ဆုံးဖြတ်ချက်ကြီးချသူ လေးယောက်
Vol. 95 Ch. 1330
လွန်ခဲ့သည့် သုံးရက်က…
ရှီမာယူယူနှင့် ဒိဝူတို့ မြို့တံတိုင်းမှ ခုန်ဆင်းလိုက်သည်နှင့် သူတို့သည် တားမြစ်ဧရိယာ၏ အလယ်ဗဟိုသို့ရောက်သွားလေသည်။ သူတို့အဖွဲ့သည် ကြီးမားသော ကွင်းကွပ်လပ်တွင်ရှိနေကြသည်။
ထိုကွင်းသည် တခြားသောကွင်းများနှင့် မတူပေ။ ထိုကွင်းကို ၁ မီတာ မြင့်ရှိသော ကျောက်နက်တိုင် ၈၁တိုင်ဖြင့် ဝန်းရံထားသည်။ ကွင်း၏ ထောင့် လေးထောင့်တွင် တိုင်လေးတိုင်ရှိသည်။ တစ်တိုင်ချင်းစီကို ရှေးဟောင်းဝိညာဉ် သားရဲမျိုးစုံဖြင့် ရေးထိုးထားသည်။ ကွင်းအလယ်တွင် ခိုင်ခံ့သော ကျောက်တုံး မဟုတ်ဘဲ ကြီးမားသော ရေကန်တစ်ကန်ရှိလေသည်။
ထိုအချိန်တွင် ရေနှင့်ဆင်တူသော အရည်သည် အရပ်မနားလှုပ်ခတ်နေ သည်။ ကန်ရေပြင်ပေါ်ရှိ လှိုင်းဂယက်များသည် စက်ဝိုင်းပုံစံ တုန်ခါလျက်ရှိ၏။ ထိုအရည်သည် လျှံမကျအောင် ကန်ကိုဝန်းပတ်ထားလေသည်။
ကွင်းထဲမှ လူအားလုံးသည် ကန်၏ လှုပ်ရှားမှုကိုကြည့်ရင်းနှင့် သူတို့ အားလုံး၏ မျက်နှာတွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြသည်။
“ဝူမန်ဘာလို့မရောက်သေးတာလဲ” စီနီယာတစ်ယောက်သည် သူ့ဘေးမှ နှစ်ယောက်ကို ညည်းတွားပြောလေသည်။
ထိုစီနီယာကြီးသည် ကျန်းမျိုးနွယ်ရှိ မျိုးနွယ်ခေါင်းဆောင်များထဲမှ တစ် ယောက်ဖြစ်သည်။ သူသည် တစ္ဆေမြို့တော်မှ လက်ရှိဆုံးဖြတ်ချက်ချသူလေးဦး ထဲမှ ပထမဆုံးဖြစ်ကာ တစ်ဦးတည်းသော ကျန်းဟောက်ဖြစ်သည်။
သူ့ဘေးမှနှစ်ယောက်ထဲမှ တစ်ယောက်မှာ အရှေ့ပိုင်းမြို့ဆုံးဖြတ်ချက်ချ သူ လော့ချီနှင့် မောင့်ရှားဖြစ်သည်။ လော့ချီသည် နှစ်မီတာအထက် အရပ်ရှည် ကာ သာမန်ထက်များစွာ အရပ်ရှည်လေသည်။ သူ၏ နှုတ်ခမ်းမွေးကိုပါ ထည့် ပေါင်းလိုက်ပါက သူသည် လူရိုင်းတစ်ယောက်နှင့်တူလေသည်။
နောက်တစ်ယောက် မောင့်ရှားမှာ ပို၍နူးညံ့သည့်ပုံပေါက်လေသည်။ သူ၏ အကြည့်မှာအေးစက်လွန်းသဖြင့် တစ်ချက်ကြည့်လိုက်သည်နှင့် သေ လောက်အောင်အေးခဲသွားနိုင်သည်ဟု ခံစားရလေသည်။
