ခွေးသား
Vol. 27 Ch. 393
ဆန်နီဟာ ကျယိပြန့်လှတဲ့ ဘဲဥပုံကွင်းပြင်ကြီး တစ်ခုပေါ်မှာ ရပ်နေခဲ့တယ်။ဒါက သဲတွေနဲ့ဖုံးအုပ်ထားခဲ့ပြီး ရှေးဟောင်းနံရံကြီးတွေကြားထဲမှာ..သွေးတွေထွက်လွန်းလို့ အနီရောင်ကိုတောင် ပြောင်းလဲနေခဲ့ပါပြီ။အကြင်နာကင်းမဲ့တဲ့ နေလုံးကြီးကတော့ ကြည်လင်တဲ့ကောငိးကင်ပေါ်မှာ တောက်ပနေခဲ့တယ်။သွေး ၊ ချွေး နဲ့ သေဆုံးခြင်း အနံ့အသက်တွေက သူ့နှာခေါင်းထဲကို ဝင်ရောက်လာနေခဲ့ပါတယ်။
'ဘယ်လောက်တောင် လက်တွေ့ဆန်လိုက်လဲ..'
ဆန်နီ အနည်းငယ် စိတ်အနှောက်ယှက်ဖြစ်စွာပဲ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အချိန်မှာတော့..သွေးတွေစိုရွဲနေတဲ့ တိုက်ပွဲကွင်းပြင်ရဲ့အပေါ်မှာ ရှိနေတဲ့ ရှည်လျားတဲ့ ပွဲကြည့်စင်ကြီးကို တွေ့လိုက်ရပါတယ်။အဲဲဒီနေရာမှာ ကြည့်ရူသူတွေအတွက် ခုံတွေရှိနေခဲ့တယ်။လူအုပ်ကြီးဟာ သူတို့အတွက် အော်ဟစ်အားပေးနေခဲ့ကြပြီး..ကျေနပ်အားရမူ အသံတွေ ၊ ရက်စက်မူ တွေ ၊ ပျော်ရွှင်မူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။အမျိုးသားတွေရော ၊ အမျိုးသမီးတွေရောက သူတို့ရဲ့လက်မောင်းတွေ နဲ့ ပုခုံးတွေကို လှစ်ဟာပြထားတဲ့ ရှေးခေတ်ဝတ်စုံတွေကို ဝတ်ဆင်ထားခဲ့ကြတယ်။သူတို့ရဲ့ အသွင်အပြင်မှာရှိတဲ့ သွေးဆာတဲ့အပြုံးတွေနဲ့အတူပဲ..သူတို့က ဆာလောင်တဲ့ နတ်ဆိုးအုပ်ကြီးနဲ့တောင် တူနေခဲ့ပါသေးတယ်။
ကောင်းပြီလေ..အကုန်လုံးတော့ မဟုတ်ဘူးပေါ့..။ဟိုနား..ဒီနားမှာတော့..ထူးဆန်းစွာဝတ်ဆင်ထားတဲ့ လူတွေကို မြင်နေရပါသေးတယ်။ဒီလူတွေက တိုက်ခိုက်မူတွေကို သာမန်ပဲ ကြည့်နေခဲ့ကြတယ်။ဒီလိုဝတ်စားဆင်ယင်ထားတဲ့လူတွေက ပုံရိပ်ယောင်တွေဖြစ်ပြီးညကျန်တဲ့လူတွေကသာ တကယ့်အစစ်အမှန်တွေပါ။
အိပ်မက်ရူခင်းက တိုက်ပွဲတွေကို ကြည့်ရူဖို့အတွက် တစ်စုံတစ်ယောက်က..ချိတ်ဆက်ပြီးရောက်လာစရာမလိုအပ်ပေမယ့်..တစ်ချို့ ပရိတ်သတ်တွေက ဒီနေရာအထိလာရောက်အားပေးပြီး အတွေ့အကြုံကို အပြည့်အဝ ခံစားချင်ကြတာပါ။
'အရူးတွေ..။အဲဲဒီ ဘာမှမဟုတ်တဲ့ ပုံရိပ်ယောင် သေတ္တာတွေက အသုံးပြုဖို့ စျေးအများကြီး ပေးရတာ မဟုတ်ဘူးလား.."
