← Chapters

ရွှေဒင်္ဂါး

Vol. 27 Ch. 399

ရွှေဒင်္ဂါး

Vol. 27 Ch. 399

တကယ်လို့ ဆန်နီ မေ့ပျောက်ကုန်းမြေအကြောင်း မေ့နေတဲ့အချက်တစ်ချက် ရှိမယ်ဆိုရင် အဲတာက..အရင်းအမြစ်တွေရှားပါးမူပါပဲ။ရလာဒ်အနေနဲ့ ဝိဥာဥ်အမြုတေတွေရဲ့ တန်ဖိုးက..အစစ်အမှန်ကမ္ဘာထက် အတော်လေးကို ပိုများပြားနေခဲ့ပါတယ်။ကောင်းပြီလေ..အနည်းဆုံးတော့..အိပ်မက်ကမ္ဘာရဲ့အစိတ်အပိုင်းတွေက အစစ်ကမ္ဘာနဲ့ ကောင်းမွန်စွာဆက်သွယ်ပေးထားပါသေးတယ်။

ဒီမှာရှိတဲ့ အမြုတေတွေက စျေးပေါနေတာတော့ မဟုတ်ပါဘူး..။ဒါက ဆန်နီ ဒီမှာလုပ်နေတဲ့ အပေးအယူတွေက..အမှောင်မြို့တော်လောက် ဆွဲဆောင်နိုင်မူ မရှိဘူးဖြစ်နေခဲ့တာပါ။သူက အမြုတေတွေကို အစစ်အမှန်ကမ္ဘာဆီကို သယ်ဆောင်နိုင်ခြင်းမရှိတာကလည်း နောက်ဆုံးစျေးကို သက်ရောက်စေပါတယ်။

အဆုံးမှာတော့..ကျရှုံးမူအဆင့်သားရဲတွေ အပါအဝင်ပြီးခဲ့တဲ့အခေါက် သူ ချိန်းကျွန်းစုကိုလာတုနိးက စုဆောင်းထားခဲ့တဲ့..အမြုတေတွေက..အသုံးဝင်မူအတွက်မသေချာတဲ့..မှတ်သားမူသုံးခုကိုပဲ ရရှိစေလိုက်ပါတယ်။သူက ဒီ မှတ်သားမူတွေကို သူတော်စင်ကို ကျွေးလိုက်ပြီး သူမရဲ့အရိပ်အပိုင်းအစတွေကို [ 163 / 200 ] အထိ မြင့်တက်လာစေခဲ့လိုက်တယ်။

'မဆိုးပါဘူး..အဲလိုထင်တာပဲ..'

ပန်းခြံထဲက သူ့ရဲ့စီးပွားရေးကို အဆုံးသတ်ပြီးတဲ့နောက်မှာတော့..ဆန်နီဟာ မီးဖိုချောင်ကိုသွားပြီးဟသူရှာတွေ့ခဲ့တဲ့ အသီးတွေကို ခရက်ဒက်အမှတ်တွေနဲ့ထပ်လဲလှယ်လိုက်ပါတယ်။

ချိန်းကျွန်းစုပေါ်မှာတော့..အသီးတွေဆိုတာက ရှားပါးပစ္စည်းတွေပါပဲ။သူတို့က အသုံးဝင်တဲ့အရာ ဒါမှမဟုတ် အရေးပါတဲ့ အရာတွေကို မလုပ်နိုင်ပေမယ့် တစ်ခါတုန်းက ခံတပ်မှာရှိတဲ့ ထီထွင်ကြံဆတတ်တဲ့လူတစ်ဟောက်က..ဒီအသီးတွေကနေ အရသာရှိတဲ့ဝိုင်တွေကို ဖန်တီးတဲ့နည်းလမ်းကိုရှာဖွေနိုင်ခဲ့ပါတယ်။မေ့ပျောက်ကမ်းခြေမှာ ရှိနေတုန်းက ပထမဆုံးအတွေ့အကြုံကြောင့် ဆန်နီက အယ်လ်ကိုဟောကို ရှောင်ကျဥ်ထားပေမယ့် ဒီအရာကနေ ပိုက်ဆံရှာဖွေတာကိုတော့ သူ မကန့်ကွပ်ပါဘူး။