“ကျန်းဟောက် ဝူမန်က မြောက်ပိုင်းကလာမှာ အချိန်နည်းနည်းလောက် လိုလိမ့်မယ်” လော့ချီ ပြောလေသည်။
“သူမက တစ္ဆေမြို့တော်ကို စီမံချင်စိတ်ရောရှိသေးရဲ့လား” မောင့်ရှား သည် အေးစက်စွာပြောလိုက်သည် “သူမက ဒီမြို့ကြီး ပျက်စီးမှာလား အသက် ဆက်ရှိမလားဆိုတာကို ဂရုမစိုက်တော့မှာ ကြောက်မိတယ်၊ ယောက်ျား မိန်းမ အကုန်အတူတူပဲလို့များ ထင်နေတာလား”
“မောင့်ရှား မင်းပါးစပ်ကို မဖွင့်တာအကောင်းဆုံးဖြစ်မယ်လို့ ထင်တယ်” ဖမ်းစားနိုင်သောအမျိုးသမီးတစ်ယောက်သည် လေဟာပြင်မှပေါ်လာပြီး အေးစက်စွာ ကြည့်လိုက်သည်။
ပေါင်ပေါ်တက်သွားသော မီးတောက်ကဲ့သို့ အနီရောင်စကတ်ကိုဝတ်ဆင် ထားပြီး လက်ထဲတွင် ယက်တောင်အနီရောင် ကိုင်ထားသည်။ သူမ၏ မျက်တောင်များပင် နီရဲလျက်ရှိသည်။
သူမသည် အားလုံးကိုကြည့်ပြီး ညှို့ယူလေသည်။
“တောင်းပန်ပါတယ် ငါ့ရဲ့ဒီပါးစပ်က အမှန်ပြောရတာကိုကြိုက်တယ်” မောင့်ရှားပြောလိုက်သည် “ငါတို့အားလုံးအကုန်ဒီရောက်နေပြီ မင်းတစ် ယောက်တည်းကျန်တော့တာ အဲလိုမစဉ်းစားမိဖို့က ခက်တယ်လေ”
“တစ်ရက်တော့ မင်းကိုအဆိပ်ခတ်ပြီး အ,သွားအောင်လုပ်ပေးမယ်” ဝူမန် ပြောလိုက်သည်။
“ကဲ အခုကဘယ်အချိန်လဲ ဒီမှာရပ်ပြီး ကိုက်နေကြတုန်းပဲ” ကျန်းဟောက်သည် သူတို့နှစ်ယောက် စကားဆက်များမည့်အဖြစ်မှ တားလိုက် သည်။
အကယ်၍ ပုံမှန်အချိန်သာဆိုပါက သူတို့ကို ဆက်ကိုက်ခိုင်းမည်။ သို့သော် အခုအခြေအနေမှာ ကွာခြားသည်။ စကားလုံးများနှင့် စစ်ထိုးနေရန် အချိန်မရှိပေ။
ဝူမန်သည် ကန်ဘေးသို့လာပြီး အတားအဆီးကို မရပ်မနားတိုက်ခိုက်နေ သည်ကို ဆက်စောင့်ကြည့်နေလိုက်၏။ ထိုအရာသည် အတားအဆီးကို ဖြတ် ကျော်နိုင်လျှင်တောင် မီးခိုးမဲဖြစ်သွားပြီး အပြင်သို့အလောတကြီးထွက်မည် အပြုတွင် ဝူမန်၏ယပ်တောင်နှင့်ဝှေ့ယမ်းလိုက်သည်နှင့် ပျောက်ကွယ်သွားလေ သည်။
