ဒဏ္ဍာရီတစ်ခု မွေးဖွားမူ
Vol. 27 Ch. 392
ဆန်နီဟာ ဧည့်ခန်းထဲမှာ အချိန်အတော်ကြာအောင် ခံစားချက်မဲ့စွာရပ်နေခဲ့တယ်။ယင်းနောက် သူ အိမ်ပတ်ဝန်းကျင်ကို ဖြည်းညှင်းလျောက်ပြီး ..နံရံတွေ ၊ အလှဆင်ထားတဲ့ အိပ်ခန်းတွေကို ကြည့်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့..သူက ရေခဲသေတ္တာနားကို ရောက်သွားခဲ့ပြီး..သန့်ရှင်းတဲ့ ရေသန့်ဗူးတစ်ဗူးကို ကောက်ယူလိုက်တယ်။
ဆန်နီ ရေသန့်ဗူးကို ကိုင်ကာ အပြင်ကိုလျောက်ထွက်လာပြီး လေသာဆောင်မှာထိုင်လိုက်ပါတယ်။
ဒီတိုက်တန်းရပ်ကွက်က တိတ်ဆိတ်ပြီး အေးချမ်းနေခဲ့တာပါ။လေထုကအေးစက်နေဆဲဖြစ်ပေမယ့်..နေရောက်ခြည်ရဲ့ နွေးထွေးမူက..အံ့ဩဖွယ်ကောင်းလောက်တဲ့ နွေဦးရာသီကို ကတိပြုနေခဲ့တယ်။
သူ ရေကိုနည်းနည်းချင်းစီသောက်ရင်း..ဟိုကြည့်ဒီကြည့်ကြည့်ကာ အချိန်ကိုကုန်ဆုံးနေခဲ့တယ်။နာရီအချို့ကြာသွားပြီးနောက်မှာတော့..PTV ကားတစ်ချို့ဖြတ်သွားတာကို တွေ့လိုက်ရပါတယ်။သန့်ရှင်းပြီး နွေးထွေးတဲ့ အဝတ်အစားတွေနဲ့ လူတစ်ချို့ကိုလည်း သူ တွေ့လိုက်ရတယ်။ခနအကြာမှာတော့..ကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားတဲ့ ကလေးတွေ ၊ ဆယ်ကျော်သက်တွေ ဖြတ်လျောက်လာကြပြီး ကျောင်းကနေ အိမ်ကို ပြန်လာခဲ့ကြပါတယ်။
ပြီးတဲ့နောက်မှာတော့ သူ သက်ပြင်းချလိုက်ပြီး..သူ့အရိပ်တွေကို ပြန်ရုတ်သိမ်းကာ..အထဲကိုပြန်ဝင်သွားခဲ့တယ်။
ဘာမှမရှိတော့တဲ့ ရေဗူးကို ရေခဲသေတ္တာဆီ ပြန်ယူသွားလိုက်တာပါ။သူ ခနလောက်အထဲကိုစိုက်ကြည့်နေခဲ့တယ်။
အထဲမှာတော့..အစားအသောက်တွေ..အစားအသောက်တွေ အများကြီး ရှိနေခဲ့ပါတယ်။သူ့အတွက်တော့ တစ်လလောက် စားသောက်ဖို့အတွက်တောင် လုံလောက်မှာပါ။
