ချိပ်ပိတ်ရမယ့်နည်းလမ်းကိုမြို့ဝန်ပဲသိတယ်
Vol. 96 Ch. 1331
ကန်၏အေးချမ်းမှုမှာ သုံးရက်သာကြာလေသည်။ တတိယမြောက် နေ့လယ်ခင်းတွင် စွမ်းအားမှာ ပြန်လည်ရိုက်ခတ်လာသည်။ အစပိုင်းတွင် အား မပြင်းထန်လှပေ။ အထဲမှ ပစ္စည်းများပစ်ခြင်းမှာလည်း အားကောင်းခြင်းမရှိ ပေ။
ဝူမန်၊ ကျန်းဟောက်၊ မောင့်ရှားနှင့် လော့ချီတို့သည် ကန်ဘေးတွင်ရပ်နေ ကြသည်။ ရေများပြင်းထန်စွာ ရိုက်နှက်နေသည်ကို မြင်သည်နှင့် သူတို့စိတ်များ လှုပ်ရှားလာကြသည်။
သူတို့ထင်ထားသည်ထက်ပင် အလွန်မြန်နေသည်။
“အခုမှ နှစ်ရက်စွန်းစွန်းပဲရှိသေးတယ် ပြန်စလာပြန်ပြီ” ဝူမန်သည် သူမ ၏ ယပ်တောင်အနီကို ခတ်ရင်းနှင့် ကန်ဘက်သို့ ရံဖန်ရံခါ လေဝှေ့ယမ်ပေး လိုက်သည်။ သူမ ထိုသို့လုပ်လိုက်လျှင် အရည်များမှာ ငြိမ်ကျသွားလေသည်။
“လူတိုင်း အနည်းနဲ့အများပြန်အားပြည့်လာလို့တော်သေးတယ်၊ အဲဒီဟာ သာ ပြန်ပြီးတော့ ခုခံလာမယ်ဆိုရင် ငါတို့ထပ်ပြီးတော့ ဖိနှိပ်ရမှာပဲ” ကျန်းဟောက် ပြောလိုက်သည်။
“အဲလိုလည်းမဟုတ်သေးဘူး” မောင့်ရှားသည် ကန်ထဲမှရေကိုကြည့် လိုက်သည်။ အပေါ်တွင် အမှောင်အတားအဆီး ရှိနေသည်။ “အရင်တုန်းက အကုန်လုံးက မီးခိုးမည်းတွေပါ၊ ဒါပေမဲ့အရည်တွေလို ထူထဲသွားတယ်၊ အဲဒါက သူ အားကောင်းလာတယ်ဆိုတာကို ပြနေတာပဲ၊ ကြည့်လိုက် ဒီအရည်ရဲ့အရောင် ကလွန်ခဲ့တဲ့ နှစ်ရက်ကထက် ပိုနက်လာတယ်”
“ပိုပြီးတော့ အားကောင်းလာတာပဲ”
“ဟုတ်တယ် ဒါကြီးက ပေါက်ကွဲထွက်မှာတောင် ကြောက်ရတယ်”
“ဖိနှိပ်လို့မရနိုင်ဘူးလား”
“မြို့ဝန်ပြန်လာမှဖြစ်မယ်” ကျန်းဟောက် ပြောလိုက်သည် “ဒါကို ဘယ်လိုချိပ်ပိတ်ရမလဲဆိုတာ မြို့ဝန်တစ်ယောက်ပဲသိတယ်၊ အရင်တုန်းက တော့ သူမက နှစ်ပေါင်းတစ်ရာတိုင်းမှာ ပြန်ချိပ်ပိတ်တယ်၊ ဒါပေမဲ့ အခု နှစ်၁၀၀ ကျော်တာ နှစ်တောင်နည်းနည်းကြာနေပြီ သူမ ပြန်မလာသေးဘူး”
“သူမက ယောက်ျားတစ်ယောက်အတွက်နဲ့ တစ္ဆေမြို့တော်တစ်မြို့လုံးကို တကယ်ပဲ ပစ်သွားတာလား” လော့ချီသည် မကျေမနပ်ဖြင့် ပြောလေသည်။
