← Chapters

နတ်ဘုရားဂိတ်မှ ဝင်ပါခြင်း

Vol. 015 Ch. 1411

နတ်ဘုရားဂိတ်မှ ဝင်ပါခြင်း

Vol. 015 Ch. 1411

ဂူထျန်းရှင်း၏ ယုံကြည်မှုပြင်းထန်သည့် အသံက လောကကို တုန်လှုပ်သွားစေပြီး မရေတွက်နိုင်သည့် လူများ၏ နှလုံးသားတို့အား တုန်ယင်နေစေသည်။

အင်ပါယာနှစ်ဦး လောကကို စုစည်းပြီးကတည်းက ဂူထျန်းရှင်းသည် အမှန်တကယ်ပင် ကောင်းကင်အာဏာစက်ဘုံ၏ အထွတ်အထိပ်တွင် ရပ်တည်နေခဲ့သည်။

တစ်ခု သိထားသင့်သည်က လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ကောင်းကင်အာဏာစက်ဘုံ၏ ခေါင်းဆောင်မှာ ကောင်းကင်အာဏာစက် ပြည်ထောင်ဖြစ်ခဲ့သည်။ ယခင် ဘုရင်ဟောင်းက ဘုရင်အသစ် ထီးနန်းမဆက်ခံခင်အထိ အုပ်ချုပ်ခဲ့ပြီးတော့ ထီးနန်းက ဆင်းပေးခဲ့တယ်။ သူက ဤလောက၏ ထူးခြားအံ့ဖွယ် ဖြစ်တည်မှု ဖြစ်သည်။

သို့သော် ရာစုနှစ်အနည်းငယ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဂူထျန်းရှင်း၏ သွေးသားက ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံမင်းသား၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည့်အတွက် ဂူထျန်းရှင်းသည် နန်းတော်သို့ ဒေါသတကြီး ဝင်ရောက်ခဲ့ပြီး ဘုရင်အဟောင်းရော အသစ်ကိုပါ သတ်ဖြတ်ခဲ့သည်။ ဂူထျန်းရှင်းကို ခုခံရင်းနှင့် ယခင်ဘုရင်က ပြည်ထောင်နန်းတော်တွင် သေဆုံးခဲ့ရပြီး ဂူထျန်းရှင်းကလည်း ဒဏ်ရာအများကြီး ရခဲ့သည်။ ကောင်းကင်နတ်တံခါးဂိုဏ်းကို ဦးဆောင်လာသည့် တိုက်ပွဲတွင် ဂူထျန်းရှင်းသည် သူ၏ အသက်ကို ဆုံးရှုံးခဲ့ရပေသည်။

သို့သော် ထိုတိုက်ပွဲကို အကဲဖြတ်ရပါက ဘုံကို နှစ်ထောင်ပေါင်းများစွာ လွှမ်းမိုးနိုင်ခဲ့သည့် ကောင်းကင်အာဏာစက်ပြည်ထောင်၏ ချန်းလန်ဘုရင်ပင်လျှင် ဂူထျန်းရှင်း၏ လက်တွင် သေဆုံးခဲ့ရသည်။ လောကကို စုစည်းပြီးနောက် သူ့ကို ယှဥ်နိုင်သည့် တန်ခိုးရှင်များ ပေါ်ပေါက်လာရန် မဆိုထားနှင့် အတိတ်ကာလတွင်လည်း သူနှင့် ယှဥ်နိုင်သူ မည်သူမှ မရှိခဲ့ခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့် သူ၏ စကားလုံးများက အလွန် ဝံ့ကြွားနေလျှင်ပင် လူတိုင်းက လောကကို အုပ်စိုးသည့် အင်ပါယာနှစ်ဦးကို လေးစားကြပေသည်။

ကောင်းကင်အာဏာစက်ဘုံတွင် ဂူထျန်းရှင်းသည် ထိပ်တန်းနံပါတ်တစ်အဖြစ် ဆုံးဖြတ်၍ ရနိုင်ပေသည်။

