← Chapters

မြည်ဟိန်းနေတဲ့ ခြင်္သေ့ ၊ ပုန်းကွယ်နေတဲ့ နဂါး

Vol. 27 Ch. 395

မြည်ဟိန်းနေတဲ့ ခြင်္သေ့ ၊ ပုန်းကွယ်နေတဲ့ နဂါး

Vol. 27 Ch. 395

လီယိုဟာ ဗီဒီယိုကလစ်ကို သူ့ရဲ့သူငယ်ချင်းတစ်ချို့ဆီကိုပို့ပေးပြီး..အနက်ရောင်လေဟာနယ်ထဲမှာ စောင့်ဆိုင်းကာ..ကြည့်ရူတွေနဲ့စကားပြောနေခဲ့တယိ။သူက နတ်ဆိုးအသစ်လေးနဲ့ ပြိုင်ပွဲမှာ သူ့ရဲ့ ဆိုးဝါးတဲ့ ဖျော်ဖြေမူအပေါ် ရယ်မောနေခဲ့ပါတယ်။

'ဒီ ခွေးသားလေး...သူ့မှာတစ်ခုခုတော့ ရှိနေတယ်..'

သူထင်ထားတဲ့အတိုင်းပဲ သူ့ရဲ့မိတ်ဆွေတွေကလည်းသူပို့တဲ့ မက်ဆေ့တွေကိုကြည့်ပြီး အိပ်မက်ရူခင်းထဲကို ချက်ချင်းရောက်လာခဲ့ကြပါတယ်။

ဟုတ်တယ်..သူ့ရဲ့ရှုံးနိမ့်မူက အတော်လေးရှက်ရွံ့ဖို့ကောင်းလှပါတယ်။သို့ပေမယ့်..ကပ်ဆိုးတိုင်းမှာ အခွင့်အရေးဆိုတာက ရှိစမြဲပါပဲ။

ဒါက မကြာခင်မှာ အထူးတိုက်ရိုက်ထုတ်လွင့်မူတစ်ခု ဖြစ်လာပါတော့မယ်။

ရှားပါးပြီး အထူးခြားဆုံးသော..ပြောင်းလဲမူ အပိုင်းတစ်ခု။

ဖိတ်ခေါ်မူတွေကိုပြန်ဖြေရင်း..ပုံရိပ်နှစ်ခုက အနက်ရောင်လေဟာနယ် ထဲကိုရောက်လာခဲ့ကြတယ်။ကြည့်ရူသူတွေဟာ ခနလောက်တိတ်ဆိတ်သွားပြီးကာမှ..တိုက်ရိုက်ထုလွင့်မူမျက်နှာပြင် ပေါက်ကွဲထွက်သွားလောက်အောင် တုန့်ပြန်မူတွေ လုပ်လာခဲ့ကြပါတယ်။

ကောင်းပြီလေ..ထင်ထားတဲ့အတိုင်းပဲ။လီယို ဖိတ်ခေါ်ထားတဲ့ ဧည့်သည်နှစ်ယောက်စလုံးက အရမ်းကိုထင်ရှားတဲ့ တိုက်ခိုက်ရေးသမားတွေဖြစ်ကြပြီး အနည်းဆုံးတော့ သူ့လောက် ကျော်ကြားကြပါတယ်။ဒါမှမဟုတ်..ပိုပြီးကျော်ကြားတာတောငိဖြစ်နိုင်ပါတယ်။

တစ်ယောက်က လေးလံတဲ့အကာအကွယ်တွေကို ဝတ်ဆင်ထားခဲ့တယ်။သူ့ရဲ့ သံချပ်ကာပြားတွေမှာ ရဲတိုက်ပုံစံ ထွင်းထုထားခဲ့ပြီး..သူ့ရဲ့ ပုခုံးနဲ့လက်မောင်းတွေမှာ နဂါးပုံစံ ပုံဖော်ထားခဲ့ပါတယ်။ဒါကတော့ မီးကို ထိန်းချုပ်နိုင်တဲ့ ကဏ္ဍစွမ်းရည်နဲ့ ထင်ရှားကျော်ကြားတဲ့ ဓားသမား တာအိုဆိုင်ဖာ ပါ။

