← Chapters

ရတနာတွေရဲ့ ခေါ်သံ

Vol. 27 Ch. 400

ရတနာတွေရဲ့ ခေါ်သံ

Vol. 27 Ch. 400

[သင့်ရဲ့အရိပ်က ပိုသန်မာလာခဲ့ပါပြီ ]

ဆန်နီဟာ..ဒင်္ဂါးပြားလေး ပျောက်ကွယ်သွားတဲ့နေရာကို စိုက်ကြည့်နေပြီးကာမှ မျက်တောက်ခတ်လိုက်တယ်။

'ဘာဖြစ်သွားခဲ့တာလဲ..'

သူက ဒင်္ဂါးပြားကို ယဇ်ပလ္လင်ပေါ်မှာ ချလိုက်တယ်။ဒါက လရောင်ကို အလင်းပြန်ပြီး ပျောက်ကွယ်သွားခဲ့တယ်..။ပြီးတဲ့အချိန်မှာ သူက အရိပ်အပိုင်းအစတစ်ခုကို ရရှိခဲ့ပါတယ်။

'မဖြစ်နိုင်တာ..'

စိတ်လှုပ်ရှားမူကိုထိန်းထားရင်း..ဆန်နီဟာ အချက်အလက်ဇယားကို ထုတ်ယူပြီး ဖတ်ကြည့်လိုက်တယ်။

အရိပ် အပိုင်းအစ : [ 198 / 2000 ]

သူနောက်ဆုံးအကြိမ် စစ်ဆေးခဲ့တုန်းက..အဲဒီမှာ တစ်ရာကိုးဆယ့်ခွန် ပဲ ရှိနေခဲ့တာပါ။သူက ကျိန်းသေ ၊ သံသယမရှိစွာပဲ..ရွှေရောင်ဒင်္ဂါးကနေ အရိပ်အပိုင်းအစ တစ်ခုကို ရရှိလိုက်ပါတယ်။

'ဒီတော့ ဒါကသာမန် ရွှေပြားတစ်ခု မဟုတ်ဘူးပေါ့..'

သူ့နှုတ်ခမ်းမှာ သာမန်အပြုံးတစ်ခုပေါ်လာခဲ့တယ်။

ဒီ ဒင်္ဂါးပြားက ထူးခြားနေယုံတင်မကပဲ..ကျိန်စာသင့်နေတာလည်းမဟုတ်ခဲ့ပေ..။ပြောင်းပြန်အနေနဲ့ ဒီအရာက ကောင်းချီပေးခံထားရတာပါ။

'ကောင်းပြီလေ..ဒါက ငါရဖူးတဲ့အထဲမှာ အလွယ်ကူဆုံး အရိပ်အပိုင်းအစ တစ်ခုပဲ..'

ရုတ်တရက် သူ့မျက်လုံးတွေက ပြူးကျယ်သွားခဲ့တယ်။

'ခနလေး..'

သံလက်ဝါးကျွန်းမှာ..သူက ဒင်္ဂါးပြားတွေ ချန်ထားခဲ့သေးတာ မဟုတ်ဘူးလား..။သေဆုံးနေတဲ့ မွန်းစတားက အနည်းဆုံး ဒင်္ဂါးသုံးပြားကို မြိုချထားခဲ့ပါတယ်။

ဒီအတွေးတွေက အပြည့်အဝပုံပေါ်မလာသေးခင်မှာပဲ ဆန်နီက ယဇ်ပလ္လင်ကျွန်းကနေ ထွက်ခွာလာခဲ့ပြီးနေပါပြီ..။

'နှစ်ချက်ပဲ...ဒီမှာ နှစ်ချက်ပဲ ရှိတယ်..'

ပထမတစ်ချက်က တစ်ခြားဒင်္ဂါးတွေကလည်း ပထမဒင်္ဂါးပြားလို ပြောင်းလဲသွားပြီး..သူ့ကို အခမဲ့အရိပ်အပိုင်းအစတွေ ပေးစွမ်နိုင်စွမ်း ရှိနေနိုင်ပါတယ်။ဒုတိယ တစ်ချက်ကတော့..ဒင်္ဂါးပြားသုံးခု ရှိနေတယ်ဆိုရင် နောက်ထပ် နောက်ထပ်တွေလည်း ရှိနေနိုင်သေးတယ် ဆိုတဲ့အချက်ပါပဲ။

