ပျံ့နှံ့သွားတဲ့ အမှတ်တရ
Vol. 27 Ch. 396
ဆန်နီဟာ ရေခဲသေတ္တာ အပျက်အစီးထဲက အစားအသောက်တစ်ချို့ကို ပြန်လည်ထုတ်ယူလိုက်ပြီး ညနက်စာကို စားလိုက်ပါတယ်။ပြီးတာနဲ့ သူက မြေအောက်ခန်းထဲကို ပြန်လည်ဝင်ရောက်သွားခဲ့တယ်။ဒီတစ်ကြိမ်တော့ သူက ချိန်းကျွန်းစူကိုသွားဖို့ ပြင်ဆငိနေခဲ့တာပါ။
အခုချိန်မှာတော့ တိုက်ခိုက်ရေးမှာ သူအသုံးပြုခဲ့ရတဲ့အဆီအနှစ်တွေနဲ့ မြေအောက်ကမ္ဘာရဲ့ဝတ်လုံတော်ကို ကျောက်တုံးအဖြစ်ပြန်ပြီး ပြောင်းလဲမသွားအောင် ကူညီပေးတဲ့ အဆီအနှစ်တွေက ပြန်လည်ပြည့်နှက်နေခဲ့ပါပြီ။
မဟူရာအကာအကွယ် ကိုဝတ်ဆငိရတာက [ကျောက်တုံးစွန့်ပစ်ခြင်း ] စွမ်းရည်ကို အသက်သွင်းထားရတာကြောင့် အဆီအနှစ်စီးဆင်းမူကို ဖြစ်ပေါ်စေကာ ကုန်ဆုံးစေပါတယ်။သူက ဝိဥာည်မြွေကို လက်နက်အဖြစ်ပုံစံပြောင်းထားတာကြောင့် အဆီအနှစ်ကုန်ကျမူ အနည်းဆုံးဖြစ်အောင် ထိန်းချုပ်ပေးမယ့်အရာ မရှိတော့ပါဘူး။ဒီဝတ်ရုံကို အတော်ကြာအောင်ဝတ်ဆင်ထားရတာက အဆီအနှစ်ကို အတော်လေး ကုန်ခမ်းစေပေမယ့် ဒါက သူ့ကို အဆီအနှစ်ထိန်းချုပ်မူကို ပိုပြီးကျွမ်းကျင်စေပါတယ်။သူဒီအတွက် ကွန်ပလိန်း မရှိခဲ့ပေ။
…အိပ်မက်ရူခင်းက ပုံရိပ်ယောင်တစ်ခုဖြစ်နေပေမယ့် လူတစ်ယောက်ရဲ့ အဆီအနှစ်တွေ အမှန်တကယ်ကုန်ဆုံးသွားတာကတော့ တကယ်ကို ရယ်စရာပါပဲ။
‘အိုး ကောင်းပြီလေး’
ဆန်နီဟာ သူ့ရဲ့ခေတ်မှီအဆင့်မြင့် အိပ်စက်မူသေတ္တာထဲကို တက်လိုက်ပြီး သက်သောင့်သက်သာရှိမူကို ခံစားရတာကြောင့် ပြုံးလိုက်ပါတယ်။
‘နောက်ဆုံးတော့…ကြွက်သားနာကျင်တာတွေ ထပ်ပြီးမရှိတော့ဘူး ‘
ဒီလိုပြောပြီးတာနဲ့ သူမျက်လုံးမှိတ်ကာ ချက်ချင်းအိပ်ပျော်သွားခဲ့ပါတယ်။
သူ့ရဲ့ ခန္တာကိုယ်က အိပ်နေပြီး သူ့ရဲ့ဝိဥာည်က အိပ်မက်ကမ္ဘာထဲမှာ သွားလာနေတဲ့အချိန်၊များပြားလှတဲ့ အကာအကွယ်တွေနဲ့ မြေအောက်ထဲမှာ ရှိနေတဲ့ အချိန်မှာတော့ အစစ်အမှန်ကမ္ဘာမှာ ကိစ္စအချို့ဖြစ်ပျက်နေခဲ့ပါပြီ။
