← Chapters

ကြောက်စရာအမည်းလေး

Vol. 96 Ch. 1332

ကြောက်စရာအမည်းလေး

Vol. 96 Ch. 1332

ရှီမာယူယူ ပျံသွားလိုက်ရာ အားလုံးသည် သူမကိုကြည့်နေသည်ကို မြင် လိုက်ရသည်။ သူမ စကားမပြောခင်ပင် ကြောက်စရာကောင်းသောရောင်ဝါ တစ်ခုကို အတားအဆီးထဲမှ ခံစားမိလေသည်။ ထိုရောင်ဝါသည် အတားအဆီး ကိုဖြတ်ကျော်ပြီး အပြင်တွင်ပျံ့နှံ့သွားလေသည်။

ထိုရောင်ဝါ အပြင်သို့ရောက်သည်နှင့် လေပေါ်မှလူများသည် မြေပြင်သို့ ကျလေသည်။ သူမနှင့် ဆုံးဖြတ်ချက်ချသူ လေးယောက်လုံး ထိုနည်းလည်းကောင်းပင်။ မြေပေါ်တွင် ပြုတ်ကျသူများနှင့် ပြည့်နေသည်။

ရောင်ဝါတစ်ခုတည်းနှင့်ပင် သူတို့ကို မခံနိုင်အောင်ဖြစ်ရသည်။ အထဲမှ အရာသည် မည်မျှကြောက်မက်ဖွယ်ကောင်းမည်နည်း။

“နာလိုက်တာ” ရှီမာယူယူသည် နာကျင်နေသော တင်ပါးကိုပွတ်လိုက် သည်။ သူမ ပြန်ရပ်လိုက်ချင်သော်လည်း ရောင်ဝါသည် သူမခန္ဓာကိုယ် အားနည်းအောင် လုပ်ထားလေသည်။

“ဝုတ် ဝုတ် ဝုတ်” အပြင်ထွက်မယ် အပြင်ထွက်မယ်

ရှီမာယူယူဆီမှ ရောင်ဝါကိုခံစားမိသော အမည်းလေးသည် အော်လေ သည်။

ရှီမာယူယူသည် အမည်းလေး၏ တုံ့ပြန်မှုသည် အရင်တစ်ခေါက်နှင့် တူနေသေဖြင့် အရှေ့မျှတမှုမြို့တော်မှ အဖြစ်အပျက်ကို အမည်းလေး ဖြေရှင်း လိုက်ပုံကိုတွေးမိလိုက်သည်။ ဒီတစ်ခေါက်လည်း တူနေမလားပဲ။

သူမသည် အမည်းလေးကိုခေါ်ထုတ်လိုက်သည်။ သူထွက်လာသည်နှင့် ထိုကြောက်မက်ဖွယ်ရောင်ဝါ ပျောက်သွားသည်ကို အာရုံခံမိလေသည်။

“ဝုတ် ဝုတ်”

အမည်းလေသည် အမြီးနန့်ကာ ရှီမာယူယူအား နှစ်ကြိမ်မျှဟောင် ပြီးနောက် လှည့်ထွက်ကာ တားမြစ်ဧရိယာဘက်သို့ ပြေးထွက်သွားလေသည်။

“အမည်းလေး ရပ်” ရှီမာယူယူသည် သူ၏ အမြီးကိုဆုပ်ကိုင်လိုက်သည်။

“ဝုတ် ဝုတ် ဝုတ်” အမည်းလေးသည် လှည့်ပြီး သူမကိုဟောင်ပြန်သည်။

“အမည်းလေး မင်းပြေးသွားလို့မရဘူး” ရှီမာယူယူသည် ဖက်ပြီးတား လိုက်သည် “မင်းက တခြားမြစ်ဧရိယာထဲက ဟာကြီးကိုသိတာမုတ်ဘူး၊ အရမ်း အန္တရာယ်များတယ်”

အမည်းလေး မျက်တောင်ခတ်လိုက်သည်။ သူသည် ရှီမာယူယူ ပြော သည်ကို နားမလည်ပေ။ သို့သော် နားလည်သည်ဖြစ်စေ နားမလည်သည် ဖြစ်စေ လူတိုင်းဆွံ့အသွားစေမည့်အရာကို ဆက်လုပ်သွားလေသည်။

“ဝုတ် ဝုတ် ဝုတ်”

အမည်းလေးသည် တားမြစ်ဧရိယာကို ရက်စက်စွာဟောင်လိုက်ရာ အားလုံးသည် ထိုဟောင်သံကိုကြားလိုက်သည်။ အံ့ဩစရာကောင်းသည်မှာ အမည်းလေးဟောင်ပြီးနောက်တွင် ထိုရောင်ဝါသည် နောက်ပြန်ဆုတ်သွားလေ သည်။

