← Chapters

ပြေးလမ်း

Vol. 95 Ch. 1329

ပြေးလမ်း

Vol. 95 Ch. 1329

မူစစ်သည် သွေးလေချောက်ချားသည်ဟု ထင်မိသည်။ သူတို့တွေက ထွက်သွားပြီးမှ ဘာလို့ပြန်လာကြတာလဲ။

သို့သော် ခေါ်လိုက်သောအသံမှာ သူ့နားထဲတွင်ရှင်းလင်းနေကာ သူမ၏ ပုံရိပ်သည် သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်းစွဲထင်နေခဲ့သည်။

သူတို့သိတာ သုံးရက်ပဲရှိသေးတာကို ဘာလို့သူ့ကိုရှာဖို့အတွက်နဲ့ သူမက စွန့်စားပြီးလာတာလဲ။

“မူစစ် ဘယ်လိုနေလဲ အဆင်ပြေရဲ့လား” ရှီမာယူယူသည် သူ၏ ငေးငိုင် နေသောပုံစံကိုမြင်သည်နှင့် မူစစ်ဆီသို့လျှောက်သွားလေသည်။

“ဘာလို့ပြန်လာတာလဲ” မူစစ် မေးခွန်းထုတ်လိုက်သ်ည။

“ငါ အလုပ်လေးရှိလို့ထွက်သွားလိုက်တာ ဒါပေမဲ့ ပြန်လာတော့ တားမြစ် ဧရိယာဘက်မှာ ပုန်ကန်မှုတချို့ဖြစ်နေတာကို တွေ့လိုက်ရတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒီကနေအမြန်ထွက်သွားရအောင်”

“မိန်းကလေးတို့ ကျွန်တော့်ကို ဒီမှာပစ်ထားသွားပြီလို့ထင်နေတာ”

“မင်းကိုပစ်သွားတယ်ဟုတ်လား” ရှီမာယူယူ ငေးငိုင်သွားပြီးနောက် ပြုံး လိုက်သည် “မစိုးရိမ်ပါနဲ့ မင်းအဖေကို ရှာမတွေ့ခင် မင်းကိုပစ်မသွားဘူး”

သူမသည် သူ၏ဖခင်ကိုရှာတွေ့သည်နှင့် သူကိုထည့်ပေးလိုက်မည်။ သူ၏ဖခင်ကို ရှာမတွေ့ပါက သူမနှင့်အတူခေါ်သွားမည်။

သူမ မျက်နှာမှအပြုံးကိုကြည့်ပြီးနောက် မူစစ်၏နှုတ်ခမ်းထောင့်များ သည် တက်သွားလေသည်။ သည်တစ်ကြိမ်တွင် သူ တကယ်ပြုံးလိုက်ခြင်းဖြစ် သည်။

သူမ သူ့ကိုပစ်မသွားတာ တကယ်ခံစားလို့ကောင်းတာပဲ။

“ကောင်းပြီ မင်းတို့နှစ်ယောက်လုံး အချိန်မဆွဲကြတော့နဲ့ ငါတို့ ဒီနေရာက နေ မြန်မြန်ထွက်သွားဖို့လိုပြီ” ရှီယူသည် သူတို့နှစ်ယောက် ခြံဝန်းထဲတွင် စကားပြောနေသည်ကို မြင်ပြီးနောက် လောလိုက်သည်။

ရှီမာယူယူသည် မူစစ်၏ လက်ကိုဆွဲပြီး အပြင်သို့ပြေးထွက်ပြီးပြောလိုက် သည် “သွားရအောင်”

မူစစ်သည် ရှီမာယူယူနှင့်အတူပြေးထွက်ရင်း သူ့လက်ကိုဆွဲသွားသော နှင်းပန်းကဲ့သို့ဖြူဆွတ်သောလက်ကိုကြည့်ပြီး မျက်လုံးများစိုစွတ်လာသည်။

“သားရဲပျံပေါ်မြန်မြန်တက်လိုက်” ရှီယူသည် သူမ၏ သားရဲပျံကိုဆင့်ခေါ် ပြီး အားလုံးကိုတက်ရန်ခေါ်လိုက်သည်။

ရှီမာယူယူသည် မူစစ်၏ ခါးကိုကိုင်ကာ သားရဲပျံပေါ်တင်ပေးလိုက်ပြီး ဒိဝူနှင့် ဟော်ပိုတို့သည် အနောက်မှလိုက်တက်ကြလေသည်။

“ဇာမဏီနက် ငါတို့မြို့တံတိုင်းအပြင်ကို ထွက်နိုင်မလားကြည့်ကြမယ်” ရှီယူ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်”