...ဆန်နီ ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ..သူ့ရဲ့လက်သီးက ရေခဲသေတ္တာပေါ်ကိုရောက်သွားပြီး ၊ ပါးလွှာတဲ့သတ္တုအကာကို အလွယ်တကူဖောက်ဝင်သွားခဲ့ကာ..အထဲမှာရှိနေတဲ့ အသီးအရွက်တွေကို အငွေ့အဖြစ်ကွယ်ပျောက်သွားစေခဲ့ပါတယ်။သတ္တုအပိုင်းအစတွေ ၊ ပလပ်စတစ်တွေက လေထဲမှာပျံ့နှံ့သွားခဲ့ပြီး..အိမ်တစ်ခုလုံးတောင် အနည်းငယ်တုန်ရီသွားခဲ့တယ်။ရေခဲသေတ္တာကတော့ ကျိုးပဲ့ပျက်ဆီးသွားခဲ့ပြီး..သက်ရောက်လာတဲ့အားကြောင့် ကွဲထွက်လုနီးပါး ဖြစ်နေခဲ့ပါပြီ။
ဆန်နီ သူ့လက်တွေကို အံ့ဩသင့်စွာကြည့်လိုက်ပြီးနောက်မှာတော့..ရှက်ရွံ့စွာပဲ အပျက်အဆီးတွေထဲကနေ ပြန်ဆွဲထုတ်လိုက်ကာ..ရေခဲသေတ္တာကို အကြပ်ရိုက်တဲ့အမူအရာနဲ့ ကြည့်လိုက်ပါတယ်။
"...ခရက် "
အခုတော့ သူက အသစ်တစ်လုံး ဝယ်ရပါတော့မယ်။ပြီးတော့ အစားအသောက်တွေကိုလည်း ပြန်အစားထိုးရဦးမှာပါ။ပြီးရင်..အမှိုက်တွေကိုလည်း သန့်ရှင်းရေး လုပ်ရပါဦးမယ်..။
'ငါ ဘာတွေဖြစ်နေတာလဲ..'
သူ ခေါင်းခါယမ်းလိုက်ပြီး..ပုလင်းခွံအလွတ်ကို ကောင်တာပေါ်ကို တင်လိုက်ကာ..၊ သက်ပြင်းချလိုက်ပြီး ကြမ်းတိုက်တံကို သွားရှာလိုက်ပါတယ်။
***
အချိန်တစ်ချို့ကြာပြီးနောက်မှာတော့..ဆန်နီဟာ မြေအောက်ခန်းကို ပြန်ရောက်လာခဲ့ပြီး..အိပ်မက်ရူခင်း ဖန်သေတ္တာကို ကြည့်လိုက်တယ်။သူအတော်ကြာအောင် ကြည့်ပြီးနောက်မှာတော့..တစ်ဖက်ကိုလှည့်ကာ..ဒိုဂျိုအကာအကွယ်ကိုကြည့်ပြီး မျက်မှောင်ကျုတ်လိုက်တယ်။
'အခု လုပ်လိုက်စမ်းပါ..မင်း ဒီအရာကိုပြင်ဆင်နေတာကြာပြီမလား..'
သူကြည့်နေတုန်းမှာပဲ..သူ့ရဲ့တည်ရှိမူတစ်ခုလုံးက ဖြည်းညှင်းစွာပြောင်းလဲသွားခဲ့ပါတယ်။ဆန်နီ လမ်းလျောက်တဲ့ပုံစံ ၊ သူနေထိုင်တဲ့ပုံစံ ၊ သူ့ လက်တွေလှုပ်ရှားတဲ့ ပုံစံတွေက အနည်းငယ်ကွဲပြားသွားခဲ့တယ်။
"ဒီမှာ နတ်ဘုရားခြောက်ယောက်ရှိတယ်။စစ်ပွဲနတ်ဘုရားကို အသက်နတ်ဘုရားလို့လည်း သိထားကြတယ်။သားရဲနတ်ဘုရားကို လ နတ်သမီးလို့လည်း သိထားကြတယ်..။နေနတ်ဘုရားကို...."