“ဘာလို့ရုတ်တရက်ကြီး လှုပ်ရှားနေတာလဲ၊ ပိုပြီးတော့တောင် အားကောင်းလာသေးတယ်” သူမသည် ယပ်တောင်ကို သာမန်မျှသာခတ်နေပြီး လှုပ်ရှားမှုတိုင်းသည် အလွန်ပင် ဖြားယောင်းသည့်ပုံစံပေါက်လေသည်။ သူမ၏ တွေးတောနေသည့် အနေအထားကပင် လှည့်ဖြားသည့်ပုံပေါက်လေသည်။
“အဲဒါက ဆည်းဆာတောင်ကြောင့်ဖြစ်မယ်လို့ထင်တယ်” ကျန်းဟောက် ပြောလိုက်သည်။ “အဲဒါဖြစ်ပြီးတော့ အဲဒီကလှုပ်ရှားမှုတွေ ထပ်တလဲလဲဖြစ် တာများလာတယ်”
ယပ်တောင်ကိုင်ထားသော ဝူမန်၏လက်မှာ ခေတ္တမျှတုံ့ဆိုင်းသွားလေ သည်။ သူမ လျှင်မြန်စွာပင် တည်ငြိမ်မှုကိုပြန်ထိန်းပြီး ပြောလိုက်သည် “ဒီနေရာနဲ့ ဆည်းဆာတောင်ကြားမှာ အားကောင်းတဲ့ဆက်သွယ်ချက်ရှိတယ်၊ တစ်ခုနဲ့တစ်ခု သက်ရောက်မှုရှိတာတော့ ပုံမှန်ပဲ”
“ကြည့်ရတာ ဒီချိပ်ကမကြာခင် ပျက်တော့မယ့်ပုံပဲ၊ ဒီထက်ကြာကြာ တောင့်မခံနိုင်တော့မှာကြောက်တယ်” လော့ချီ ပြောလိုက်သည်။
“ငါတို့ မြို့ဝန်ကို သတိပေးပြီးပြီလား”
“ငါတို့ မြို့ဝန်ကို ဆက်သွယ်မှာမဟုတ်ဘူး၊ ဘယ်သူမှ အဲနေရာကို မဝင် နိုင်ဘူး” မောင့်ရှား ပြောလိုက်သည်။
“မြို့ဝန်ပြန်မလာရင် ဒီချိပ်က တောင့်မခံနိုင်တော့မှာကြောက်မိတယ်” ကျန်းဟောက် ပြောလိုက်သည်။
“သူ့အားက ခဏလေးနဲ့ကြီးလာတယ်၊ ဒီနေရာကိုစောင့်ကြည့်နေတဲ့လူ တွေရဲ့ပြောစကားအရ သူ့အားကို ကြီးအောင်လုပ်တဲ့ တစ်ခုခုရှိနေတယ်တဲ့ ပြီးတော့ အမြန်ပဲ စွမ်းအားကြီးလာတာ” လော့ချီသည် ကြားခဲ့သည့်အရာကို ပြန်ပြောလိုက်သည်။
“ငါတို့ မြို့ဝန်ကိုဆက်သွယ်မရမှတော့ အချိန်တစ်ခုထိပဲ ဖိနှိပ်နိုင်မယ်၊ ပြီးတာနဲ့ မြို့ဝန်ကိုသွားရှာပြီး ချိပ်ကိုပြန်ပိတ်မယ်” ဝူမန် အကြံပေးလေသည်။
“အခုတော့ ဒါပဲလုပ်နိုင်ဦးမယ်”
“အားလုံးရှိကြလား”
“တားမြစ်ဧရိယာကအစောင့်တွေအကုန် ရောက်နေပါပြီ” ကျန်းဟောက် ပြောလိုက်သည် “အခုတော့ ငါတို့မင်းကိုပဲစောင့်ရတော့မှာပဲ”
“ဒါဆိုလည်း စကြတာပေါ့”
