← Chapters

အိပ်မက်ရူခင်း

Vol. 27 Ch. 391

အိပ်မက်ရူခင်း

Vol. 27 Ch. 391

အိပ်မက်ရူခင်း ဆိုတာက..အစစ်အမှန်အမ္ဘာ မဟုတ်သလို အိပ်မက်ကမ္ဘာရဲ့ အစိတ်အပိုင်းတစ်ခုလည်း မဟုတ်ပြန်ပါဘူး။သို့ပေမယ့် အဲဒီအစား ဒီအရာနှစ်ခုရဲ့ကြားထဲမှာ တည်ရှိနေတဲ့အရာပါ။ဒီအရာကို ခေတ်မှီနည်းပညာ နဲ့ အထူးကဏ္ဍစွမ်းရည် ပါရှိတဲ့ မာစတာတစ်ယောက် - အခုတော့ သူတော်စင်တစ်ယောက် တို့က ပေါင်းစပ်ပြီးဖန်တီးထားခဲ့တာပါ။သူတို့ရဲ့စွမ်းရည်က ပုံရိပ်ယောင်တွေနဲ့ ဆက်နွယ်မူရှိနေတာကြောင့်..အိပ်မက်ရူခင်း ဆိုတာကလည်း ဒီလိုအရာပါပဲ။

မရေမတွက်နိုင်တဲ့လူတွေ မျှဝေခံစားနိုင်တဲ့ ကြီးမားတဲ့ ပုံရိပ်ယောင်ကြီးတစ်ခု။

သို့ပေမယ့် ဒီပုံရိပ်ယောင်က အခြေအနေတစ်ခုလုံးကိုဖန်တီးယူလို့ရတာ မဟုတ်ပဲ..တိကျတဲ့စည်းမျဥ်းတွေနဲ့ အလုပ်လုပ်တာပါ။ဒါကအပြည့်အဝ အစားထိုးရမယ့်အစား အစစ်အမှန်အခြေအနေကိုပဲ..ပုံရိပ်ထင်ဟပ်ပေးနိုင်ပါတယ်။ရလာဒ်အနေနဲ့ ဒီအထဲကိုဝင်သွားတဲ့လူတစ်ယောက်က အပြင်မှာတည်ရှိနေတဲ့ ဥပဒေသတွေအတိုင်း..တူညီစွာပဲ သက်ရောက်ခြင်းခံရမှာပါ။

ပြီးတော့..ဒီဥပဒေသတွေထဲက တစ်ခုက အိပ်မက်ဆိုးအခိုက်အတန့် ဖြစ်တာကြောင့် လူတစ်ယောက်ရဲ့ ကဏ္ဍ ၊ စွမ်းရည် ၊ မှတ်သားမူတွေ နဲ့ ထပ်တူညီမူတွေက အပြင်ဘက်မှာအတိုင်း တူညီစွာပဲအလုပ်လုပ်ပါတယ်။ဒါပေါ့ အရေးကြီးတဲ့ ကွဲပြားမူတစ်ခုတော့ ရှိနေဆဲပါ။အဲတာကတော့ တစ်စုံတစ်ယောက်က အိပ်မက်ရူခင်း ထဲမှာ နာကျင်တာ ၊ ဒဏ်ရာရတာ ဒါမှမဟုတ် အသတ်ခံရတာတွေ မရှိနိုင်ပါဘူး။မှတ်သားမူတွေ ၊ ထပ်တူညီမူတွေကလည်း ဖျက်ဆီးခံရမမဟုတ်ပေ။

ဆိုလိုတာကတော့..န်ိုးထသူတွေဟာ အဲဒီမှာ အသက်အန္တရာယ်မရှိပဲ အပြန်အလှန်တိုက်ခိုက်နိုင်ပြီး ၊ သူတို့ရဲ့ ဖျက်ဆီးနိုင်စွမ်းတွေကို အစစ်အမှန်ကမ္ဘာဆီ မသက်ရောက်စေပဲ ထိန်းထားနိုင်ပါတယ်။