တစ်ခြားတစ်ယောက်ကတော့ အညိုရောက်ဝတ်ရုံကိုဝတ်ဆင်ထားတဲ့ တိတ်ဆိတ်တဲ့ စစ်သည်တော်တစ်ယောက်ပါပဲ။အိပ်မက်ရူခင်းထဲက သူ့ရဲ့နာမည်ပြောင်က အရူးဖြစ်ပြီး..တိုက်ခိုက်ရေးပြိုင်ပွဲမှာ သူက အထူးခြားဆုံးနဲ့ သတ္တိအရှိဆုံးတိုက်ခိုက်ရေးသမား..တစ်ယောက်အဖြစ် လူသိများပါတယ်။

လီယို ပြုံးလိုက်ပြီး..

"ဟေး ဒီမှာ..ဆိုင်ဖာ။ဟေး..ဒီမှာ အရူး..။မတွေ့တာကြာပြီ..."

ဆိုင်ဖာ အသံပြုပြီး သူ့ကိုညွှန်ပြလိုက်တယ်။

"လီယို..ငါ့ မိတ်ဆွေကြီး..။ဘယ်လို ငရဲမျိုးလဲ..။မင်းက လူသစ်တစ်ယောက်ရဲ့ တစ်ချက်တည်း သတ်ဖြတ်တာကို ခံလိုက်ရတယ်ဆို.."

အရူးဟာ ခေါင်းခါယမ်းလိုက်ပြီး တိတ်ဆိတ်နေခဲ့တယ်။

လီယို ရှက်ရွံ့စွာချောင်းဆိုးလိုက်ပြီး အောက်ကိုကြည့်လိုက်တယ်။

"ဟုတ်တယ်..ကောင်းပြီလေ..။မင်းတို့နှစ်ယောက်စလုံးက ဒီလိုမျိုး အခြေအနေကိုမကြုံရတာလည်း မဟုတ်ဘူး..။တကယ်လို့ ငါမှတ်မိတာသာ မှန်မယ်ဆိုရင်..ပျားဘုရင်မက မင်းတို့နှစ်ယောက်စလုံးကို မနေ့တနေ့ကတင် အနိုင်ယူခဲ့တာမလား.."

ဆိုင်ဖာ ပြုံးလိုက်ပြီး..

"ငါတို့ရဲ့ ဂုဏ်ယူရတဲ့ဘုရင်မ သတ်ဖြတ်တာခံရမယ်ဆိုရင်တော့ ငါက နေ့ရက်တိုင်းအဆင်သင့်ပဲ။ဒါပေမဲ့လူသစ်တစ်ယောက်ကလား..။လုပ်စမ်းပါ..."

လီယိုပုခုံးတွန့်လိုက်ပြီး သူ့ရဲ့ဓားကိူလက်ညိုးညွှန်ပြလိုက်တယ်။

"ကောငိးပြီ ကောင်းပြီ..။ဒါပေမဲ့ မင်းတို့နှစ်ယောက် ဒီလိုအလျငိအမြန်ရောက်လာတာ အကြောင်းပြချက်တော့ ရှိတယ်မလား..။မင်းတို့လည်း အဲတာကို မြင်တယ်မလား.."

တိုက်ခိုက်ရေးသမားနှစိယောက်ဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်။

လီယို ကင်မရာဘက်ကိုလှည့်ကာ ပြုံးလိုက်ပြီး...

"ဘာလဲ..။မင်းတို့လို တိုက်ခိုက်ရေးဂျီးနီးယပ်တွေတောင် သတိမထားမိဘူးလား..။ကောငိးပြီ ကောင်းပြီကောင်းပြီ..။ငါ့ရဲ့ချစ်လှစွာတဲ့ကြည့်ရူသူတွေနဲ့ သူတို့ရဲ့ အရမ်းကိုကောင်းမွန်တဲ့ အကြံဥာဏ်တွေကို လှောင်ပြောင်ခွင့်ရတဲ့ အချိန်ဆိုတာက ရှားပါးတယ်လေ.."