ဇာမဏီနက်သည် အတောင်ပံခတ်ကာ မြို့တံတိုင်းများဆီသို့ ပျံသွား လိုက်သည်။ သူတို့သည် မြို့တံတိုင်းနှင့် သိပ်မဝေးကွာလှသော နေရာတွင်ရှိ နေသဖြင့် မြို့အပြင်ထွက်လိုက်သည်က အကောင်းဆုံးဖြစ်သည်။

တခြားသူများလည်း သူတို့အတွေးအတိုင်ပင်… သူတို့ကဲ့သို့ မြို့အပြင်သို့ ထွက်ရန် မြို့တံတိုင်းဆီသို့ ပျံသွားကြသည့်သူ များလေသည်။

သို့သော် သူတို့အားလုံး စိတ်ပျက်သွားရသည်။ တားမြစ်ဧရိယာကြောင့်ပဲ လား မဟုတ်လျှင် မြို့တံတိုင်း၏ မမြင်ရသောစွမ်းအားကြောင့်ပဲလားမသိ… မည်သူမှ ဝင်မရ ထွက်မရပေ။

“ငါတို့ဘာလုပ်ကြမလဲ ထွက်မရဘူး”

“မိုးနတ်မင်းရေ ကျွန်တော်တို့ကိုများ သတ်ဖို့ကြိုးစားနေတာလား”

“လက်မလျော့နဲ့ အတူတိုက်ခိုက်ကြည့်မယ် ငါတို့ဖွင့်နိုင်မလားကြည့်ကြ တာပေါ့”

“ဟုတ်ပြီ”

သူတို့ ဝိညာဉ်အတားအဆီးကို တိုက်ခိုက်နေသည်ကို ရှီမာယူယူ စောင့် ကြည့်နေခဲ့သည်။ သို့သော် မည်သို့ပင် အားကောင်းသော တိုက်ခိုက်မှုဖြစ် စေကာမူ ကျောက်ဆောင်ကို ကြက်ဥဖြင့်ပေါက်သလိုပင်။

“ကျွန်တော်တို့ စမ်းကြည့်ရမလား” ဒိဝူ ပြောလိုက်သည်။

“အသုံးမဝင်ဘူး” ဟော်ပို ပြောလိုက်သည်။

“ဘာလို့လဲ”

“ဘိုးဘွားတွေဆီက ဆင်းလာတဲ့ ကောလဟလတွေရှိတယ်၊ ဒီမြို့ပျက်စီး သွားမယ်ဆိုရင် ဒီဧရိယာကိုကာကွယ်ဖို့အတွက် တစ္ဆေမြို့တော်ကိုခွဲထုတ်ဖို့ မြို့အပြင်မှာ လေဟာပြင်အက်ကြောင်းတစ်ခုပေါ်လာမယ်တဲ့” ဟော်ပို ဆက် ပြောလေသည် “အဲတော့ ဘယ်သူပဲဖြစ်ဖြစ် အဲဒါကိုဘယ်သူမှဖျက်နိုင်မှာ မဟုတ်ဘူး”

“ပြောချင်တာက တားမြစ်ဧရိယာဒီပုံစံအတိုင်းဖြစ်မယ်ဆိုရင် လွတ်လမ်း မရှိဘူးလို့ ပြောချင်တာလား” ရှီမာယူယူ ပြောလိုက်သည်။

“ပြောရမယ်ဆိုရင် မြို့ရဲ့ဘယ်အပိုင်းကမှ လွတ်ဖို့လမ်းရှိမှာမဟုတ်ဘူး ပေါ့ တားမြစ်ဧရိယာထဲက ပြဿနာအရင်းအမြစ်ကို ဖြေရှင်းမှပဲ အသက်ရှင်နိုင် မယ်” ဒိဝူသည် လည်ပင်းပုဝင်လိုက်သည်။

“ငါ ကြိုးစားကြည့်မယ်” ရှီမာယူယူသည် ပြောပြီးနောက် မြို့တံတိုင်းပေါ် ပျံတက်သွားပြီး ဟိန်းသံလေးကိုဆင့်ခေါ်ကာ တခြားသူများ သတိမထားမိချိန် တွင် သူမနှင့်ပေါင်းစပ်လိုက်သည်။

သူမ မြို့တံတိုင်းပေါ်သို့မရောက်ခင်တွင် အားတစ်ခုသည် သူမလမ်းကို ပိတ်ထားသည်။ သူမသည် လှိုင်းဂယက်များကို ခံစားမိသည်။ သို့သော် သူမနှင့် ဟိန်းသံလေး မည်မျှပင်ကြိုးစားစေကာမူ သူတို့မဖြတ်နိုင်ကြပေ။