သူ နတ်ဘုရားတွေရဲ့နာမည်နဲ့ သူတို့ရဲ့စွမ်းရည်အကြောင်းကို ရွတ်ဆိုနေတဲ့အချိန်မှာ သူစကားပြောတဲ့ ပုံစံကပါ ပြောင်းလဲနေခဲ့ပါပြီ။ကွဲပြားမူက ညှင်သာပေမယ့်..သတိထားမိနိုင်ပါတယ်။
တစ်ခုပြီးတစ်ခုဆိုသလိုပဲ ၊ ဆန်နီဟာ အပြုအမူအားလုံးကို အနည်းငယ်ချင်းစီ ပြောင်းလဲနေတာကို သူ့ဆီမှာတွေ့နေခဲ့ရတယိ။သူက ဒီအခိုက်အတန့်ကိုလေ့ကျင့်နိုင်ဖို့အတွက် အချိန်အကြာကြီး အကုန်ခံထားလဲ့ရတာပါ။အရိပ်ကခုန်မူလေ့ကျင့်သူရဲ့ ရုပ်ပိုင်းဆိုင်ရာမြဲမြံမူကို အသုံးချပြီး သူ့ကိုယ်သူ မမှတ်မိနိုင်အောင် ကြိုးစားနေခဲ့တယ်။အံ့ဩစရာပဲ လုပ်ဆောင်ရတာက သူထင်ထားတာထက် ပိုပြီးလွယ်ကူနေခဲ့ပါတယ်။ဘယ်လိုပဲဖြစိဖြစ် ဒါက သူ့ရဲ့အခြေခံအကျဆုံး ကျွမ်းကျင်မူပါ။
ဝီဗာရဲ့မျက်နှာဖုံးက သူ့ရဲ့ပုံစံအမှန်ကို မှော်ပညာနဲ့ကြည့်ရူချင်သူတွေဆီကနေ ကာကွယ်ပေးနိုင်ပေမယ့် သာမန်ပုံစံမျိုးတွေနဲ့ စစ်ဆေးမူတွေကနေ ကိုယ့်ကိုကို ကာကွယ်ဖို့အတွက်ကတော့ သူကိုယ်တိုင်ကြိုးစားရမှာပါ။
အတော်ကြာပြီးနောက် ၊ သူအဆင်သင့်ဖြစ်သွားတဲ့အချိန်မှာ..ဆန်နီအဝတ်အစားတွေကိုချွတ်လိုက်ပြီး..အသွင်ယူဖန်တီးမူသေတ္တာ အနားကိုကပ်သွားကာ အထဲကိုဝင်လိုက်တယ်။အချောသတ်ထားတဲ့ အနက်ရောင်သစ်သားမျက်နှာဖုံးက သူ့မျက်နှာပေါ်မှာ ပေါ်လာတဲ့အချိန်မှာတော့..အဖုံးကပိတ်သွားခဲ့ပါတယ်။
သူ့ရှေ့မှာတော့ စာသားတွေက အလင်းရောင်တောက်ပပြီး ပေါ်ထွက်လာခဲ့တယ်။
"အိပ်မက်ရူခင်းထဲကို ဝင်ရောက်လိုပါသလား.."
" ဝင်မယ် " " မဝင်ဘူး "
သူ သက်ပြင်းချလိုက်ပြီး.." ဝင်မယ် " ဆိုတဲ့နေရာကို အာရုံစိုက်ထားလိုက်တယ်။
ခနအကြာမှာတော့ သူ့အမြင်အာရုံတွေက နက်မှောင်သွားခဲ့ပါတယ်။
***
ဆန်နီဟာ သူ့ကိုယ်သူ ကျယ်ပြန့်တဲ့ အနက်ရောင်လေဟာနယ်ထဲကို ရောက်သွားတာ တွေ့လိုက်ရတယ်။သူ့ပတ်ဝန်းကျင်မှာတော့ မရေမတွက်နိုင်တဲ့ကြယ်လေးတွေက နူးညံ့သိမ်မွေ့စွာတောက်ပနေကြပြီး..ရှုပ်ထွေးစွာရက်လုပ်ထားတဲ့ ကြိုးလေးတွေက သူ့တို့ကို အတူတကွဆက်နွယ်ပေးထားခဲ့ပါတယ်။