သူက သူ့သူငယ်ချင်းတွေကို ညွှန်ပြကာ ဆက်ပြောလိုက်တယ်။

"ကျုပ်ရဲ့အစောပိုင်း နေ့ရက်တွေကို မှတ်မိကြတဲ့ စထရုက်ပရိတ်သတ်တွေကတော့..သိကြလိမ့်မယ်။ဒီပျောက်ကွယ်နေတဲ့ လူကြီးမင်းနှစ်ယောက်က တကယ်တော့ ကျွန်တော်ရဲ့ အပေါင်းအပါတွေမဟုတ်ဘူး။သူတို့က ကျွန်တော်ကို ဓားသိုင်းသင်ပေးခဲ့ကြတဲ့အဖိုးအိုရဲ့ တူညီတဲ့ တပည့်တွေပဲ။အခြေခံအားဖြင့်တော့ ကျုပ်တို့သုံးယောက်က ငယ်စဥ်ကတည်းက သူငယ်ချင်းတွေပါ။ကျွန်တော်တို့က တူညီတဲ့ တိုက်ပွဲဟန်ပန်တွေကိုပဲ လေ့ကျင့်ကြတာ။ဒါက ​ခြင်္သေ့အော်သံ တိုက်ခိုက်ရေးဟန်ပန်.."

သူ ခနလောက်ရပ်ပြီးနောက်မှာတော့ ဆန်းကျယ်စွာသက်ပြင်းချလိုက်ပြီး..

"ပြီးတော့...ကျုပ်ကို ဘယ်ကမှန်းမသိတဲ့ လူသစ်လေးတစ်ယောက် အနိုင်ရသွားတာက..ကျုပ်သိက္ခာကို ထိခိုက်တယ်လေ..။ငါတို့ရဲ့ပြိုင်ပွဲကို အံ့ဩသင့်ရတဲ့ အဓိကအကြောင်းပြချက်က ..မင်းတို့ယုံကြည်မှာမဟုတ်ဘူး..အိုး..ဟုတ်သားပဲ..ငါတို့ဒါကိုမပြောခင်မှာ ဒီနေ့ရဲ့ စပွန်ဆာကို အရင်ကြော်ငြာလိုက်ရအောင်.."

ဆိုင်ဖာ ရဲ့ မျက်လုံးတွေက ကျဥ်းမြောင်းသွားခဲ့ပြီးဘသူ့ကိုကြားဖြတ်ပြောလိုက်တယ်။

"တော်လိုက်တော့ လီယို။သူပြောဖို့လုပ်နေတာက..မျက်နှာဖုံးနဲ့ငနဲက ခြင်္သေ့အော်သံဟန်ပန်ကို အသုံးပြုပြီး ဒီငတုံးကို အနိုင်ယူသွားခဲ့တာပဲ။ပြီးတော့ ဒီအသံကျယ်တဲ့ စိတ်အနှောက်ဖြစ်စရာ လူကိုလျှပ်တပြတ် အနိုင်ယူနိုင်တဲ့လူတွေက အများကြီးဖြစ်ပေမယ့်..ငါတို့ရဲ့ ကိုယ်ပိုင်စတိုင်ကို အသုံးပြုပြီး အနိုင်ယူသွားတာကတော့ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ်လေ.."

လီယိုက သူ့ရဲ့မိတ်ဆွေတွေကို မကြည်တဲ့အကြည့်နဲ့တစ်ချက်ကြည့်လိုက်ပြီး ကြော်ငြာကိစ္စကို ခနရပ်တန့်ကာ..ခေါင်းညိမ့်လိုက်တယ်။

"အမှန်ပဲ..။ဒီတော့ ငါတို့သုံးယောက်က ဒီခွေးသားက ဘယ်သူလဲဆိုတာကို သွားကြည့်ကြတော့မယ်..။ပြီးတော့ သူ တကယ် ဘာစွမ်းဆောင်နိုင်လဲ ဆိုတာရောပေါ့..."