“အားလုံးပဲ အသင့်ပြင်” ကျန်းဟောက်သည် လက်ဝှေ့ယမ်းလိုက်ရာ အစောင့်များအားလုံးသည် ကန်ကိုပတ်ပြီးရပ်လိုက်ကြသည်။ လူ ၈၁ ယောက် သည် တိုင်များဆီသို့ပျံသန်းသွားကြပြီး ဝူမန်နှင့် တခြားသုံးယောက်သည် ထောင့်လေးထောင့်ရှိ ထူးခြားသောတိုင်များဆီသို့ ပျံသန်းသွားလိုက်ကြသည်။
“ချိပ်ပိတ်မယ်”
အမိန့်တစ်ချက်ပေးလိုက်သည်နှင့် အားလုံးသည် ကန်ဆီသို့ ဝိညာဉ် စွမ်းအင်ထည့်လိုက်ကြသည်။ ဝိညာဉ်စွမ်းအင်သည် အတားအဆီးပေါ်မှ ချိပ်ကို ကြံ့ခိုင်စေသည်။ မူလက ယိမ်းယိုင်နေသော အတားအဆီးသည် သူတို့မျက်စိ ရှေ့တွင်ပင် ပုံမှန်ပြန်ဖြစ်သွားလေသည်။
“ဝါး”
ကန်ထဲမှစွမ်းအားသည် ချိပ်အားကောင်းလာသည်ကို ခံစားမိပြီး ထပ်မံ အားမြင့်လာသည်။ နောက်ဆုံးတွန်းကန်အား ဖြစ်သည့်ပုံပင်။ အစပိုင်း ပြန် ကောင်းလာသော အတားအဆီးသည် နောက်တစ်ခါပြန်ပြီး အားနည်းသွားလေ သည်။
“အားနည်းလာပြန်ပြီ ငါတို့ချိပ်ပိတ်ရမယ်” ကျန်းဟောက်သည် အားလုံး ကိုပြောလိုက်သည်။
“သဘောတူတယ်”
အားလုံးသည် သူတို့၏ဝိညာဉ်စွမ်းအင်ကို ထပ်မံအားသွင်းပြီး စွမ်းအင်ကို ချိပ်ထဲသို့ ထပ်လောင်းထည့်လိုက်သည်။ စွမ်းအားသည် အထဲကစွမ်းအင်နှင့် စတင်ညီမျှလာသည်။
“မဖြစ်တော့ဘူး၊ ဒါက အထဲကစွမ်းအားကို မဖိနှိပ်နိုင်ဘူး” လော့ဝီပြော လိုက်သည်။
“ဝူမန်” ကျန်းဟောက် အော်လိုက်သည်။
“ဒီသခင်မကို အနိုင်ကျင့်တာလား” ဝူမန်သည် ကျိန်ဆဲရင်းနှင့် လက်ထဲမှ ယပ်တောင်ကို မြှောက်လိုက်သည်။ ယပ်တောင်သည် လေထဲသို့အရောက်တွင် ကြီးသွားပြီး ကန်အရွယ်အစားလောက်ကြီးမှပင် ရပ်တန့်သွားလေသည်။
ကန်ထဲမှစွမ်းအားသည် ယပ်တောင်အနီကို အနည်းငယ်ကြောက်ရွံ့သည့် ပုံပေါက်သည်။ ထိုယပ်တောင်လေထဲသို့ရောက်ချိန်တွင် ခံနိုင်ရည်အားမှာ များစွာ အားနည်းသွားသည့်ပုံပင်။
“အခုပဲ” မောင့်ရှားသည် ထည့်သွင်းရမည့် စွမ်းအားမြင့်တင်ရန် အားလုံး ကိုအော်လိုက်သည်။ ချိပ်အတွင်းသို့ထည့်သည့် စွမ်းအားသည် အထဲကို တိုက်ရိုက်ပင် တိုက်ခိုက်လေသည်။
“အန်း..”
