တစ်ချက်တည်း
Vol. 27 Ch. 394
လီယိုစထရိုက်ကာ က တိုက်ပွဲကွင်းပြင်မှာ ပေါ်လာခဲ့ပြီး လွမ်းဆွတ်တဲ့အရိပ်အယောင် တစ်ချို့နဲ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းအနည်းငယ် သူ့ရဲံ့ဘဝလမ်းကြောင်းကို စတင်တဲ့အချိန်တုန်းက သူက ဒီနေရာကို အမြဲတမ်းလိုလို လာခဲ့ရပါတယ်။ဒီနေရာက သူအရာရာ စတင်ခဲ့တဲ့ နေရာလေးတစ်ခုပါပဲ။
ဒါ ပေါ့ အချိန်တွေကတော့ ပြောင်းလဲသွားခဲ့ပါပြီ။
သူ့ကို တစ်ခြားသူတွေ မမှတ်မိသေးတဲ့ အချိန်ခနလေးအတွင်းမှာပဲ လီယိုက ကြီးမားစွာပြုံးလိုက်ပြီး ပြောလိုက်တယ်။
“ကောင်းပြီ ကောင်းပြီ ကောင်ပြီ ။လူထုတနလ်ာနေ့တွေကို ငါမေ့နေလိမ့်မယ်လို့ မင်းတို့က တကယ်ထင်နေကြတာလား။ဒါပေါ့ ဘယ်မေ့နိုင်ပါ့မလဲ။ဒါက မြင့်မြတိတဲ့ ဓလေ့ထုံးတမ်းတစ်ခုပဲ ကောင်လေးတို့။တစ်ချို့ စီနီယာစထရိုက် ပရိတ်သတ်တွေကတော့ ကျွန်တော် ဘယ်လိုစတင်ခဲ့လဲဆိုတာကို သိကြလိမ့်မယ်လို့ ထင်တယ်..၊။အခုတော့ အံ့ဩစရာ ၊ ကျော်ြကားတဲ့ ၊ မယုံနိုင်စရာ လူချောဆယ်လီလေး ဖြစ်နေပြီလေ။ကျုပ်က ဒီနေရာကိုမကြာခန လာပေးဖို့အတွက်လိုအပ်တယ်။သိတယ်မလား ကိုယ်ကိုကို နိမိ့ချနိုင်စွမ်းရှိဖို့ အတွက်လေ”
တိုက်ရိုက်ထုတ်လွင့်မူမှာ ကြည့်နေကြတဲ့ သူ့ရဲ့ပရိတ်သတ်တွေက အားလုံးပေါင်း ၂သောင်းကျော်လောက် ရှိပါတယ်။သူတို့အားလုံးက ချက်ချင်းဆိုသလိုပဲ မှတ်ချက်တွေ ရေးသားလာခဲ့ကြတယ်။အိပ်မက်ရူခင်းက သူ့လိုကျော်ကြားတဲ့ တိုက်ခိုက်ရေးသမား တွေကို ပေးထားတဲ့ တိုက်ရိုက်ထုတ်လွင့်မူမျက်နှာပြင်ကို ကြည့်ပြီး ၊ အနည်းငယ်ပြုံးရင်း မျက်လုံးမှိတ်ပြလိုက်ကာ ကောင်းမွန်တဲ့စိတ်ခံစားချက်တွေနဲ့ ရှေ့ကိုလျောက်လာခဲ့တယ်။
လီယိုစထရိုက်ကာ က အိပ်မက်ရူခင်းထဲမှာ အရမ်းကိုထူးချွန်ပြောင်မြောက်လွန်းတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက် မဟုတ်ပါဘူး။ဒါပေမဲ့ သူ့ရဲ့ကျွမ်းကျင်မူ ၊ အပြုအမူတွေကြောင့် ပရိတ်သတ်အခိုင်အမာ ရထားတဲ့ သူတစ်ယောက်ပါ။သူက အရမ်းပေါ်ပြူလာဖြစ်လာတဲ့ အတွက်ကြောင့် မရေမတွက်နိုင်တဲ့ နိုးထသူတွေက သူနဲ့ သူ့လူတွေရဲ့ တိုက်ခိုက်ရေးဟန်ပန်ကို စံပြအဖြစ် သဘောထားလာ ခဲ့ကြပါတယ်။