အစတုန်းကတော့ အိပ်မက်ရူခင်းကို ဆက်ခံသူကလန်တွေနဲ့အစိုးရ တို့ကသာ သူတို့ရဲ့ ထူးချွန်တဲ့ နိုးထသူတွေ လေ့ကျင့်ဖို့အတွက် အသုံးပြုခဲ့ကြပေမယ့် အနည်းငယ်လောက်ပဲ အသုံးဝင်တယ်ဆိုတာကို အလျင်အမြန်သိလာခဲ့ကြပါတယ်။ဒီလေ့ကျင့်မူက အခိုက်အတန့်ကို သယ်ဆောင်ထားတဲ့လူတွေအတွက် လုံလုံခြုံခြုံလေ့ကျင့်နိုင်ပေမယ့်..သူ့ရဲ့အိပ်မက်ဆိုးသတ္တဝါတွေ ဖန်တီးနိုင်စွမ်းက..အစစ်အမှန်ပုံစံနဲ့ နီးစပ်မူ ရှိမနေခဲ့ပါဘူး။ဘာပဲဖြစ်ဖြစ် ပုံရိပ်ယောင် မွန်းစတားတွေက စိတ်ဆန္ဒတွေ ၊ သတ္တဝါတစ်ကောင်ရဲ့ စိတ်နေစိတ်ထားတွေ ကင်းဝေးကြပါတယ်။

ဒီတော့ အိပ်မက်ရူခင်းက ပြီးပြည့်စုံတဲ့ လေ့ကျင့်ရေးလက်နက်တစ်ခုဖြစ်လာဖို့ ကျရှုံးသွားခဲ့ပြီး..အားလုံးရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတာပါ။

သို့ပေမယ့် ဒီအရာက..ဖျော်ဖြေရေးအပိုင်းမှာ မထင်မှတ်ထားလောက်အောင်ပဲ အောင်မြင်လာခဲ့တယ်။

အထူးတပ်ဖွဲ့ဝင်တွေမဟုတ်တဲ့ နိုးထသူတွေက ဒီအရာက အတော်စိတ်ဝင်စားဖို့ကောင်းတယ် ၊ အသုံးဝင်တယ်..ပြီးတော့ ပျော်စရာကောင်းတယ်လို့ယူဆခဲ့ကြပါတယ်။အိပ်မက်ရူခင်းထဲက တိုက်ခိုက်မူတွေက ပေါ်ပြူလာဖြစ်လာတာကြောင့်..ဒီနောက်ကွယ်မှာရှိနေတဲ့ ကုမ္ပဏီက ဒီအထဲမှာ ရိုက်ကူးထုတ်လုပ်နိုင်တဲ့ ဖန်ရှင်ကို ထည့်သွင်းပြီး..ဒီတိုက်ခိုက်မူတွေကို ပိုမိုကျယ်ပြန့်တဲ့ ပရိတ်သတ်တွေဖြစ်တဲ့ သာမန်လူသားတွေ ဆီကိုပေးပို့ခဲ့ပါတယ်။

ဒီနေ့မှာတော့ အိပ်မက်ရူခင်း က အပျော်တမ်းအဆင့်နဲ့ ပရောဖက်ရှင်နယ်အဆင့် ပြိုင်ပွဲတွေ ၊ ကျော်ကြားတဲ့ ဆယ်လီတွေ ၊ စိတ်ဓာတ်ပြင်းပြတဲ့ ပရိတ်သတ်တွေနဲ့ ပြည့်စုံတဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်နေခဲ့ပါပြီ။သူ့မှာ နိုးထသူမဟုတ်တဲ့လူတွေ အတွက်လည်း သီးသန့်ထုတ်လုပ်ထားပြီး ၊ သီးသန့်ပတ်ဝန်းကျင်နဲ့ လူတွေကိုအိပ်မက်ကမ္ဘာထဲကိုဖြတ်သန်းပြီး အိပ်မက်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်ရတဲ့အရသာကိုပါ ခံစားခွင့်ပေးထားပါတယ်။

သို့ပေမယ့် ဆန်နီကတော့ အိပ်မက်ရူခင်းချန်ပီယံ တစ်ယောက်ဖြစ်လာရင် ရရှိနိုင်တဲ့ ကျော်ကြားမူတွေ ၊ ခမ်းနားမူတွေနဲ့ ပိုက်ဆံတွေကို စိတ်မဝင်စားပါဘူး။ဘယ်လောက်ပဲ အမြတ်အစွန်းတွေ များပြားနေပါစေ၊ နောက်ဆုံးမှာတော့ ဒါကအရုပ်တစ်ရုပ်တစ်ခုသာပါ။

ဒါပေမဲ့ သူက ဒီကစားစရာကို အရေးကြီးတဲ့အကြောင်းပြချက် သုံးခုကြောင်းအရမ်း စိတ်ဝင်စားနေမိပါတယ်။