***

ဆန်နီကတော့ သူက အဇူရာအကာအကွယ်နဲ့လူငယ်လေးကို အနိုင်ယူပြီးတဲ့နောက်မှာ တိုက်ပွဲကွင်းပြင်မှာတစ်ခုခုထူးခြားနေတာကို သတိထားမိလိုက်တယ်။တစ်ခြားနိုးထသူတွေက..သူ့ကို စိတ်ရှုပ်ထွေးမူ အနည်းငယ်...အံ့ဩသင့်မူ ၊ နားမလည်မူတွေနဲ့ စိုက်ကြည့်နေခဲ့ကြပါတယ်။

ပွဲကြည့်စင်ပေါ်က ကြည့်နေကြတဲ့ လူသားတွေလည်း ဒီအတိုင်းပါပဲ။လူတွေအများကြီးက သူနဲ့နီးတဲ့နေရာကို လာဖို့အတွက် ခုံတွေတောင်လဲလှယ်နေကြပါသေးတယ်။

'ဒီလူတွေအားလုံးက ဘာဖြစ်နေကြတာလဲ..။ငါက စည်းကျော်သွားပြီး..အရမ်းမြန်မြန် လှုပိရှားခဲ့မိလို့လား...'

သို့ပေမယ့် မဟုတ်ပေ..။သူက ကိုယ့်ကိုကို အရမ်းကြီး သန်မာမနေအောင် ထိန်းချုပ်ထားခဲ့ပါတယ်။သူတို့က ဒီတိုင်းပြိုင်ပွဲကို သဘောကျကြတာလား..။ဆန်နီက တကယ်ပဲ သူတို့ကို ပြပွဲကောင်းတစ်ခု ပြသပေးနေခဲ့တာပါ။ဒီကို လုပ်တာက သူ့ရဲ့ရည်ရွယ်ချက်တစ်ခု မဟုတ်ပေမယ့်လည်း...

'ဘာပဲဖြစ်ဖြစ်..ဘာလို့ ငါ့ကိုဘယ်သူမှ မစိန်ခေါ်ကြသေးတာလဲ..။ငါ့ရဲ့အချိန်တွေကို ဖြုန်းတီးတာ ရပ်လိုက်ကြတော့ ကောင်လေးတို့..။ငါ့မှာ အချိန်က သိပ်ပြီးရှိတာ မဟုတ်ဘူး..'

အမှန်တကယ်ပဲ..သူတို့အလှည့်ကိုစောင့်နေကြတဲ့ နိုးထသူ အုပ်စုဟာလည်း ရှေ့ကိုတက်လာပြီး စိန်ခေါ်ဖို့အတွက် အစီအစဥ်ရှိပုံမရကြပေ။ဆန်နီ သူတို့ကို အတော်ကြာအောင် စိုက်ကြည့်ပြီး ဘာတွေဖြစ်နေတာလဲ ဆိုတာကို နားလည်ဖို့ကြိုးစားနေခဲ့ပါတယ်။သူတို့က လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကတင် စိတ်အားထက်သန်နေကြတာ မဟုတ်ဘူးလား..။

ယင်းနောက် တစ်စုံတစ်ယောက်က..နောက်ဆုံးမှာ သူ့ဆီကို လျောက်လာခဲ့ပြီး သူ့ရဲ့ကြောက်မက်ဖွယ်ဓားကို ဆွဲထုတ်လိုက်ပါတယ်။

ဒီတစ်ယောက်က ရဲတိုက်တစ်ခုနဲ့ နဂါးလေးကောင်ရဲ့ အသွင်အပြင်ကို ပုံဖော်ထားတဲ့ ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားခဲ့ပါတယ်။သူ့ကြည့်ရတာ သန်မာ၊ ခန့်ညားပြီး..အတွေ့အကြုံရှိတဲ့ပုံပါပဲ။

'ဒီကောင်...ငါ့..ငါ့ကိုလာနောက်နေတာလား..'

တူညီတဲ့ဟန်ပန်ပဲ...သူက အစောတုန်းက ငနဲ နဲ့ သောက်ကျိုးနဲ တူညီတဲ့ဟန်ပန်ကို လေ့ကျင်ထားတာ အသိသာကြီးပဲ..

