← Chapters

အရောင်းအဝယ်ကျွမ်းကျင်တဲ့ မာစတာ

Vol. 27 Ch. 398

အရောင်းအဝယ်ကျွမ်းကျင်တဲ့ မာစတာ

Vol. 27 Ch. 398

ဆန်နီဟာ သူ့ရဲ့ပထမဆုံးအကြိမ် အိပ်မက်ရူခင်းထဲကို လည်ပတ်ခဲ့တဲ့နောက်ဆက်တွဲကြောင့် အစစ်အမှန်ကမ္ဘာမှာဖြစိပေါ်နေတဲ့ မုန်တိုင်းတွေကိုမသိစွာပဲ..ခံတပ်ရဲ့ ယဇ်ပလ္လင်ကျွန်းပေါ်မှာ မျက်လုံးတွေ ပွင့်လာခဲ့ပါတယ်။

လေ့ကျင့်ရေးကွင်းပြင်မှာ ထိုက်တန်တဲ့ပြိုင်ဖက်ကို ရှာဖွေရတာ ကြာနေတာကြောင့်..သူက ချိန်းကျွန်းစုကို ခါတိုင်းထက်နောက်ကျပြီးမှ ရောက်လာခဲ့ပါတယ်။နေဝင်ချိန်ရောက်ဖို့အတွက်က နာရီအနည်းငယ်လိုအပ်နေသေးပြီး..ကောင်းကင်က ကြည်လင်တောက်ပနေခဲ့ပါတယ်။ရင်းနှီးစွာ စီးဆင်းနေတဲ့ ရေတွေ ၊ သစ်ရွက်လှုပ်ခတ်သံ နဲ့ အေးစက်တဲ့ လေပြေလေညှင်းလေးက သူ့ကိုကြိုဆိုနေခဲ့တယ်။

ဆန်နီဟာ..ယဇ်ပလ္လင်နဲ့ရှေးဟောင်းသစ်ပင်ရှိနေတဲ့ ကျွန်းကို ဝန်းရံထားတဲ့ ရေအိုင်ကို အနည်းငယ် မကျေနပ်တဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။

သူ ခံတပ်ကို ပထမဆုံးအကြိမ်ရောက်လာတုန်းက ၊ သူတော်စင်တိုင်းရစ် ကိုယ်တိုင် ..အစစ်အမှန်ကမ္ဘာကနေ သူ့ကိုခေါ်လာခဲ့တာပါ။သူတို့နှစ်ယောက်စလုံးက ယဇ်ပလ္လင်နားမှာ ပေါ်လာခဲ့ပေမယ့် ပြသနာတစ်ချို့ရှိနေခဲ့တယ်။ဆန်နီက ပုံမှန်လူတွေပေါ်လာတဲ့နေရာထက် အနည်းငယ်ဝေးတဲ့နေရာမှာသာ ပေါ်လာခဲ့တာကြောင့်..မြေကြီးပေါ်ကိုရောက်ရမယ့်အစား၊ ရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။

ကိစ္စကြီးတော့မဟုတ်ပါဘူး။သို့ပေမယ့် ဘယ်နေရာကိုရောက်နေမှန်းမသိတဲ့ အခိုက်အတန့်မှာ သူက နှလုံးရှော့ရတော့မလိုတောင် ဖြစ်သွားခဲ့ပါတယ်။ရေထဲကို ပြုတ်ကျသွားတဲ့အခိုက်အတန့်မှာ သူကမေ့ပျောက်ကုန်းမြေပေါ်ကို ပထမဆုံးစရောက်တုန်းက အ​ချိန်ကိုတောင် ပြန်ပြီးအမှတ်ရသွားခဲ့ပါတယ်။တစ်စက္ကန့်လောက်..သူက စွန့်ပစ်ခံနယ်မြေဆီကို ပြန်ရောက်သွားပြီလို့တောင် ထင်ခဲ့တာပါ။

အဲ့နေ့ကတည်းက ဆန်နီက ယဇ်ပလ္လင်ကျွန်းရဲ့ ရေထဲကို ဘယ်တော့မှ ပြုတ်ကျပြီး အဆုံးမသတ်တော့ပေ..။သို့ပေမယ့်..ပထမဆုံးအကြိမ်မှာပေးထားခဲ့တဲ့ ကြောက်ရွံ့မူကတော့ သူ့ရဲ့စိတ်ထဲမှာ လတ်ဆတ်နေတုန်းပါပဲ။

'ဒီနေ့တော့ မဟုတ်ဘူး..'

