ခွေးသားရဲ့ဥာဏ်ပညာ
Vol. 27 Ch. 397
အချက်အလက်အသစ်တွေ ရှိမနေတာကြောင့် လူတွေက အကူအညီမဲ့စွာပဲ ရှိနေပြီးသားဖြစ်တဲ့ ခွေးသား ရဲ့ ဗီဒီယိုတွေကို ပြန်ကြည့်ယုံသာ တတ်နိုင်ကြပါတယ်။ဆန်းကျယ်တဲ့ နတ်ဆိုးစစ်သည်တော်ကို အရမ်းစိတ်ဝင်စားကြတာကြောင့်..သူတို့က..သူ့ရဲ့အပြုအမူ ၊ စကားလုံးတိုင်းကို လေ့လာခဲ့ကြပြီး..သူ့ရဲ့အကြောင်း ၊ နောက်ခံနဲ့ ရပ်တည်ချက်တွေကို ခြေရာခံဖို့ ကြိုးစားခဲ့ကြပါတယ်။
သိနိုင်တဲ့အရာ များများစားစား မရှိပေမယ့်လည်း..သူတို့က ခွေးသားရဲ့စကားလုံးတွေကို..အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေအဖြစ် အနက်ပြန်လာခဲ့ကြပြန်ပါတယ်။
...တကယ်တော့ ဒီအရာတွေက ဘာအဓိပ္ပါယ်မှ မရှိပဲ လူတွေက အလွန်အမင်း အဓိပ္ပါယ်ကောက်နေခဲ့ကြတာပါ။ဒီအရာတွေအကုန်လုံးက [ ရိုးရှင်းတဲ့လှည့်စားမူ ] စွမ်းရည်အရ ဆန်နီ ရုတ်တရက် ပြောလိုက်ရတဲ့ အလိမ်အညာတွေချည်းပါပဲ။သူတို့က ဘယ်တုန်းကမှ ၊ ဘယ်တော့မှ နက်ရှိုင်းတာတွေကို ထည့်သွင်းမပြောခဲ့ပေ။
ဒါပေမဲ့ လူတွေရဲ့ကောင်းမွန်တဲ့ စိတ်ဆန္ဒတွေက အရာရာတိုင်းကို ရှုပ်ထွေးစေနေတာကို ဘယ်တုန်းက တားဆီးထားနိုင်လို့လဲ။
ဆန်နီတောင် ဘာတစ်ခုမှမသိလိုက်တဲ့ အချိန်မှာပဲ ..ခွေးသားကတော့..အတွေးအခေါ်ပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပါပြီ။
"မင်းက တိုက်ပွဲကွငိးပြင်မှာ လူသစ်လား.."
"...ငါက တိုက်ပွဲကွင်းပြင်မှာ မွေးဖွားလာခဲ့တာပဲ.."
ကျောင်းရဲ့ကဖေးတစ်ခုမှာထိုင်နေရင်း ကျောင်းသားနှစ်ယောက်ဟာ စျေးပေါတဲ့ ဆက်သွယ်ရေးစက်တစ်လုံးကို စိတ်အားထက်သန်စွာကြည့်နေခဲ့ကြပါတယ်။
ကောင်လေးတစ်ယောက်က မျက်မှောင်ကျုပိလိုက်ပြီး စိတ်ရှုပ်ထွေးစွာမေးလိုက်တယ်။
"ငါတော့နားမလည်တော့ဘူး..သူကဘာကိုဆိုလိုတာလဲ..။တိုက်ပွဲကွင်းပြင်ဆိုတာက အိပ်မက်ရူခင်းရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ဘူးလား..။ဘယ်လိုလုပ်လူတစ်ယောက်ို မွေးဖွားနိုင်ရတာလဲ.."
သူ့ သူငယ်ချင်းက အထင်သေးမူတွေနဲ့ခေါင်းခါယမ်းလိုက်ပြီး..
"အရူး ဒါလေးတောင်မသိဘူးလား..။ခွေးသား က သူအိပ်မက်ရူခင်းထဲမှာ မွေးဖွားတယ်လို့ ဆိုလိုချင်တာမဟုတ်ဘူး..။သူပြောချင်တာက သူက တိုက်ပွဲကြားထဲမှာ မွေးဖွားလာတယ်ဆိုတာပဲ..။ရှေးခေတ်က ဂလာဒီယော တွေကလည်း သူတို့ရဲ့စိတ်ဆန္ဒမပါပဲ တိုက်ခိုက်နေကြရတဲ့ ကျွန်တွေပဲလေ..။နိုးထသူတွေကလည်း အတူတူပဲမဟုတ်ဘူးလား..။သူတို့က အိပ်မက်ဆိုးအခိုက်အတန့် ရဲ့ ကူးစက်မူကို ခံကြရပြီးရွေးချယ်စရာမရှိစွာပဲ..အိပ်မက်ဆိုးသားရဲတွေကို တိုက်ခိုက်ကြရတယ်။ဒီအတိုင်းဆိုရင် နိုးထသူတွေအားလုံးက တိုက်ပွဲကွင်းပြင်မှာ မွေးဖွားလာကြတာပဲ.."