“ဒီဟာကြီးသာ တကယ်ပေါက်ကွဲထွက်ရင် တစ်မြို့လုံးတော့ သွားပြီ” ဝူမန်၏ အမူအရာသည် စိုးရိမ်မှုများပြည့်နှက်နေသည်။
“ဟားဟား အဲဒါလည်းမဆိုးဘူးပဲ၊ တစ်မြို့လုံး အတူတူပဲပျက်စီးမှာ၊ အဲဒါ လည်း စိတ်လှုပ်ရှားစရာမြင်ကွင်းပဲ” မောင့်ရှား ဟားတိုက်ရယ်မောလေသည် “အဲဒီအရာကသာ ပေါက်ကွဲထွက်လာတာနဲ့ ဒီနေရာကိုကာကွယ်ဖို့အတွက် တစ္ဆေမြို့တော်ကို အဲဒါနဲ့အတူဆွဲခေါ်သွားမှာပဲ၊ ဘယ်သူမှထွက်ရမှာမဟုတ်ဘူး အကုန်လုံးအတူတူသေလိမ့်မယ်”
“မင်းပြုံးနိုင်တာကို အံ့ဩနေပြီ” ကျန်းဟောက် သူ့ကိုစိုက်ကြည့်လိုက် သည် “တကယ်ပဲ အဲလိုသာဖြစ်ရင် တစ္ဆေမြို့တော်မှာ လူသားနဲ့ တစ္ဆေလောက တို့ ဆက်သွယ်ချက်ကရှိတော့မှာမဟုတ်ဘူး”
“ငါ ရယ်တာအပြင်ဘာလုပ်နိုင်ဦးမှာလဲ” မောင့်ရှား ပြောလိုက်သည် “အဲဒါသာ အားအပြည့်နဲ့တိုက်ခိုက်လာရင် ငါတို့တောင့်ခံနိုင်မယ်လို့ မင်းတို့ ထင်တုန်းလား၊ ဒီချိပ်က နောက်ဆုံးတော့ ကျိုးပေါက်သွားမှာပဲ”
“အဲလိုကျိုးပေါက်ရင်တောင် တားမြစ်ဧရိယာရဲ့ချိပ်ရှိသေးတယ်၊ ငါတို့ တစ်ခုကို ကာကွယ်ထားလိုက်ရင် ပြန်ပြီးဖိနှိပ်ဖို့ အခွင့်အရေးထပ်ရှိလာဦးမှာပဲ” လော့ချီ ပြောလိုက်သည်။
“ငါ တားမြစ်ဧရိယာက ချိပ်ကိုတစ်ခါမှမမြင်ဖူးဘူး၊ အဲဒါ အသုံးဝင်သေးရဲ့ လားဆိုတာ မသိသေးဘူး”
တခြားသူများလည်း မောင့်ရှားသည် သူတို့အတွေးကိုထုတ်ပြောပြီးဖြစ် လေရာ မည်သည့်စကားမှဆက်မပြောကြတော့ပေ။
အချိန်ကုန်သွားသည်နှင့် ကန်ထဲမှအရာသည် ပိုပိုပြီးကျူးကျော်တိုက်ခိုက် လာသည်။ အားလုံးသည် မတတ်သာတော့ဘဲ ဝိညာဉ်စွမ်းအင်ကိုသာသုံးကာ ပြန်တွန်းပို့ရတော့သည်။
သို့သော် ထိုစွမ်းအင်ကို ဆန့်ကျင်၍သုံးမရတော့ပေ။ ထိုသည်မှာ အောက်ခြေမှ မီးတောင်ပေါက်ကွဲသည်နှင့်တူရာ ထပ်ထပ်ပြီး ချိပ်နှင့်ပြင်းထန် စွာပိတ်ထားရသည်။
တိုက်ဆိုင်သည်မှာ ရှီယူသစ္စာဆိုနေချိန်တွင် ကန်မှချိပ်ပေါက်သွားချိန်ဖြစ် သည်။ ထိုချိပ်သည် အစပိုင်းတွင် သေးငယ်သောအစုတ်အပြဲဖြစ်ပြီးနောက် မြူခိုးမည်းများသည် မနားတမ်းစတင် စီးထွက်လာသည်။