ဆန်နီရဲ့ မျက်လုံးတွေကျဥ်းမြောင်းသွားချိန်မှာတော့ အိပ်မက်ရူခင်းရဲ့ကြေညာသံက ထွက်ပေါ်လာခဲ့တယ်။

"တာအိုဆိုင်ဖာ က ခွေးသားကို စိန်ခေါ်လိုက်ပါပြီ"

အကာအကွယ်နဲ့ ငနဲ မတိုက်ခိုက်ရသေးခင်မှာပဲ..ဆန်နီ ရုတ်တရက်ဆန်စွာပဲ..သူ့ရဲ့မျက်နှာကို အိုဒက်ချီ ဓားရဲ့ဓားရိုးနဲ့ ရိုက်နှက်ပြီး ခြေထောက် ဟန်ချက်ပျက်သွားစေကာ..ဓားကြီးရဲ့ထိပ်ဖျားကို သူ့မျက်နှာဖုံးရဲ့ ကျဥ်းမြောင်းတဲ့ မျက်လုံးအပေါက်ထဲကို ထိုးသွင်းလိုက်ပါတယ်။

သံမဏိခေါင်းစွပ်ထဲကနေ သွေးတွေစီးကျလာခဲ့တဲ့အချိန်မှာတော့..အိပ်မက်ရူခင်းရဲ့အသံက နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့တယ်။

"ခွေးသား အနိုင်ရရှိသွားခဲ့ပါပြီ "

လူအုပ်ကြီးရဲ့ မျက်နှာတွေက အနည်းငယ်ဖြူဖျော့သွားခဲ့ပါတယ်။

'ဒီလူတွေက ဘာတွေဖြစ်နေကြတာလဲ..။မတူညီတဲ့ဟန်ပန်တွေကို သိတဲ့လူမရှိတော့ဘူးလား.."

ဆန်နီဟာ အရိပ်မြွေရဲ့ဓားသွားကို မသန့်ရှင်းရသေးခင်မှာပဲ..နောက်ထပ်စိန်ခေါ်သူအသစ်က ချည်းကပ်လာခဲ့ပြန်ပါတယ်။

ဒီတစ်ယောက်က မီးခိုးရောင်ပိုးထည် ဝတ်ရုံကို ဝတ်ဆင်ထားခဲ့တယ်။

"အရူးက ခွေးသားကို စိန်ခေါ်လိုက်ပါပြီ "

ဒီခွေးသားက လေးလံတဲ့ ဆေဘာဓားကြီးကို ကိုင်ဆောင်ထားပြီး..အဲဲဒီသောက်ကျိုးနဲ တူညီတဲ့တိုက်ပွဲဟန်ပန် အတိုင်းပဲ လမ်းလျောက်လာနေခဲ့တာပါ။

ဆန်နီ ဒေါသတကြီးအော်ဟစ်ပြီး ရှေ့ကိုပြေးတက်သွားခဲ့တယ်။

အရူးကြည့်ရတာတော့ အစောတုန်းကနှစ်ယောက်ထက် ပိုလျင်မြန်ပြီး သတိထားနေတဲ့ပုံပါပဲ။သူက တိုက်ခိုက်မူကို ဘေးကိုရှောင်နိုင်လိုက်တယ်..ဝမ်းနည်းစွာပဲ..ဒီတိုက်ခိုက်မူက အရိပ်အယောင်တစ်ခု ဖြစ်နေခဲ့ပါတယ်။သူက သူ့ရဲ့ခြေလှမ်းတွေကို ပြန်မပြင်ဆင်နိုင်သေးခင်မှာပဲ..အိုဒါချီ ဓားက သူ့ရဲ့ရင်ဘတ်ကို ဖောက်ဝင်ပြီး နောက်ကျောဘက်ကနေ ထွက်လာနေခဲ့ပါပြီ။

ဆန်နီဟာ ကြီးမြတ်တဲ့ဓားကို ရန်သူရဲ့ခန္တာကိုယ်ကနေ ဆွဲထုတ်လိုက်ပြီး စိတ်အနှောက်ယှက်ဖြစ်စွာ နောက်ကိုဆုတ်လိုက်တယ်။