ထိုအချိန်က ဂူထျန်းရှင်း၏ သား ဂူကျန်းနန်သည်လည်း သူ့အဖေ၏ ပါရမီအရည်အချင်းထက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။ ဂူတုံးလျှိုက ဂူကျန်းနန်၏ သား ဖြစ်ပြီး ကောင်းကင်လမ်းစဥ်ဖြင့် ချည်နှောင်ခံထားရသည်ဖြစ်ရာ သူ၏ ပါရမီအရည်အချင်းကလည်း အလွန် အံ့အားသင့်ဖွယ် ဖြစ်နေရပေမည်။ သူသာ ဂူထျန်းရှင်း၏ ကောင်းကင်လမ်းစဥ်နှင့် မူလလမ်းစဥ်ကိုပါ ဆက်ခံရရှိသွားခဲ့ပါက သူက မည်မျှထိ ထူးချွန်သော မကောင်းဆိုးဝါး ဖြစ်လာမည်နည်း။

သူက ရန်ဟောင်အဆင့်သို့ ရောက်ရှိမည်မှာ သူ့အတွက် သံသယရှိနေရန် မလိုအပ်ပေ။ ဂူထျန်းရှင်းသည် ထိုအဆင့်သို့ ပထမဆုံး ချိုးဖျက်နိုင်ခဲ့ပြီး နတ်ဆိုးအင်ပါယာအရှင်၏ ဝိညာဥ်အား ရန်စကာ သူ၏ လမ်းစဥ်စွမ်းအားကို မူလတောင်တန်းအတွင်း ပေါင်းစပ်နိုင်ခဲ့သည်ကို ကြည့်ပါက သိနိုင်ပေသည်။ သူက ရန်ဟောင်အဆင့်သို့ ရောက်ရှိပြီးသူ တစ်ဦးဖြစ်ကာ သူက ထိုအရာအားလုံးအား လုပ်ဆောင်နိုင်စွမ်းရှိပေသည်။

ဂူတုံးလျှိုသာ မူလလမ်းစဥ်ကို ဆက်ခံနိုင်ခဲ့လျှင် သူက ထောင်သောင်းချီသည့် နတ်ဆိုးတို့၏ စွမ်းရည်များကို ပိုင်ဆိုင်ပြီး အနာဂတ်တွင် သူက နတ်ဆိုးအရှင် ထီးနန်းကိုပင် တက်လှမ်းနိုင်မည့် အခွင့်အရေးရှိပေသည်။

ထို့ပြင် သူက နန်းတက်ပါက ယခင် အင်ပါယာရီချင်ထက် ပို၍ပင် သင့်တော်ပေလိမ့်မည် ဖြစ်သည်။

အဆုံးမှာတော့ ဧကရာဇ်ရီချင်က နတ်ဆိုးသားရဲများကို ထိန်းချုပ်နိုင်ပြီး သူတို့နှင့် ရင်းနှီးသည့် လူသားတန်ခိုးရှင်တစ်ဦးသာ ဖြစ်သည်။ သို့သော် ဂူတုံးလျှိုသည် မူလတောင်တန်း၏ ထောင်သောင်းချီသည့် နတ်ဆိုးလမ်းစဥ်များစွာကို တိုက်ရိုက်ဆက်ခံခဲ့ရသည်။ ထိုအမြင်နှင့် ကြည့်ပါက သူသည် နတ်ဆိုးဘုံ၏ အရှင်သခင်အသစ်အဖြစ် ပို၍ သင့်တော်ပေသည်။

မဟုတ်လျှင် ရှေး အချိန်များကဲ့သို့ နတ်ဆိုးအင်ပါယာအရှင်က သူတို့ နတ်ဆိုးဘုံ၏ ကလန်များမှ ထွက်ပေါ်လာရပေမည်။

သို့သော် နတ်ဆိုးသားရဲများအတွက် အလွန် ခက်ခဲသည်မှာ ကောင်းကင်နှင့် မြေကြီးကြားမှ ဖန်တီးခြင်းစွမ်းအားများကို ရယူ၍ ထိုအဆင့်သို့ ခြေလှမ်းရန် ဖြစ်သည်။

ထိုသည်ကလည်း နတ်ဆိုးသားရဲများနှင့် လူသားတန်ခိုးရှင်တို့အကြား ကွာခြားချက် ဖြစ်လေသည်။ နတ်ဆိုးသားရဲများသည် လူသားများကဲ့သိုဘ အထွတ်အထိပ်စွမ်းရည်ကို ထိတွေ့နိုင်ရန် အလွန် ခက်ခဲပေသည်။

