← Chapters

တားမြစ်ဧရိယာအတွင်းမှ ပေါက်ကွဲမှု

Vol. 95 Ch. 1328

တားမြစ်ဧရိယာအတွင်းမှ ပေါက်ကွဲမှု

Vol. 95 Ch. 1328

ရှီယူသည် မြန်လွန်းသောကြောင့် ဟော်ပိုသည် နောက်ကျမှပင် တားနိုင် လေသည်။

“သခင်မလေး” သူသည် သူမ၏ ကျိန်ဆိုမှုကိုတားချင်သော်လည်း သစ္စာဆိုမှု အလင်းတန်းသည် သူမရင်ဘတ်သို့ဝင်သွားသည်ကို ကြည့်နေလိုက် ရတော့သည် “သခင်မလေး ဘာလို့များ…”

ဟော်ပိုသည် နောင်တရမိလေသည်။ သူသည် သခင်မလေးကို အကျပ်အတည်းဖြစ်နေသည်ကို ကြည့်မနေနိုင်ပေ။ သူမကိုများ တစ်ယောက် ယောက်က အခွင့်အရေးယူသွားရင် ဘယ်လိုလုပ်မှာလဲ။

ရှီမာယူယူသည်လည်း အံ့ဩမိသည်။ ဒီလူက တကယ်ပဲကျိန်ဆိုလိုက်တာ လား။

“ကောင်းပြီ ငါ သစ္စာဆိုပြီးပြီ အခုပြောပြလို့ရပြီလား” ရှီယူ တိုက်တွန်း လေသည်။

ရှီမာယူယူ သက်ပြင်းချလိုက်သည် “မင်းဘာလို့အဲလိုလုပ်တာလဲ”

“ငါ့ရဲ့သိချင်စိတ်ကို ဘယ်သူက နှိုးဆွခိုင်းလို့လဲ” ရှီယူ ပြန်ချေပလေသည် “ငါက လူတွေကို စိတ်ဝင်စားတာရှားတယ်၊ မင်းက ငါ့အကြိုက်နဲ့ကိုက်တယ်၊ မင်းက အဲဒါကိုအသုံးချပြီး ငါ့ကိုဘာမှလုပ်မှာမဟုတ်ဘူးလို့လည်း ယုံတယ်၊ ကောင်းပြီ အဲဒါကိုစိုးရိမ်မနေတော့နဲ့ ပြောပြဦး မင်းဘယ်သူ့ကိုရှာချင်တာလဲ”

“ငါလည်းမသိဘူး” ရှီမာယူယူ ဝန်ခံလိုက်သည်။

“မင်းလည်းမသိဘူးလား”

“မင်း ရှီမာလျူရွှမ်ကိုသိလား” ရှီမာယူယူ မေးမြန်းလိုက်သည်။

“သူလား” ရှီယူသည် ရှီမာယူယူအား တအံ့တဩကြည့်လေသည်။ ထို့နောက်တွင် သူမ တစ်စုံတစ်ခုကိုသတိရသွားသည်။ “ဟုတ်သားပဲ မင်းနာမည်က ရှီမာယူယူ သူ့နာမည်က ရှီမာလျူရွှမ်၊ မျိုးရိုးနာမည်က ရှီမာပဲ၊ ငါ ဘာလို့ဒါကိုမတွေးမိတာလဲ”

“အဲလိုမတွေးမိတာက ပုံမှန်ပဲလေ” ဟော်ပိုသည် စကားပြောခဲသည် “ရှီမာလျူရွှမ်ရဲ့နာမည်ကို တားမြစ်ထားတာ သူ့နာမည်ကို ဘယ်သူမှမပြောတာ ဆယ်စုနှစ်တွေကြာနေပြီ”

“မင်း ငါ့အဖေကိုသိတာလား”

“သိတာပေါ့” ရှီယူ အော်လေသည် “မင်းအဖေက နာမည်ကြီးတယ်”

“ဒါဆိုရင် ငါ့အဖေ ဘာတွေဖြစ်ခဲ့လဲ မင်းသိလား” ရှီမာယူယူသည် သူမကို မျှော်လင့်တကြီးကြည့်လေသည်။

သူမသာ သိပါက တခြားသူတစ်ယောက်ရှာရန်မလိုတော့ပေ။

“အရင်တုန်းကဘာဖြစ်ခဲ့လဲသိတယ်၊ နောက်ပိုင်းဖြစ်တဲ့ကိစ္စကိုတော့ သိတဲ့သူနည်းသွားပြီ” ရှီယူ ပြောလိုက်သည် “အဲဒါကြောင့် မင်းအဖေက အား ကောင်းတာကိုး သူဖြစ်နေတာ မအံ့ဩတော့ဘူး”

