လျှို့ဝှက်ဆန်းကြယ်သော ဆည်းဆာတောင်
Vol. 95 Ch. 1327
ရှီယူ အံ့ဩသည်ကို ရှီမာယူယူ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သူမ မေး လိုက်သည် “ဆည်းဆာတောင်က ဘာဖြစ်လို့လဲ”
“ဆည်းဆာတောင်အကြောင်း ငါဘယ်လိုလုပ်သိမှာလဲ” ရှီယူ ပြန်ချေပ လိုက်သည်။
“ငါ လူတစ်ယောက်စီက ကြားခဲ့လို့လေ” ရှီမာယူယူ ပြောလိုက်သည် “ဆည်းဆာတောင်က ဘာဖြစ်လို့လဲ”
“သေချာတာပေါ့ တစ်ခုခုတော့မှားနေတယ်လေ၊ ဆည်းဆာတောင်က သာမန်လူတွေ သွားလို့ရတဲ့နေရာမဟုတ်ဘူး နေဖို့ဆိုပြောမနေနဲ့” ရှီယူ ပြန်ဖြေ လိုက်သည် “အဲနေရာက တစ္ဆေမြို့တော်ရဲ့ ရှင်သန်မှုမှာ အရေးပါတယ်လို့ ကြား ဖူးတယ်၊ အဲဒီမှာ ကျွမ်းကျင်တဲ့အစောင့်တွေရှိတယ်တဲ့ မင်းအဖေက ဘယ်လို လုပ် အဲဒီနေရာနဲ့ ပတ်သတ်သွားတာလဲ၊ အဲနေရာကိုသွားတဲ့သူတွေ အသတ်ခံ ရလွန်းလို့ တော်တော်များများက အဲနေရောအကြောင်းကို မသိကြဘူး”
“ဒါဆိုရင် မင်းက ဘယ်လိုသိလဲ” ဆည်းဆာတောင်သည် လျှို့ဝှက် ဆန်းကြယ်နေလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမ အဖေက ဘယ်လို လုပ် အဲလိုနေရာနဲ့ ပတ်သတ်သွားတာလဲ။
“ငါတို့မိသားစုက အဒေါ်မန်နဲ့ ဆက်ဆံရေးကောင်းပြီး သူမသာ ငါ့ကို မမွေးစားဖူးဆိုရင် ငါလည်း ဆည်းဆာတောင်အကြောင်းသိမှာမဟုတ်ဘူး” ရှီယူ ပြန်ဖြေလေသည်။
ရှီမာယူယူသည် မြောက်ပိုင်းမြို့၏ ကြီးကြပ်သူ ဝူမန်ဟုလူသိများသော အဒေါ်မန်ကို သိသည်။
မြောက်ပိုင်းမြို့၏ ကြီးကြပ်သူတစ်ယောက်၊ စုန်းမကြီး၏ လုပ်နိုင်စွမ်း ရှိသော လက်အောက်ငယ်သားတစ်ယောက်အနေနှင့် ဝူမန်သည် ဆည်းဆာ တောင်အကြောင်းကို သိထားမည်။ ထို့ကြောင့်ပင် ရှီယူလည်း သိထားသည်။
“ယူယူ ဆည်းဆာတောင်ကို ဘယ်ကနေကြားလာတာလဲ၊ မင်းအဖေ ဆည်းဆာတောင်မှာရှိတယ်လို့ သူတို့ကပြောလိုက်တာလား”
“ငါ့မှာဦးလေးရှိတယ်၊ သူက ဆည်းဆာတောင်ကိုသွားပြီး ငါ့အဖေကို သွားကယ်တယ်လို့ပြောခဲ့တယ်၊ အဲဒါကြောင့် သူက အဲဒီမှာရှိရမယ်လို့ ငါတွေး လိုက်တာ” ရှီမာယူယူ ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ စိတ်များ တုန်ခါသွားရသည်။ သူမတွင် သူမ ဖခင်၏ အသက်ကျောက်ပြားရှိနေသဖြင့် သူမဖခင် အသက်ရှင်နေမည်ကို သိ ထားသည်။ ဒါပေမဲ့ မူလျန်ကျယ်ကရော… အဲလိုနေရာကို သွားပြီးတော့ နှစ်ပေါင်းများစွာပြန်မလာခဲ့ဘူး၊ သူ အသက်ရှင်နေဦးပါ့မလား။