“မရတော့ဘူး ငါတို့ထပ်ပြီးတောင့်မခံနိုင်တော့ဘူး၊ အားလုံးပဲ ငါတို့ အခု မထွက်ရင် ဒီမှာအကုန်သေကုန်လိမ့်မယ်” လော့ချီ အော်လိုက်သည်။
“မြန်မြန် စွမ်းအားပြန်သိမ်းမယ်” ဝူမန်သည် ကျန်းဟောက်ကို ပြောလိုက် သည်။
ကျန်းဟောက်သည်လည်း ဤအခြေအနေသည် ပေးဆပ်မှုထက်သာလွန် သည်ကို သိသည်။ သူသည် စက္ကန့်အနည်းငယ်မျှ တွေဝေပြီးနောက် အော်ဟစ် လိုက်သည် “အားလုံးပဲ စွမ်းအားပြန်သိမ်းပြီး အခုပဲဒီကနေထွက်သွားကြတော့ တားမြစ်ဧရိယာကို သွားကြမယ်”
အစောင့်များလုံးသည် တိုက်ခိုက်မှုရပ်ကာ စနစ်တကျပင် လူစုခွဲခဲ့ကြ သည်။ ဝူမန်နှင့် တခြားသူသုံးယောက်လည်း ပျံထွက်လာကြသည်။
သူတို့အပြင်သို့ပြေးထွက်သည်နှင့် ရှီယူသစ္စာဆိုပြီးချိန်ဖြစ်သည်။ မြူခိုးမည်းများသည် အားကောင်းကောင်းဖြင့် လျှံထွက်လာပြီး အလျင်အမြန် ပင် ကွင်းကို ပြည့်နှက်သွားလေသည်။
မြူခိုးမည်းအပြင်သို့သွားသည်နှင့် တိုင်နက် ၈၁ တိုင်ဆီမှ အလင်းတန်း များထွက်လာတော့သည်။ အလင်းတန်းများသည် တစ်ခုတည်းပေါင်းစည်းသွား ကာ ကွင်းထဲရှိ မြူခိုးမည်းကို ပိတ်ထားလေသည်။ ထိုတိုင်များသည် အားလုံး ထွက်ပြေးရန်အချိန်ဆွဲပေးထားသည်။
“မင်းတို့က ငါ့ကိုဒီလောက်စွမ်းအားလေးနဲ့ တားချင်တယ်ပေါ့ ဟားဟား ဟား”
မြူခိုးမည်းအထဲမှ နိမိတ်မကောင်းသော အသံတစ်သံထွက်လာသည်။ ထိုနေရာရှိလူတိုင်းသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေသည်။
အဲဒါက ဝိညာဉ်အသွင်တောင် ပြောင်းပြီးနေပြီလား။
“ဘုန်း”
တိုင်နက်များမှ ထွက်လာသောအတားအဆီးသည် ထိုစွမ်းအင်ကြောင့် ကျိုးပဲ့သွားလေသည်။ ထိုအသံမှာ နားအူသွားလောက်သည်အထိပင်။ တစ်ချိန် တည်းမှာပင် ထူထဲသော အတားအဆီးသည် တားမြစ်ဧရိယာပတ်ပတ်လည် တွင် ဖြစ်ပေါ်လာက အထဲမှစွမ်းအင်ကိုပိတ်ထားလေသည်။