“ပြန်.. ပြန်ဆုတ်သွားတာလား”

အားလုံးသည် မှင်တက်သွားကြလေသည်။ အထူးသဖြင့် ကျန်းဟောက် နှင့် တခြားသူများကဲ့သို့ ထူးချွန်ပြောင်မြောက်သူများမှာ ပိုအံ့ဩရလေသည်။ သူတို့အားလုံးသည် ရှီမာယူယူရင်ခွင်ထဲရှိ အမည်းလေးအား ငေးငိုင်စွာကြည့် လိုက်ကြသည်။

“ဘာတွေဖြစ်နေတာလဲ”

မြေပေါ်မှလူများ တွားသွားထလာကြသည်။ အနီးတွင်ရှိနေသောသူများ သည် အမည်းလေးဟောင်သည်ကို သိကြပြီး တခြားသူများမှာ အသံကိုသာ ကြားလိုက်ခြင်းဖြစ်သည်။

ဝူမန်သည် ရှီမာယူယူအနီးသို့ ကပ်လာသည်နှင့် အမည်းလေးသည် သာမန်အကောင်လေးမဟုတ်သည်ကို သိလိုက်သည်။ သူမသည် သူ့ကိုကြည့် လိုက်ရာ ရတနာတစ်ပါးကိုကြည့်လိုက်ရသလို ခံစားရလေသည်။

“ဒါက မင်းရဲ့ဝိညာဉ်သားရဲလား” အမည်းလေးအားကြည့်ရာတွင် သူမ၏ မျက်လုံးများသည် တောက်ပနေသည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“အထဲက အရာကဒါလေးကို ကြောက်တယ်နဲ့တူတယ်၊ ဒါလေးနဲ့ ဖိနှိပ်လို့ ရမရကို စမ်းကြည့်ခိုင်းမလား” ဝူမန် မေးလိုက်သည်။

“ဒါပေမဲ့ အမည်းလေးက တိုက်ခိုက်မှုစွမ်းရည် နည်းနည်းတောင်မရှိဘူး” ရှီမာယူယူ ဖက်ထားလိုက်သည် “ပြန်ပြီးတိုက်ခိုက်စေချင်တယ်ဆိုရင် မဖြစ်နိုင် ဘူး”

“တိုက်ခိုက်နိုင်စွမ်း မရှိဘူးလား” ဝူမန်သည် အမည်းလေးအား ပို၍ ဂရုတစိုက်ကြည့်လိုက်သည်။ ထိုအကောင်လေးသည် ရှီမာယူယူ၏ ရင်ခွင်ထဲ တွင်ရှိနေပြီး ဝိညာဉ်စွမ်းအင်စိုးစဉ်းမျှမရှိပေ။

“ဟုတ်တယ် အမည်းလေးမှာ တိုက်ခိုက်မှုစွမ်းရည်မရှိဘူး” ရှီမာယူယူ အတည်ပြုလေသည်။

“တိုက်ခိုက်မှုစွမ်းရည်မရှိလည်း ရတယ်၊ သူ နည်းနည်းလောက်ဟောင် လိုက်တာနဲ့ အဲဒီရောင်ဝါက ကြောက်ပြီးပြန်ဆုတ်သွားတယ်မလား၊ စမ်းသပ်ဖို့ နောက်ထပ် နှစ်ခါလောက်ပဲဟောင်ခိုင်းလိုက်” ဝူမန် ပြောလိုက်သည် “ဒီမြို့က လူတိုင်းရဲ့အသက်က သူ့လက်ထဲမှာရှိနေပြီ”

ရှီမာယူယူလည်း သဘောတူသည်။ အကယ်၍ တစ်မြို့လုံးသာမရှိတော့ ပါက သူမလည်း အသက်ရှင်နိုင်တော့မည်မဟုတ်ကာ သူမ၏ ဖခင်ကိုရှာမည် ကိုတော့ ပြောဖို့ပင်မလိုတော့ပေ။

“အမည်းလေး စမ်းကြည့်ချင်လား” သူမသည် အမည်းလေးကို ချီပြး မေး လိုက်သည်။

“ဝုတ် ဝုတ် ဝုတ်”

အမည်းလေးသည် အမြီးလှုပ်ယမ်းကာ သူပျော်နေသည်ကို ပြသလေ သည်။

“ဒါကိုဘယ်လိုလုပ်ချင်တာလဲ” ရှီမာယူယူသည် ထိုအရာကိုနားမလည် နိုင်သဖြင့် ဝူမန်ကိုသာမေးရတော့သည်။