သူသာ မရှိတော့ရင် မူစစ်ကငယ်သေးတယ်လေ၊ အနာဂတ်မှာဘာလုပ်ရ တော့မလဲ။
“မင်းအဖေသာ တကယ်အဲဒီမှာရှိရင် သူ့ကိုကယ်ဖို့မလွယ်ဘူး” ရှီယူ ပြော လိုက်သည် “မဟုတ်သေးဘူး ကယ်လို့ရတယ်ထားဦး မင်းအဖေ အဲဒီမှာ ရှိတယ် ဆိုရင် အသက်ရှင်နေဦးမယ်ဆိုတာ သေချာလား”
ရှီမာယူယူသည် ရှီမာလျူရွှမ်၏ အသက်ကျောက်ပြားကိုထုတ်ပြလိုက် သည်။ ရှီယူသည် ကြည့်လိုက်သည်နှင့် မှတ်မိသည် “အက်ရာတွေများပေမဲ့ သူ မသေသေးဘူးပဲ၊ ဒါက မင်းအဖေရဲ့ အသက်ကျောက်ပြားလား”
“အင်း”
“ဒါဖြစ်တာ ဘယ်လောက်ကြာပြီလဲ”
“ဆယ်စုနှစ်တော့ကြာပြီ၊ ပြန်လည်းကောင်းမလာသလို လုံးဝကြီးကျိုးပဲ့ သွားတာလည်းမဟုတ်ဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“ဟား…” ရှီယူသည် ရုတ်တရက် ထရယ်လေသည် “ဆယ်စုနှစ်ဟုတ် လား၊ မင်းအဖေက ဆယ်စုနှစ်ကြာအောင် ဒဏ်ရာရပြီး မသေဘူးလို့ ဆိုလိုတာ လား”
“အင်း”
“မင်းအဖေက နတ်ဘုရားဖြစ်ရမယ်၊ မင်းအဖေက ဘယ်လိုပုံရှိလဲ” ရှီယူ သည် လေးစားစွာဖြင့် ပြောလေသည်။ ဆယ်စုနှစ်များစွာ ဒဏ်ရာရထားသော် လည်း အသက်ရှင်နေသေးသည်။ ဒါက သာမန်လူတွေလုပ်နိုင်တဲ့အရာမဟုတ် ဘူး။
“ငါ့အဖေရဲ့ ပုံစံငါ့စိတ်ထဲမှာမရှိဘူး ငါမွေးလာကတည်းက အခုလက်ရှိ မိသားစုကို အပို့ခံလိုက်ရတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“အဲတော့ ဒါဆိုရင် မင်းအစ်ကိုတွေက အစ်ကိုအရင်းတွေမဟုတ်ကြဘူး ပေါ့”
“ဟုတ်တယ် သွေးမနှောပေမဲ့ သူတို့က ငါ့ကိုအထူးတလည် ဆက်ဆံပေး ကြတယ်၊ ငါ မကျင့်ကြံနိုင်ခင်မှာ ဘယ်သူတွေကပဲ ငါ့ကိုအမှိုက်လို့ခေါ်ခေါ် သူတို့က ကူညီပြီးရိုက်ပေးခဲ့ကြတယ်၊ ငါ့ကို နာကျင်မှုကို မခံစားခိုင်းဘူး” သူမ သည် အစ်ကိုများကိုတွေးလိုက်သည်နှင့် မျက်နှာတွင် အပြုံးဖြစ်ပေါ်လာသည်။
“ကြည့်ရတာ မင်းအစ်ကိုတွေက မင်းကိုတကယ်ချစ်တဲ့ပုံပဲ” ရှီယူ ပြော လိုက်သည် “ဒါပေမဲ့ မေးဦးမယ် မင်းအဖေကို ဘယ်လိုကယ်မှာလဲ”
“သူ ဆည်းဆာတောင်မှာရှိလားလို့ ငါ စုံစမ်းချင်တယ်၊ သူ အဲဒီမှာမရှိရင် ငါသွားရင်တောင် ရှာတွေ့မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“အင်း မသွားခင် သေချာအောင်လုပ်ရမှာပေါ့၊ ဆည်းဆာတောင်ကို သွားဖို့မလိုရင် မသွားတာအကောင်းဆုံးပဲ” ရှီယူ ပြောလိုက်သည် “ငါ့လို စပ်စု တဲ့လူတောင် အဲဒီကိုမသွားချင်ဘူး၊ အဲနေရာက ဘယ်လောက်အန္တရာယ်များ လိုက်လဲ သိပြီလား”