ရီဖူရှင်းသည် ဂူထျန်းရှင်း၏ အသံကို ကြားလိုက်ရပြီး စိတ်အတွင်းမှ တုန်လှုပ်သွားခဲ့သည်။ သူက ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးက ခြိမ်းခြောက်နိုင်ခြင်းမရှိသည့် မည်မျှ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ဖြစ်နေပါစေ ဂူထျန်းရှင်းသည် ကောင်းကင်အာဏာစက်ဘုံက အစ်ကိုသုံးကို သည်းခံခွင့်လွှတ်ပေးခြင်း ရှိမည်မဟုတ်သည်ကို သိရှိသည့်အတွက် သူက နတ်ဆိုးဘုံမှ တန်ခိုးရှင်များနှင့် အစ်ကိုသုံးကို ချည်နှောင်ပေးချင်နေသည်လား။

တစ်ခုရှိသည်မှာ အစ်ကိုသုံးက တစ်နေ့တွင် ထို အဆင့်ခွန်အားကို ရရှိလျှင်ပင် နတ်ဆိုးဘုံမှ ထိပ်သီးပုဂ္ဂိုလ်များက သူ့ကို အရှင်သခင်အသစ်အဖြစ် လွယ်လွယ်ကူကူ ခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။

သူက ထိုလမ်းစဥ်များကို လက်ခံရရှိလိုက်လျှင် နတ်ဆိုးဘုံမှ ဤထင်ရှားသော ပုဂ္ဂိုလ်များမှာ သူ့ကို စောင့်ကြည့်နေရုံသာ လုပ်လိမ့်မည်ဖြစ်ကာ သူ့အကြောင်း ဂရုစိုက်တော့မည် မဟုတ်ပေ။

အဆုံးမှာတော့ သူတို့အားလုံးက သူတို့ အဆင့်၌ အထွတ်အထိပ် ရောက်ရှိပြီးသား ဖြစ်လေသည်။

“ဘုန်း....”

မိုးကြိုးလမ်းစဥ် စွမ်းအားများက ထပ်ကာ အော်မြည်လာသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်၏ နန်းတော်သခင်က မိုးကြိုးလမ်းစဥ်၏ ဖျက်ဆီးခြင်းစွမ်းအားများကို ဆင့်ခေါ်ပြီး နတ်ဝင်္ကပါအစီအရင်အောက် ဂူတုံးလျှို ရှိနေရာသို့ ပစ်လွှတ်လိုက်သည်။

ဤအချိန်၌ ဂူထျန်းရှင်းကို သတ်ဖြတ်ရန်မှာ မည်မျှ ခက်ခဲလိမ့်မည်နည်း။ ယခင်က သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သော ဘုရင်အသစ်နှင့် အဟောင်းနှစ်ဦးလုံးက ဂူထျန်းရှင်း၏ လက်ထဲတွင် သတ်ဖြတ်ခံခဲ့ရသည်။

သို့သော် ဂူထျန်းရှင်းက မသေခဲ့သည့်အပြင် ယခုလည်း သူ့ထက်ပို၍ ပါရမီမြင့်သော နတ်ဆိုးဘုံ၏ အရှင်သခင်အသစ်ကိာ ဖန်တီးပေးချင်နေသည်။ ဂူထျန်းရှင်းသာ အမှန်တယ် ထိုသို့ လုပ်ပါက ထိုသည်က သူတို့အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာစေပေလိမ့်မည်။

ထို့ကြောင့် အဓိကအင်အားစုနှစ်ခု ဖြစ်သေည ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်သည် ဂူထျန်းရှင်းအား ရပ်တန့်စေရန် လိုအပ်ပေသည်။