ဆန်နီကိုယ်တိုင်လည်း အရင်ကလိုမျိုး ဆင်းရဲတော့တာ မဟုတ်ပေမယ့်..အခုလို အလွန်အကျွံတွေမြင်နေရတာက သူ့ကို နာကျင်စေပါတယ်။သူ ခေါင်းကို ခါယမ်းလိုက်ပြီး တိုက်ပွဲကွင်းပြင်ကိုသာ ပြန်အာရုံစိုက်လိုက်တယ်။
သိသာစွာပဲ..ပုံရိပ်ယောင်ဝတ်ဝန်းကျင် က အစစ်အမှန်နဲ့ဆော့ အရမ်းကြီးမတူညီပါဘူး။သို့ပေမယ့် တစ်ဖက်မှာတော့ ရိုးရှင်းလှပါတယ်။ပိုအဆင့်မြင့်တဲ့ အိပ်မက်တွေကတော့ အစစ်အမှန်ပုံစံကနေ စိတ်ကူးယဥ်ဆန်ဆန် အလှဆင်ထားပြီး ၊ ဒီလိုအဆင့်နိမ့်တွေကတော့..အခြေခံအဆင့် သဘောတရားလေးတွေကိုပဲ ထည့်သွင်းထားခဲ့ပါတယ်။
ဒါက ရှေးဟောင်း တိုက်ပွဲကွင်းပြင်းကြီးတစ်ခုလိုပါပဲ။ဒီလိုနေရာမှာ..အစေခံတွေက သူတို့ရဲ့မာစတာတွေကို ဖျော်ဖြေဖို့အတွက် တိုက်ခိုက်ကြရတာဖြစ်ပြီး..မကြာခနသေဆုံးမူတွေ ရှိပါတယ်။
ဆန်နီ ဒါကိုလုံးဝ သဘောမကျပေ။
တိုက်ပွဲကွင်းပြင်က သမိုင်းကြောင်းကို အခြေခံပြီး တည်ဆောက်ထားတယ် ဆိုပေမယ့်..အတော်လေး ပိုပြီးကြီးမားပါတယ်။ရာနဲ့ချီတဲ့ စစ်သည်တော်တွေက တိုက်ပွဲသဲပြင်ကြီး ဝန်းကျင်မှာ လှည့်လည်နေကြပြီး တစ်ချို့က တိုက်ခိုက်ကြကာ ၊ တစ်ချို့က ပြိုင်ဘက်ကိုရှာဖွေ နေခဲ့ကြတယ်။
.
ဒီတိုင်ပွဲနေရာမှာတော့..ပါဝင်ယှဥ်ပြိုင်သူအများစုက နိုးထသူတွေဖြစ်ပြီး..သာမန်လူတွေနဲ့ယှဥ်ရင်တော့ ထူးချွန်သူတွေလို့ ပြောလို့ရပါတယ်။သို့ပေမယ့်..ပရော်ဖက်ရှင်နယ် အဆင့်ကို ဝင်ရောက်နိုင်လောက်တဲ့အထိတော့ လုံလောက်အောင် ကျွမ်းကျင်မူ မရှိကြပေ။ဒါကလည်း ဆန်နီရှာနေတဲ့အရာ ဖြစ်နိုင်ပါတယ်။အားလုံးခြုံပြောရရင်..အိပ်မက်ရူခင်းမှာ တိုက်ခိုက်သူအများစုက အရည်အချင်းရှိသူတွေဖြစ်ပေမယ့်..နောက်ဆုံးမှာတော့ ဒီထဲမှာ စစ်မှန်တဲ့ ကျွမ်းကျင်သူက အရမ်းကိုရှားပါးပါတယ်။
စစ်မှန်တဲ့ထူးချွန်သူတွေက..အိပ်မက်ကမ္ဘာထဲမှာ သွေးစွန်းအောင် တိုက်ခိုက်နေကြပြီး..ဖျော်ဖြေရေးအတွက် ရည်ရွယ်ထားတဲ့ ပုံရိပ်ယောင်ထဲမှာ အချိန်ကုန်ခံမှာမဟုတ်ပေ။ဒီတော့ ဒီလူတွေရဲ့ အရည်အချင်းက ဘယ်လောက်ရှိလဲဆိုတာကို ကြည့်ရပါဦးမယ်။