ပထမအကြောင်းပြချက်ကတော့..အိပ်မက်ရူခင်းက ပေးထားတဲ့ အမည်မဖော်လိုမူပါ။တကယ်လို့ တစ်စုံတစ်ယောက်က..ပုံရိပ်ယောင်ကမ္ဘာထဲကို ဝင်ရောက်သွားမယ်ဆိုရင် သူတို့ကဆန္ဒမရှိဘူးဆိုရင် သူတို့ကို ခြေရာခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒုတိယအကြောင်းပြချက်ကတော့ အရိပ်ကခုန်မူပါ။ဆန်နီက သူ့ရဲ့တိုက်ပွဲဟန်ပန် ပိုမိုကောင်းမွန်လာဖို့ အတွက်ဆိုရင် မတူညီတဲ့လက်နက်တွေများစွာကို ကိုင်ဆောင်ထားတဲ့ ရန်သူတွေကိုတိုက်ခိုက်ဖို့ လိုအပ်ပါတယ်။အလားတူစွာပဲ ဝိဥာဥ်မြွေကလည်း ဒီအတိုင်းပါပဲ။

နိုးထသူတွေထောင်ပေါင်းများစွာက သူနဲ့ယှဥ်ပြီးတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတဲ့နေရာထက် ပိုပြီးကောင်းမွန်တဲ့ နေရာဆိုတာ ရှိနိုင်ပါဦးမလား..။

တတိယအကြောင်းပြချက်ကတော့ အတော်လေးကိုမထင်မှတ်ထားစွာပါပဲ။တကယ်တော့ ဆန်နီက ဒီအချက်ကို မတော်တဆတွေ့ရှိခဲ့တာပါ။

သူ ချိန်းကျွန်းစု ကိုရောက်တဲ့အချိန်တုန်းက မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်ကို အိပ်မက်ဆိုးသားရဲတစ်ချို့နဲ့ တိုက်ခိုက်တဲ့အချိန်မှာ အသုံးပြုခဲ့ပါတယ်။မဟူရာ ချပ်ဝတ်အကာအကွယ်က သူထင်ထားတာထက်တောင် ပိုပြီးကောင်းမွန်လွန်းနေတာကြောင့် သားရဲတွေကို အလွယ်တကူပဲတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီနည်းနဲ့ [မြေအောက်ကမ္ဘာရဲ့မင်းသား ] တိုးမြင့်မူကဘယ်လိုအလုပ်လုပ်တာလဲဆိုတာကို သိခဲ့ရတာပါပဲ။သူ့ရဲ့ဖော်ပြချက်မှာတော့ အသုံးပြုသူဟာ..သူအနိုင်ယူလိုက်တဲ့ရန်သူ အရေအတွက်အလိုက် ပိုသန်မာတယ်လို့ ဖော်ပြထားခဲ့ပြီး..အမှန်တကယ်လည်း အဲဲဒီအတိုငိးပါပဲ။တိုးမြင့်မူက..ရန်သူသေလား၊ ရှင်လား ဆိုတာကို ဂရုမစိုက်ပေ..။သူဂရုစိုက်တာက ရန်သူ ရှုံးနိမ့်သွားဖို့ကိုပါပဲ။

ဆန်နီတိုက်ခိုက်နေတဲ့ အိပ်မက်ဆိုးသားရဲက ထွက်ပြေးလွတ်မြောက်သွားမယ် ဆိုရင်တောင် တိုးမြှင့်မူက [ 1215 / 6000 ] ကနေ [ 1216 / 6000 ] အထိ ပြောင်းလဲသွားပါသေးတယ်။

သူ ဒီအချက်ကိုနောက်ထပ် သားရဲတစ်ကောင်နဲ့ စမ်းသပ်ကြည့်ပြီးပါပြီ..။သူက သားရဲကိုသေခါနီးဖြစ်အောင်အထိ တိုက်ခိုက်ပြီး နောက်ဆုံးအချိန်ကြမှ သေအောင်မသတ်ပဲ ထွက်သွားခဲ့တာပါ။ရေတွက်မူက [ 1217 / 6000 ] ဖြစ်သွားခဲ့ပါတယ်။

ဒီတော့ ဆန်နီက အိပ်မက်ကမ္ဘာထဲမှာ ကျောက်တုံးတစ်လုံးနဲ့ငှက်နှစ်ကောင်ကိုပစ်ဖို့ ကြံရွယ်နေခဲ့တယ်။ဒီနေရာမှာ သူ့ရဲ့နည်းစနစ်တွေကို လေ့ကျင့်မယ့်အပြင် ၊ များပြားတဲ့အနိုင်ရလာဒ်တွေနဲ့ ​[ မြေအောက်ကမ္ဘာရဲ့ မင်းသား ] လိုအပ်ချက်ကို ပြည့်မှီအောင်လုပ်သွားမှာပါ။