သူရှာတွေ့ရဲ့တဲ့ ကျရှုံးမူအဆင့် နတ်မိစ္ဆာက..ဆန်းကျယ်တဲ့ ဒင်္ဂါးပြားတွေအများကြီးကို ဖုံးကွယ်ထားတဲ့နေရာကနေ ရောက်လာခဲ့တာ ဖြစ်နိင်ပါတယ်။ဒင်္ဂါးပြား တောင်ကြီးတစ်တောင် တောင်ဖြစ်နေနိုင်တယ်။တကယ်လို့ ဆန်နီသာ မှန်ကန်သွားပြီး..သတ္တဝါကြီး မသေဆုံးခင်က သွားခဲ့တဲ့လမ်းကြောင်းကိူသာ ခြေရာခံနိုင်ခဲ့မယ်ဆိုရင်...

သူက ဘယ်လောက်အထိ သန်မာလာမလဲဆိုတာကို ဘယ်သူသိနိုင်မှာလဲ...

ကြီးမားပြီး စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ လျိုဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိမူကြောင့် ဖြစ်ပေါ်လာတဲ့ ဖိနိုပ်မူကို သိုသိပ်ထားရင်း..ဆန်နီက ခံတပ်ကနေထွက်လာကာ..ကျွန်းရဲ့အစွန်းဆီကို ဦးတည်သွားလိုက်ပါတယ်။ရေတံခွန်က အသံတွေက ပိုမိုကျယ်လောင်လာခဲ့ပြီး..မိုးရေစက်တွေကလည်း မြေကြီးပေါ်ကို စတင်ကျဆင်းလာခဲ့တယ်။အဲ့အချိန်မှာပဲ..အနက်ရောင်အရိပ်တစ်ခုက ရုတ်တရက် သူ့အနားကို ချည်းကပ်လာခဲ့ပါတယ်။

ဒါကတော့ ကင်းစောင့်တွေထဲက တစ်ယောက်ပါ။

"ဟင်...ဆန်နီ..ဟုတ်တယ်မလား..။မင်းက ဒီရာသီဥတုအခြေအနေမှာ တကယ်ပဲ အပြင်ကိုသွားမလို့လား.."

ခံတပ်မှာရှိနေတဲ့ ကင်းစောင့်အများစုက သူကအမှောင်ထဲမှာ သက်သောင့်သက်သာရှိတယ်ဆိုတာကိုသိထားပြီးကြပြီဖြစ်တာကြောင့်..တစ်စုံတစ်ယောက်က ညအချိန်ခံတပ်ရဲ့အပြင်ကို ထွက်တာနဲ့ပတ်သက်ပြီး အရင်ကလောက် မအံ့ဩကြတော့ပါဘူး။ဒါတောင်မှ သူတို့အတွက် ထူးဆန်းနေပါသေးတယ်။

ဆန်နီ ခနလောက်ရပ်တန့်ပြီး ပြုံးပြလိုက်တယ်။

"ဟုတ်တယ်..စိတ်မပူပါနဲ့ ကျွန်တော်အဆင်ပြေမှာပါ။ကျွန်တော်က အဝေးကြီးကိုသွားမှာ မဟုတ်ဘူးလေ။သံလက်ဝါးကျွန်းမှာ တစ်ခုခုကိုသွားစစ်ဆေးပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မှာ.."

ကင်းစောင့်ဟာ တွေဝေနေပြီးကာမှ ပုခုံးတွန့်လိူက်တယ်။

"ကောင်းပြီ..။အဲဒီမှာဂရုစိုက်ဦး..။ညအချိန် မြင်ရတာ မမြင်ရတာက ပြသနာမဟုတ်ပေမယ့်..အခုက လူသားတွေရဲ့ အချိန်မဟုတ်ဘူး.."

ဆန်နီဟာ ဒီလူရဲ့ စိတ်ပူပန်မူကိုကျေးဇူးတင်လိုက်ပြီး ဆက်လျောက်လာခဲ့တယ်။

'လူသားတွေအတွက် အချိန်မဟုတ်ဘူးတဲ့လား..။ဒါဆိုလည်း ငါက မွန်းစတား တစ်ကောင်ဖြစ်နေတာ ကောင်းမွန်တဲ့ အချက်ပဲ..'