ဝူမန်လည်း မသိပေ။ ထိုအရာကို တားဆီးနိုင်သည့် သက်ရှိသတ္တဝါ တစ်ကောင်ကို သူမလည်း ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။ သူမသည် မသေချာမရေရာစွာဖြင့် ပြောလိုက်သည် “ဒီအတိုင်းလွှတ်ပြီး ခုနကလို ဟောင် ခိုင်းကြည့်ရင်ရော”

“ဟုတ်ပြီ” ရှီမာယူယူသည် အမည်းလေးကိုဖက်ပြီး လေပေါ်သို့တက် လိုက်သည်။ သူမသည် တားမြစ်ဧရိယာကိုပတ်ထားသော အတားအဆီးနားသို့ ကပ်သွားရာ သူတို့ကပ်သွားလေလေ မြူခိုးမည်းမှာ နောက်ဆုတ်သွားသည်ကို တွေ့လိုက်ရသည်။

ဘာမှပြောရန်ပင်မလိုပဲ အမည်းလေးသည် မြူခိုးမည်းကိုမြင်သည်နှင့် ချက်ချင်းပင် စတင်‌ဟောင်လေသည်။ သူ၏ ဂုဏ်သိက္ခာကို လူအများရှေ့တွင် စိန်ခေါ်နေသည်ဟု ခံစားရလေသည်။

ခုနလေးတင်ပင် မြူခိုးမည်းသည် သည်းမခံနိုင်လောက်အောင် မောက်မာ နေခဲ့သည်။ သို့သော် အမည်းလေးဟောင်သံကိုကြားသည်နှင့် ထိုရောင်ဝါသည် ချက်ချင်းပင် ပျောက်ကွယ်သွားကာ လူးလွန့်မှုအရှိန်အဟုန်မှာ များစွာလျော့ကျ သွားခဲ့သည်။

ဝူမန် ကြည့်လိုက်ရာ အသုံးဝင်သည်ကို မြင်လိုက်သည်နှင့် စိတ်ထဲမှ သက်ပြင်းချမိသည်။

“အမည်းလေးက ဘာသတ္တဝါပါလိမ့်၊ အဲဒီဟာကတောင် သူ့ကိုကြောက် တယ်ပေါ့”

တခြားသူများ ပျံလာကာ သူတို့ရှေ့မှအဖြစ်အပျက်ကို မြင်သောအခါ မှင်တက်ကြလေသည်။

“ဒါက… ဒါကြီးကဘာလဲ တကယ်ပဲ အဲလောက်အားကောင်းလား”

‘ဘာကြီးလဲ’ ဟုပြောသံကို အမည်းလေးကြားသောအခါ ထိုလူကို ဒေါသ တကြီးကြည့်လိုက်သည်။ ထိုလူသည် ကြောက်ရွံ့သွားကာ မိုးပေါ်မှကျပြီး သေလုနီးပါးဖြစ်သွားလေသည်။

“ဒီဝိညာဉ်သားရဲက အဲဒီမိန်းကလေးပိုင်တာပဲ၊ တိုက်ခိုက်မှုစွမ်းရည်မရှိ ပေမဲ့ အထဲကဟာက သူ့ကိုကြောက်တဲ့ပုံပဲ” ဝူမန် ရှင်းပြလေသည်။

“ဒီမိန်းကလေးက ခုနက ပျံလာတဲ့သူမလား၊ မင်းရဲ့ ဝိညာဉ်သားရဲက တကယ်ပဲ အဲဒါကိုဖိနှိပ်နိုင်တာပဲ၊ သူက ဘာဝိညာဉ်သားရဲလဲ” လော့ချီ မေး လိုက်သည်။

“ကျွန်မလည်းမသိဘူး၊ ကျွန်မ သူ့ကိုတွေ့တော့ ဒီလိုဖြစ်နေပြီ၊ ပြီးတော့ သူက ကျွန်မနဲ့ဘယ်လိုလုပ်စာချုပ်ဆက်သွယ်သွားလဲမသိဘူး၊ သူက ခွေးလိုပဲ ဒါပေမဲ့ ဉာဏ်ရည်လည်းမမြင့်ဘူး စကားလည်းမပြောနိုင်ဘူး၊ အဲဒါကြောင့် သူက ဘာလဲဆိုတာအခုထိမသိသေးဘူး”

ရှီမာယူယူသည် အလိမ်အညာကိုပါ နည်းနည်းထပ်ပေါင်းလိုက်သည်။ သူမ၏ ကြည်လင်သောမျက်လုံးများကို သူတို့မြင်သောအခါ သူမအမှန်ပြော သည်ဟု အားလုံးယုံလိုက်ကြသည်။