..သို့ပေမယ့် အဲဒီပုံစံခွက်တွေရဲ့ နောက်ကွယ်မှာ လောဂျစ် ဒါမှမဟုတ် ခံစားမူတွေရှိမနေခဲ့ပေ။ဒီလှပတဲ့ အလင်းရောင်ကြိုးတွေရဲ့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်ကို သူမခံစားရပါဘူး။ဒါက ဒီတိုင်း လှပတဲ့ပုံဖော်မူတွေဖြစ်ပြီး..အဲထက်မပိုခဲ့ပေ။
အတုအယောင်တစ်ခု။
ဒီအချက်အပြင် အသွင်ယူဖန်တီးမူက အတော်လေးကို လက်တွေ့ကျပါတယ်။သူ အောက်ကိုငုံ့ကြည့်ပြီး သူ့ရဲ့ အဝတ်အပါတဲ့ ခန္တာကိုယ်ကိုကြည့်လိုက်တယ်။ဝိဥာဥ်မြွေက သူ့ရဲ့လက်နဲ့ခန္တာကိုယ်ကို ရစ်ပတ်ထားခဲ့ပါတယ်။အိပ်မက်ရူးခင်းက သူ့ရဲ့ရုပ်ရည်သွင်ပြင်ကို..အတော်လေး..အင်း..အသေးစိတ်ဖန်တီးပေးထားခဲ့တာပါ။
'ဟင် '
ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး မြေအောက်ကမ္ဘာရဲ့ဝတ်ရုံတော်ကိုထုတ်ယူလိုက်တယ်။သူ့ရဲ့ရက်လုပ်မူကလည်းအနက်ရောက်ဖြစ်ပြီး သူ့ရဲ့ခန္တာကိုယ်ကို ဖုံးအုပ်ထားခဲ့ပါတယ်။ဒီလိုဝတ်ဆင်လိုက်တဲ့အချိန်မှာပဲ..သာယာတဲ့အသံတစ်ခုက အမှောင်ထုထဲမှာပေါ်ထွက်လာခဲ့တယ်။
"စိန်ခေါ်သူ ၊ အိပ်မက်ရူခင်းကနေ ကြိုဆိုလိုက်ပါတယ်..."
ဆန်နီဟာ ဆောင်းဦးသစ်ရွက်ကို ထုတ်ယူလိုက်တယ်။ဒါက သူ့ဆံပင်ကိုအရောင်ပြောင်းလို့ရတဲ့ သေးငယ်တဲ့ အဆောင်တစ်ခုပါ။ခနလောက်တွေဝေပြီးနောက်မှာတော့ သူက ဆံပင်တွေကို အဖြူရောင်ပြောင်းလိုက်ပါတယ်။
'ဘာထပ်ရှိသေးလဲ..ငါက လူတွေကို ဘယ်လိုတိုက်ခိုက်ရမှာလဲ...'
ကြည်လင်တဲ့အသံက ပြန်တုန့်ပြန်လာခဲ့တယ်။
"ရှေ့ဆက်ပြီးမသွားခင်မှာ နာမည်ပြောင်တစ်ခုကို ရွေးချယ်ပေးပါ..."
သူအကြိမ်အနည်းငယ်လောက် မျက်တောင်ခတ်လိုက်ပြီးနောက်မှာ ခေါင်းကိုကုတ်လိုက်တယ်။
'အိုး..ဟုတ်သားပဲ..။နာမည်ပြောင်တစ်ခု .."