ခံတပ်မှာရှိတဲ့ အစောပိုင်းနေ့ရက်တွေတုန်းက...ဝိုင်တွေက..ဒေသခံနိုးထသူတွေကြားထဲမှာ အရမ်းကို ရေပန်းစားပါတယ်။ဝိုင်တွေပေါ်ထွက်လာပြီး မကြာခင်မှာပဲ..ခံတပ်ပတ်ဝန်းကျင်က ကျွန်းတွေမှာပေါက်ရောက်နေတဲ့ ၊ အသီးသီးနိုင်တဲ့ လူသားစားနွယ်ပင်တွေက မျိုးတုန်းလုနီးပါး အမဲလိုက်ခံခဲ့ကြရပါတယ်။အခုတော့..အသက်ကိုစွန့်ပြီး သွားလာနိုင်တဲ့လူတွေသာ ဒီအသီးကိုရနိုင်ကြတော့တာကြောင့်..ကုန်ကျစားရိတ်က အတော်လေးကိုများနေပါပြီ။

'ဒါက..အင်း...ငါ့အတွက်ရေခဲသေတ္တာအသစ် ဝယ်ဖို့ လုံလောက်သင့်တယ်..။အဲလိုထင်တာပဲ..'

ရေခဲသေတ္တာတွေက ဘယ်လောက်ကုန်ကျလဲဆိုတာကို ဆန်နီလည်း သိပ်ပြီးမသိထားပါဘူး။သို့ပေမယ့် လတ်တလော လဲလှယ်မူတွေက..အသစ်တစ်ခုကို ဝယ်နိုင်ဖို့အတွက်လုံလောက်မယ် ဆိုတာကို သူသံသယဖြစ်မိပါတယ်။

အားလုံးခြုံကြည့်ရရင်တော့ သူက သူ့ရဲ့လတ်တလော စူးစမ်းရှာဖွေမူတွေအတွက် ရလာဒ်ကို ကျေနပ်မိပါတယ်။သူက..ဖြည်းဖြည်းချင်းစီ တိုးတက်နေခဲ့ပြီး..လိုအပ်တဲ့အရာတွေကို စုဆောင်းကာ..ပိုပြီးမြန်ဆန်လာအောင်လုပ်နေခဲ့တယ်။

...အချိန်မှီဆိုယုံပဲ..နစ်ဖီကလည်း..နတ်ဆိုးတစ်ယောက်ဖြစ်လာဖို့ ရက်အနည်းငယ်လောက်သာ လိုပါတော့တယ်။

သူ မျက်မှောက်ကျုတ်ရင်း ကျောက်တိုင်တွေထဲကနေ ထွက်လာကာ အပေါ်ကို မော့ကြည့်လိုက်တယ်။

သူ့ရဲ့ အရောင်းအဝယ်တွေပြီးမြောက်ဖို့ နာရီအနည်းငယ် ကြာသွားခဲ့တာကြောင့် အခုဆိုရင် ညအချိန်ကို ရောက်ရှိနေခဲ့ပါပြီ..။ကြည်လင်တဲ့ လကကောင်းကင်ပေါ်မှာမြင်နေရပြီး..လေထုက အေးစက်ကာ အားပြင်းနေခဲ့တယ်။အပေါ်ဘက်မှာတော့..ကြီးမားတဲ့ တိမ်တိုက်ကြီးတွေ စုဝေးနေခဲ့ကြပါတယ်။

'မိုးရွာတော့မယ် ထင်တယ်..'

ရုတ်တရက်ဆိုသလိုပဲ..ဆန်နီဟာ ထိုင်းမှိုင်းတဲ့ ခံစားချက်နဲ့ သက်ပြင်းချလိုက်ကာ သူ့ရဲ့အစီအစဥ်တွေကို တွေးကြည့်လိုက်တယ်။

ပုံမှန်ဆိုရင်တော့..သူက ကျွန်းတွေဆီကို နောက်တစ်ကြိမ် ခရီးထွက်ဖို့ ပလန်ဆွဲတာ ၊ မရှာဖွေရသေးတဲ့နေရာတွေကို ရှာဖွေဖို့ ဒါမှမဟုတ် သူစိန်ခေါ် သတ်ဖြတ်ဖို့ရည်ရွယ်ထားတဲ့ အိပ်မက်ဆိုးသတ္တဝါတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်တာတွေကို လုပ်လေ့ရှိပါတယ်။သို့ပေမယ့် ဒီအရာတွေကိုလုပ်ဖို့ဆိုရင် ရက်အနည်းငယ်လောက်ကြာသွားပါလိမ့်မယ်။ပြီးတော့ သူက အခုချိန်မှာ အစစ်အမှန်ကမ္ဘာမှာ လုပ်စရာအချို့ရှိနေပါသေးတယ်။

'ငါ အခုပြန်လို့ ရလောက်ပြီလား..'

