကုန်လုံး သားတွေရှိ တဲ့အချိန်မှာ ငါက တစ်ဦးတည်းသောသမီးပေါ့၊ အဲဒါကြောင့် ငါ့ကို တန်ဖိုးထား ပြီး ဆက်ဆံကြတယ်၊ ဘာစောဒကမှမရှိခဲ့ဘူး”
“ဒါဆိုရင် မင်းပျော်ရမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဘယ်လိုသိလဲ”
“မင်းက နည်းနည်း… မင်းမျက်လုံးတွေက အမြဲတမ်းပျော်နေပုံပေါက် တယ်လေ၊ ဝမ်းနည်းမှုလုံးဝမရှိဘူး ဆိုလိုတာက မင်းက အရမ်းပျော်နေရတယ် ဆိုတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ငါ့မှာလည်း အစ်ကိုတွေအများကြီးရှိ တယ်၊ အဲဒါကြောင့် အငယ်ဆုံးကဘယ်လိုလဲ ညီမလေးတစ်ယောက်တည်းရှိ တာက ဘယ်လိုလဲဆိုတာကို ငါသိတယ်”
“ဟုတ်လား” ရှီယူသည် မျက်တောင်ခတ်လိုက်သည် “ဒါဆိုရင် မင်း အစ်ကိုတွေက ဘယ်မှာလဲ၊ ဘာလို့ သူတို့ကအတူမရှိတာလဲ”
“သူတို့က ဒီမှာမရှိဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“ဪ ဟုတ်သားပဲ မင်းက တစ္ဆေမြို့ကလူမဟုတ်ဘူးနော်”
“ဟင်” ရှီမာယူယူ မျက်ခုံးများကို ပင့်လိုက်သည်။ သူမ ရုတ်တရက်ကြီး ဘာလို့ ဒါကိုပြောတာလဲ။
“ဒီနေ့ ငါတို့ တားမြစ်ဧရိယာကိုသွားတော့ တားမြစ်ဧရိယာနဲ့ တစ္ဆေ မြို့တော်က မင်းနဲ့ ဘာမှမဆိုင်ဘူးလို့ ပြောခဲ့တယ်လေ၊ မင်းက အဲဒါတွေကို စိုးရိမ်မှုမရှိဘူး၊ အဲဒါကြောင့် မင်းက သေချာပေါက် တစ္ဆေမြို့တော်က မဟုတ် ဘူးပဲ” ရှီယူသည် တိကျစွာပြောလေသည်။ “ပြီးတော့ မင်းက နာမည်အစား သုံး ပြီးတော့ တခြားသူအဖြစ် ဟန်ဆောင်တယ်၊ ဆိုလိုတာက မင်းက အခုမှဒီကို ရောက်တာပဲ၊ မင်း ဘယ်သူလဲဆိုတာကို သူများကို ပေးမသိချင်ဘူး”
ရှီမာယူယူသည် ပြုံးလိုက်သော်လည်း မတုံ့ပြန်လိုက်ပေ။
“ငါမှန်းလိုက်တာပါ”
“မင်းက ခွဲခြိမ်းစိတ်ဖြာတာတော့ အရမ်းတော်တာပဲ” ရှီမာယူယူ ဝန်ခံ လိုက်သည်။
“ဒါဆိုရင် တစ္ဆေမြို့တော်ကို ဘာလို့လာတာလဲ တစ္ဆေလောကကိုသွား မလို့လား”
ရှီမာယူယူသည် သူမ အကြောင်းကို ပြောပြရန် တုံ့ဆိုင်းသွားလေသည်။
သို့သော် သူမ၏ နှုတ်ဆိတ်နေမှုကို သဘောတူညီချက်အဖြစ် ရှီယူ မှတ် ယူလိုက်သည်။