ထိုအတားအဆီးဖြစ်ပေါ်လာသည်မှာ မြန်ဆန်လွန်းသဖြင့် နှေးကွေးသော အစောင့်တချို့မှာ အထဲတွင် ပိတ်မိနေခဲ့လေသည်။ သူတို့သည် လျင်မြန်စွာပင် မြူခိုးမည်း၏ ဆွဲချခြင်းကိုခံရကာ အော်သံမထွက်လိုက်ရခင်မှာပင် အရိုးပုံဖြစ် သွားလေသည်။
“အားကောင်းလိုက်တာ”
အားလုံးသည် ကြမ်းတမ်းစွာလူးလွန့်နေသော မြူခိုးမည်းကိုကြည့်ပြီး ကြောက်ရွံ့မှုများ ပြည့်နေကြသည်။ အရင်က သူတို့ကိုကာကွယ်ခဲ့သော အတားအဆီးကို ယခုကဲ့သို့ တိုက်ရိုက်တွေ့ဖူးခြင်းမရှိပေ။ အခု သူတို့နောက်လိုက်မှသာ မည်မျှအင်အားကောင်းသည်ကို သိလိုက်ရတော့ သည်။
တားမြစ်ဧရိယာတွင် ချိပ်ရှိ၍သာတော်သေးသည်။ မဟုတ်လျှင် တစ္ဆေ မြို့တော်တစ်ခုလုံးသည် ထိုနေရာတွင် ပျက်စီးသွားတော့မည်။
တားမြစ်ဧရိယာမှ ရှုပ်ထွေးမှုများဖြစ်နေသည်ကို မြို့ထဲမှလူများ မြင်နေရ သည်။ ထိုသည်မှာ မည်မျှအန္တရာယ်များကြောင်းကို သူတို့အလိုလိုသိစိတ်မှ ပြောနေကြကာ အားလုံးသည် မြို့အပြင်သို့ စတင်ပျံထွက်ကြလေသည်။
“မြို့တော့ ဂယက်ထနေပြီ”
“အခု သွားချင်ရင်တောင် သွားလို့မရဘူး”
“တခြားရွေးချယ်စရာရှိဦးမလား” လော့ချီ မေးလိုက်သည် “ဝူမန်၊ အရင် က မင်းက မြို့ဝန်နဲ့အနီးကပ်ဆုံးနေတာပဲ၊ သူမက ဒီအကြောင်းကိုပြောပြဖူး လား”
“အဲဒါကိုငါ့ကိုဘာလို့လာမေးနေတာလဲ” ဝူမန် နှာမှုတ်လေသည် “အဲဒါက သူမ မြို့ဝန်အနေနဲ့ နေရာကိုကာကွယ်နိုင်တဲ့ တစ်ခုတည်းသော အကြောင်းအရင်းပဲ ဘယ်လိုလုပ်ငါ့ကိုပြောမှာလဲ”
“အမှန်ပဲ၊ မြို့ဝန်တစ်ယောက်တည်းပဲ အမြဲတမ်းသိနေခဲ့တာ၊ သူတို့က ဘယ်သူ့ကိုမှလည်းပြောတာမဟုတ်ဘူး” မောင့်ရှားပြောလိုက်သည်။
ထိုအချက်ကြောင့်ပင် မည်သူမှ မြို့ဝန်ရာထူးကို မတက်မက်နိုင်ခြင်း ဖြစ်သည်။
“ဒီချိပ်က သန်မာလို့တော်သေးတယ်၊ မဟုတ်ရင် ပေါက်ထွက်လာမှာပဲ”
“ဒါပေမဲ့ ဒါကလည်း အကြာကြီးတောင့်ခံနိုင်မှာမဟုတ်ဘူး ငါတို့ ပြန်ပြီး ဖိအားပေးနိုင်မယ့် နည်းလမ်းကိုရှာရမယ်”
“အုန်း…”
ချိပ်အတွင်းမှ မြူခိုးမည်းသည် ပိုထူထဲလာကာ ပို၍ပင် စီးဆင်းမှု ကြမ်းတမ်းလာသည်။ သူ့အသံသည် ရံဖန်ရံခါတွင် လူတိုင်း၏ ဆံပင်ကိုပင် ထောင်သွားစေ သည်။