“အရင်နဲ့ နောက်ဟုတ်လား”

“ဟုတ်တယ်” ရှီယူ ပြောလိုက်သည် “မင်းအဖေက တစ္ဆေမြို့တော်ကို ရောက်လာပြီးတော့ ကိစ္စတွေအများကြီးလုပ်ခဲ့တယ်၊ တားမြစ်ဧရိယာကိုလည်း သွားခဲ့တဲ့ပုံပဲ၊ နောက်တော့ စုန်းမအိုကြီးက သူ့ကိုစိတ်ဝင်စားသွားပြီး နေစေချင် တယ်၊ ဒါပေမဲ့ သူက တစ္ဆေလောကကိုသွားရမယ်လို့ပြောတယ်၊ နောက်ပိုင်း ဘာတွေဖြစ်လဲဆိုတာတော့ ငါလည်းမသေချာဘူး၊ သူ တစ္ဆေလောကကိုသွား လိုက်တယ်ထင်နေတာ၊ ဒါပေမဲ့ သူဒီမှာရှိနေတုန်းပဲ”

“စုန်းမအိုကြီး ဟုတ်လား” ဒိဝူသည် သူတို့ကိုကြည့်လိုက်သည်။

“တစ္ဆေမြို့တော်ရဲ့ မြို့ဝန်လေ” ရှီမာယူယူ ပြောလိုက်သည် “မူစစ် အရင် ပြောဖူးတယ်၊ အဲတုန်းက မင်းက စားတာနဲ့ပဲအလုပ်များနေတာကို ငါတောင် မှတ်မိသေးတယ်”

“ဪ နှစ်ပေါင်းထောင်ချီနေခဲ့တဲ့ ဘွားတော်၊ သခင်မလေး သခင်မလေး အဖေက စုန်းမအိုကြီးရဲ့ အာရုံကိုဖမ်းစားသွားတာပဲ ကျွတ် ကျွတ် သူ့ရဲ့ ဆွဲဆောင်မှုက တကယ် ခမ်းနားလို့ဖြစ်ရမယ်၊ သူက စုန်းမအိုကြီးကို ဆက်သခံ ရပြီး မြို့ဝန်ရဲ့ခင်ပွန်းအဖြစ် နေသွားလိုက်တာလား” ဒိဝူ သွားဖြဲလေသည်။

ရှီမာယူယူ၏ မျက်နှာမှာ မှောင်မဲသွားလေသည်။ သူမသည် ဒိဝူ၏ နားရွက်ကို ဆွဲပြီး “ငါ့အဖေက အမေ့အပိုင်ပဲ၊ သူ စုန်းမအိုကြီးနဲ့အတူရှိမှာ မဟုတ်ဘူး၊ ဒီကောင်လေးတော့ ငါ့အဖေသာ စုန်းမအိုကြီးနဲ့အတူရှိမယ်ဆိုရင် ဆယ်စုနှစ်တွေမှာ ဒဏ်ရာရနေပါ့မလား”

“အာ ဟုတ်တာပဲ” ဒိဝူသည် သူ့နားရွက်ကိုဖိပြီး သူမ၏ နတ်ဆိုး လက်သည်းများအကြားမှ ရှောင်ရန်ကြိုးစားလေသည်။

“ဟင်း နောက်တစ်ခါ ငါ့အဖေအကြောင်း မဟုတ်တာတွေမပြောနဲ့ မဟုတ်ရင် မင်းလျှာကိုဖြတ်ပြီး ဖုတ်ပစ်မယ်” ရှီမာယူယူသည် သူ့ကိုလွှတ်လိုက် သည်။

ဒိဝူသည် သူ့နားရွက်ကိုပွတ်ပြီး အလျင်အမြန်ပင် ကတိပေးလိုက်သည် “သိပါပြီ”

ရှီမာယူယူ သူ့ကိုလွှတ်ပေးပြီးနောက်တွင် ရှီယူဘက်သို့လှည့်လိုက်သည် “ရှီယူ မင်းက ငါ့အဖေကိုသိမှတော့ အဲအကြောင်းပြောပြလို့ရမလား၊ သဲလွန်စ များရှာတွေ့မလားလို့လေ”

“ငါ ပြောပြလို့ရတယ် ဒါပေမဲ့ မင်းဘာမှမျှော်လင့်မထားတာကောင်းလိမ့် မယ်၊ အဲဒါက မင်းအဖေကိုရှာဖို့ရာ ဘာမှအကူအညီဖြစ်မှာမဟုတ်ဘူး” ရှီယူ ပြောလိုက်သည်။