မြို့ပြင်ရဲ့တစ်နေရာမှာတော့..အလုပ်သမားတစ်ချို့က ခနတဖြုတ် အနားယူတဲ့အချိန်မှာ စုဝေးနေခဲ့ကြတယ်။
"မင်းက လူသားရောဟုတ်ရဲ့လား.."
"လူသားတစ်ယောက်ဆိုတာဘာလဲ..။ငါကလူသားမဟုတ်ဘူး..။ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး.."
အလုပ်သမားတစ်ယောက်က ကြက်သီးမွှေးညှင်းထသွားခဲ့ပြီး..
"ကြောက်စရာပဲ ခွေးသားက တကယ်ပဲ အစစ်အမှန်ကမ္ဘာကို ဝင်ရောက်နေတဲ့ အိပ်မက်ဆိုးသားရဲတစ်ကောင် ဖြစ်နေနိုင်တာ မဟုတ်ဘူးလား.."
နောက်တစ်ယောက်က ခေါင်းခါယမ်းလိုက်တယ်။
"မဟုတ်ဘူး..မဖြစ်နိုင်ဘူး.."
ပထမတစ်ယောက်က သက်ပြင်းချလိုက်ပြီး..
"ဒါဆိုဘာလို့သူက လူသားတစ်ယောက် မဟုတ်ဘူးလို့ ပြောရတာလဲ.."
ဒုတိယအလုပ်သမားက သူတို့ရှင်းလင်းနေကြတဲ့ ညစ်ပတ်တဲ့ လေသန့်စက် အတွင်းနံရံနဲ့ သူ့ရဲ့ ကြမ်းတမ်းတဲ့လက်နှစ်ဖက်ကို တစ်လှည့်စီကြည့်နေရင်း..
"လူသားတစ်ယောက်ဖြစ်ဖို့ဆိုတာက..ဘယ်လိုသောက်ကျိုးနဲမျိုးကို ဆိုလိုတာလဲ..။မင်းနဲ့ငါကရော တကယ်ပဲ လူသားတွေလို့ မင်းကထင်နေတာလား..။မဟုတ်ဘူး အရူးရဲ့..။အဲဒီ ခွေးသားက မင်းထက်ပိုပြီးဥာဏ်ကောင်းတယ်ဆိုတာကို ငါကျိန်ပြောရဲတယ်။အနည်းဆုံးတော့ သူက ခြေထောက်နှစိဖက် ၊ လက်နှစ်ဖက်ရှိယုံနဲ့ လူသားတစ်ယောက်ဖြစ်မလာနိုင်ဘူးဆိုတာကို နားလည်ထားတယ်လေ..။သူက ဘယ်လိုမျိုးလဲဆိုတာကို သဘောပေါက်ထားတယ်.."
တတိယမြောက်နားထောင်နေတဲ့လူကလည်း စကားဝိုင်းထဲကို ဝင်ပါလာခဲ့ပါတယ်။
"ဒီတော့ ဘာဖြစ်လဲ..။ဟုတ်တယ်..သူကသိတယ်..ဒါပေမဲ့ သူကမဆန့်ကျင်ခဲ့ဘူး..။ဒီငနဲက ဘဝကိုလက်ခဲ့ပြီး သူ့ကိုယ်သူ နတ်ဆိုးဓားသမားတစ်ယောက် အဖြစ် ပြောင်းလဲခဲ့တယ်လေ..။မင်းကရော ဘာလုပ်ပြီးပြီလဲ..။ဒါက သူငါတို့ကိုပေးချင်တဲ့ သင်ခန်းစာလို့ ငါထင်တာပဲ..။မင်းကလူသားတစ်ယောက်လို မပြုမူရင်..မင်းကိုဘယ်သူကမှ လူသားတစ်ယောက်လို ဆက်ဆံမှာမဟုတ်ဘူး.."
အဝေးမှာရှိနေတဲ့ အကယ်ဒမီရဲ့ အိပ်စက်သူအဆောက်အဦးမှာတော့..။လူငယ် ယောက်ျားလေး ၊ မိန်းကလေး တစ်စုဟာ စခရင်ကို ကြည့်နေခဲ့ကြတယ်။
"မင်းမှာတကယ်ကိုကြီးမားတဲ့ ဓားတစ်ချောင်း ရှိနေတာပဲ..။မငိးဒါကို ဘယ်လိုအသုံးပြုရမလဲဆိုတာရော သိရဲ့လား.."