လီယိုက သူ့ရဲ့အချိန်အများစုကို ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးပြိုင်ပွဲစင်မြင့်တွေမှာ အဆင့်မြင့်တိုက်ခိုက်ရေးသမားတွေနဲ့ တိုက်ခိုက်ရင်းပဲ အချိန်ကုန်ဆုံးလေ့ရှိတာပါ။သိူ့ပေမယ့် တနလ်ာနေ့ဆိုရင်တော့ ၊ လူထုအိပ်မက်ဆီကိုလာြပီး ပရိတ်သတ်တွေနဲ့ စကားပြောတာ၊ လူသစ်တစ်ချို့နဲံ တိုက်ခိုက်ပြီး လိုအပ်ချကိလေးတွေကို ထောက်ပြပြောဆိုတာတွေကို လုပ်ပေးလေ့ရှိပါတယ်။ဒါက သူအဖွဲံ့အစည်းကို ပြန်ပြီးကြည့်ရူ့တဲ့ ပုံစံမျို့းပါ။
ဒီနေ့ကတော့ အဲဒီလိုမျိုး တနလ်ာနေ့ပါပဲ။
တိုက်ပွဲကွင်းပြင်ပတ်ဝန်းကျင်ကို တွေ့လိုက်ပြီး ၊ လီယိုဟာ သူနဲ့မီတာအနည်းငယ် အကွာအဝေးမှာ စုဝေးနေကြတဲ့ လူတစ်ချို့ကို တွေ့ပြီး လျောက်သွားလိုက်တယ်။သူလျောက်သွားနေတုန်းမှာတော့ စိတ်လှုပ်ရှာတဲ့ အသံတွေက ထွက်ပေါ်လာနေခဲ့ပါတယ်။
“ဟေး …ဒါက လီယိုစထရိုက်ကာ မဟုတ်ဘူးလား “
“မဖြစ်နိုင်တာ…ခနလေး ။အဲတာသူပဲဟ …ငါမျက်လုံးတွေကန်းနေမယ်ဆိုရင်တောင် သူဝတ်ထားတဲ့ လှပတဲ့အကာအကွယ် အကျ်ီကို ငါမှတ်မိတယ်”
“လီယို အရမ်းချစ်တယ် ငါ့ကောင်ကြီးရေ။အမြဲတမ်း ဒီအတိုင်းလေး ဆက်ပြီးရှိနေပေးနော်”
“ငါက မင်းရဲ့တိုက်ရိုက်ထုတ်လွင့်မူတွေကို စောင့်ကြည့်လာတာ နှစ်နှစ် လောက်ရှိပြီ လီယိုရေ”
သူ့မျကိနှာပေါ်မှာ ရင်းနှီးတဲ့ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တယ်။သူ ပရိတ်သတ်တွေဆီကို လက်ဝေ့ယမ်းပြလိုက်ပြီး စိန်ခေါ်သူတွေနားကို တိုသွားကာ …ဘာမှမရှိတဲ့ နေရာလွတ်တစ်ခုရဲံ့ အလယ်မှာ ရပ်နေတဲ့ ပုံရိပ်တစ်ခုကို ကြည့်လိုက်တယ်။
“ဝိုး ဒီငနဲက စတိုင်ရှိသားပဲ”
လူအုပ်ရဲ့အလယ်မှာ ရှိနေတဲ့တစ်ယောက်က ညှို့မှိုင်းတဲ့အနက်ရောင် အလင်းတွေထွက်နေတဲ့ မဟူရာအကာအကွယ်အက်ျီကို ဝတ်ဆင်ထားခဲ့ပါတယ်။သူ့ရဲ့မျက်နှာကို ထိပ်လန့်ဖွယ်ရာ အနက်ရောင်မျက်နှာဖုံးအောက်မှာ ဖုံးကွယ်ထားခဲ့ပြီး ဦးချိုသုံးခုကလည် ဒီကနေ သရဖူပုံစံထွက်ပေါ်နေခဲ့ပါတယ်။သူ့ရဲ့ဆံပင်တွေက အဖြူရောင်ဖြစ်နေခဲ့ပြီး သူ့ရဲ့မျက်လုံးတွေရှိနေရမယ့်နေရာမှာတော့ မထိုးဖောက်နိုင်တဲ့ အမှောင်ထုနှစ်ခုသာ ရှိနေခဲ့ပါတယ်။
သူရွှေးချယ်ထားတဲ့လက်နက်က ရှည်လျားပြီး ကွေးကောက်တဲ့ အိုဒက်ဆေ ဓားတစ်ချောင်းပါ။ဒီဓားကိုတော့ တောက်ပြောင်တဲ့ အနက်ရောင်စတီးကနေ ထွင်းထုထားတဲ့ ပုံပါပဲ။သူက ဒီဓားကို ပုခုံးပေါ် တင်ထားခဲ့ပြီး နေရဲ့ အလင်းရောင် တစ်ခုလုံးကိုတောင် စုပ်ယူနိုင်စွမ်းရှိပုံပေါ်နေခဲ့ပါတယ်။