“ကောင်းကင်အာဏာစက်ဘုံမှာ များပြားလှတဲ့ ထိပ်တန်းတော်ဝင်ကလန်တွေက လွှမ်းမိုးနိုင်တဲ့ နတ်ဆိုးတွေက နတ်ဆိုးလောကကို အတူတကွယှဥ်တွဲအုပ်ချုပ်နေကြပြီး တစ်ဦးချင်းစီက သူတို့ရဲ့ နယ်မြေကို အုပ်စိုးကြတယ်။ လူသားတန်ခိုးရှင်လောကနဲ့ နတ်ဆိုးဘုံတွေက  နယ်နိမိတ်ကျောက်တုံးနဲ့ ခြားနားထားကြပြီး အချင်းချင်း ဝင်ရောက်စွက်ဖက်ကြခြင်း မရှိဘူး။ ဂူထျန်းရှင်း ခင်ဗျားက. နတ်ဆိုးဘုံရဲ့ ထိပ်သီးအင်အားစုတွေကို ရှန့်ထိုအဆင့်ပဲ ရှိသေးတဲ့ ခင်ဗျားရဲ့ မျိုးဆက်အပေါ် ရိုသေလေးစားစေချင်နေတာ။ ကိုယ့်ကိုယ်ကိုယ် ရယ်စရာကောင်းတယ်လို့များ မခံစားရဘူးလား”

ပြိုကျသွားသည့် မြေပြင်မှ ကောင်းကင်အာဏာစက်ဘုံ ဘုရင်သည် ကောင်းကင်သို့ တက်လာကာ သူ့လက်ကို မြှောက်၍ ကောင်းကင်ကို ဖုံးအုပ်လိုက်သည်။ အဆုံးမဲ့ နတ်လက်ဝါးတို့က တစ်ချိန်တည်း၌ ပေါ်ပေါက်လာပြီး ကောင်းကင်နှင့် မြေကြီးအကြား မဟာလမ်းစဥ်ကို ဖျက်ဆီးကာ ဂူတုံးလျှို ရှိနေသည့် နတ်ဝင်္ကပါအောက်သို့ တိုးဝင်သွားသည်။

ထိပ်သီးပုဂ္ဂိုလ်နှစ်ဦးက အနာဂတ်ပြဿနာကို တားဆီးရန် ဂူတုံးလျှိုကို ဤနေရာ၌ သုတ်သင်ပစ်ချင်နေကြသည်။

နတ်ဝင်္ကပါက လှည့်ပတ်နေပြီး ကောင်းကင်လမ်းစဥ် စွမ်းအားများက ကျဆင်းလာသည်။  ပြင်းထန်သည့် နတ်အလင်းများက ကျယ်ပြော၍ အဆုံးမဲ့ တိုက်ခိုက်ခြင်း စွမ်းအားများမှ ထွက်ပေါ်လာ၏။ ရှေးဟောင်းစာလုံးများက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာကာ နတ်ဆိုးကဲ့သို့ အရိပ်များက ဆင်းချလာသည်။ နတ်ဆိုးများသည် ကောင်းကင်တစ်ခွင်၌ အော်မြည်နေပြီး ဖျက်ဆီးခြင်း လက်သီးများကို ထုတ်ဖော်ကာ လေဟာနယ်အတွင်း မဟာလမ်းစဥ်ကို ဖြတ်သန်းထိုးဖောက်လိုက်သည်။

တိုက်ခိုက်မှုက ထိပ်တိုက်တွေ့ရှိသည့်အခါ ကောင်းကင်နှင့် မြေကြီးသည် ပြိုကျပျက်စီးတော့မယောင် ထင်မှတ်ရကာ တောင်များက မှုန့်မှုန့်ကြေသွားသည်။ မြေပြင်က အက်ကွဲလာပြီး နက်ရှိုင်းသည့် ချောက်နက်ကြီးအသွင် ပြောင်းလဲသွားသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်သခင်နှင့် ​ကောင်းကင်အာဏာစက်ဘုံ၏ ဘုရင်တို့သည် ဟန်ချက်ပျက်ကာ အက်ကွဲကြောင်း ချောက်နက်အတွင်းသို့ ကျဆင်းသွားခဲ့သည်။

နတ်ဝင်္ကပါက တောက်ပသည့် အလင်းအရှိန်အဝါတို့ ထုတ်လွှတ်နေပြီး စာလုံးကိုးခု၏ အလင်းရောင်က တစ်ချိန်တည်း၌ ပျံသန်းလာကာ နတ်ဆိုးပုံရိပ်ကိုးခုကို တည်ငြိမ်စွာ လှည့်ပတ်နေသည်။

“ဘုန်း” ထိုအချိန်၌ ကောင်းကင်စွမ်းအားများ ကျဆင်းလာပြီး နတ်ဝင်္ကပါမှ ပုံရိပ်တစ်ခုက ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ ကောင်းကင်နတ်ဆိုးပုံရိပ်များက တစ်ခုတည်း ဖြစ်လာပြီး လူနှစ်ယောက်ဆီသို့ ထိုးဖောက်လိုက်သည်။

ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်တန်းပုဂ္ဂိုလ်များပင်လျှင် တိုက်ခိုက်မှုကို ရှောင်တိမ်းရန် နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်ကြသည်။

ကောင်းကင်နန်းတော်သခင်နှင့် ကောင်းကင်အာဏာစက်ပြည်ထောင် ဘုရင်သည် ထိုတိုက်ခိုက်မှု၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိလိုက်ပြီး သူတို့သည် ရှေ့သို့ အမြန်လှမ်းလိုက်ကာ တိုက်ခိုက်မှုကျဆင်းလာရာ မြေပြင်မှ ရှောင်တိမ်းလိုက်ကြသည်။

သို့သော် အလွန်နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်နတ်ဆိုးပုံရိပ်တို့က နတ်ဝင်္ကပါနှင့်အတူ ကျဆင်းလာသည်။ သူတို့သည် ကောင်းကင်သို့ ကြည့်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေသော နတ်အလင်းများက အားကောင်းသည့် စွမ်းအားများကို ထုတ်လွှတ်ပေးနေသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်သခင်ကို အဆုံးမဲ့ မိုးကြိုးများက ကာကွယ်ပေးထားသည်။ ကြီးမားသည့် ခေါင်းလောင်းကြီးက ကောင်းကင်အာဏာစက်ဘုံ၏ ဘုရင်ကို လှည့်ပတ်နေသည်။

ထို ထိပ်သီးပုဂ္ဂိုလ်များသည် အဝေးတစ်နေရာရှိ တိုက်ခိုက်မှုကို ​ကြည့်ရင်း နှလုံးသားများက တုန်ယင်လာသည်။ ဤတိုက်ခိုက်မှုက အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ခရမ်းရင့်ကောင်းကင် နန်းတော်သခင်နှင့် ကောင်းကင်အာဏာစက်ပြည်ထောင် ဘုရင်ကဲ့သို့ ထိပ်သီးပုဂ္ဂိုလ်များသည်ပင်  သူတို့၏ ခွန်အားအပြည့်အဝ အသုံးမချနိုင်ဘဲ ဖိနှိပ်ခံခဲ့ရသည်။

ဖျက်ဆီးခြင်း လေစီးကြောင်းက လွှမ်းခြုံလာပြီး တောက်ပသည့် အလင်းက ပျံ့နှံ့သွားသည်။ လူအုပ်သည် ထိုထိပ်သီး ပုဂ္ဂိုလ်နှစ်ဦးပေါ်ပေါက်လာသည်ကို မြင်လိုက်ရသော်လည်း သူတို့း အဝတ်များက ရှုပ်ပွနေကာ ခန္ဓာကိုယ်၌ သွေးတို့ပင် စွန်းထင်းနေသေး၏။

ထိုတိုက်ခိုက်မှုက ဤထိပ်သီးပုဂ္ဂိုလ်နှစ်ဦးကိုပင် ဒဏ်ရာရစေခဲ့သည်။

“ခရမ်းရင့်ကောင်းကင်နန်းတော်နဲ့ ကောင်းကင်အာဏာစက် ပြည်ထောင်ကလွဲရင် အဲဒီကိစ္စမှာ ပါဝင်ခဲ့တဲ့လူတွေကို ကျုပ် အပြစ်တင်မှာ မဟုတ်ဘူး။ မင်းတို့သာ ဝင်မစွက်ဖက်ရင် ကျုပ် မြေး ဂူတုံးလျှိုက ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ နတ်မိမယ်နဲ့တောင် လက်ထပ်နိုင်မှာပဲ။ သူမ သဘောတူရင်ပေါ့။  ထောင်ချီနတ်တောင်အတွက်ကတော့ ဂူတုံးလျှိုက တောင်သခင်နဲ့အတူ ကျင့်ကြံနိုင်တယ်” သူက ထပ်ပြောလိုက်သည်။

ဂူထျန်းရှင်းပြောသမျှ စကားလုံးတိုင်းသည် ဂူတုံးလျှို၏ အနာဂတ်တွင် ဖြစ်လာမည့် ပြဿနာများကို တားဆီးရန် အတွက် လမ်းကြောင်းရှင်းပေးထားပုံပေါ်သည်။