“ယူယူ အဲဒါက ဝိညာဉ်အတားအဆီးမဟုတ်ဘူး ငါတို့ဖြတ်လို့မရဘူး” ဟိန်းသံလေး ပြောလိုက်သည်။

သူမ အကြိမ်အနည်းငယ်ကြိုးစားပြီးနောက်တွင် လက်လျော့ပြီး ပေါင်းစပ် မှုမှ ခွဲထွက်ပြီးနောက် ဇာမဏီနက်ကျောပေါ်သို့ ပြန်တက်လိုက်သည်။

“သခင်မလေး” ဒိဝူသည် ရှီမာယူယူအား စိုးရိမ်တကြီးကြည့်လေသည်။

ရှီမာယူယူသည် ဝိညာဉ်အတားအဆီးကို ဖြတ်နိုင်သည့် အရည်အချင်းရှိ သည်ကို သူသိထားသည်။ သို့သော် အခုသူမ,မဖြတ်နိုင်သဖြင့် သူတို့သည် ထို နေရာတွင် ပိတ်မိနေလေပြီဟု အဓိပ္ပာယ်သက်ရောက်သည်။

ရှီမာယူယူ၏ မျက်နှာမှာ နစ်ဝင်သွားသည်။ သူမ၏ ခံစားချက်များကို မည်သို့ဖော်ပြရမည်ကို သူမ မသိတော့ပေ။ သူမသည် ထိုနေရာသို့ရောက်သည် မှာ နှစ်ရက် သုံးရက်သာရှိသေးပြီး ထိုကိစ္စများနှင့်ကြုံတွေ့ရသည်မှာ သူမ ကံကောင်းသလား ကံမကောင်းသလားဆိုသည်ကို သိချင်မိသည်။

ကံကောင်းတယ်ဆိုရင် သူမရောက်တာနဲ့ ဘာလို့ဒီလိုကိစ္စတွေနဲ့လာတွေ့ နေတာလဲ။

ကံမကောင်းဘူးဆိုရင် သူမ ရက်နည်းနည်းနောက်ကျပြီးမှလာခဲ့ရင် လုံးဝ ပျောက်ကွယ်သွားပြီး သူမအဖေကို တစ်သက်လုံးရှာလို့ရတော့မှာမဟုတ်ဘူး လေ။

သူမ မလာခင်တွင် တစ္ဆေမြို့တော်သည် ရှုပ်ထွေးပြီး ကြောက်မက်ဖွယ် ကောင်းသည်ဟု ကြားခဲ့သည်။ တခြားမြို့များနှင့် တူညီသည်ဟု သူမ တွေးခဲ့ သည်။ သို့သော် အခုတော့ အမှန်တကယ်ပင် အန္တရာယ်များလေသည်။

“ဇာမဏီနက်၊ မြောက်ပိုင်းမြို့ကို ဖြစ်နိုင်သလောက် မြန်မြန်သွားလိုက်” ရှီယူ အမိန့်ပေးလိုက်သည်။

မြောက်ပိုင်းမြို့သည် ထိုနေရာနှင့် အဝေးဆုံးဖြစ်ကာ ထိုနေရာသည် သက်ရောက်မှုအနည်းဆုံးဖြစ်မည်။

ရှီမာယူယူသည် လူအုပ်ကြီးကိုကြည့်ပြီးနောက် ကန့်သတ်နယ်မြေမှ ထကြွသောင်းကျန်းမှုကို ကြည့်ပြိးပြောလိုက်သည် “ငါတို့ မြောက်ပိုင်းမြို့ကို သွားရင်တောင် အသုံးမဝင်ဘူး၊ ဒီပြဿနာကို အမြစ်ကဖြေရှင်းဖို့လိုနေပြီ၊ တားမြစ်မြေရဲ့အောက်မှာ ဘာရှိတာလဲ”

“ငါလည်းမသိဘူး” ရှီယူ ပြောလိုက်သည်။

“ငါ နည်းနည်းတော့သိတယ်” ဟော်ပို ဆက်ပြောလေသည် “တစ္ဆေမြို့ တော်က လေထဲမှာ ပေါ်လောပေါ်နေတဲ့မြို့တော်ပဲ၊ အောက်မှာထောက်ပံ့ပေး နေတဲ့ ယုံကြည်ရတဲ့စွမ်းအားစုတစ်ခုရှိတယ်”