မီးခိုးရောင် ပိုးထည်ဝတ်ရုံနဲ့လူကတော့..ယိမ်းယိုင်နေပြီး သူ့ရဲ့ပိုးထည်ပေါ်မှာ ကြီးမားလာတဲ့ အနီရောင်အစက်အပျောက်ကို ကြည့်နေခဲ့ပါတယ်။သူက ဆန်နီကိုကြည့်လိုက်ပြီး တိတ်တဆိတ် လက်မထောင်ပြလိုက်ကာ..သဲပြင်ပေါ်လဲကျသွားပြီး အစက်အပျောက်တွေအဖြစ် ပျောက်ကွယ်သွားခဲ့တယ်။

"ခွေးသား အနိုင်ရရှိပါပြီ "

'ချီးတဲ့မှပဲ..ငါက သင့်တော်တဲ့ပြိုင်ဖက်ကိုရှာဖို့ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲကို သွားဖို့လိုအပ်တာလား..'

ဒီလူတွေက..အတိအကျကို ဆိုးဝါးတဲ့တိုက်ခိုက်ရေးသမားတွေပါ။အထူးသဖြင့် နောက်ဆုံးသုံးယောက်ပါပဲ။ဒါပေမဲ့ ဘာလို့ သူတို့သုံးယောက်လုံးက တူညီတဲ့နည်းစနစ် ရှိနေကြတာလဲ။

ဆန်နီ ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အချိန်မှာတော့ နေရာတစ်ခုလုံးက သေလောက်အောင် တိတ်ဆိတ်နေခဲ့တယ်။လူတိုင်းက သူ့ကိုထူးဆန်းတဲ့အမူအရာတွေနဲ့ ကြည့်နေခဲ့ကြပါပြီ။

'ခနလေး..အဲလိုတော့ မပြောနဲ့နော်..'

သူရဲ့ မျကိနှာဖုံးနောက်မှာတော့ ဆိုးဝါးတဲ့ သံသယစိတ်တစ်ခု ဝင်ရောက်လာခဲ့တယ်။

"ဒီ..ဒီပြိုင်ပွဲတစ်ခုလုံးက တူညီတဲ့ဟန်ပန်တစ်ခုတည်းကိုပဲ အသုံးပြုကြရမှာလား..။ငါက မပြောပြထားတဲ့စည်းမျဥ်းတစ်ခုကို တစ်ချိန်လုံးချိုးဖောက် နေခဲ့တာလား..။ဒီလိုဆိုရင်တော့ အတော်လေးကိုဆိုးဝါးမှာပါ။မဟုတ်ဘူး..ခနလေး.ဒါက အဓိပ္ပါယ်မရှိပေ..။ငါကလည်း သူတို့နဲ့တူညီတဲ့ ဟန်ပန်ကိုသုံးနေတာပဲလေ.'

ရုတ်တရက် ရင်းနှီးတဲ့မျက်နှာတစ်ခုက လူအုပ်ထဲကနေ သူ့ဆီကို ချည်းကပ်လာခဲ့တယ်။ဒါကတော့ အဇူရာအကာအကွယ်အင်္ကျီီနဲ့ လူငယ်လေးတစ်ယောက်ပါ။​ခြင်္သေ့ရိုက်နှက်သူဆိုလား ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ်...

'နိုး..ဘုရားရေ..ကျေးဇူးပြုပြီး မလုပ်ပါနဲ့တော့..။ငါ သူနဲ့ထပ်ပြီး မတိုက်ခိုက်ချင်တော့ဘူး..'

လူငယ်လေးက ဆန်နီနဲ့မီတာ အနည်းငယ်အကွာမှာရပ်လိုက်ပြီး ခနလောက်တွေဝေနေပြီးကာမှ ပြုံးပြလိုက်ကာ..ပေါ့ပါးတဲ့အသံနဲ့မေးလိုက်တယ်။

"ခွေးသား..ငါ့မိတ်ဆွေ..တကယ်လို့ငါမေးတာကိုသာ စိတ်မရှိဘူးဆိုရင်...မင်းက ဒီမှာဘာလုပ်နေတာလဲ။ဒီလူသစ်ပြိုင်ပွဲမှာလေ.."