သူက အိပ်မက်ကမ္ဘာထဲမှာ လေးနာရီလောက်သာ နေခဲ့ရသေးပေမယ့်..တစ်ခါတစ်လေဆိုရင် ဒါကလုံလောက်ပါတယ်။အနည်းဆုံးတော့ သူ့အတွက်ပါ။ထွက်ပေါက်တွေကို အသုံးပြုတဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီး သူနဲ့တစ်ခြားလူတွေက ဘာလို့ကွာခြားနေတာလဲ ဆိုတာကိုတော့ ဆန်နီ မသိပေ။သူသံသယရှိတဲ့ အချက်နှစ်ချက်ကတော့..သူ့မှာအမြုတေ နှစ်ခုရှိလို့..ဒါမှမဟုတ်..နိုးထသူတစ်ယောက်မဖြစ်လာခင်မှာ အိပ်မက်ကမ္ဘာထဲမှာ တစ်နှစ်ပတ်လုံးနေခဲ့လို့ဖြစ်နိုင်ပါတယ်။

[ နတ်ဘုရားအလင်းစက် ] ကလည်း တစ်ခုခု ပတ်သက်နေတာမျိုး ဖြစ်နိုင်တာပဲ..။

ဘယ်လိုပဲဖြစ်ဖြစ်..သူက လူတွေရဲ့ မလိုအပ်တဲ့အာရုံစိုက်မူကို မရရှိဖို့အတွက် အစစ်အမှန်ကမ္ဘာထဲကို အလျင်အမြန်ကြီး ပြန်ထွက်သွားတာမျိုးကို ရှောင်ကြဥ်ပါတယ်။သို့ပေမယ့် ဒီနေ့မှာတော့..သူက ဒီသတိထားမူတွေကို ကျော်ဖြတ်ချင်နေခဲ့တယ်။အစစ်အမှန်ကမ္ဘာမှာ သူ့ကို စောင့်ဆိုင်းနေတဲ့အရာတွေက အရေးကြီးတယ် ဒါမှမဟုတ် ဖိအားဖြစ်စေပါတယ်။

ဆန်နီ ပုခုံးတွန့်လိုက်ပြီး..ယဇ်ပလ္လင်ကျွန်းကို ဦးတည်သွားလိုက်တယ်။လုံးဝကိုမှောင်မိုက်နေတဲ့ ကျောက်တုံးလမ်းကြောင်းကို လျောက်သွားရင်း..သူက တိမ်တွေကြားထဲမှာရှိနေတဲ့ လကိုကြည့်ကာ သက်ပြင်းချလိုက်ပါတယ်။

'မိုးရွာတော့မယ်ဆိုတော့..ထွက်သွားချင်စိတ်လည်း မရှိပြန်ဘူး..'

ယဇ်ပလ္လင်ရဲ့အဖြူရောင်ကျောက်တုံးကြီး အနားကို ချည်းကပ်ရင်း..ဆန်နီ ခနလောက်တွေဝေပြီးကာမှ သူ့ရဲ့လက်ကို အပေါ်ကိုတင်လိုက်တယ်။

ဘာမှဖြစ်မလာခဲ့ပေ..။

'...အိုး..အရမ်းစောနေသေးတယ်...။ထင်တာပဲ..'

ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလဲ..။

အချိန်ဖြုန်းဖို့ ဘာမှလုပ်စရာမရှိတာကြောင့်..ဆန်နီ က အနည်းငယ်လမ်းလျောက်တာ ၊ ကြည်လင်တဲ့ရေအိုင်ထဲကို ကြည့်နေခဲ့တာ ၊ ပြီးတော့ နောက်ထပ် လမ်းနည်းနည်းထပ်လျောက်တာတွေကို ပတ်လုပ်နေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူ ယဇ်ပလ္လင်ဆီကိုပြန်သွားလိုက်ပြီး..မျက်နှာပေါ်မှာရှိနေတဲ့ အိုဆီဒီယန် ဓားကို မတင် လိုက်ပါတယ်..။သူက ဒါတွေကို ပျင်းပြီးလျောက်လုပ်နေခဲ့တာပါ။

ဆန်နီဟာ သူ့ရဲ့ခန္တာကိုယ်မှာရှိတဲ့ ကြွက်သားတွေကိုအကုန်သုံးပြီး မ တင်ဖို့ကြိုးစားလိုက်ပါတယ်။သို့ပေမယ့် သူ ဘယ်လောက်ပဲ အရမ်းဆွဲဆွဲ..ဓားက တစ်မီလီမီတာ လောက်တောင် မရွေ့လျားသွားခဲ့ပေ။

'ရွေ့ပါဟ..မင်းကလည်း..ချီး..'

သ်ို့ပေမယ့် တုန့်ပြန်မူမရှိပေ..။

ဆန်နီ မျက်နှာရှုံ့မဲ့ကာ လက်လျော့လိုက်ပြီး..ဓားကို လွတ်လိုက်တယ်။

'ကောင်းပြီလေ..ဒါကနောက်တစ်ကြိမ် ရှုံးနိမ့်မူပဲ..'

သူဒီလိုပြောနေတုန်းမှာပဲ..လေးလံတဲ့ရွှေပြားတစ်ပြားက သူ့ရဲ့အင်္ကျီထဲကနေ ထွက်ကျလာပြီး ယဇ်ပလ္လင်ရဲ့မျက်နှာပြင်ပေါ်ကို သံစဥ်တစ်ခုနဲ့အတူ ကျဆင်းသွားခဲ့ပါတယ်။ဒါက အကြိမ်အနည်းငယ် လိမ့်ပြီးကာမှ လဲကျသွားခဲ့တယ်။သူ့ရဲ့ မျက်နှာပြင်မှာရှိနေတဲ့ လှပတဲ့လူက သူ့ကိုကြည့်ပြီး လွတ်လပ်စွာပြုံးနေခဲ့ပါတယ်။

'အိုး..ဟုတ်သားပဲ...ငါ ဒီကိစ္စကို မေးတော့မလို့..'

ဆန်နီ သူ့ရဲ့လက်ကိုမြောက်ပြီး ဒင်္ဂါးပြားကိုကောက်ဖို့ လုပ်လိုက်ပေမယ့်..တိမ်တိုက်တွေက ကွဲကွာသွားခဲ့ကာ..သန့်စင်ဖြူဖျော့တဲ့လရောင်ကို..သူ့အပေါ်ကျရောက်လာစေခဲ့ပါတယ်။

အလင်းရောင် ကျရောက်လာတဲ့အချိန်မှာတော့ ဒင်္ဂါးပြားက တောက်ပသွားခဲ့တယ်။

...ခနအကြာမှာတော့ ဒင်္ဂါးရဲ့မျကိနှာပြင်မှာ နူးညံ့သိမ်မွေ့တဲ့ အလင်းရောင်တွေ တောက်ပလာခဲ့ပါတယ်။သူ့ရဲ့အပေါ်မှာရှိနေတဲ့ လူပုံစံရဲ့အသွင်အပြင်က ထက်ရှလာခဲ့ပြီး အလင်းရောင်အဖြစ်ပျောက်ကွယ်သွားခဲ့တယ်။

အလင်းရောင် ပျောက်ကွယ်သွားတဲ့အချိန်မှာတော့ ဒင်္ဂါးပြားကလည်း မရှိတော့ပါဘူး။

ဆန်နီကတော့ အစောက ဒင်္ဂါးပြားရှိနေတဲ့နေရာမှာ ဘာမှမရှိတော့တာကို အံ့ဩသင့်စွာကြည့်နေခဲ့တယ်။

အဲ့အချိန်မှာပဲ အခိုက်အတန့်က ရုတ်တရက် တီးတိုးပြောလာခဲ့ပါတယ်။

[သင့်အရိပ်က ပိုသန်မာလာခဲ့ပါပြီ ]

All Chapters