ဒီလူက လူတစ်ယောက်ထက် နတ်ဘီလူးတစ်ကောင်နဲ့တောင် ပိုပြီးတူနေတယ်ဆိုရင်လည်း မမှားပါဘူး။
လီယိုဟာ အသိအမှတ်ပြုတဲ့ ဝဇီသံကို ထုတ်လွှတ်လိုက်တယ်။
“သူကရော တိုက်ရိုက်ထုတ်လွှင့်သူပဲလား ။ ငါ သူ့ရဲ့ မှတ်သားမူတွေကို မမှတ်မိပါလား “
သူက နတ်ဘီလူးပုံစံ စစ်သည်တော်ရဲ့ အချက်အလက်တွေကို စစ်ဆေးကြည့်လိုက်တယ်။
“ခွေးသား “
“အနိုင်ရမူ - ၂၇ “
“ရှုံးနိုမ့်မူ - ၀ “
‘လူသစ်ကလေး .. ဒါ ပေမဲ့ အရည်အချင်းရှိတယ်။ပြီးပြည့်စုံတဲ့ မှတ်တမ်းပဲ။ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ”
ဒီတစ်ယောက်နဲ့တိုက်ပွဲက အရည်အချင်းကွာခြာမူကြောင့် သိပ်ပြီးစိတ်ဝင်စားစရာ မရှိပေမယ့် အံ့ဩစရာတော့ ကောင်းမှာပါ။ဒီအရည်အချင်းရှိတဲ့ လူသစ်လေးရဲ့မှတ်တမ်းကို ချိုးဖျက်ရမှာကြောင့် လီယို အနည်းငယ်စိတ်မကောင်း ဖြစ်မိပေမယ့် အပြန်အလှန် အနေနဲ့ ဒီလူငယ်လေးကလည်း အကျိုးရှိတဲ့ လမ်းညွှန်ပြသမူမျိုးတွေကို ရပါလိမ့်မယ်။
အနာဂတ်ကျရင် သူတို့က ပရော်ဖက်ရှင်နယ် တိုက်ပွဲကွင်းပြင်မှာ ပြန်မတွေ့နိုင်ဘူးလို့ ဘယ်သူသိနိုင်မှာလဲ…
လီယီုက မမြင်ရတဲ့ကင်မရာကို လက်ဝေ့ယမ်းပြလိုက်ပြီး မျက်ခုံးပင့်တင်ကာ မေးလိုက်တယ်။
“ဘာပြောချင်ကြလှည့် လီယိုအင်အားစုတို့ ။ငါတို့ ဟိုဘက်မှာရှိနေတဲ့ အနက်ရောင်လူချောလေးကို စိန်ခေါ်ြကည့်ကြမလား”
ကြည့်ရူသူတွေရဲ့ တုန့်ပြန်မူကို ရရှိပြီးနောက်မှာတော့ သူက ခွေးကားကို ကြည့်လိုက်ပြီး အသိအမှတ်ပြုတဲ့ အနေနဲ့ ခေါင်းညိမ့်ပြလိုက်တယ်။
“ဟေး သူငယ်ချင်း…။မင်းက ဓားအကြီးကြီးကို ကိုင်ထားတာပဲ။မင်းအဲတာကို ဘယ်လိုအသုံးပြုရမလဲဆိုတာတော့ သိပါတယ်နော်”
ပြိုင်ဖက်ကို မခံချင်အောင်နောက်ပြောင်တယ် ဆိုတာက အိပ်မက်ရူခင်းရဲ့ ဓလေ့ထုံးတမ်းတစ်ခုပါပဲ။လီယိုက ဒီလိုအရာမှာ အတော်လေးကို ကျွမ်းကျင်မူရှိပါတယ်။
ခွေးသားက တစ်ဖက်ကို လှည့်လာခဲ့ပြီး သူနဲ့ မျက်နှာချင်းဆိုင်လိုက်တယ်။မျက်နှာဖုံးက သူ့ကိုစိုက်ကြည့်လိုက်တဲ့ အချိန်မှာ လီယိုက အကြောင်းပြချက် မရှိပဲ ကြက်သီးမွှေညှင်းထသွားသလို ခံစားလိုက်ရပါတယ်။
“မကိုင်တတ်ဘူး “