အောင်ပွဲခံတဲ့အပြုံးတစ်ခုနဲ့အတူပဲ..သူက အဖြူရောင် ယဇ်ပလ္လင်ကို နောက်မှာချန်ထားရစ်ခဲ့ကာ..ရှည်လျားတဲ့ကျောက်တိုင်ကြီးတွေ ကြားထဲကို ဦးတည်သွားလိုက်ပါတယ်။

အခုအချိန်က နေ့အချိန်ဖြစ်တာကြောင့် ခံတပ်က ပိုပြီးစည်ကားနေခဲ့တယ်။နိုးထသူအုပ်စုတွေက..ပန်းခြံရဲ့ မြက်ခင်းတွေပေါ်မှာ အနားယူနေကြပြီး..၊ တစ်ချို့တွေကတော့..တောထဲကိုသွားပြီး စွန့်စားခန်းထွက်ဖို့ တိုင်ပင်နေခဲ့ကြပါတယ်။တစ်ချို့ကတော့..အစစ်အမှန်ကမ္ဘာဆီကို မပြန်ခင်မှာ ဒီတိုင်းအချိန်ဖြုန်းနေခဲ့ကြတယ်။

အိပ်မက်ကမ္ဘာထဲမှာ ပေါ်လာပြီးတဲ့အချိန်မှာ တစ်စုံတစ်ယောက်က..ထွက်ပေါက်ထဲကို ချက်ချင်း ပြန်ဝင်သွားလို့မရပါဘူး။ဒါက ဝိဥာဥ်တွေက ကမ္ဘာတွေကိုကျော်ဖြတ်ပြီး မကြာခနသွားလာလို့ မရတာကြောင့်ဖြစ်နိုင်ပါတယ်။ဖြစ်နိုင်တာက အခိုက်အတန့်က သူတို့ကိုအလျင်အမြန် ပြန်မသွားစေချင်တာကြောင့်ပါပဲ။ဒါမှမဟုတ် တစ်ခြား ၊ မသိနိုင်တဲ့အကြောင်းပြချက်ကြောင့် ဖြစ်နိုင်ပါတယ်။နိုးထသူတွေအနေနဲ့ ထွက်ပေါက်ကို ပြန်လည်အသုံးမပြုနိုင်ခင်မှာ နာရီအနည်းငယ်လောက်ကြာအောင် စောင့်ဆိုင်းကြရဦးမှာပါ။

သူတို့စောင့်ဆိုင်းကြရတဲ့ အချိန်အတိအကျကတော့ တစ်ယောက်နဲ့တစ်ယောက် ကွာခြားမူရှိပါတယ်။သို့ပေမယ့် ယေဘုယျအားဖြင့်ကတော့ ဒါက ဆယ်နာရီဝန်းကျင်လောက်ပါပဲ။ဒီနာရီတွေအတွင်းမှာတော့ အိပ်မက်ကမ္ဘာရဲ့ တောတွင်းထဲမှာ အသက်ကိုမရင်းနှီးချင်တဲ့ နိုးထသူတွေက..သူတိူ့ရဲ့စီးပွားရေးကို လုပ်ကြတာ ဒါမှမဟုတ်..ခံတပ်မှာရှိတဲ့ သူတို့ရဲ့တာဝန်ကိုထမ်းဆောင်တာမျိုးတွေ လုပ်ကြပါတယ်။

အိပ်မက်ကမ္ဘာမှာရှိတဲ့ လူသားတွေရဲ့နေထိုင်ရာကို ရေရှည်ထိန်းသိမ်းဖို့အတွက် အလုပ်အကိုင်များစွာလိုအပ်ပါတယ်။အဓိကတာဝန်တွေဖြစ်ကြတဲ့ ကင်းစောင့်တာ နဲ့ အိပ်မက်ဆိုးသားရဲတွေကို တိုက်ခိုက်မောင်းထုတ်တာကလွဲရင် ၊ သန့်ရှင်းရေးလုပ်တာနဲ့ အစားအသောက်ပြင်ဆင်တာ တို့လို သာမန်အလုပ်တွေကိုလည်း ခံတပ်ထဲမှာရှိတဲ့နေထိုင်သူတွေက မျှဝေလုပ်ဆောင်ကြရပါတယ်။

သတိထားကြည့်မယ်ဆ်ိုရင် ခံတပ်တစ်ခုချင်းစီတိုင်းက နေထိုင်ရာရပ်ကွပ်တစ်ခုလိုပါပဲ။တစ်ချို့က သေးငယ်ပြီး ..တစ်ချို့က နိုးထသူတစ်ထောင်လောက် နေထိုင်နိုင်လောက်အောင် ကြီးမားပါတယ်။ကြီးမြတ်တဲ့ ခံတပ်သုံးခုရဲ့နေထိုင်သူဦးရေက ပိုတောင် မြင့်မားပြီး..လူသိန်းပေါင်းများစွာက အဲဒီနေရာတွေကို လည်ပတ်သွားလာနေကြတာပါ။