သူနဲ့လီယိုစရိုက်ကာ တို့တိုက်ခိုက်ခဲ့ကြတဲ့ ဗီဒီယိုက မထင်မှတ်ထားပဲ ပျံ့နှံ့သွားခဲ့တာပါ။
ကမ္ဘာတစ်ခုလုံးက မရေမတွက်နိုင်တဲ့လူတွေက ဒီအရာကို တုန့်ပြန်မူမျိုးစုံနဲ့ ကြည့်ရူခဲ့ကြတယ်။တစ်ချို့က ဒါကိုရယ်စရာကောင်းတယ် ၊ တစ်ချို့က စိတ်ဝင်စားဖို့ကောင်းတယ် လို့ထင်နေကြတဲ့ အချိန်မှာ တစ်ချို့ကလည်း သတင်းတွေကို ဖတ်နေရင်းဒီတိုင်ကျော်သွားလိုက်ကြပါတယ်..။
နိုးထသူတွေတိုက်ခိုက်တာကို လုံးဝစိတ်မဝင်စားတဲ့ လူတွေတောင်မှ ဒီကိစ္စကို အနည်းငယ်အာရုံစိုက်မိလာခဲ့ကြတယ်။စက်ဆုပ်ဖွယ်ကောင်းတဲ့ တစ္ဆေတစ်ကောင်က ချောမောပြီးဂုဏ်သိက္ခာရှိတဲ့ လူသားတစ်ယောက်ကို ရက်စက်တဲ့ တိုက်ခိုက်မူတစ်ခုတည်းနဲ့ အနိုင်ယူနိုင်ခဲ့တာပါဲ။ဒါက အမှန်တကယ် လီယို ခန့်မှန်းထားတဲ့ အတိုင်းပါပဲ။ဒီလိုဆိုရင်တောင်မှ ၊ သူ့အတွက်စိတ်ကျဥ◌်းကြပ်စွာပဲ အခန်းကဏ္ဉ ကပြောင်းလဲသွားခဲ့ပါပြီ။
ပိုပြီးဆိုးဝါးတာက ဆန်နီက တိုက်ခိုက်မူကို ကင်မရာရိုက်ကူးထားတာကို မသိပေမယ့် ရန်သူရဲ့မျက်လုံးကို အိုဒက်ချီနဲ့ ထိုးသွင်းအပြီးမှာ ကင်မရာတည့်တည့်ကို ကြည့်ခဲ့ပါတယ်။
ကြောက်လန့်စရာ အနက်ရောင်မျက်နှာဖူံးက သူတို့တည့်တည့်ကို စိုက်ကြည့်နေတဲ့ ပုံရိပ် ၊ လူသားရဲ့မျက်လုံးတွေကို ဖုံးကွယ်ပေးထားတဲ့ နက်ရှိုင်းတဲ့အမှောင်ထုတွေက ဗီဒီယိုကို ကြည့်ရူနေတဲ့လူတွေအကုန်လုံးကို ကြက်သီးမွှေးညှင်းထသွား စေပါတယ်။
ဒါက ထိပ်လန့်ဖွယ် ၊ စွဲမက်ဖွယ်ကောင်းပြီး ထူးဆန်းစွာနဲ့ စိတ်ဝင်စားဖို့ကောင်းနေခဲ့တယ်၊
ဒီဗီဒီယိုကို အကြိမ်များစွာကြည့်ပြီးတဲ့နောက်မှာတော့ လူအများကြီးရဲ့ စိတ်ထဲမှာ တူညီတဲ့ မေခွန်းတစ်ခုတည်းသာ ရှိနေခဲ့တယ်။
ဒီကြောက်စရာမျက်နှာဖုံးရဲ့နောက်မှာ တကယ်ပဲ လူသားတစ်ယောက်ရှိနေတာလား…