"မသိဘူး.."
"မသိဘူးလား..။မင်းက မငိးရဲ့ဓားကိုဘယ်လိုသုံးရမလဲဆိုတာကို မသိဘူးလား..။ကောင်းပြီလေ..ငါမင်းကို နည်းနည်းပါးပါး သင်ပေးရမလား.."
"မလိုဘူး.."
အိပ်စက်သူတစ်ယောက်က သူ့ရဲ့ခေါင်းကိုကုတ်ပြီး မေးလိုက်တယ်။
"ငါတော့ နားမလည်တော့ဘူး..။ခွေးသားက ဓားကို အသုံးပြုတတ်ရဲ့သားနဲ့ ဘာလို့လိမ်ညာထားတာလဲ..။သူက အတွေ့အကြုံရှိတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ဆိုတာ သိသာနေတာပဲ မဟုတ်ဘူးလား..။သူက ဆက်ခံသူတစ်ယောက်တောင် ဖြစ်နေနိုင်တယ်..။သူက လီယိုသူ့ကို နားမလည်နိုင်အောင် လှည့်စားခဲ့တာများလား.."
သူ့ဘေးနားမှာရပ်နေတဲ့ မိန်းကလေးက ရယ်မောလိုက်ပြီး..
"သူက မလိမ်ညာခဲ့ဘူး..။ဘာလို့ခွေးသားက လီယိုကိုလှည့်စားဖို့လိုအပ်မှာလဲ..။မျှမျှတတတိုကိခိုက်လဲ သူက လီယိုကို အနိုင်ရနိုင်တာပဲလေ..။မဟုတ်ဘူး..သူ့ရဲ့စကားလုံးတွေမှာ နက်ရှိုင်းတဲ့အဓိပ္ပါယ်တွေ ပါဝင်နေတာ.."
တစ်ခြားအိပ်စက်သူ တစ်ယောက်က မျက်ခုံးပင့်တင်လိုက်ပြီး..
"ဘာ အဓိပ္ပါယ်လဲ.."
မိန်းကလေးဟာ နားလည်သလိုပြုံးလိုက်ပြီး..
"လီယိုလို ကြွားဝါတတ်တဲ့တိုက်ခိုက်ရေးသမား တစ်ယောက်ကပဲ..ဓားအကြောင်းကိုနားလည်တယ်လို့ ပြောလိမ့်မယ်..။အိပ်မက်ရူခင်းထဲမှာ အရည်အချင်းမရှိတဲ့ နိုးထသူတွေနဲကစားပွဲတွေကျင်းပနေတဲ့ သူထက် ..အိပ်မက်ကမ္ဘာထဲမှာ အိပ်မက်ဆိုးသားရဲတွေနဲ့တိုက်ခိုက်နေရတဲ့ မာစတာတစ်ယောက်ကပဲ..သူတို့တွေ သိထားတာထက် ပိုပြီးသင်ယူစရာတွေ ရှိနေသေးတယ်ဆိုတာကို နားလည်နိုင်တယ်လေ..။ဒါက အဲဒီ ခွေးသား ဆိုလိုတာပဲ..။သူက ဘယ်လောက်ပဲ သန်မာနေပါစေ..ကြီးမားတဲ့အရာတွေရဲ့ဘေးနားမှာ သူ့ရဲ့ ကျွမ်းကျင်မူနဲ့ခွန်အားတွေက ကလေးတစ်ယောက်လို နုနယ်နေသေးတာကို ဖော်ပြနေတာလေ.."
သူ့ရဲ့ သူငယ်ချင်းတွေကလည်း အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ မေးလိုက်တယ်။
"ဒါဆိုရင် ..သူက ဘာလို့ထပ်ပြီး မသင်ယူချင်တော့ဘူးလို့ ပြောတာလဲ.."
မိန်းကလေးက ခေါင်းခါယမ်းလိုက်ပြီး..
"သူက မသင်ယူချင်ဘူးလို့ ပြောတာမဟုတ်ဘူး..။သူပြောတာက လီယိုသူ့ကို သင်ကြားပေးဖို့မလိုအပ်ဘူးလို့ ဆိုလိုတာပဲ..။နိုးထသူတွေရဲ့ စစ်မှန်တဲ့ရန်သူက အခိုက်အတန့်ဖြစ်ပြီး လူသားတွေမဟုတ်ဘူးလေ..။ဒါကြောင့် ခွေးသားက လူသားတွေနဲ့တိုက်ခိုက်ရင်း မသင်ယူချငိတာဖြစ်မယ်။ပြီးတော့ ခွေးသားလို သန်မာတဲ့လူတစ်ယောက်က တိုက်ပွဲတစ်ခုကို တစ်ချက်တည်းနဲ့ အဆုံးသတ်ပြနိုင်တယ်လေ..။ဒါပေမဲ့ စစ်မှန်တဲ့ခွန်အား ၊ စစ်မှန်တဲ့ခွန်အားက..တကယ်တော့ တိုက်ခိုက်စရာတောင် မလိုအပ်ဘူး။ဖြစ်နိုင်တာက ဒါက ခွေးသားဆိုလိုချင်တာ ဖြစ်မယ်..။သူကလုံလောက်အောင် သန်မာလာတဲ့အချိန်ကျရင်..သူ့ရဲ့ဓားကို ထပ်ပြီးကိူင်စရာ မလိုအပ်တော့ဘူးလေ.."