နှ်ိုင်းယှဥ်ကြည့်မယ်ဆိုရင် ဒီမြင့်မြတ်နယ်မြေက သေးငယ်တဲ့ ခံတပ်လေးတစ်ခုပါ။နိုးထသူတစ်ယောက်ချင်းစီတိုင်းက..ဒီခံတပ်ကို ထိန်းသိမ်းဖို့အတွက် တာဝန်တစ်ခုစီကို ထမ်းရွက်ကြရပါတယ်။ကံကောင်းစွာပဲ..ဆန်နီရဲ့တာဝန်က ကင်းထောက်တစ်ယောက် အဖြစ်တာဝန်ပေးခံထားရတယ်။သူ့ရဲ့ခရီးစဥ်အတွင်းမှာတွေ့ရှိခဲ့ရတဲ့ အခြေအနေတွေ ၊ ချိန်းကျွန်းစုပေါ်မှာ သွားလာနေတဲ့ အိပ်မက်ဆ်ိုးသားရဲတွေရဲ့ လှုပ်ရှားသွားလာမူတွေကို အစီရင်ခံရေးသားပေးပ်ို့ခြင်းနဲ့ သူက တစ်ခြားအလုပ်တွေကနေ ကင်းလွတ်ခွင့်ရထားပါတယ်။သူက တစ်ခါတစ်ရံမှသာ အလုပ်အနည်းငယ် လုပ်ရတာ ဒါမှမဟုတ် ညဘက်ရဲ့အမှောင်ဆုံးအချိန်တွေမှာ ကင်းစောင့်ရတာကို လုပ်ရတာပါ။

သူက ဒီအခြေအနေနဲ့ပတ်သက်ပြီး အတော်ပျော်ရွှင်မိပါတယ်။

ဆန်နီဟာ သူနဲ့ရင်းနှီးတဲ့လူတစ်ချို့ကို နှုတ်ဆက်ပြီး ခံတပ်ရဲ့အတွင်းပိုင်းထဲကို ဝင်ရောက်သွားကာ သူ့ရဲ့အခန်းရှိရာကို ဦးတည်သွားလိုက်တယ်။အခုတော့ ပြီးခဲ့တဲ့တစ်ခေါက်က သူ မလုပ်လိုက်ရတဲ့ ကိစ္စကို အဆုံးသတ်ဖို့အတွက် အချိန်ကောင်းပါပဲ။

အထူးသဖြင့် သူစုဆောင်းထားတဲ့ ဝိဥာဥ်အမြုတေတွေကို မှတ်သားမူတွေ ဒါမှမဟုတ် ခရက်ဒက် တွေနဲ့လဲလှည့်ဖို့..၊ အိုး..ပြီးတော့ ရှေးဟောင်းဒင်္ဂါးကို လေ့လာပြီး ဆရာဂျူလီယက် အတွက်ရေးဆွဲပြသဖို့လည်း လိုအပ်ပါသေးတယ်။

သို့ပေမယ့် အသုံးမဝင်တဲ့ ဒင်္ဂါးကိစ္စကတော့ နောက်မှပါ..။အခုချိန်မှာ ဆန်နီက အမှန်တကယ်ပဲ သူ့ရဲ့လောဘကို ဖြည့်ဆည်းချင်နေခဲ့တယ်။

သူ့ရဲ့ ကုတင်ခြေရင်းမှာရှိနေတဲ့ သေတ္တာကိုဖွင့်လိုက်ရင်း..အောက်ခြေမှာရှိနေတဲ့ ဝိဥာဥ်အမြုတေတွေကို ထုတ်ယူကာ..အိတ်ထဲကိုထည့်လိုက်တယ်။သူ့ရဲ့ ပြီးခဲ့တဲ့တစ်ခေါက်က ခရီးစဥ်အတွင်းမှာ ရရှိခဲ့တဲ့ ထူးဆန်းတဲ့အသီးတွေကိုပါ..အိတ်ထဲကိုထည့်လိုက်ပြီး သေတ္တာကို ဘာမှမကျန်အောင်ထားခဲ့လိုက်ပါတယ်။

ဆန်နီဟာ လွန်ခဲ့တဲ့နှစ်လအတွင်းမှာ သူစုဆောင်းခဲ့တဲ့ထူးခြားတဲ့ပစ္စည်းတွေရဲ့ကြားထဲမှာ တောက်ပနေတဲ့ ရွှေရောင်ဒင်္ဂါးပြားကို တွေ့လိုက်ရပြီး..ခနလောက်တွေဝေကာ ရုပ်သေးဆရာရဲ့ဝတ်ရုံအောက်ကို ကောက်ထည့်လိုက်ပါတယ်။

' အားလုံးအဆင်ပြေပြီ...'