သိူ့ပေမယ့် အိပ်မက်ရူခင်းပြိုင်ပွဲတွေကို အစဥ◌်အမြဲကြည့်ရူနေတဲ့လူတွေကတော့ မတူညီတဲ့ တုန့်ပြန်မူတွေရှိနေခဲ့ပါ တယ်။သူတို့က ငြင်းဆန်လို့မရနိုင်တဲ့ အချိန်အတွင်းအဆုံးသတ်ပြခဲ့တဲ့ အရည်အသွေးတွေကို အသိအမှတ်ပြုပေမယ့် သူတို့က ဒီနောက်ကွယ်က အဓိပ္ပာယ်ကိုသာ ပိုပြီအာရုံစိုက်နေခဲ့ကြတယ်။
ဘယ်သူမှမသိတဲ့ လူသစ်တစ်ယောက်က လီယိုလိုမျိုး လူသိများပြီး ကျော်ကြားတဲ့တိုက်ခိုက်ရေးသမားတစ်ယောက်ကို တစ်ချက်တည်း အနိုင်ယူသွားနိုင်ရတာလဲ။ဆန်နီတိုက်ခိုက်သွားတဲ့ အကွက်က လေ့လာဆန်းစစ်ကြတယ် ၊ ပြန်လည်ပြုပြူင်ကြတယ်၊ ပြီးတော့ မိုက်ခရိုစကုတ်အောက်မှာပါ ထားပြီးကြည့်ရူခဲ့ကြပါတယ်။ဒါက စစ်မှန်တဲ့ ကျွမ်းကျင်မူတစ်ခုလာ ဒါမှမဟုတ် ကံကောင်းခြင်းတစ်ခုလား။လီယိုကပဲ အမှားလုပ်ခဲ့တာလား ဒါမှမဟုတ် ဆန်းကြယ်တဲ့ တိုက်ခိုက်ရေးသမားကပဲ အဆမတန် သာလွန်နေခဲ့တာလား။
အဖြေကတော့ အတော်လေး ရှုပ်ထွေးပြီး ဘယ်သူ့မှာမှ ကောင်းမွန်တဲ့ အကြံဥာဏ်တွေရှိမနေခဲ့ပါဘူး။
သိသာစွာပဲ လူတွေက တစ်ခုခုကို သိချင်ပြီဆိုရင် အဲဒီအရာကို မရပ်တန့်တော့ပါဘူး။
ထပ်ပြီးတူးဆွလိုက်တဲ့အချိန်မှာတော့ ဆန်နီ အိပ်မက်ရူခင်းထဲမှာ တိုက်ခိုက်တဲ့ တိုက်ပွဲတိုင်း ၊ ပြောတဲ့စကားလုံးတိုင်းက လူထုတွေကြည့်ရူနိုင်တဲ့အထိ ထွက်ပေါ်လာခဲ့တယ်။
ဒီဗီဒီယိုတွေကို မြင်လိုက်ကြတဲ့အခါမှာတော့ အားလုံးက အံ့ဩသင့်သွားခဲ့ကြတယ်..။ဒီအံ့ဩသင့်မူနောက်ကနေ နောက်ထပ်နောက်ထပ်တွေပါ လိုက်ပါလာခဲ့ပါတယ်။
သူတို့ရဲ့စုံစမ်းထောက်လှမ်းမူမှာ လူတွေတွေ့ရှိလိုက်တဲ့ အရာကတော့ နောက်ထပ် ဗီဒီယို နှစိခုပါပဲ။
တစ်ခုမှာတော့ ခွေးသားက တာအိုဆိုင်ဖာကို တစက္ကန့်အတွင်းမှာတင် သတ်ပြသွားတာကို ဖော်ပြထားခဲ့ပါတယ်။
နောက်တစ်ခုမှာတော့ အရူးက နောက်ထပ်တစ်ကြိမ်ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတယ်။
ဒီလိုမျိုး တိုက်ခိုက်ရေးလောကထဲက ကျော်ကြားတဲ့လူငယ်သုံးယောက်ကို သတ်ဖြတ်ဖို့အတွက်က အချိန်တစ်မိနစ်အောက်သာ ကုန်ဆုံးခဲ့ပါတယ်၊။သူတို့က အထူးချွန်ဆုံးသူတွေ မဟုတ်ကြဘူးဆိုပေမယ့်် အိပ်မက်ရူခင်းထဲက အကောင်းဆုံးတွေထဲမှာ ပါဝင်နေတဲ့ လူတွေပါ။