“မင်း တကယ်ပဲ တစ္ဆေလောကကိုသွားချင်တာလား” ရှီယူသည် ရုတ်တရက် ထထိုင်လေသည်။ “မင်းပြန်သွားပြီး တစ္ဆေမြို့တော်ကိုသွားကို သွားရမယ့် အကြောင်းအရင်းကိုပြန်ရှာလိုက်ဦး၊ အဲဒီကိုမသွားနဲ့ အဲဒီမှာ အရမ်း အန္တရာယ်များတယ်၊ ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့ရတာ၊ တစ္ဆေလောကကိုသွား တဲ့ လူသားတွေနဲ့ လူသားလောကကိုသွားတဲ့ တစ္ဆေမျိုးနွယ်တွေရှိတယ်၊ ဒါပေမဲ့ သူတို့အကုန်လုံးက မိုးကြိုးဘေးသင့်မှုကြောင့် သေကြတာပဲ၊ တစ်ယောက်မှ အသက်မရှင်ဘူး၊ မင်းက ငယ်လွန်းတယ် အဲဒါကြောင့် မင်းအသက်ကို အလဟသ အဆုံးရှုံးမခံနဲ့”
“ငါ…”
“ငါ တကယ်ပြောတာ” ရှီယူ ဖြားယောင်းလေသည် “အဲဒီ မိုးကြိုး ဘေးသင့်မှုက မလွယ်ဘူး၊ အဲဒါကို ငါတို့ပြေးမလွတ်နိုင်ဘူး၊ ငါတို့အတွက်က အလင်းအရည်အချင်း ဝိညာဉ်သခင်တွေထက်တောင် မိုးကြိုးဘေးသင့်မှု အောက်မှာအသက်ရှင်ဖို့ ပိုခက်တယ်၊ သူတို့တောင် မကြိုးစားရဲတာ မင်း မသွား သင့်ဘူး”
သူမ စကားပြောမြန်လာသည်နှင့် စိုးရိမ်လာသည်ကို ရှီမာယူယူ မြင်ရ သည်။ သူမ ပြုံးလိုက်သည် “မစိုးရိမ်ပါနဲ့ ငါက တစ္ဆေလောကကိုသွားမယ်လို့ မပြောပါဘူး”
“မင်းက တစ္ဆေလောကကိုမသွားချင်ဘူးဟုတ်လား” ရှီယူ မေးလိုက် သည်။
“အင်း ငါအခုထိတော့ တစ္ဆေလောကကိုမသွားသေးဘူး” ရှီမာယူယူ ပြော လိုက်သည် “ငါ လူရှာဖို့ ဒီကိုလာခဲ့တာ”
“လူရှာမယ် ဟုတ်လား”
“အင်း ငါ့အဖေက ဒီကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေလောက်မျာလာခဲ့တယ်၊ အခု သူ့နေရာကိုမသိနိုင်ဘူး၊ အဖေက ဒီမှာရှိတယ်လို့ကြားလို့ လာတာပဲ” ရှီမာယူယူ ထုတ်ပြောလိုက်တော့သည်။
“အဲတော့ မင်းအဖေကိုရှာဖို့လာတာပေါ့” ရှီယူသည် စိတ်သက်သာရာရ စွာဖြင့် သက်ပြင်းချလိုက်သည် “မင်းအဖေက ဘယ်သူလဲ ဘယ်တုန်းကဒီကို လာခဲ့တာလဲ ဘာလို့လာတာလဲ”
“သူ ဖြတ်သွားတာဖြစ်မယ် ဒါပေမဲ့ ထွက်မသွားခဲ့ဘူး ဒီမှာပဲရှိရမယ်”
“ဒါဆိုရင် ရှာဖို့ခက်တော့မှာ” ရှီယူ ပြောလိုက်သည် “တစ္ဆေမြို့တော်က ဒီလောက်ကြီးတာ၊ သဲလွန်စလည်းမရှိဘဲ ကောက်ရိုးပုံထဲအပ်ပျောက်ရှာရသလို ဖြစ်တော့မှာ၊ သဲလွန်စများရှိလား”
“ရှိတယ်”
“ဘာလဲ”
“ဆည်းဆာတောင်”
ရှီယူသည် နောက်ပြန်ဆုတ်သွားလေသည်။ သူမသည် မယုံကြည်နိုင်စွာ ဖြင့် ကြည့်လေသည် “ဘာပြောလိုက်တယ်”
***