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ နောက်ပိုင်းဖြစ်တာတွေက လျှို့ဝှက်ချက်ပဲ” ရှီယူ သည် ရှီမာယူယူ၏ ပခုံးကိုကိုင်ပြီး လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြောပြလေသည် “မင်းကို လျှို့ဝှက်သတင်းတချို့ တိတ်တဆိတ်ပေးလိုက်မယ်၊ အဒေါ်မန်က လည်း မင်းအဖေကိုကြိုက်တာပဲ၊ သူမက အရင်ကတစ်ခုခုကို လျှို့ဝှက်စီစဉ်နေ တာ မင်းအဖေပါမလားဆိုတာတော့ ငါလည်းမသိဘူး၊ ငါမှန်းဆချက်အရတော့ အဒေါ်မန်က နောက်ပိုင်းကိစ္စတွေကိုသိလောက်တယ်၊ ငါ့အဖေလည်းသိ လောက်မယ် ဒါပေမဲ့ သူတို့က မပြောပြကြဘူး”

ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ သူမ အဖေက တကယ်ပဲ မိန်းကလေးကံတော့ကောင်းတယ်။

“သိချင်ရင် မင်းအဖေတို့ကိုရှာပြီးသွားရှာတာ အကောင်းဆုံးဖြစ်လိမ့်မယ်၊ ဒါပေမဲ့ သူတို့က ငါ့ကိုပြောပြပါ့မလား” ရှီမာယူယူ မေးလိုက်သည်။

“ဒါက.. ပြောပြလောက်မှာပါ” ရှီယူလည်း မသေချာပေ။ သူမသည် အရင် ကသူမအဖေကိုမေးဖူးသော်လည်း အဆူခံလိုက်ရသည်။ သူသည် ထိုနာမည် အားထပ်မပြောရန် ပြောခဲ့ပြီး တခြားဘာကိုမှမပြောခဲ့ပေ။

သို့သော် သူ၏ သမီးအရင်းမေးလျှင်တော့ သူမ၏ဖခင်သည် ပြောကောင်း ပြောလိမ့်မည်။

“ဒါက နှောင့်နှေးလို့မရဘူး၊ မင်းအဖေကိုသွားရှာရအောင်” ရှီမာယူယူ ပြောလိုက်သည်။

“အခုသွားတာက…” ရှီယူသည် ပြန်မသွားချင်ပေ။ သို့သော် ရှီမာယူယူ၏ စိုးရိမ်နေသောအကြည့်ကို ကြည့်ပြီး သူမ သက်ပြင်းချလိုက်သည် “ကောင်းပြီ လေ ဒါဆိုလည်း အရင်ပြန်ကြတာပေါ့၊ အဖေက ငါ့ကို နောက်တစ်ခါ အပြင် ထွက်ဆော့ခိုင်းဦးမလားဆိုတာတော့ မသိတော့ဘူး ဟူး သွားကြမယ်”

“ဘုန်း…”

သူတို့ထွက်သွားမည်အလုပ်တွင် အံ့အားသင့်လောက်စရာ အားတစ်ခု သည် တားမြစ်ဧရိယာအလယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အလယ် ဗဟိုမှ ပျံ့ထွက်လာသည်။ သို့သော် ထိုပေါက်ကွဲမှုသည် တားမြစ်ဧရိယာအပြင် ဘက်ရှိ ဝိညာဉ်အတားအဆီးအတွင်းတွင် ပိတ်မိနေလေသည်။

ဟော်ပိုသည် ကြည့်ပြီးအော်လိုက်သည် “မဖြစ်တော့ဘူး တားမြစ်ဧရိယာ မှာ ပေါက်ကွဲမှုရှိတယ် သခင်လေး ဒီနေရာက မြန်မြန်ထွက်လိုက်ပါ”

“တားမြစ်ဧရိယာမှာ ပေါက်ကွဲမှုဖြစ်တာလား” ရှီယူ၏ မျက်နှာသည် သိသိသာသာပင် ဖြူဖျော့သွားလေသည်။ သူမသည် ရှီမာယူယူ၏ လက်ကို ဆုပ်ကိုင်လိုက်သည် “ဒီကနေထွက်ရအောင်”

“ဘာဖြစ်လို့လဲ”

ရှီမာယူယူသည် တားမြစ်ဧရိယာအထက်မှ မြင့်တက်လာသော စွမ်းအား ကိုကြည့်မိသည်။ ထိုသည်မှာ လွတ်လပ်မှုပျောက်နေသော အကျဉ်းသားတစ်ဦး ကဲ့သို့ ဝိညာဉ်အတားအဆီးကို မဆင်မခြင်တိုက်ခိုက်နေလေသည်။