မျက်နှာဖုံးနောက်ဘက်က ဆန်နီရဲ့ မျက်လုံးတွေ ကျဥ်းမြောင်းသွားခဲ့တယ်။အဖြေကတော့ ရိုးရှငိးပါတယ်။သူက ဒီမှာလာပြီး သင်ယူနေတာပါ။

သို့ပေမယ့် ဒါပေါ့ သူက ဒီအဖြေကိုပြောလို့ရမှာ မဟုတ်ပါဘူး။သူက တစ်ခြားအလိမ်ညာတွေ ဖန်တီးဖို့အတွက်တောင် အတော်လေး စိတ်အနှောက်ယှက်ဖြစ်နေခဲ့ပါပြီ။

သူက လူငယ်လေးကို စိုက်ကြည့်ပြီး ဝိဥာဥ်မြွေကို ဓားကနေ တက်တူးအဖြစ် ပြန်ပြောင်းခိုင်းလိုက်ကာ..သုန်မုန်နေတဲ့ လေသံနဲ့ပြန်ဖြေလိုက်တယ်။

"ငါက ဘာမှမသင်ယူဖို့အတွက် လာခဲ့တာ.."

ခြင်္သေ့ရိုက်နှက်သူဟာ အကြိမ်အနည်းငယ်မျက်တောင် ခတ်ပြီးနောက်မှာ ခန္တာကိုယ်လှုပ်သွားပြီး သိသာစွာပဲ သူ့ရဲ့ဓားကို ထုတ်ယူဖို့လုပ်နေခဲ့ပါတယ်။

'တော်လောက်ပြီ..'

ဆန်နီရေရွတ်လိုက်ပြီး အိပ်မက်ရူခင်းကို သူ့ကို ပြိုင်ပွဲကနေ ဖယ်ထုတ်ပြီး..တိုက်ပွဲကွင်းပြင်ကနေ အစက်အပျောက်တွေအဖြစ် ပျောက်ကွယ်သွားစေဖို့ ညွှန်ကြားလိုက်ပါတယ်။

ပုံရိပ်ယောင်ဖန်သေတ္တာထဲကနေ ထွက်လာပြီးတဲ့နောက်မှာတော့ သူက ဒါကိုဒေါသတကြီး ကြည့်နေခဲ့တယ်။ယင်းနောက် ရုတ်တရက်ဆိုသလိုပဲ..သူ့ရဲ့လက်တစ်ဖက်ကို ကျန်တဲ့လက်နဲ့ ဆုပ်ကိုင်ထားခဲ့ပါတယ်။

"မဟုတ်ဘူး..မဟုတ်ဘူး..ငါတို့ရေခဲသေတ္တာဖြစ်သလိုမျိုး ထပ်ပြီးအဖြစ်ခံလို့ မဖြစ်ဘူး။ဒီ လှပ ၊ တောက်ပပြီး အရမ်းစျေးကြီးတဲ့ အရာကိုတော့ ဒီလိုလုပ်လို့မရဘူးလေ..ဟုတ်တယ်မလား..။ဟုတ်တယ်..ငါ..ငါ ဒီတိုင်းထွက်သွားပြီး..လေကိုဝအောင်ရူပြီး..နောက်တစ်ကြိမ်မှ ပြန်ကြိုးစားသင့်တယ်။ပိုစိန်ခေါ်မူရှိတဲ့ ပြိုင်ပွဲမှာပေါ့..."

ဒီလိုနဲ့ သူက အဆင့်မြင့်ကိရိယာကို နောက်ဆုံးတစ်ကြိမ်ကြည့်လိုက်ပြီး ထွက်သွားခဲ့ပါတယ်။

...သို့ပေမယ် ဆန်နီမမြင်နိုင်တဲ့အရာကတော့ တိုက်ပွဲကွင်းပြင်မှာ ရှိနေတဲ့နိုးထသူတွေအားလုံးက..သူ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က ရပ်နေတဲ့နေရာကိုကြည့်နေကြသေးတယ် ဆိုတာပါပဲ။

လီယိုစထရိုက်ကာ လည်း အတွေးနက်နေတဲ့ မျက်နှာအမူအရာနဲ့ကြည့်နေခဲ့တယ်။

စက္ကန့်အနည်းငယ်ကြာပြီးကာမှ သူ တိတ်တဆိတ်ရေရွတ်လိုက်ပါတယ်။

"ဘာမှ မသင်ယူဖို့ပေါ့..။ဟင်.."

All Chapters