ထိုအချိန်က များပြားလှသည့် လူများက သူ့ကို တိုက်ခိုက်ခဲ့ကြသည်။ သူက အမုန်းတရားများကို ဆွဲဆောင်မိခဲ့ပါက ဂူတုံးလျှိုက ကျိန်းသေ သေရလိမ့်မည် ဖြစ်ကာ မည်သူမှ သူ့ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။

အချို့သော အရာများအတွက် သူက သူတို့အား လွှတ်ပေးသင့်ပေသည်။

သူက သူ၏ သေဆုံးခြင်းအတွက် ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လွဲလျှင် သူ၏ သေဆုံးခြင်းအတွက် အခြားမည်သူ့ကိုမှ အပြစ်မတင်ခဲ့ပေ။

ဤထိပ်တန်းအင်အားစုနှစ်ခုက ခွင့်မလွှတ်သင့်ပေ။ အထူးသဖြင့် ကောင်းကင်အာဏာစက်ပြည်ထောင် ဖြစ်၏။

ဂူတုံးလျှို၏ တာဝန်က ကောင်းကင်အာဏာစက် ပြည်ထောင်ကို သုတ်သင်ရန် ဖြစ်၏။

မြင်ကွင်းသည် များပြားလှသည့် လူများကို မွန်းကြပ်စေသည်။ ဂူထျန်းရှင်းက ဤသူက သူ၏ မြေးဖြစ်ကြောင်း ဝန်ခံခဲ့သည်။

သူက အမှန်တကယ်ပင် ဂူကျန်းနန်၏ သားဖြစ်ကာ ထိုအချိန်က အန္တရာယ်ရှိနေသည့်အတွက် အောက်ဘုံတွင် ကျင့်ကြံရန် စေလွှတ်ခံလိုက်ရခြင်း ဖြစ်သည်။

သူက ယခုမှ အထက်ဘုံသို့ ပြန်ရောက်လာခြင်း ဖြစ်ပေသည်။

ဂူထျန်းရှင်းသည် သူ့မြေးပြန်လာမည့် တစ်နေ့အတွက် အစီအစဥ်ချထားခဲ့ကာ သူက မြေးဖြစ်သူအတွက် အရာအားလုံးကို ပေးလိမ့်မည်ဖြစ်ကာ အကောင်းဆုံး လမ်းခင်းပေးရမည် ဖြစ်သည်။ ထိုသည်ကသာ ဂူတုံးလျှိုကို နှစ်ပေါင်းများစွာ ချိပ်ပိတ်ထားခဲ့သည့် နောင်တအတွက် ပြင်ဆင်ရာ ဖြစ်ပေမည်။

ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နတ်မိမယ်နှင့် ထောင်ချီနတ်တောင်သခင်တို့သည် ဂူထျန်းရှင်း၏ ရည်ရွယ်ချက်အပေါ်တွင် အများကြီး တွေးမနေကြပေ။ အဆုံးမှာတော့ သူတို့ကဲ့သို့ ကျော်ကြားသူများမှာ ထိုကိစ္စနှင့် ပတ်သတ်ပြီး အများကြီး ဂရုမစိုက်ကြပေ။

ဥပမာဆိုရလျှင် နိုင်ငံရေးအရ လက်ထပ်ခြင်းမှာ သူမကဲ့သို့ သူမျိုး ကောင်းကင်အာဏာစက်ဘုံရှိ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ ဒဏ္ဍာရီဧကရီတစ်ပါးအနေနှင့် သူမသည် လောကကြီးတွင် ပြိုင်ဘက်ကင်းသည်။ သို့ဆိုပါက သူကမ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် နိုင်ငံရေးအရ လက်ထပ်ခြင်း ပြုလုပ်ရန် လိုအပ်ပါ၏လား။

သို့သော်လည်း အနည်းဆုံးတော့ ထိုသည်က ဂူထျန်းရှင်း၏ သဘောထားကို ပြသနေသည်။

ဂူထျန်းရှင်းကဲ့သို့ ပုဂ္ဂိုလ်မှာ သေသွားလျှင်ပင် လိမ်ညာခြင်းကို ပြုလိမ့်မည်မဟုတ်ပေ။