အခုဆိုရင် သူက နောက်ဆုံးမှာ ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့ပြီး..လုံခြုံတဲ့ လှုံ့ဆော်မူသေတ္တာကို ရရှိခဲ့ပြီဖြစ်တာကြောင့်..ဒီလိုပြုလုပ်ဖို့အတွက် အခွင့်အရေးက သူ့လက်ထဲမှာပဲ ရှိနေပါတယ်။

...သို့ပေမယ့် ပထမဆုံးအနေနဲ့..သူက လန်နာ့ဒ်ကိုပြန်လွှတ်ဖို့လိုအပ်နေခဲ့တယ်။

သူတို့နှစ်ယောက်က မြေပြင်ညီထပ်ကို ပြန်ရောက်လာခဲ့ကြပါပြီ။အရပ်ပုတဲ့လူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ကြိုးစားပြုံးကာ မေးလိုက်တယ်။

"အ..အရာအားလုံးကို ဆရာ သဘောကျလိမ့်မယ်လို့တော့ ကျွန်တော်မျှော်လင့်မိတာပဲ..."

သူ့ကို ဆရာလို့အခေါ်ခံနေရတာက ဘယ်လောက်တောင်ထူးဆန်းနေလဲဆိုတာကို မဖော်ပြမိအောင်ကြိုးစားရင်း..ဆန်နီ သူ့ကိုခေါင်းညိမ့်ပြကာ..ပုံမှန်ပဲပြန်ဖြေလိုက်တယ်။

"ဟုတ်တယ်..သဘောကျမှာပါ.."

လန်နာဒ် ခနလောက်တွေဝေပြီးကာမှ မေးလိုက်တယ်။

"ကောင်းတယ်။ကောင်းပါပြီ..အဟမ်း..ဆရာအနေနဲ့ကျွန်တော်တို့ရဲ့ တက်ကြွခြင်း လုံခြုံရေးဝန်ဆောင်မူကို အမည်စာရင်းသွင်းထားချင်သေးလား..။နိုးထသူအများစုက လုံခြုံရေး..အဖွဲ့တစ်ခုကို..အစောင့်..အကြပ်အဖြစ်..အာ..."

အရပ်ပုတဲ့လူဟာ..သူ့ရဲ့ဝန်ဆောင်မူလုပ်ငန်းတစ်ခုကို စိတ်ဝင်စားလာအောင် အမွှမ်းတင်ပြောဆိူဖို့ စတင်လိုက်ပေမယ့်..ဆန်နီရဲ့သိပ်အလေးမထားတဲ့ အကြည့်အောက်မှာ တဖြည်းဖြည်းတိုးညှင်းလာခဲ့ပြီး ၊ နောက်ဆုံးမှာ လုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။

ဆန်နီ အနည်းငယ် ပြုံးလိုက်ပြီး..

"ကျုပ်တော့ စိတ်မဝင်စားဘူး , လန်နာ့ဒ် ။ကျုပ်ကို ခင်ဗျားက တကယ်စောင့်ရှောက်ပေးနိုင်မယ်လို့ ထင်နေတာလား.."

လန်နာ့ဒ် တံတွေးကိုမြိုချလိုက်ပြီး ခေါင်းခါယမ်းလိုက်တယ်။

"ဟား..ဟားဟား..။မဟုတ်တာ..ဒီလိုဘယ်ဟုတ်ပါ့မလဲ။ကျွန်တော် ဘာတွေတွေးမိနေတာလဲ မသိဘူး။ကျေးဇူးပြုပြီး ခွင့်လွှတ်ပါဆရာ.."

သူ အဝေးကိုကြည့်လိုက်ပြီး အလျင်အမြန်ပဲ စကားလမ်းကြောင်းလွှဲလိုက်ပါတယ်။

"ဘယ်လိုပဲဖြစ်ဖြစ်..ဆရာမြင်တဲ့အတိုင်း အတွင်းပိုင်းပြင်ဆင်မူမှာ..ဘာမှထည့်မပေးထားဘူးလေ။ကျွန်တော်တို့ နေရာလွတ်ထားပေးထားတာက ဆရာရဲ့...အဟမ်း..ပစ္စည်းတွေထားဖို့အတွက် ချန်ထားပေးတာပါ။တကယ်လို့ ဆရာစိတ်မရှိဘူးဆိုရင် ပစ္စည်းတွေ ဘယ်ချိန်ရောက်လာမှာလဲဆိုတာကို မေးလို့ရနိုင်မလား.."