ဆန်နီဟာ ဝိဥာဥ်မြွေကို ကြောက်မက်ဖွယ် ဓားတစ်လက်အဖြစ် ပြောင်းလဲဖို့အမိန့်ပေးလိုက်ရင်း..ဓားကို ပုခုံးပေါ်တင်ပြီး စိန်ခေါ်သူကို စောင့်နေခဲ့တယ်။သူ့ရဲပ ကြောက်မက်ဖွယ် အနက်ရောင်အကာအကွယ် ၊ ထိပ်လန့်စရာ မျက်နှာဖုံး တွေကြောင့် လူတွေက အနားကိုလာဖို့တောင် ကြောကိရွံ့ကြပုံရပါတယ်။
အနည်းဆုံးတော့ ခနလောက်ကြအောင်ပါ။
မကြာခင်မှာပဲ သွေးစွန်းနေတဲ့ ချပ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားတဲ့ လူငယ်ဓားသမား တစ်ယောက်က ရောက်လာခဲ့တယ်။ရှည်လျားပြီး ထည်ဝါတဲ့ အက်ပါဒွန် ဓားကို သူ့ပုခုံးပေါ်တင်ထားခဲ့ပါတယ်။သူက ဆန်နီကိုကြည့်ကာ ပြုံးလိုက်ပြီး
"မင်းကို အရင်က မမြင်ဖူးပါဘူး...ခွေးသားလား..။မင်းက ဒီတိုက်ပွဲကွင်းပြင်မှာ လူသစ်လား.."
ဆန်နီ စိတ်ဝင်စားသွားပြီး..ဓားသမားရဲ့ ဘေးနားမှာ ပေါ်နေတဲ့စာကို ဖတ်ကြည့်လိုက်တယ်။
"အနီရောင် နိဗ္ဗာန် "
"အနိုင်ရမူ : 157 "
"ရှုံးနိမ့်မူ : 103 "
'မဆိုးပါဘူး..'
သူ ဓားကို အောက်ချလိုက်ပြီး ပုံမှန်ပဲ ပြန်ဖြေလိုက်တယ်။
"ငါက တိုက်ပွဲကွင်းပြင်မှာ မွေးဖွးလာတာ.."
ဓားသမားဟာ ပြုံးလိုက်ပြီး ရှေ့ကိုတက်လာခဲ့တယ်။
"ဒါဆိုလည်း ငါ မင်းကို ပြန်ပြီးကြိုဆိုပေးပါ့မယ်.."
အိပ်မက်ရူခင်းရဲ့အသံက ချက်ချင်းထွက်ပေါ်လာပြီး တိုက်ခိုက်မူစတင်ဖို့ ကြေညာလိုက်တယ်။
"သွေးစွန်းတဲ့ နိဗ္ဗာန်က ခွေးသား ကို စိန်ခေါ်လိုက်ပါပြီ'
သူတို့က သွေးစွန်းတဲ့သဲပြင်ပေါ်မှာပဲ သူတို့ရဲ့ အကာအကွယ်ကို လေတိုက်ခတ်တဲ့အထိ လှုပိရှားလိုက်ကြတယ်။
ဆန်နီဟာ အရိပ်တစ်ခုကို မြေကြီးပေါ်ချထားပြီး ကျန်တဲ့တစ်ခုကိုတော့ သူ့အတွက်အသုံးမဝင်နိင်တဲ့ ဆောင်းဦးသစ်ရွက် ပေါ်ကို ရစ်ပတ်ခိုင်းထားခဲ့ပါတယ်။သူက အရမ်းသန်မာနေတဲ့ပုံစံမျိုး မဖြစ်စေချင်ပါဘူး။ဒီတော့ ပြိုင်ဘက်က လုံးဝ မပြတ်မသတ်ဖြစ်မနေတော့ပဲ..အနည်းဆုံး သူတို့ရဲ့စတိုင်ကို ပြသခွင့်ရကြပါလိမ့်မယ်။