ရလာဒိအနေနဲ့ သူ လီယိုစထရိုက်ကာကို အနိုင်ယူခဲ့တာက ကံကောင်းမူမဟုတ်သလို ၊ မတော်တဆ ဖြစ်တာလည်းမဟုတ်တော့ပါဘူး။ခွေးသား က တကယ်ကိုပဲ ပိုသန်မာလွန်းပါတယ်။
ဒါပေမယ့် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
သူက နောက်ထပ်နာမည်ကြီး တိုက်ခိုက်ရေးသမားတစ်ယောက်လား။
လူတွေဆက်ပြီးတူးဆွကြည့်တဲ့ အချိန်မှာတော့ ခွေးသားလို့ ခေါ်တဲ့လူက ဒီနေ့မတိုင်ခင်မှာ အိပ်မက်ရူခင်းထဲကို ဘယ်တုန်းကမှ မလာခဲ့ဖူးဘူး ဆိုတာကို သိလိုက်ကြရတယ်။သူ့ရဲ့ အချက်အလက်မှာလည်း နှစ်ခုတည်းသာ ဖော်ပြထားခဲ့ပါတယ်။
“အနိုင်ရရှိမူ - ၃၀ “
“ရှုံးနိမ့်မူ - မရှိ “
“ အခြေအနေ - အော့လိုင်း “
ဒါပြီးတဲ့နောက်မှာတော့ ခွေးသားက အိပ်မက်ရူခင်းထဲကို အလည်အပတ်ရောက်လာတဲ့ မာစတာ တစ်ယောက်ဆိုပြီး အပျော်သဘော သီအိုရီတွေထွက်ပေါ်လာခဲ့ပါတယ်။ကမ္ဘာပေါ်မှာက မာစတာတွေအများကြီး မရှိပါဘူး။သူတို့အားလုံးကလည်း ပုံရိပ်ယောင်တိုက်ပွဲဆီကို လာတာထက်ပိုပြီး အရေးကြီးတဲ့ အလုပ်တွေ ရှိနေကြပါသေးတယ်။တကယ်လို့ သူတို့လာတယ်ဆိုရင်တောင် အထူးပြုလုပ်ထားတဲ့ တိုက်ပွဲကွင်းပြင်တွေမှာ တိုက်ခိုက်ကြမှာဖြစ်ပြီး လူထုရဲ့ရှေ့ကို ပေါ်ထွက်လာမှာ မဟုတ်ပေ။
ဒါတောင်မှ ၊ ခွေးသာကသာ မာစတာ တစ်ယောက်ဆိုရင်ဒါတွေ အားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။သူက အတော်လေးကို သန်မာလွန်းနေပါတယ်၊။
သိူ့ပေမယ့် သူက မဟုတ်ခဲ့ပေ။
သူနဲ့ကျန်တဲ့ ၂၇ ယောက်တိုက်ခိုက်နေကြတဲ့ ဗီဒီယိုဖိုင်ထွက်လာတဲ့ အချိန်မှာတော့ ဒီသီအိုရီက ပျောက်ကွယ်သွားခဲ့ပြန်ပါတယ်။ဒီဗီဒီယိုတွေကို ကြည့်ရူပြီးတဲ့နောက်မှာတော့ စုံစမ်းထောက်လှမ်းရတာကို စိတ်အားထက်သန်တဲ့လူတွေက ထူးဆန်းတဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် တုန်လှုပ်သွားခဲ့ကြတယ်။