“ရှင်းပြဖို့အချိန်မရှိဘူး၊ တားမြစ်ဧရိယာမှာ ပေါက်ကွဲမှုဖြစ်တာက နှစ်ပေါင်း တစ်သောင်းကိုတစ်ကြိမ်ဖြစ်တတ်တယ်၊ အဲဒီကနေ လူတွေအများ ကြီးသေရတယ်၊ ငါတို့တွေက တားမြစ်ဧရိယာနဲ့နီးနေတာ မြန်မြန်သွားရမယ်” ရှီယူ အော်လိုက်သည်။

“မင်းအရင်သွားလိုက်” ရှီမာယူယူသည် သူမလက်ကို ရှီယူ့လက်ထဲမှ ဆွဲ ဖြုတ်ပြီး ပျံသွားလေသည်။

“ဘာသွားလုပ်မလို့လဲ” ရှီယူ အော်လိုက်သည်။

“မူစစ်က အိမ်မှာပဲရှိသေးတယ်” ရှီမာယူယူသည် နောက်ပြန်မကြည့်ဘဲ ပြန်ဖြေလေသည်။

ထိုအချိန်တွင် မူစစ်ကို သူမတွေးနေမည်ဟု ရှီယူထင်မထားပေ။ သူမ၏ မျက်လုံးများသည် ပေကလပ်ပေကလပ်ဖြစ်ကာ စက္ကန့်အနည်းငယ် တုံ့ဆိုင်း သွားလေသည်။ ထို့နောက်တွင် သူမနှင့် အတူလိုက်ပြေးလေသည်။

“သခင်မလေး” ဟော်ပိုသည် သူမအား တားလိုက်ချင်သည်။

“ဘာပဲဖြစ်ဖြစ် အရမ်းနောက်မကျပါဘူး” ရှီယူ ပြန်ဖြေလေသည်။

သူတို့သည် မူစစ်၏ ပြိုကျနေသောအိမ်လေးဆီသို့ ပြန်လိုက်ကြသည်။ မူစစ်သည် လှုပ်ခတ်နေသော လှုပ်ရှားမှုများကြောင့် နိုးလာသည်။ တားမြစ် ဧရိယာမှ မငြိမ်သက်မှုများကို မြင်သောအခါ ထိတ်လန့်မှုကြောင့် သူ့မျက်နှာမှာ ဖြူဖျော့လာသည်။

တားမြစ်ဧရိယာပေါက်ကွဲမှုအကြောင်းကို သူ့ဖခင်ပြောသည်ကို ကြားဖူး သည်။ ထိုအရာကိုသိထားပြီး သူ၏အားကိုလည်း နားလည်ထားရာ သူ လွတ်မြောက်မည်မဟုတ်ဆိုသည်ကို သိထားသည်။

“ယူယူ” သူသည် ရှီမာယူယူ၏ အခန်းသို့သွားလိုက်သည်။ အခန်းတွင် ဘာမှမရှိပေ။

ဒိဝူလည်းမရှိပေ။ ဟော်ပိုမရှိသလို ရှီမာယူယူနှင့်ရှီယူလည်း မရှိပေ။ သူတို့ သည် သူ မသိလိုက်ခင်က ထွက်သွားခြင်းဖြစ်မည်။

သူသည် ရယ်လိုက်မိသည်။ သူနိုးလာတော့ ဒိဝူကိုမမြင်ဘူးလေ။ သူ နားလည်သင့်ပြီမဟုတ်ဘူးလား။

သူသည် တားမြစ်ဧရိယာအပေါ်မှ အမဲရောင်မြူခိုးလုံးကြီးကိုကြည့်ပြီး မျှော်လင့်ချက်မဲ့စွာ ခံစားလိုက်ရသည်။

သူ စွန့်ပစ်ခံလိုက်ရတာကို သိတဲ့အချိန် သူဘာလို့ ရင်ထဲမှာနာကျင်သွား တာလဲ။

“မူစစ်”

ရုတ်တရက်ပင် စိုးရိမ်သံတစ်သံ ထွက်ပေါ်လာသည်။ အမှောင်ထုထဲတွင် သူ၏ ခန္ဓာကိုယ်သည် တုန်ခါနေပြီး မျှော်လင့်ချက်မဲ့နေသည်။ သူသည် အဝေး မှပျံလာသော လူအား ငေးငိုင်စွာကြည့်မိလေသည်။

***

All Chapters