သူက အခြားလူများနှင့် ရန်ငြိုးကို လွှတ်ပေးနိုင်သည်ဟု ပြောသည့်အတွက် သူက သူတို့ကို လွှတ်ပေးနိုင်သည်။

ဂူထျန်းရှင်း ပြောပြီးနောက် ကြောက်မက်ဖွယ် နတ်စွမ်းအားများက စုစည်းလာပြီး စာလုံးကိုးခု၏ အလင်းများက တောက်ပလာကာ ထိုအစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦးဆီသို့ တဖန် ထိုးဖောက်ဝင်ရောက်သွားပြန်သည်။

ခရမ်းရင့်ကောင်းကင် နန်းတော်သခင်နှင့် ကောင်းကင်အာဏာစက်ပြည်ထောင် ဘုရင်သည် ရှက်ရွံ့စွာ ကြည့်လိုက်ကြသည်။ သူတို့သည် ချက်ချင်းပင် အဝေးသို့ ပြန်ဆုတ်ခွာကာ နေရာမှ ထွက်ခွာသွားကြပြီး ခဏချင်းအတွင်း ပျောက်ကွယ်သွားလေသည်။

သူတို့နှစ်ယောက်က ဒဏ်ရာ အများအပြား ရထားပြီးဖြစ်ကာ သူတို့ ​မည်သည့်အရာမှ လုပ်ဆောင်နိုင်ခြင်းမရှိသည်ကို သိပေသည်။ သူတို့သည် မဟာလမ်းစဥ် နတ်ဝင်္ကပါကို ရပ်တန့်ချင်သော်လည်း သူတို့နှစ်ယောက်ပေါင်းစွမ်းအားနှင့်ပင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

ယခုတွင် ဂူတုံးလျှိုအတွက် ဖြစ်လာနိုင်သမျှ အန္တရာယ်များကို မည်သို့ ရှင်းလင်းမည်အား ပြင်ဆင်ချမှတ်ရတော့မည် အချိန် ဖြစ်သည်။

ကြောက်မက်ဖွယ် နတ်အလင်းတို့က ထိုသူနှစ်ဦးဆီသို့ လိုက်ပါသွားသည်။ တစ်ချိန်တည်းမှာပင် နတ်ဝင်္ကပါက စီးဆင်းနေပြီး ဂူတုံးလျှို၏ ခန္ဓာကိုယ်ဆီသို့ နတ်အလင်းများ တိုးဝင်နေသည်။

ထိုအချိန်၌ ကောင်းကင်ရှိ နတ်ဆိုးပုံရိပ်များက ဂူတုံးလျှို၏ ခန္ဓာကိုယ်ဆီသို့ တိုးဝင်သွားနေပြီး ဂူတုံးလျှို၏ ခန္ဓာကိုယ်ကို ဆက်တိုက် တုန်ယင်နေစေသည်။

ဂူတုံးလျှို၏ ခန္ဓာကိုယ်အထက်တွင် နတ်အလင်းကိုးသွယ်က အလွန်တောက်ပနေပြီး သူ၏ အသိစိတ်ကို စောင့်ကြပ်နေသည်။

ထောင်သောင်းချီသည့် နတ်အလင်းများသည် တဖြည်းဖြည်း ဂူတုံးလျှို၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကြား တသားတည်း ဖြစ်သွားသည်။ သူ့ခန္ဓာသည် နတ်ဝင်္ကပါ၏ အလယ်သို့ ဆက်လက်တိုးဝင်သွားနေသည်။ ထို့နောက် ဂူထျန်းရှင်းက ကောင်းကင်အောက်ဘက်သို့ တစ်ချက်ကြည့်လိုက်၏။

လူတစ်ယောက်သည် ကောင်းကင်သို့ လျှောက်လာနေပြီး နတ်ဝင်္ကပါ အောက်သို့ ရောက်လာလေသည်။

ထိုသူမှာ ကျန်းကလန်၏ ခေါင်းဆောင် ဖြစ်လေသည်။

ထိုမြင်ကွင်းသည် များပြားလှသော အစွမ်းထက်ပုဂ္ဂိုလ်များကို ထိတ်လန့်သွားစေသည်။ ဂူကလန် ဖျက်ဆီးခံရပြီး ဂူထျန်းရှင်း သေသည့်အခါ ကောင်းကင်နတ်တံခါးဂိုဏ်း၏ အခြားကလန်နှစ်ခုက တိတ်ဆိတ်နေခဲ့ပြီး တချို့ကတော့ သူတို့သည် အချို့သော ကိစ္စရပ်များ၌ပင် ပါဝင်နေသည်ဟု ဆိုကြသည်။