ဘာလို့လဲဆိုတော့ ရိုက်ကူးထားတဲ့ အထဲမှာ ခွေးသားက သူ့ထက်အားနည်းတဲ့လူတွေနဲ့ တိုက်ခိုက်တဲ့နေရာမှာ ရုန်းကန်နေရတာကြောင့်ပါ။
အခုတော့…ခနလေး ဒါက ဘာကိုဆိုလိုတာလဲ။
လူသစ်တွေနဲ့ ယှဥ◌်ပြိုင်တိုက်ခိုက်တဲ့နေရာမှာ ၅ မိနစ် ၊ ၁၀ မိနစ်လောက် ရုန်းတိုက်ခိုက်နေရတဲ့လူက အတွေ့အကြုံရှိတဲ့ ပရော်ဖက်ရှင်နယ်တွေကို ဘယ်လိုလုပ် စက္ကန့် ပိုင်းနဲ့တင် သတ်သွားနိုင်တာလဲ။
အဖြေကတော့ အတော်လေးကို ထိပ်လန့်စရာပါပဲ။ကိုယ်ခံပညာအကြောင်းကို နားမလည်တဲ့လူတွေကတော့ ခွေးသားက အားနည်းချင်ယောင်ဆောင်နေတာလို့ ရိုးရှင်းစွာကောက်ချက်ချ ခဲ့ကြပေမယ့် ၊ အသိပညာနဲ့ ပြည့်စုံတဲ့ လူတွေအတွက်ကတော့ အံ့ဩစရာကောင်းလောက်အောင်ပဲ …အဖြေက…
ခွေးသား က ပြိုင်ဖက်တွေကို တိုက်ခိုက်ဖို့ အတွက်သူတို့ရဲ့ နည်းစနစ်တွေကိုပဲ ပြန်ပြီး အသုံးပြုနေခဲ့တာပါ။
သူကကျော်ကြားလှတဲ့ ခြသေ့်ဟိန်းသံတိုက်ခိုက်မူ ဟန်ပန်ကို ဘာမှမသိပဲ တိုက်ခိုက်ရေးကွင်းထဲကို ဝင်ရောက်လာခဲ့တယ်။ပြီးတော့ ဒီဟန်ပန်ကို ပထမဆုံးလေ့လာခဲ့တဲ့ အရူး ၊ တာအိုဆိုင်ဖာ နဲ့ လီယို တို့လိုက်မမှီနိုင်လောက်တဲ့ အဆင့်ထိရောက်အောင် တစ်ညနေခင်းနဲ့တင် ကျွမ်းကျင်သွားခဲ့တာပါ။ဒီလူတွေက သူ့ကို စက္ကန့်ပိုင်းလောက်တောင် တောင်မခံနိုင်ခဲ့ကြပေ။
အခုတော့ ကျွမ်းကျင်ပညာရှင်တွေ ကြက်သီးမွှေးညှင်းထရမယ့် အချိန်ပါပဲ။
ဘာတွေဖြစ်ပျက်နေတာလဲဆိုတာကို နားလည်သွားတဲ့ အချိန်မှာတော့ ၊ သူတို့တွေကလည်း နိုးထသူတွေကြာတိုက်ပွဲအကြောင်း ဘာမှမသိတဲ့လူတွေလိုပဲ တူညီတဲ့မေးခွန်းတစ်ခုကို စိတ်ထဲမှာ ကျန်ရစ်ခဲ့ကြပါတယ်။
အနက်ရောင်မျက်နှာဖုံးကို ဝတ်ဆငိထားတဲ့လူက လူသားတစ်ယောက်ရော ဟုတ်ရဲ့လား…
အခုအချိန်မှာဆိုရင် သူတို့အားလုံးက တိုက်ပွဲဟန်ပန်ကို စိတ်ဝင်စားမူ နဲ့ အသိပညာ အဆင့်အတန်း ဘယ်လောက်ပဲရှိနေပါစေ တူညီတဲ့ မေးခွန်းတစ်ခုတည်းကိုပဲ သိချင်နေခဲ့ကြပါပြီ။
“….ဒီ ခွေးသား ဆိုတဲ့ ငနဲက ဘယ်သူလဲ “