“နားလည်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
သူမအဖေသာ ထိုနေရာတွင်ရှိပါက ဆည်းဆာတောင်ကို သွားရမည်။ အကြောင်းမှာ မူလျန်ကျယ်သည် သူမအဖေကိုကယ်ရန် ထိုနေရာသို့သွားပြီး ပြန်မလာခဲ့ပေ။
အသေအချာကြီးတော့မဟုတ်ပေ။ ထိုအချိန်တွင် အခြေအနေပေါ်မူတည် သေးသည်။ သူမသည် မျက်စိမှိတ်ဝင်သွားပြီး အသေခံမည်မဟုတ်ပေ။
သို့သော် ထိုနေရာတွင် သူမအဖေ ရှိနိုင်ချေမှာ မြင့်သည်ဟု ခံစားရသည်။
“ဟီးဟီး အရင်သွားစုံစမ်းလိုက်ပါဦး”
ရှီမာယူယူသည် ရှီယူ၏ မျက်လုံးများ လှုပ်ခတ်သွားသည်ကို ကြည့်နေခဲ့ သည်။ သူမ ဘာမကောင်းတဲ့အကြံဉာဏ်တွေ ကြံနေတာလဲ သိချင်နေပြီ။
ရှီယူသည် သူမဖခင်ကို သိနေမလားဟု ရှီမာယူယူ တွေးနေမိသည်။ သို့သော် မူစစ် ပြောခဲ့သည့်စကားကိုပြန်တွေးလိုက်ရာ သူမသည် ရှီယူကို အပြည့်အဝ ယုံကြည်၍မရေပေ။ ထို့ကြောင့် သူမ လက်လျော့လိုက်သည်။
ထိုကိစ္စကို မည်သည့်နေရာက စပြီးစုံစမ်းရတော့မည်ကို သူမ မသိတော့ ပေ။ ပြဿနာတော့ တက်နေပြီ။
သူမလက်ထဲတွင် သဲလွန်စမှာ နည်းပါးလွန်းသည်။ ဆည်းဆာတောင် နာမည်ကိုရထားကာ သူမ၏ ဖခင်မှာလည်း ယခုနေရာတွင် တားမြစ်ထားပြီး တခြားဘာမှမရှိပေ။ သူမ အဖေနေရာကို ဘယ်လိုများရှာလို့ရမှာလဲ။
မဟုတ်သေးဘူး။
သူမ အဖေရဲ့နာမည်ကို တားမြစ်ထားတာဆိုတော့ အသေးဖွဲ့ကိစ္စမဟုတ် တဲ့ တစ်ခုခုကို သူလုပ်ခဲ့တာဖြစ်မယ်။ မဟုတ်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။
အဲလိုဆိုရင် လူတော်တော်များများ သူ့ကိုသိမှာပဲ။ သူမသာ လူမှန်ကို ရှာတွေ့ရင် သူမ အဖေအကြောင်းကိုမေးလို့ရနိုင်လောက်တယ်။
ထိုအရာကိုတွေးမိသည်နှင့် နောက်လုပ်စရာရှိသည်ကို သူမ သိလာသည်။
“အရင်နားလိုက်ပါ ငါ ခဏအပြင်ထွက်လိုက်းဦးမယ်” သူမသည် ရှီယူအား ပြောပြီး အပြင်သွားရန် ပြင်လိုက်သည်။
“ဘယ်သွားတာလဲ ငါလည်းလိုက်ချင်တယ်” ရှီယူသည် အိပ်ရာပေါ်မှ ဆင်းကာ သူမနောက်လိုက်သွားလေသည်။
“ငါ သန့်စင်ခန်းသွားမလို့”
“ငါရောပဲ”
၁၀ မိနစ်ကြာပြီးနောက်တွင် သူမသည် ရှီယူအား ကြည့်ပြီး တိတ်တဆိတ် သက်ပြင်းချမိသည်။