သူ့ကိုယ်တိုင်အတွက်ကတော့..သူက နစ်ဖီသင်ကြားပေးခဲ့တဲ့ စီးဆင်းမူဟန်ပန် နဲ့ သူတော်စင်ဆီက သင်ယူထားတဲ့ မြေပြင်နည်းစနစ်တွေကို လုံးဝစွန့်ပစ်လိုက်ကာ..ရန်သူရဲ့လှုပ်ရှားမူတွေကိုပဲ မှီခိုထားပါတော့တယ်။
အနီရောင် နိဗ္ဗာန်က ဓားမာစတာ တစ်ယောက်မဟုတ်ပေမယ့်..သူ့ရဲ့ ကျွမ်းကျင်မူတွေက မဆိုးပါဘူး။ဒါတောင်မှ လူငယ်လေးက ဆန်နီအတွက် ပြိုင်ဖက်မဟုတ်ခဲ့ပေ။ဒါတောင် သူက သူ့ရဲ့ကျွမ်းကျင်တဲ့နည်းစနစ်တွေကို မသုံးသေးပဲ..အိုဒါချီဓားကိုလည်း ပထမဆုံးကိူင်တွယ်နေရတာပါ။
အရိပ်မြွေကထွက်ပေါ်လာတဲ့ ဓားက အတော်လေးကိုကောင်းမွန်လှပေမယ့်..သူ့ရဲ့အရွယ်အစား နဲ့ သဘာဝကြောင့်..အတော်လေး ထိန်းပြီးကိုင်တွယ်နေရပါတယ်။ဒါက သာမန်ဓားအတိုတွေထက် ဖျက်ဆီးအားပိုကောင်းပေမယ့်..တစ်ချိန်တည်းမှာပဲ ထိထိရောက်ရောက်ကိုင်တွယ်နိုင်ဖို့အတွက် ကျွမ်းကျင်မူနဲ့ဗျူဟာတွေ လိုအပ်ပါသေးတယ်။တိုက်ခိုက်မူတစ်ခုချင်းစီက ရန်သူကိုသေစေနိုင်ပေမယ့်..အမှားတစ်ခုချင်းစီတိုင်းက အသက်ကိုပေးဆပ်ရနိုင်ပါတယိ။
ဆန်နီဟာ တိုက်ပွဲကို အတတ်နိုင်ဆုံးကြာအောင် ထိန်းပေးထားပြီး..ရန်သူရဲ့လှုပ်ရှားမူတွေ ဓားကိုင်ဆောင်မူတွေကို ရနိုင်သမျှ သင်ယူနေခဲ့ပါတယ်။သို့ပေမယ့် တိုက်ပွဲရဲ့ ဖိစီးမူက တစ်ဖက်လူကို အတော်လေး သင်ရောက်လာခဲ့တယ်။သူ့ရဲ့ ဝိဥာဥ်အဆီအနှစ်တွေကို အသုံးပြုတဲ့ပုံစံက အရမ်းကိုနည်းစနစ်မရှိတာကြောင့် ငါးမိနစ်ကျော်လောက် ကြာပြီးတဲ့နောက်မှာ..သူ့ရဲ့ အမြန်နှုန်းနဲ့ ခွန်အားက သိသိသာသာ ကျဆင်းလာခဲ့ပါပြီ။
ဆန်နီ သက်ပြင်းချလိုက်ပြီး..တိုက်ပွဲကို ဝိဥာဥ်မြွေရဲ့ ဓားချက်နဲ့အတူပဲ အဆုံးသတ်လိုက်တယ်။
ကြီးမြတ်တဲ့ဓားက..ရန်သူရဲ့လည်ပင်းကို ပိုင်းဖြတ်သွားခဲ့ပြီး..သူ့ရဲ့ဦးခေါင်းကို လေပေါ်ပျံတက်သွားစေခဲ့ပါတယ်။
ဦးခေါင်းမရှိတော့တဲ့ အလောင်းဟာ မြေကြီးပေါ်ကို သွေးမိုးတွေရွာရင်း လဲကျသွားခဲ့တယ်။ယင်းနောက် အလင်းစက်တွေ အဖြစ် ပျောက်ကွယ်သွားခဲ့ပါတယ်။
အိပ်မက်ရူခင်းရဲ့ ကျယ်လောင်တဲ့အသံက ထွက်ပေါ်လာခဲ့ပြန်ပါတယ်။
"ခွေးသား အနိုင်ရသွားပါပြီ.."
'အတော်ဆိုးတာပဲ..'