“စွမ်းအားစုဟုတ်လား သတ္တုတွင်းကလာတဲ့ စွမ်းအားလား” ရှီမာယူယူ မေးလိုက်သည်။

“အင်း” ဟော်ပို ခေါင်းညိတ်လေသည် “စွမ်းအားကဘယ်ကလာတာလဲ တော့မသိဘူး၊ ဒါပေမဲ့ ကိစ္စအကုန်လုံးနဲ့ အမြဲတမ်း ဆက်စပ်မှုရှိတယ်၊ ရေလွှမ်း တဲ့ကာလအစကတည်းက ပတ်သတ်မှုရှိတယ်လို့ အရင်မျိုးနွယ်ခေါင်းဆောင် ပြောတာကို တစ်ခါကြားဖူးတယ်”

အားလုံးသည် နားမလည်နိုင်စွာဖြင့် ရှုပ်ထွေးစွာကြည့်လေသည်။ သို့သော် ရှီမာယူယူသည် ကြောက်ရွံ့နေလေပြီ။

သတ္တုတွင်းများ မဖြစ်ခင်တွင် စွမ်းအားစုများရှိကြသည်။ သတ္တုတွင်း မပွင့်ခင်တွင် စွမ်းအားများထုတ်လွှတ်လေသည်။ ထိုစွမ်းအားများမလွှတ်ဘဲ တိုက်ရိုက်ဖွင့်လိုက်ပါက သတ္တုတွင်းသည် မိုင်းတွင်းတူးသည့်သူများနှင့်အတူ ပျက်စီးသွားမည်ဖြစ်သည်။

ကုန်ရှန်ယိတို့ ရှာတွေ့သော သတ္တုတွင်းမှာ ရှုပ်ထွေးလွန်းသဖြင့် သူမ တစ်ခါက မိုဒိဆန်းကိုမေးဖူးသည်။

အကယ်၍ ထိုစွမ်းအားသာ ရေလွှမ်းသောကာလကတည်းက ရှိလာပါက တခြားသောစွမ်းအားများထက်ပင် ကိုင်တွယ်ရန် ခက်ခဲပေမည်။ ပုံသဏ္ဍာန်ကို ပြောရမည်ဆိုလျှင် ထိုစွမ်းအားသည် ဝိညာဉ်စွမ်းအင်ဖြစ်သည့်ပုံပင်။

“ငါ တားမြစ်မြေကိုသွားကြည့်လိုက်ဦးမယ် ရှီယူ မူစစ်ကို မြောက်ပိုင်းမြို့ ကိုခေါ်သွားလိုက် ငါ မင်းတို့ကိုနောက်ကျမှလာရှာမယ်” သူမသည် ရှီယူကို ပြောလိုက်သည် “ငါ ပြန်မလာခဲ့ရင်တောင် အခုကစပြီး သူ့ကိုဂရုစိုက်ပေးပါ”

ရှီယူသည် မသိစိတ်မှ သူမလက်ကိုဖက်တွယ်ပြီး ပြောလိုက်သည် “အာ မဖြစဘူး ယူယူ တားမြစ်မြေမှာ အရမ်းအန္တရာယ်များနေတယ်၊ အဲဒီကိုဘာသွား လုပ်မှာလဲ”

“ငါ တစ်ခုခုကူညီလို့ရမလား ကြည့်မလို့” ရှီမာယူယူ ပြောလိုက်သည်။

“ငါ စွမ်းအားတွေနဲ့ ရင်းနှီးတယ်၊ တကယ်လို့ ဒါကစွမ်းအားနဲ့ပတ်သတ် တယ်ဆိုရင် ကူညီလို့ရနိုင်တယ် ငါ မူစစ်ကို မင်းကိုပဲ လက်လွှဲလိုက်ပြီ” ရှီမာယူယူသည် မူစစ်ကိုတစ်ချက်ကြည့်ပြီးနောက် လေထဲပျံသွားလေသည်။

“အစ်မပြန်လာတာကိုစောင့်နေမယ်၊ ဝိဉာဉ်အတားအဆီးသင်ပေးမယ်ဆို တာကို ကတိထားတယ် အဲဒါကိုမသင်ပေးရသေးဘူးနော် ကျွန်တော်စောင့်နေ မယ်” မူစစ်သည် သူမကျောပြင်ကိုကြည့်ပြီး အော်လိုက်သည်။

ရှီမာယူယူ လှည့်ပြီး သူ့ကိုလက်ဝှေ့ယမ်းပြလေသည် “မစိုးရိမ်ပါနဲ့ ငါ သေချာပေါက် မင်းတို့ကိုလာရှာမယ်”

သူမသည် ပြောပြီးသည်နှင့် လှည့်ထွက်ပြီး တားမြစ်မြေဆီသို့ ပျံသန်းသွား လေသည်။

***

All Chapters