သူတို့နဲ့မီတာတစ်ရာအကွာ၊ အကယ်ဒမီဆေးရုံအဆောက်အဦးကို သွားတဲ့လမ်းမှာတော့..ဝီးချဲပေါ်မှာရှိနေတဲ့ ငယ်ရွယ်တဲ့အမျိူးသမီးတစ်ယောက်ဟာ သူမရဲ့ ဆက်သွယ်ရေးစက်ကို သဘောကျစွာကြည့်နေခဲ့ပါတယ်။
"မင်းဒီမှာဘာလုပ်နေတာလဲ..၊ ဒီ လူသစ်ပြိုင်ပွဲမှာ.."
"ငါက ဒီမှာ မသင်ယူဖို့ရှိနေတာပဲ.."
အထူးသဖြင့် ဒီအပိုင်းက အင်တာနက်ပေါ်မှာ ဆွေးနွေးမူအများဆုံး အကြောင်းအရာဖြစ်နေခဲ့ပါတယ်။တိုက်ခိုက်ရေးသမားတွေကြားထဲမှာလည်း ဒါက အတွေးအခေါ်ဆိုင်ရာ မုန်တိုင်းတစ်ခုဖြစ်နေခဲ့တယ်။မရေမတွက်နိုင်တဲ့ နိုးထသူတွေက..သူ့ရဲ့ အဓိပ္ပါယ်ကို စိတ်အားထက်သန်စွာ ငြင်းခုန်နေခဲ့ကြတာပါ။ခွေးသား ဘာကိုဆိုလိုတာလဲ ဆိုတာကို ဘယ်သူမှ မသိပေမယ့်..အနည်းဆုံးတော့ လူတိုင်းမှာ သီအိုရီတစ်ခုရှိကြပါတယ်။
လူတိုင်းသဘောတူညီထားကြတဲ့ တစ်ခုတည်းသော အကြောငိးအရာကတော့ သူ့ရဲ့စကားလုံးတွေက နက်ရှိုင်းပြီး..ကိုယ်ခံပညာ နဲ့ မာစတာတစ်ယောက် ဖြစ်ဖို့ နည်းလမ်းတွေရဲ့အခြေခံသဘာဝတွေ ပါဝင်နေတယ်ဆိုတာပါပဲ။
...အယ်ဖီကတော့ ဒီလိုမထင်ပေ..။
သူမက ဆက်သွယ်ရေးစက်ကို ကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်ကာ ပြောလိုက်တယ်။
"မသင်ယူဖို့တဲ့လား..။ဟမ့်..ဒီငနဲက ခေါင်းကို အကြိမ်ရေအများကြီး ထိထားတာပဲဖြစ်ရမယ်။ဘယ်လောက်တုံးအလိုက်လဲ..."
ယင်းနောက် သူမက ပုံရိပ်ကိုနောက်တစ်ကြိမ် ကြည့်လိုက်ပြီး ထပ်ပြောလိုက်တယ်။
"ဒီတော့ အဲဒီအကာအကွယ်အင်္ကျီကရော ဘယ်လိုဖြစ်နေတာလဲ..။ဒါက အတော်လေးကို ရင်းနှီးနေသလိုပဲ..။ငါက ခနလောက် ဆန်နီရဲ့ ထပ်တူညီမူက ထွက်ပြေးသွားပြီး ဒီကိုရောက်နေတယ်လို့ ထင်လိုက်တာ..။ဟား...ဘယ်လိုရီရတဲ့ အကြံမျိုးလဲ..သူ့ရဲ့မျက်နှာကိုမြင်ရတာက တကယ်ကိုထိုက်တန်လိမ့်မယ်.."
ဒီလိုနဲ့ သူမကခေါင်းကိုခါယမ်းလိုက်ပြီး..ဆက်သွယ်ရေးစက်ကို ပြန်ပိတ်ထားလိုက်ကာ ရှေ့ကိုဆက်သွားလိုက်ပါတယ်။
ခွေးသားအကြောင်း စဥ်းစားနေတာထက် အယ်ဖီမှာ လုပ်စရာတွေအများကြီး ရှိနေပါသေးတယ်။