အတော်ကြာအောင် တွေးပြီးနောက်မှာတော့ ဆန်နီဟာ နစ်ဖီ ပြန်ပြောကြရတာကြိုက်တဲ့ အိုဒက်ဆေးရဲ့ ဒဏ္ဍာရီအကြောင်းကို ပြန်သတိရလိုက်ပါတယ်။
"ဘယ်သူမှမဟုတ်"
ဒါက တကယ်ကိုကောင်းမွန်တဲ့ နာမည်ပြောင်တစ်ခုပါ။သူက "ရန်သူကို ဘယ်သူမှမဟုတ်တဲ့သူက သတ်လိုက်ပါပြီ " ဒါမှမဟုတ် " ဘယ်သူမှ အနိုင်မရခဲ့ပါဘူး" ဆိုတဲ့ကြေညာသံတွေကို တွေ့ကြည့်ယုံနဲ့တင် ရယ်စရာကောင်းနေတာကို ခံစားမိပါတယ်။
သို့ပေမယ့် သူ့အတွေးတွေက အိပ်မက်ရူခင်းရဲ့ ကြားဖြတ်မူကို ခံလိုက်ရတယ်..။
"နာမည်ပြောင် "ဘယ်သူမှမဟုတ်" က ယူထားပြီးသား ဖြစ်နေပါပြီ။ကျေးဇူးပြုပြီး တစ်ခြားနာမည်ရွေးချယ်ပေးပါ.."
"အာ.."
သူဒါကိုမထင်ထားခဲ့ပေ..။ဘယ်ဟာက ပိုကောင်းနိုင်မလဲ...
"နာမည်ပြောင် " အာ " က ယူထားပြီးပါပြီ။ကျေးဇူးပြုပြီး ထပ်ရွေးချယ်ပေးပါ.."
"ဘာလဲ..၊ မဟုတ်ဘူးလေ, ခနလေး.."
"နာမည်ပြောင် "ဘာလဲ ၊ မဟုတ်ဘူးလေ ခနလေး " က ယူထားပြီးပါပြီ..။ကျေးဇူးပြုပြီး တစ်ခြားနာမည်ရွေးချယ်ပေးပါ.."
ဆန်နီ ပါးစပ်ပိတ်ထားလိုက်ပြီး အတော်ကြာအောင် စဥ်းစားနေခဲ့တယ်။
နာမည်ပြောင်က နားထောင်လို့ကောင်းယုံတင်မကပဲ အစစ်အမှနိကမ္ဘာမှာ သူ့ကိုယ်သူခေါ်နေကြ နာမည်နဲ့လည်း မတူမှဖြစ်မှာပါ။သူ့ရဲ့ လှုပ်ရှားမူတွေ ၊ စကားပြောဆိုမူတွေလိုပဲ..ဒီအရာကိုလဲ ဘယ်သူမှမသိနိုင်အောင်လုပ်ရပါလိမ့်မယ်။ဒါကြောင့် နာမည်တစ်ခုကရဖို့က တကယ်မလွယ်ကူလှပေ..။
မိနစ်အနည်းငယ်အကြာမှာတော့ သူက မတူညီတဲ့ နာမည်ပြောင် တစ်ဒါဇင်လောက် ကြိုးစားခဲ့ပေမယ့် အားလုံးက တူညီတဲ့ရလာဒ်တွေ ချည်းပါပဲ။သူ စဥ်းစားနိုင်တဲ့ အကောင်းဆုံးနာမည်ပြောင် အရည်အသွေးတွေက ဖြည်းဖြည်းချင်း ကျဆင်းလာခဲ့တယ်။အဲ့အချိန်မှာတော့ စိတ်ရှုတ်ထွေးမူတွေ မြင့်တက်လာခဲ့ပါပြီ။ဒီ သောက်ကျိုးနဲ အသွင်ယူဖန်တီးမူက သူ့ကို လှောင်ပြောင်နေသလို ပါပဲ။
နောက်ဆုံးမှာတော့ ဆန်နီ စိတ်အနှောက်အယှက်ဖြစ်လာခဲ့ပြီး..သူ့စိတ်ထဲပေါ်လာတဲ့ ပထမဆုံးစကားလုံးကို ထုတ်ပြောလိုက်ပါတယ်။
"...ခွေးသား.."
အိပ်မက်ရူခင်းဟာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့တယ်..။ပြီးမှ ပြောလာခဲ့ပါတယ်။
"ကြိုဆိုပါတယ် ခွေးသား..။ကျေးဇူးပြုပြီး သင်ကြိုက်နှက်သက်တဲ့ အိပ်မက်ကို ရွေးချယ်ပေးပါ.."