ရှီယူ၏ စကားအရ သူမကိုပါ ခေါ်သွားပါက ကောင်းမည်။ သူမနှင့်ဆိုလျှင် သူမဆီမှ အကြံဉာဏ်များရနိုင်မည်။ သူမ ဖခင်ကိုကယ်ရာတွင် အထောက် အကူ ပေးနိုင်လိမ့်မည်။
လက်ထောက်လေးပြောသည့် စကားကို ရှီမာယူယူ ပြန်စဉ်းစားလိုက်ချိန် တွင် သူမဖခင်နှင့် ရှီယူတို့ကြားတွင် မည်သည့် ဆက်နွယ်မှုရှိသည်ကို သူမ သိချင်လာသည်။ ထို့ကြောင့် သူမကို ခေါ်သွားရန် သဘောတူလိုက်သည်။
“အခုဘယ်သွားကြမှာလဲ” ရှီယူ မေးလိုက်သည်။
“မေးဖို့ လူသွားရှာမလို့…” ရှီမာယူယူ၏ ခြေလှမ်းများသည် ရုတ်တရက် ရပ်တန့်သွားသည်။
သူမ သွားတဲ့နေရာတိုင်းကိုလိုက်မေးနေရင် သူမ ကိစ္စတွေ အကုန်ပေါ် သွားမှာမဟုတ်ဘူးလား။
“ဘာဖြစ်လို့လဲ”
ရှီမာယူယူသည် ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူမကိုပါ ခေါ်သွားသင့် လား။
“ဘယ်သူ့ကိုသွားရှာမှာလဲ” ရှီယူ မေးလိုက်သည်။ “ငါသိလို့မဖြစ်တဲ့ ကိစ္စ လား”
“ငါ့အဖေအကြောင်းပါ ငါ မင်းကိုပေးသိလို့မဖြစ်ဘူး” ရှီမာယူယူသည် တုံ့ဆိုင်းစွာဖြင့် ဝန်ခံလိုက်သည်။
“ဪ သိပြီ မင်းက ငါ့ကိုမယုံဘူးမလား” ရှီယူ နှုတ်ခမ်းဆူလေသည် “ငါ တကယ်ပဲ မင်းကိုကူညီချင်တာပါ ဒါပေမဲ့ ငါ့ကို မင်းမယုံကြည်တဲ့ပုံပေါက်တယ်”
ထိုသည်မှာ တိုက်ရိုက်ပြောလိုက်သောကြောင့် ရှီမာယူယူ ပြန်မဖြေနိုင် သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“ငါ့အဖေအကြောင်းပါ အဲဒါကြောင့် ငါတွက်ချက်နေရတယ်”
“နားလည်ပါတယ်” ရှီယူသည် သူမ၏ ဆိုလိုရင်းကို နားလည်သည် ဟူသည့် အဓိပ္ပာယ်ဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။ သူမ နားလည် သော်လည်း သက်တောင့်သက်သာတော့ မဖြစ်လှပေ။
ဒီလူက ရင်းနှီးနေပြီလို့ခံစားနေရတာကို ဘယ်လိုဖြစ်ပြီး သတိထားနေ သေးတာလဲ။
သို့သော် ရှီမာယူယူ ထိုသို့ဖြစ်လေလေ သူမ လုပ်မည့်အရာကို ပိုသိချင် လေလေဖြစ်သည်။ ကြောင်လက်သည်းဆန့်လိုက်သည်နှင့် တူလေသည်။
“မင်း စိတ်မအေးဘူးဆိုမှတော့ ငါကျိန်ဆိုရင်ရော ဘယ်လိုလဲ” ရှီယူသည် သူမ ပြန်ဖြေလာသည်ကို မစောင့်တော့ပေ။ သူမ ချက်ချင်းပင် ဆက်ပြောလေ သည် “ငါ မင်းအဖေအကြောင်းကို ဘယ်လောက်ပဲသိသိ တခြားလူကိုမပြောပါ ဘူးမဟတုတ်ရင် ငါ ငရဲကျပြီး ဘယ်တော့မှပြန်မထွက်လာနိုင်ပါစေနဲ့”
***