ငါးမိနစ်ဆိုတာက တိုကိပွဲဟန်ပန်တစ်ခုကို လေ့လာဖို့အတွက်မလုံလောက်ပါဘူး။သို့ပေမယ့် သူက ဒီလိုတိုက်ပွဲဟန်ပန် နဲ့နောက်ထပ်တစ်ယောက်ကို တွေ့နိုင်မယ်ဆိုတာ ဆန်နီသေချာသိပါတယ်။ဘာပဲဖြစ်ဖြစ် လူသစ်တွေကြားမှာ ကျော်ကြားတဲ့ တိုက်ပွဲဟန်ပန်က သိပ်ပြီးမရှိပေ။ရက်အနည်းငယ် ၊ ရက်သတ္တပတ်အနည်းငယ်ကြာရင် တူညီတဲ့နည်းစနစ် ရှိသူတစ်ဦးနဲ့တိုက်ခိုက်ဖို့ကြုံရနိုင်တာဖြစ်နိုင်ပါတယ်။
သူ့ရဲ့ အနိုင်ရမူက ဆွဲဆောင်သွားတာကြောင့် စိန်ခေါ်သူအချို့က ချည်းကပ်လာခဲ့တယ်။ဆန်နီ ဝိဥာဥ်မြွေကို ဝေ့ယမ်းလိုက်ပြီး လေထဲမှာရပ်တန့်လိုက်ပါတယ်။သွေးစက်တွေအားလုံးက သဲပေါ်ကိုကျဆင်းသွားခဲ့ပြီးအနက်ရောက်ဓားက ပြီးပြည့်စုံစွာ သန့်ရှင်းသွားခဲ့တယ်။
မျကိနှာဖုံးအောက်မှာတော့ သူက ပြုံးလိုက်ပြီး
'အာ..အရမ်းမိုက်တာပဲ..။သူတော်စင်ဆီကနေ ဒီအကွက်သင်လိုက်ရတာ တကယ်မိုက်တယ်..'
***
"အာ..မင်းကလူရောဟုတ်ရဲ့လား.."
နောက်ထပ်နိုးထသူတစ်ယောက်က သဲပေါ်ကိုလဲကျသွားခဲ့ပြီး သူ့ပါးစပ်ကနေ သွေးတွေထွက်နေခဲ့တယ်။
ဆန်နီ ရှေ့ကို ခြေတစ်လှမ်းတိုးပြီး အရိပ်မြွေနဲ့ ခုတ်လိုက်ပါတယ်။ဒါက ရန်သူရဲ့အကာအကွယ်ကို အလွယ်တကူ တိုးဝင်သွားပြီး ရန်သူကို နှစ်ပိုင်းပြတ်သွားစေခဲ့တယ်။သူကိုင်ဆောင်ထားတဲ့ ဓားက အတော်လေးကို ဖျက်ဆီးနိုင်စွမ်းမြင့်မားတာပါ။
အလောင်းပျောက်ကွယ်သွားတဲ့ အချိန်မှာတော့ သူက အိုဒါချီဓားကို ဝေ့ယမ်းကာ သန့်စင်လိုက်ပြီး..အလိမ်အညာနဲ့ ပြန်ဖြေလိုက်တယ်။
"လူသားလား..။ငါကလူသားမဟုတ်ဘူးလေ..ငါက ဘယ်တုနိးကမှ လူသားမဟူတ်ခဲ့ဘူး.."
အဲ့အချိနိမှာတော့ ပတ်ဝန်းကျင်မှာ လာရောက်ပြီးတိုက်ပွဲကို ကြည့်ကာ သူတို့အလှည့်ကိုစောင့်နေကြတဲ့ နိုးထသူတွေက မေးလိုက်တယ်။
"မင်းကလူသားမဟုတ်ရင် ဘာလဲ.."
ဆန်နီ သူ့ကိုကြည့်ကာ ပုခုံးတွန့်လိုက်ပြီး..
"ခွေးတစ်ကောင်ပဲ.."