'တကယ်လား ၊ ခွေးသားလား..။ကောင်းပြီလေ..မစ်ရှင် ပြည့်မြောက်သွားပြီ..။အဲလိုထင်တာပဲ..။ဒါက တကယ်ပဲ ငါ မဖြစ်ချင်ဆုံး နာမည်တစ်ခုပဲ.."
အိုး..
ဆန်နီ စိတ်ရှုပ်ထွေးမူကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေတုန်းမှာပဲ ပုံရိပ်တွေအများကြီးက သူ့ရှေ့မှာပေါ်လာခဲ့တယ်။အားလုံးက မတူညီတဲ့ပတ်ဝန်းကျင်တွေ ရှိနေခဲ့ပြီး ၊ ပြိုင်ပွဲဝင်ကွင်းပြင်နဲ့တောင် တူညီလုနီးပါးဖြစ်နေခဲ့ပါတာ်။
သူ့ရဲ့စူးစမ်းမူအရ ၊ ဒီလိုပြိုင်ပွဲဝင်ကွငိးပြင်ကို ရွေးချယ်ခြင်းအားဖြင့် သူက ဘယ်လိုပြိုင်ဘက်နဲ့ရင်ဆိုင်ရမှာလဲဆိုတာကို ဆုံးဖြတ်ပေးမှာပါ။တစ်ချို့က လူတိုင်းအတွက် ရနိုင်ပြီး ၊တစ်ချို့ကတော့ ဝင်ရောက်ယှဥ်ပြိုင်ဖို့အတွက် အနိုင်ရမူတစ်ချို့ လိုအပ်ပါတယ်။ကျွမ်းကျင်အဆင့် တိုက်ခိုက်ရေးသမားတွေက သူဆို့ရဲ့အချိန်တွေကို ဒီလို အဆင့်မြင့်အိပ်မက်တွေမှာပဲ ကုန်ဆုံးကြတာပါ။
'အိပ်မက်တွေလား..ဘယ်လိုတုံးအတဲ့နာမည်လဲ။တကယ်လို့ ငါသာ အိပ်မက်မက်နေမယ်ဆိုရင် ၊ ငါက အခုချိန် ချိန်းကျွန်းစုကို ရောက်နေရမှာပေါ့..မဟုတ်ဘူးလား..'
အခုချိန်မှာ သူ့ခန္တာကိုယ်က အမှန်တကယ်ပဲ နိုးထနေခဲ့တာပါ။သူ့စိတ်က ပုံရိပ်ယောင်ထဲကို ဝင်ရောက်နေတာလေး တစ်ခုပါပဲ။
ဘာပဲဖြစ်ဖြစ် ဆန်နီက သူ့ရဲ့ကျွမ်းကျင်မူတွေကို မြင့်တင်ဖို့အတွက်..အာရုံစိုက်မူအများကြီးမခံရပဲ တိုက်ခိုက်နိုင်မယ့်နေရာတစ်ခုကို လိုအပ်ပါတယ်။နေရာတစ်ခုပဲဆိုတာ သူသိနေခဲ့တယ်။
ပုံရိပ်တွေထဲကတစ်ခုကို လက်နဲ့ညွှန်ပြလိုက်ပြီး ဆန်နီပြောလိုက်တယ်။
"အဲဒီမှာ.."
ခနအကြာမှာတော့ အနက်ရောင်လေဟာနယ်က ပျောက်ကွယ်သွားခဲ့ပြီး..သူက ရုတ်တရက်တစ်နေရာရာကို ရောက်သွားခဲ့တယ်။
ကျယ်လောင်တဲ့အသံကြီးတစ်ခုက အပေါ်ကနေ ထွက်ပေါ်လာခဲ့ပါတယ်။
"စိန်ခေါ်သူ ခွေးသား က ပြိုင်ပွဲဆီကို ဝင်ရောက်လာပါပြီ..."