အခုက စျေးဆစ်ရမယ့်အချိန်ပဲ..။

ဆန်နီဟာ ခံတပ်ရဲ့အတွင်းပိုင်းမှာ ရှိနေတဲ့ ပန်းခြံကို ပြန်ရောက်တဲ့ အချိနိမှာတော့ စုဝေးနေကြတဲ့ နိုးထသူတွေကို တစ်ချက်လှမ်းကြည့်လိုက်ပြီး..ကြီးမားတဲ့နေရောက်အောက်က ကျောက်တုံးကြီးပေါ်မှာ ထိုင်ချလိုက်တယ်..။သူက ဝိဥာဥ်အမြုတေတွေအားလုံးကို ထုတ်ကာ..မြေကြီးပေါ်မှာ ပြန့်ကြဲချထားပြီး..စိတ်ရှည်ရှည် စောင့်ဆိုင်းနေခဲ့တယ်။သူပုံစံကတော့ ဂရုမစိုက်ပဲ ၊ ပျင်းရိနေတဲ့ ပုံစံမျိုးကို ဟန်ဆောင်ထားခဲ့ပါတယိ။

သူ့ကြည့်ရတာ ဒီတိုင်း နေရောင်ရဲ့အရသာကို ခံစားနေပုံရပြီး..ဝိဥာဥ်အမြုတေတွေကတော့ သူ့ရဲ့ဘေးနားမှာ မတော်တဆ ရောက်နေကြသလိုပါပဲ။

အစတုန်းကတော့ ဆန်နီက ပတ်ဝန်းကျင်ကို လျောက်သွားပြီး လဲလှယ်မူအတွက် ကမ်းလှမ်းရပေမယ့်..အခုကတော့ ခံတပ်မှာ နေထိုင်တဲ့လူတွေက..သူ့မှာလဲလှယ်ဖို့အတွက် ဝိဥာဥ်အမြုတေတွေ အမြဲတမ်းရှိနေတာကို သိထားခဲ့ကြပါပြီ။ဆန်နီ က သူ့ရဲ့အရောင်းအဝယ်လုပ်ငန်းကို မြင်သာအောင် နိမ့်ချထားဖို့ပဲ လိုအပ်ပါတယ်။အနည်းဆုံးတော့ အပေါ်ယံမှာပါ။

တကယ်လို့ လူတွေက သူ အိပ်မက်ဆိုးသတ္တဝါ ဘယ်လောက်အများကြီးကို သတ်ခဲ့တာလဲ ဆိုတာကို သိသွားကြရင် အခြေအနေတွေက အနည်းငယ်ရှုပ်ထွေးသွားပါလိမ့်မယ်။သူက မေ့ပျောက်ကုန်းမြေကနေ လာတဲ့လူဆိုတာသိကြတာကြောင့်..သူ့ရဲ့စွမ်းရည်ကို အတိုင်းအတာတစ်ခုအထိ ဖော်ပြခွင့်ရှိပေမယ့်..ကိုယ့်ရဲ့စွမ်းရည်အပြည့်အဝကို ကိုယ်တစ်ယောက်ပဲ သိနိုင်တဲ့အထိ ဥာဏ်ရှိဖို့လိုအပ်ပါတယ်။

ချိန်းကျွန်းစုပေါ်မှာ ရှိတဲ့ လူတွေအားလုံးထဲမှာ သူတော်စင် တိုင်းရစ် နဲ့ သူမ ယုံကြည်ရတဲ့ နောက်လိုက်တွေသာ..သူက SS အဆင့် လူတစ်ယောက်ဆိုတာကို သိကြတာပါ။ဒီတော့ ဆန်နီက နေထိုင်တဲ့ နိုးထသူတွေကို မရောင်းချတဲ့ ဝိဥာဥ် အမြုတေတိုင်းကို အဖြူရောင်တောင်ပံ ကလန်ကိုတိုက်ရိုက်ရောင်းချလို့ရပါတယ်။ဒီနည်းနဲ့ နှစ်ဖက်စလုံးကို ကျေနပ်စေနိုင်မှာပါ။

မကြာခင်မှာပဲ ပထမဆုံး ကာစတန်မာက တောက်ပနေတဲ့ အမြုတေတွေကို..တပ်မက်စွာကြည့်ရင်း ချည်းကပ်လာခဲ့ပါတယ်။

ဆန်နီ တောက်ပစွာပြုံးလိုက်ပြီး..

"အိုး..ဟဲလို..။အမြုတေ တစ်ခု ဒါမှမဟုတ် နှစ်ခု နဲ့လဲလှယ်ချင်လား..။ကောင်းပြီလေ..ခင်ဗျားတော့ ကံကောင်းသွားပြီ မိတ်ဆွေ..။ဆန်နီရဲ့ အံ့ဩစရာ ကုန်စည်ပြပွဲက လတ်တလောမှာ စီးပွားရေးအတွက် ဖွင့်လှစ်ထားတယ်လေ.."

All Chapters