သို့သော်လည်း ယခုတွင် ကျန်းကလန်ခေါင်းဆောင်က နတ်ဝင်္ကပါဆီသို့ လျှောက်သွားနေသည်မှာ မည်သည့်အဓိပ္ပါယ်နည်း။

“ဒီတစ်ခါ တကယ် သွားတော့မှာလား” ကျန်းကလန်ခေါင်းဆောင်က ဂူထျန်းရှင်းကို မော့ကြည့်ကာ ပြောလိုက်သည်။

နတ်ဝင်္ကပါ အလယ်တွင် ထိုင်နေသည့် ဂူထျန်းရှင်း၏ ပုံရိပ်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

“ကျုပ် ခင်ဗျားကို သေဖို့တစ်ခါပြောဖူးတယ်။ ဒါပေမယ့် အခုတော့ ခင်ဗျားတကယ် ဒီဘဝက ထွက်သွားရတော့မယ်” ကျန်းကလန်ခေါင်းဆောင်က ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ်”

သူ့အနီးရှိ တန်ခိုးရှင်များသည် သူ့စကားကို ကြားသည့်အခါ အားလုံး ကြက်သေသေသွားကြသည်။

ထိုအချိန်၌ ကျန်းကလန်ခေါင်းဆောင်သည် ဂူထျန်းရှင်းအား သေရန် ပြောခဲ့သည်လား။

ထိုသည်ကို ပြောရလျှင် ထိုအချိန်က ကောင်းကင်နတ်တံခါးဂိုဏ်းသည် စိတ်တူကိုယ်တူဖြင့် ဂူကလန်ကို စတေးခဲ့ကြသည်။

ဂူထျန်းရှင်းက ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရပြီးနောက် စတေးခံခဲ့ရလိမ့်မည်။

ဂူကလန်က ရှင်သန်နိုင်ခြင်းမရှိခဲ့မည်မှာ သေချာသည်။

ထို့ကြောင့် သူက ဂူထျန်းရှင်းအား သေရန် ပြောခဲ့သည်။

သို့ဆိုလျှင် ကျန်းကလန်ခေါင်းဆောင်သည်လည်း ယနေ့ အစီအစဥ်တွင် ပါဝင်နေခဲ့သည်လား။

ထိုစဥ်က ဂူထျန်းရှင်း လုံးဝ သေဆုံးမသွားခဲ့သည့် အကြောင်းရင်း ရှိနေသည်လား။

“ခင်ဗျားတို့က နက်နက်ရှိုင်းရှိုင်းကို ဖုံးကွယ်ထားခဲ့တာပဲ” ထောင်ချီနတ်တောင်က တွေးလိုက်သည်။ သူတို့က အလွန် ရက်စက်ပြီး ဂူကလန်၏ သေဆုံးခြင်းကို ကောင်းကင်နတ်တံခါးဂိုဏ်းအကျိုးနှင့် အလဲအလှယ်ပြုခဲ့ကာ သူတို့က ယနေ့အ​တွက် အစီအစဥ်ချထားခဲ့သည်လား။

ထိုအချိန်က ကောင်းကင်နတ်တံခါးဂိုဏ်းမှာ အားလုံးသည် ဂူထျန်းရှင်း၏ သေဆုံးခြင်းကို မျက်မြင်တွေ့ခဲ့ရသော်လည်း သူက အသက်ရှင်နေသည့်အပြင် ယခု ဂူတုံးလျှိုလည်း ရှိနေသည်။  ကောင်းကင်နတ်တံခါးဂိုဏ်းမှ လူများက မည်သည့်အကြောင်းကိုမှ မသိဟု ပြောလျှင် မည်သူမှ ယုံကြည်လိမ့်မည် မဟုတ်ပေ။

သိသာစွာပင် ကောင်းကင်နတ်တံခါးဂိုဏ်းက အရာအားလုံး၌ ပါဝင်ပတ်သတ်နေခဲ့ပေသည်။

***

All Chapters