ဒုက္ခရောက်ပြီး မကျေချမ်းသောအသံသည် အထဲမှထွက်လာပြီး တဖြည်းဖြည်းနှင့် ငြိမ်ကျသွားလေသည်။ ရှုပ်ထွေးနေသော စွမ်းအင်သည် တဖြည်းဖြည်းနှင့် ပုံမှန်ပြန်ဖြစ်သွားလေသည်။
“ရပ်မယ်”
ကျန်းဟောက် အမိန့်ပေးလိုက်သည်နှင့် အားလုံးသည် ဖြည်းညင်းစွာပင် သူတို့၏ ဝိညာဉ်စွမ်းအင်ထုတ်လွှတ်ခြင်းကို ရပ်တန့်လိုက်သည်။ ထိုနည်းလမ်း ကပင် မည်သူ့ကိုမှ ထိခိုက်နိုင်မည်မဟုတ်ပေ။
သို့သော် သူတို့တစ်ယောက်ချင်းစီမှာ ခြေကုန်လက်ပန်းကျနေပြီဖြစ် သည်။ တစ်နာရီလောက်သာရှိပြီး အကြာကြီးတောင့်ခံလိုက်ရသည်မဟုတ် သော်လည်း သူတို့၏ ဝိညာဉ်စွမ်းအင်မှာ ခြောက်ခမ်းသွားပြီဟုခံစားရလေ သည်။
“အားလုံးပဲ စွမ်းအင်ပြန်ပြည့်ဖို့ ဆေးသောက်လိုက်ပါ” ကျန်းဟောက် ပြောလိုက်သည်။
အစောင့်အားလုံးသည် စွမ်းအားပြည့်ဆေး သောက်လိုက်ကြသည်။ သူတို့သည် ဆေးစားပြီးနောက် ထိုင်လိုက်ကြကာ ဝိညာဉ်စွမ်းအင်ပြန်ကောင်း လာရန် အနားယူလိုက်ကြသည်။
ဝူမန်သည် သူမလက်ကိုဝှေ့ယမ်းလိုက်ရာ သူမ၏ ယပ်တောင်သည် မူလ အရွယ်အစားပြောင်းသွားပြီး သူမလက်ထဲပျံလာလေသည်။
သည်တစ်ကြိမ်တွင် စွမ်းအားကိုအောင်မြင်စွာ ဖိနှိပ်နိုင်လိုက်သော်လည်း သူတို့၏ မျက်နှာများမှာ စိတ်ချသွားသည့်ပုံမရှိပေ။
“ငါတို့ အချိန်တစ်ခုလောက်ဖိနှိပ်နိုင်လိုက်ပေမဲ့ တကယ်ပဲငြိမ်ကျသွား တာလားဆိုတာ မသိနိုင်ဘူး” လော့ချီပြောလိုက်သည်။
“အဲဒါက လုံးဝလက်လျော့တာမဟုတ်ဘူးလို့ ငါ အာရုံခံနိုင်တယ်၊ အခုတော့ ငြိမ်ကျသွားပေမဲ့ နောက်တစ်ခါပြန်တိုက်ခိုက်လာရင် ပိုပြီး အားကောင်းတဲ့ခုခံမှုနဲ့ရင်ဆိုင်ရမှာကိုကြောက်တယ်” ဝူမန်သည် စိုးရိမ်တကြီး ပြောလေသည်။
“ငါလည်း အဲလိုခံစားမိတယ်” မောင့်ရှား ပြောလိုက်သည် “အဲဒါကြောင့် ငါတို့နောက်ထပ်နှစ်ရက်ကို ဒီနေရာကနေထွက်သွားလို့မရသေးဘူး၊ ရုတ်တရက် တိုက်ခိုက်လာတာကို ကာကွယ်ရမယ်”
“အခုတော့ ငါတို့လုပ်နိုင်တာ အကုန်ပဲ၊ စွမ်းအားသာ ချိပ်ကိုပေါက်ပြီး ထွက်လာရင် ငါတို့ခုခံဖို့စွမ်းအားမရှိဘဲနေရင် တစ်မြို့လုံးနဲ့လူတွေတော့ ဝါးမျို ခံရတော့မယ်”
“ဒါဆိုရင် သူတို့ကို သတိပေးရမှာလား မပေးရဘူးလား၊ သူတို့ကို ဒါကို ရှောင်ခိုင်းရမှာလား” လော့ချီ အကြံပေးလေသည်။
“သူတို့ကိုဘယ်လိုပြောမှာလဲ၊ သူတို့သိတာနဲ့ အကုန်ရှုပ်ကုန်မယ်” ကျန်းဟောက်သည် အေးစက်စွာ ပြောလေသည်။
“ငါ သဘောတူတယ်၊ ငါတို့ဆက်ပြီး စောင့်ကြည့်ရမယ်၊ အန္တရာယ်များ တယ်ဆိုရင်တော့ နောက်မကျခင်ပြောရမယ်” မောင့်ရှား ပြောလိုက်သည်။
သို့သော် အခြေအနေမှာ အလျင်အမြန်ပင်ပြောင်းလဲသွားပြီး တုံ့ပြန်ရန် အချိန်မရှိလိုက်သည်ကိုတော့ မည်သူမှ ထင်မထားပေ။
***