လီယို ရယ်မောလိုက်တယ်။
“မကိုင်တတ်ဘူးလား ။မင်းက မင်းရဲ့ဓားကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာကို မသိဘူးလား။ကောင်းပြီလေ ငါမင်းကို နည်းနည်းလောက် သင်ပေးရမလား “
နတ်ဘီလူးလို စစ်သည်တော်က သူ့ကိုစိူက်ကြည့်နေခဲ့ပြီး လှုပ်တောင်မလှုပ်ခဲ့ပေ။
“ဟင့်အင် “
‘ဒီငနဲက ဘာဖြစ်နေတာလဲ ။သူက တစ်ခြားစကားလုံးကို မပြောတတ်တော့ဘူးလား။လုပ်စမ်းပါ ငါနဲ့တူတူအလုပ်လုပ်လိုက်စမ်းပါ ကောင်လေး ။ဒီတိုက်ပွဲကို စိတ်ဝင်စားစရာြဖစ်အောင် ဖန်တီးရတာနဲ့တင် ငါအသက်ထွက်တော့မယ်’
လီယို သက်ပြင်းချကာ ရှေ့ကိုတက်သွားလိုက်ပြီး သူ့ရဲ့ဓားကိုထုတ်လိုက်တယ်။
………
‘ချီးတဲ့မှပဲ’
ဆန်နီဟာ လှပတဲ့အဇူရာအကာအကွယ်ကို ဝတ်ဆင်ထားတဲ့ လူငယ်လေးကို ကြည့်ရင်း သူ့ရဲ့ကံတရားအပေါ်ကို ကျိန်ဆဲလိုက်ပါတယ်။
သူက ဝီဗာရဲ့မျက်နှာဖုံးကို ဝတ်ဆင်ထားတဲ့အချိန်ဆိုရင် အမှန်အတိုင်းပြောဆိုလို့ မရပေမယ့် ဒီငနဲ နဲ့တိုက်ခိုက်ဖို့ကိုတော့ ဝန်လေးနေခဲ့တယ်။
သူ့က စိန်ခေါ်သူ အသစ်နဲ့ပတ်သက်ပြီး ဘာပြသနာမှမရှိပါဘူး ။အိပ်မက်ရူခင်းက သူ့ကို ဘယ်လို ခေါ်လိုက်တာလဲ…လီယို လို့ခေါ်တာလား။..သို့ပေမယ့် ပြသနာတစ်ခုက ရှိနေပါတယ်။
ဒီငနဲ သူ့ဆီကိုလမ်းလျောက်လာနေတဲ့ ပုံစံကိုကြည့်လိုက်တာနဲ့တင် သူက ဒီကလူတွေ အားလုံးလေ့ကျင့်ထားတဲ့ အဲဒီသောက်ကျိုးနဲ တိုက်ခိုက်ရေး ဟန်ပန်ကို လေ့ကျငိ့ထားတယ်ဆိုတာ အသိသာကြီးပါ။ပြီးတော့ ဆန်နီအတွက်တော့ ဒီဟန်ပန်က ဒီနေ့အတွက် လုံလောက်တာထက်တောင်ပိုနေပါပြီ။
‘အာ ‘
အစစ်အမှန်ကမ္ဘာေပေါ်က သူ့ရဲ့အချိန်တွေက အကန့်အသတ်ရှိနေတာကြောင့် သူက မတူကွဲပြားတဲ့နည်းစနစ်တွေကို အချိန်ရှိနေတုန်းမှာ လေ့လာချင်မိပါတယ်။
‘မျော်လင့်ချက်ရှိနေသေးတာ ဖြစ်နိုင်တာပဲ။နောက်ထပ်တစ်ယောက်က မတူတာဖြစ်နိုင်တယ်’
ဒါဆိုရင်လည်း ဒီတိုက်ပွဲကို ခပ်မြန်မြန်ပဲ အဆုံးသတ်လိုက်ကြတာပေါ့။
ဆန်နီဟာ ဆောင်းဦးသစ်ရွက်ပေါ်မှာ ပျော်ရွှငိနေတဲ့အရိပ်ကို သူ့ရဲ့ခန္တာကိုယ်ပေါ်ကို ပြောင်းလာခိုင်းလိုက်ပြီး အရိပ်မြွေကို အောက်ချလိုက်ကာ ရှေ့ကိုတက်သွားလိုက်တယ်။
အဲ့အချိန်မှာတော့ သူ့ရဲ့ ပြိုင်ဖက်က ပြုံးနေခဲ့ပါတယ်။
“ငါမင်းကို ပထမဆုံး သင်ခန်းစာသင်ပေးမယ်။မင်းက အမြဲတမ်း….”