“ငါတို့မှာ တခြားရွေးချယ်မှုမရှိတော့ဘူးလား” ထိုအရာမှ ချိပ်ကို ဆက်လက်တိုက်ခိုက်နေသည်ကို လော့ချီ စောင့်ကြည့်နေသည်။ ထိုအတိုင်း သာ ဆက်သွားပါက အမှန်တကယ်ပင် ချိပ်ပေါက်သွားနိုင်သည်။
“ငါတို့ ကန်ကချိပ်ကိုတောင် ခိုင်အအောင် ဝိညာဉ်စွမ်းအင်သုံးနိုင်တာပဲ ငါတို့ ထပ်လုပ်နိုင်လောက်မှာပါ” ဝူမန် ပြောလိုက်သည် “ထပ်ကြိုးစားကြည့်ကြ မယ်”
“ကောင်းပြီ”
သူတို့လေးယောက်သည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် အတားအဆီး အထက် မိုးပေါ်သို့ပျံသွားပြီး ဝိညာဉ်စွမ်းအင်ကို ဆက်ပြီးလောင်းထည့်လိုက် သည်။ သို့သော် စွမ်းအင်အများစုမှာ သုံးစွဲပြီးဖြစ်သဖြင့် ထိုအနည်းငယ်လောက် သည် အတားအဆီးကိုသန်မာအောင် မလုပ်နိုင်ပေ။
“အုန်း”
အထဲမှ အရာသည် အားအပြည့်ဖြင့် ဆက်လက်တိုက်ခိုက်လေသည်။ သူတို့ လေးယောက်သည် ထိုစွမ်းအားကြောင့် အနောက်သို့ပြင်းထန်စွာ လှန်သွားကြလေသည်။
“အပြင်မှာ အချိန်ပိုကြာလေလေ ပိုပြီးသန်မာလေလေပဲ” လော့ချီသည် ရင်ဘတ်ကိုဆုပ်ကိုင်လိုက်သည်နှင့် သွေးမည်းများ ပါးစပ်အပြည့်အန်ထွက်လာ သည်။
“ဒါပေမဲ့ အခုငါတို့ကအပြင်မှာပဲ အဲဒါထွက်လာတာကိုထားဖို့ ငါတို့မှာ အားမရှိဘူး” ဝူမန်သည် အရေးကြီးသောအချိန်တွင် သူမကိုယ်သူမကာကွယ် ရန် သွေးယပ်တောင်ကို အသုံးပြုသည်မှာ လော့ချီထက်သာလွန်လေသည်။
“တစ်ယောက်ယောက်လာနေပြီ” မောင့်ရှားသည် ရှီမာယူယူရှိရာဘက်သို့ ကြည့်လိုက်သည်။ သူမသည် တခြားသူများနှင့် ကွဲပြားနေသဖြင့် သူမကို တစ်ချက်ကြည့်လိုက်သည်နှင့် မြင်လေသည်။
အားလုံးကြည့်လိုက်ရာ ရှီမာယူယူသူတို့ဆီသို့ ပျံလာသည်ကို မြင်လိုက်ရ လေသည်။
“ဒီလူက စိတ်ဝင်စားစရာပဲ အကုန်လုံးက သူတို့အသက်အတွက် ပြေးနေ ကြတာ၊ ဒါပေမဲ့ သူမကတော့ သေမင်းတံခါးဝကို သူမဘာသာပြေးလာတယ်” မောင့်ရှားသည် ပါးစပ်ထောင့်မှသွေးကိုသုတ်ပြီး တိုးညင်းစွာပြောလိုက်သည်။
***