ဆန်နီ သူ့ကိုစိုက်ကြည့်ပြီး ပုခုံးတွန့်လိုက်တယ်။

"ရောက်လာမှာမဟုတ်ဘူး..။ကျုပ်မှာ ..ပိုင်ဆိုင်တဲ့ပစ္စည်း အများကြီးမရှိဘူး..."

သူဆိုလိုတာက သူ့နောက်ကျောမှာရှိနေတဲ့ အဝတ်အစားတွေနဲ့ အိပ်ကပ်ထဲမှာရှိတဲ့ ပိုင်ဆိုင်မူတစ်ချို့ကလွဲပြီး ထပ်မရှိတော့ဘူးလို့ ပြောချင်တာပါ။

လန်နာ့ဒ် သက်ပြင်းချလိုက်ပြီး ခေါင်းညိမ့်လိုက်တယ်။

"ဘယ်လောက် သိမ်မွေ့နက်နဲလိုက်လဲ။အမှန်ပဲ ..ဒီနေ့ခေတ်လူတွေက ပစ္စည်းဥစ္စာပိုင်ဆိုင်မူတွေကို အရမ်းပဲ အလေးထားလွန်းကြတယ်..။သူတို့က ပစ္စည်းဥစ္စာတွေရဲ့ ပိုင်ရှင်လို့ခံယူထားကြပေမယ့်..ပစ္စည်းဥစ္စာတွေက သူတို့ရဲ့ပိုင်ရှင်လို ဖြစ်နေတာကိုတော့ သတိမထားမိကြဘူးလေ..။ဆရာ ရဲ့ ဥာဏ်ပညာကို ကျွန်တော် မနာလိုဖြစ်မိပါတယ်.."

'...ဒီငနဲက ဘာအကြောင်းတွေ ပြောနေတာလဲ..'

ဆန်နီကတော့ လန်နာဒ်ရဲ့ဝတစုံနဲ့ ရှေးဟောင်းနာရီကို မနာလိုမူတစ်ချို့နဲ့ စိုက်ကြည့်နေခဲ့တယ်။ဒါတွေက အတော်ကို စျေးကြီးလောက်မှာပါ..။

အရပ်ပုတဲ့လူဟာ သူကြည့်နေတဲ့နေရာကို သတိထားမိသွားတာကြောင့် ရှက်ရွံ့သွားခဲ့ပြီး..

"ဘာပဲဖြစ်ဖြစ်..တကယ်လို့ ဘယ်သူမှမလာတော့ဘူးဆိုရင်..ကျွန်တော်တို့ရဲ့သဘောတူညီချက်ကို အခု ဒီနေရာမှာပဲ အဆုံးသတ်လိုက်ကြရအောင်။ကျွန်တော်..ဆရာရဲ့ အဖိုးတန်တဲ့အချိန်တွေကို ကုန်ဆုံးအောင် မလုပ်တော့ဘူး.."

သူတို့က စာရွက်စာတမ်းတစ်ချို့မှာ လက်မှတ်ထိုးလိုက်ကြတယ်။ငွေကြေးပေးချေမူတွေက အလိုလျောက်ဆောင်ရွက်ပြီးသား ဖြစ်တာကြောင့်..အခုဒီလိုတွေလုပ်တယ်ဆ်ိုတာက လုပ်ရိုးလုပ်စဥ်အတိုင်း ပြုလုပ်တာပါ။ဒီလိုအရာကိုပြုလုပ်ပြီးတဲ့နောက်မှာတော့..ဆန်နီဟာ နက်ရှိုင်းပြီး အားကောင်းတဲ့ စိတ်ခံစားမူတစ်ခုကို ခံစားလိုက်ရပါတယ်။

မိနစ်အနည်းငယ်အတွင်းမှာပဲ..လန်နာ့ဒ်က ပြန်သွားခဲ့ပြီး..သူ့ရဲ့အိမ်အသစ်ကြီးထဲမှာ ဆန်နီ တစ်ယောက်တည်းသာ ကျန်နေခဲ့တော့တယ်။

နှစ်ပေါင်းများစွာ ၊ များစွာ ကြာပြီးတဲ့နောက်မှာ သူပိုင်ဆိုင်ရတဲ့ ပထမဆုံးအိမ်ပါ။

All Chapters