မြင့်မြတ်တဲ့ကျွန်းရဲ့ အစွန်းကိုရောက်တဲ့အချိန်မှာတော့ သူက အချိန်ထပ်ဖြုန်းမနေတော့ပဲ အနက်ရောင်တောင်ပံကို ခေါ်ထုတ်လိုက်တယ်။ဆန်နီက ဒီတိုင်းအရိပ်အဖြစ် ချက်ချင်းပြောင်းပြီး သွားချင်တဲ့နေရာကို သွားလိုက်ချင်ပေမယ့်..ခံတပ်ရဲ့အနီးမှာ သူ့ရဲ့ စွမ်းရည်တွေကို ပေါ်ပေါ်တင်တင် မပြချင်ခဲ့ပေ။

'စိတ်ရှည်ထား..စိတ်ရှည်ထား..'

အနက်ရောင်တောင်ပံက သူ့ကို အမှန်တကယ် မပျံသန်းစေနိုင်တာကြောင့်..သူ သံကြိုးပေါ်ကိုတက်လိုက်ပြီး ခြေထောက်နဲ့သာ လျောက်သွားနေခဲ့တယ်။အဲ့အချိန်မှာတော့ မိုးတွေက အကြီးအကျယ် ရွာချနေခဲ့ပါပြီ။သူ့ခြေထောက်အောက်မှာ ရှိနေတဲ့ သံမျက်နှာပြင်ကတော့..စိုရွှဲပြီး ချော်ထွက်နေခဲ့တယ်။ဒါကြောင့် ဆန်နီဟာ အောက်ဘက်ကောင်းကင်ဆီကို ပြုတ်မကျသွားစေဖို့အတွက် သူ့ရဲ့ ခြေလှမ်းတွေကို ဂရုစိုက်နေခဲ့ရပါတယ်။

သူက ပိုပြီးဆိုးဝါးတဲ့ ကံကြမ္မာကို တွေးမိလိုက်တာကြောင့် ကြက်သီးမွှေးညှင်းတောင် ထသွားခဲ့ပါတယ်။ပျံသန်းစရာဘာမှ မရှိပဲနဲ့ သူက အမှောင်ထုထဲကိုသာ ကျဆင်းသွားမယ်ဆိုရင်..သူက အသိစိတ်လွတ်သွားပြီး သူ့ရဲ့ခန္တာကိုယိကို ဆာလောင်မူကြောင့် ပြန်စားသုံးကာ ဖုန်မှုန့်အဖြစ်​ပျောက်ကွယ်သွားနိုင်ပါတယ်။

ချိန်းကျွန်းစုပေါ်က လူတွေက ကံဆိုးစွာနဲ့အောက်ကို ပြုတ်ကျသွားခဲ့တဲ့ ကြောက်စရာပုံပြင်တွေအကြောင်းကို ပြောပြရတာ တကယ်သဘောကျတဲ့လူတွေပါ။ဆန်နီလည်း သူတို့ရဲ့ကြောက်ရွံ့မူကို နားလည်ပေးနိုင်ပါတယ်။အဲဲတာကြောင့်ပဲ သူက ချော်ကျမသွားအောင် ဂရုစိုက်နေခဲ့တယ်..။

'အောက်မှာဘာတွေစောင့်နေမှန်း သိရက်နဲ့ အရူးတွေကပဲ ပြုတ်ကျကြမယ်..။ငါကတော့ ဘယ်တော့မှ..'

သူ့အတွေးတွေကို ပြန်ဖြေလိုက်တဲ့အလား ပြင်းထန်တဲ့ လေထုတစ်ခုက သူ့ကိုဘေးဘက်ကနေ တိုက်ခတ်လိုက်ပြီး..မိုးကြိုးလျှပ်စီးတစ်ခုက ကောင်းကင်ပေါ်မှာ တောက်ပသွားခဲ့တယ်။

'..သောက်ကျိုးနဲပဲ..'

ကံတရားကို မယုံကြည်တာကြောငိ့ ဆန်နီ သံကြိုးတွေကြားက အရိပ်တွေထဲကို အတင်းတိုးဝင်သွားပြီးခရီးဆက်လိုက်ပါတယ်။