ဆန်နီရှေ့ကိုတက်လိုက်ပြီး လီယိုရဲ့ဓားကို အလွယ်တကူဖယ်ရှားလိုက်ကာ..သူ့ရဲ့တူညီတဲ့ နည်းစနစ်အတိုင်းပဲ သူ့ရဲ့ဦးခေါင်းဆီကို ထိုးဖောက်လိုက်ပါတယ်။
လူငယ်လေးရဲ့ အလောင်းက မြေကြီးပေါ်ကိုလဲကျသွားပြီး အလင်းစက်တွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ယင်းနောက် အိုဒက်ချေဓားကို လှုပ်ယမ်းကာ သွေးတွေကိုခါလိုက်ပြီး သူ့ရဲ့မူလနေရာကို ပြန်သွားကာ ဓားကိုပုခုံးပေါ်ကို တင်ထားလိုက်ပါတယ်။
‘ငါတကယ်ကျိန်ဆိုတယ် ။နောက်တစ်ခါ ငါ့ကိုစိန်ခေါ်မယ့်လူက မတူညီတဲ့ဟန်ပန်ရှိနေတာ ပိုကောင်းလိမ့်မယ်။မဟုတ်ရင်တော့ ငါတကယ် စိတ်ဆိုးတော့မှာ’
……..
လီယိုစထရိုက်ကာ ကတော့ ပါးစပ်အဟောင်းသားနဲ့ အနက်ရောင်လေဟာနယ်ထဲကို ရောက်နေခဲ့တယ်။
သူ့ရဲ့ပရိတ်သတ်တွေကလည်း ပုံမှန်နဲ့ မတူစွာတိတ်ဆိတ်နေခဲ့ ကြပါတယ်။
‘တစ်ချက်တည်း…တစ်ချက်တည်း..သူငါ့ကို တစ်ချက်တည်းနဲ့ သတ်လိုက်တာလား ‘
သူအတော်လေးကြာတဲ့ အထိတွေဝေနေခဲ့ပြီး မမြင်ရတဲ့ကင်မရာကို ကြည့်ကာ ကြိုးစားအားတင်းပြီး ပြုံးပြလိုက်တယ်။
“ဒါ …ဒါက တကယ်ကို မထင်မှတ်ထားလောက်တဲ့ ကိစ္စပဲ ဟုတ်တယ်မလာား ကောင်လေးတို့”
ယင်းနောက် သူ့အပြုံးက ပိုကြီးမားပြီး ရိုးသားလာခဲ့ပါတယ်။
“စထရိုက်တို့….ဒီဟာမျိုးကို လူတွေက အမှိုက်ပုံထဲမှာ စိန်ကို တွေ့တယ်လို့ ခေါ်တာပဲ…အာ..ဒါက…မယုံနိုင်စရာ ကံတရားပဲ။ဟုတ်တယ် အတိအကျကို ကြီးမားတဲ့ ကံတရားအပုံလိုက်ကြီးပဲ။အိုး..စကားမစပ် တစ်ယောက်ယောက်က ဒါကို ရိုက်ကူးထားလိုက်ကြသေးလား….”
အပိုင်း ( ၃၉၄ ) ပြီး၏။