လွန်ခဲ့တဲ့နာရီအနည်းငယ်အတွင်းမှာ သူက လူ ၂၇ ယောက်နဲ့တိုက်ခိုက်ခဲ့ပါတယ်။ပြီးတော့ ဒီထဲမှာ ၂၅ ယောက် ၊ ၂၅ ယောက်က တူညီတဲ့ တိုက်ပွဲဟန်ပန်တွေကိုချည်း အသုံးပြုနေကြတာပါ။
စိန်ခေါ်သူတစ်ချို့က သူအလိုရှိတဲ့အတိူင်းတိုက်ခိုက်နိုင်ကြပေမယ့် သူက တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူခဲ့ပါတယ်။သူက အယောက် ၂၀ မြောက်လူနဲ့ ရင်ဆိုင်ပြီးကာမှ ကျစ်လစ်တဲ့အနှစ်သာရကို ဖမ်းဆုပ်နိုင်ခဲ့တာပါ။
ဒီလူတွေက ပါရမီမရှိတဲ့လူတွေ မဟုတ်ပေမယ့်လည်း..သူတိူ့ကြားမှာရှိနေတဲ့ ကွာဟချက်က အရမ်းကြီးမားနေတာကို ဆန်နီခံစားမိပါတယ်။ဒီလူတွေက သူ့လိုမျိုး မေ့ပျောက်ကုန်းမြေပေါ်မှာ တစ်နှစ်ပတ်လုံးအသက်လုတိုက်ခိုက်ခဲ့ရတဲ့လူတွေ မဟုတ်ပါဘူး။
ဒီလူငယ် ယောက်ျားလေး ၊ မိန်းကလေးတွေ အများစုက သူတို့ရဲဘဝမှာ လက်တစ်ဆုပ်စာ အစစ်အမှန်တိုက်ပွဲတွေကိုပဲ တိုက်ခိုက်ဖူးကြတာပါ။ဒါက ပထမအိပ်မက်ဆိုးမှာအနည်းငယ်နဲ့ ထွက်ပေါက်ကိုသွားတဲ့လမ်းမှာ အနည်းငယ်လောက်ပါပဲ။ပြီးတဲ့နောက်မှာတော့ သူတို့က အကောင်းဆုံးကာကွယ်ထားတဲ့ ခံတပ်ထဲမှာပဲ နေထိုင်ကြပြီး၊ အဖွဲ့သားတွေအများကြီးပါမှ နံရံတွေရဲ့အပြင်ကို ထွက်ကြပါတော့တယ်။
'စိတ်ပျက်စရာပဲ '
[ မြေအောက်ကမ္ဘာရဲ့မင်းသား ] ရေတွက်မူက အနိူင်ရမူ ၂၇ ခုတိုးလာခဲ့တယ်ဆိုပေမယ့်..ဆန်နီ စိတ်ပျက်နေခဲ့တယ်။ဒါက သူမျှော်လင့်ထားတဲ့အရာ မဟုတ်ပါဘူး။
အမျိုးအစားအစုံ ၊ သူက အမျိုးအစားအစုံအလင် လိုအပ်တာပါ။သးက စစ်မှန်တဲ့ တိုက်ပွဲဟန်ပန်တွေအများကြီးကို လေ့လာမှ..အနာဂတ်မှာ အရိပ်ကခုန်မူအတွက် ပိုပြီးသက်ရောက်ပါလိမ့်မယ်။အခြေခံကျတဲ့ ဟန်ပန်တွေအများကြီးကို သင်ယူထားလေလေ ၊ သူလိုအပ်လာတဲ့အချိန်မှာ စစ်မှန်တဲ့ ပြိုင်ဘက်ကင်းနည်းစနစ်ကို ထပ်တူလိုက်လုပ်တဲ့အခါမှာ လွယ်ကူလေပါပဲ။
...ဒီနေ့က လုံးဝကိုဆိုးဝါးတော့မယ့်လို့ သူတွေးနေတုန်းမှာပဲ..ရုတ်တရက် နိုးထသူတိုက်ခိုက်ရေးသမားတွေနဲ့ စင့်မြင့်ပေါ်က လူသားကြည့်ရူသူတွေ ကြားထဲမှာ တီးတိုးပြောဆိုသံတွေ ထွက်ပေါ်လာခဲ့တယ်။
ဆန်နီရဲ့နောက်ဘက် မီတာ ဒါဇင်အချို့အကွာမှာ အရပ်ရှည်တဲ့ပုံရိပ်တစ်ခုက ရုတ်တရက်လေထဲကနေ ထွက်ပေါ်လာခဲ့ပါတယ်။
လူတွေက အသစ်ရောက်ရှိတာတဲ့လူကို မြင်လိုက်တဲ့အချိန်မှာ သူတို့ရဲ့မျက်လုံးတွေပြူးကျယ်သွားခဲ့ကြတယ်။