ပြီးနောက်တွင် ထိုကမ္ဘာြကီးတွင် အားကောင်းပြီးထူးဆန်းသော သတ္တဝါ များစွာရှိသည်။ တချို့မှာ အမှန်တကယ် ထိုအတိုင်းပင်။ ဘာမှမထူးဆန်းပေ။

“သူဘာပဲဖြစ်ဖြစ် အဲဒီဟာကိုဖိနှိပ်နိုင်မှတော့ အထဲကိုဖိအားပေးပြီး ပြန်ထည့်လို့ရနိုင်တယ်” ကျန်းဟောက် ပြောလိုက်သည်။

“အခုတော့ ဒီတစ်နည်းပဲရှိတယ်၊ မိန်းကလေး မင်းအဲဒီဟာကို ကန်ထဲကို ဖိအားပေးပြီး ထည့်လို့ရမရကို စမ်းကြည့်နိုင်မလား”

“ကောင်းပြီလေ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမသည် အမည်း လေး၏ခေါင်းကိုပုတ်ပြီး ပြောလိုက်သည် “ဘာလုပ်ရမလဲဆိုတာ မင်းသိတယ် မလား”

အမည်းလေးသည် မျက်တောင်ခတ်လိုက်သည်။ သူဘာလုပ်ရမည်ကို မသိသော်လည်း သူအလိုရှိလျှင်လုပ်၍ရသည်ဟု အလိုလိုသိစိတ်မှပြောနေ သည်။ သူသ် ကောင်းကင်မှမွေးဖွားလာသော ဘုရင်ဖြစ်သည်။ မည်သူမှ သူ၏ စွမ်းအားကို အံမတုနိုင်ပေ။

သူသည် ရှီမာယူယူ၏ ရင်ခွင်မှ ခုန်ဆင်းပြီး အတားအဆီးပေါ်သို့ တွယ် တက်လိုက်သည်။ အတားအဆီးမှ ပြန်တွန်းကန်ထားသဖြင့် အထဲသို့ကျ မသွားပေ။

“ဝုတ် ဝုတ် ဝုတ်”

သူသည် မြူခိုးအမည်းကို အကြိမ်အနည်းငယ်ဟောင်လိုက်ရာ စတင် ဆုတ်ခွာလေသည်။

တကယ်ပဲ အလုပ်ဖြစ်တာလား။

သူတို့သည် မြူခိုးမည်းနောက်ဆုတ်သွားသည်ကို သူတို့မျက်လုံးနှင့်ပင် ကြည့်ရာ အားလုံးသည် အံ့ဩသွားကြလေသည်။ ပြီးနောက်တွင် မဖုံးဖိနိုင်သော ပျော်ရွှင်မှုပါလာသည်။

သူတို့မှာ ကယ်တင်ဖို့မျှော်လင့်ချက်ရှိလာပြီ။

မြူခိုးမည်း တဖြည်းဖြည်းနှင့် နောက်ဆုတ်သွားသည်နှင့် အတားအဆီး မရှိတော့ပေ။ အမည်းလေးတွင် ဝိညာဉ်စွမ်းအင်မရှိသဖြင့်မပျံနိုင်ပေ။ အတားအဆီး‌ ပျောက်ကွယ်သွားသည်နှင့် သူကျသွားလေတော့သည်။

ရှီမာယူယူသည် လန့်ဖျပ်သွားသည်။ သူက မြူခိုးအမည်းထဲကျသွားတာ တောင် အသက်ရှင်နေသေးတာလား။

သူမသည် မစဉ်းစားဘဲနှင့်လိုက်သွားရာ အမည်းလေးမြေပေါ်သို့ကျမသွား ခင်တွင် ဖမ်းမိလိုက်လေသည်။

သူမ တားမြစ်ဧရိယာသို့ခြေချမိချိန်တွင် အမည်းလေးရှိသောနေရာတွင် မြူခိုးအမည်းနောက်ဆုတ်သွားသည်ကို တွေ့လိုက်ရသည်။ ထိုအရာသည် အမည်းလေးကိုကြောက်ပုံရကာ ပြန်တိုက်ခိုက်ရန် စဉ်းပင်မစဉ်းစားပေ။

အပြင်မှလူများသည် ရှီမာယူယူ မြူခိုးအမည်းထဲသို့ပြေးသွားသဖြင့် သေမည်ဟု အစပိုင်းတွင် တွေးထားကြသည်။ သို့သော် မြူခိုးမည်းသည် လမ်း ကြောင်းပွင့်သွားသည်။ ထိုအရာကြောင့် အမည်းလေး၏ ဇစ်မြစ်ကိုအားလုံး ပို နားမလည်နိုင်ဖြစ်ကြလေသည်။

***

All Chapters