မကြာခင်မှာပဲ သူက သံလက်ဝါးကျွန်းပေါ်ကို ရောက်လာခဲ့တယ်။

အမည်အသိ သံမဏိလက်ကြီးကတော့ ရှိနေဆဲပြီး..ဘယ်လိုအရာက ဒီသတ္တဝါရဲ့လက်ကို ပြတ်စေတာလဲဆိုတာကို ဆန်နီကို နောက်တစ်ကြိမ် အံ့ဩသင့်စေခဲ့ပါတယ်။သူ့ရဲ့လက်မောင်းကိုကြည့်ခြင်းအားဖြင့်တော့..လက်ရဲ့ပိုင်ရှင်ကလည်း အတော်လေးကိုကြီးမားလောက်မှာပါ။မေ့ပျောက်ကုန်းမြေ က လမ်းလျောက်သွားနေတဲ့ ရုပ်ထုကြီးတွေလောက်တော့ မရှိနိုင်ပေမယ့်..တော်တော်တော့ ကြီးမားနေတုန်းပါပဲ။

ဆန်းကျယ်တဲ့ ဒင်္ဂါးပြားတွေကို မြိုချခဲ့တဲ့ တောင်ပံနတ်မိစ္ဆာရဲ့ အကြွင်းအကျန်တွေကလည်း ဒီမှာ ရှိနေဆဲပါ။

သို့ပေမယ့် သူတို့က..အစောတုန်းကလို မဟုတ်တော့ပေ။

အခုချိန်မှာတော့..ကြောက်လန့်စရာ သတ္တဝါရဲ့အရိုးစုတွေသာ ကျန်နေခဲ့တော့ပြီး အသွေးအသားတွေကိုတော့..အိပ်မက်ကမ္ဘာရဲ့ အသားစားတဲ့ အရာတွေက စားသုံးသွားကြလောက်ပါပြီ။အလောင်းတွေရဲ့ဘေးနားမှာရှိနေတဲ့ မြက်ပင်တွေက ပိုမြင့်မားလာခဲ့ပြီး..သူ့ ရဲ့အရောင်ကလည်း အစိမ်းရောင်ကနေ တောက်ပတဲ့အနီရောင်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

မြက်ပင်တွေကြည့်ရတာ..ဗိုက်ပြည့်နေကြပုံရပါတယ်။

ဆန်နီ ရှုံ့မဲ့သွားခဲ့တယ်။

အိပ်မက်ကမ္ဘာမှာတော့ သတ္တဝါတွေရော ၊ အပင်တွေရောက သူတို့မြင်နေကြရတဲ့အတိုင်း မဟုတ်ကြပါဘူး။မဟုတ်ရင် ဆန်နီ ကျရှုံးမူအဆင့် ဝံပုလွေတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ကျွန်းပေါ်က သစ်တောက အစောကတည်းက ဖိနိုပ်မူကြောင့် ပျက်ဆီးနေလောက်မှာပါ။

အရိုးသားဆုံး အရာတွေတောင်မှ..လိမ်ကောက် ၊ ပျက်ပြားကာ..သားရဲတရိစ္ဆာန်တွေ ဖြစ်နေတတ်ပါတယ်။သေချာသာ မသိမထားမိဘူးဆိုရင်..မြက်ပင်လေးတစ်ပင်ကတောင် သေစေသွားနိုင်ပါတယ်။

..သို့ပေမယ့်..သူ ဒီ ဒင်္ဂါးပြားတွေကို လိုချင်နေခဲ့တယ်။

ကျယ်ပြန်တဲ့ သွေးရောင်မြက်ပင်တွေဆီကို ချည်းကပ်သွားရင်း..ဆန်နီ ခနလောက်တွေဝေကာ..ရှေ့ကိုတစ်လှမ်းတိုးလိုက်တယ်။သူက သူ့အောက်က မြေပြင် အနည်းငယ်လှုပ်ရှားသွားတာကို ခံစားမိုလိုက်ပြီး..မိုးရေစက်တွေ မျက်တွေပေါ်ကို ကျတဲ့အသံကပါ ပြောင်းလဲသွားတာကို သတိထားမိလိုက်ပါတယ်။

ဆန်နီ မျက်မှောင်ကျုတ်ကာ လအမြုတေကို ထုတ်လိုက်ပြီး..ဝိဥာဥ်မြွေကနေတဆင့် အဆီအနှစ်တွေကို လှည့်ပတ်စေကာ ဓားထဲကို ထည့်သွင်းလိုက်တယ်။ယင်းနောက် သူ့ရဲ့အရိပ််နှစ်ခုစလုံးကိုလည်း ခန္တာကိုယ်ကို ရစ်ပတ်စေလိုက်ပါတယ်။

မြက်ပင်တွေဟာ အနည်းငယ်လှုပ်ခတ်သွားပြီး ငြိမ်သက်သွားခဲ့တယ်။

ဆန်နီရဲ့ နှုတ်ခမ်းပေါ်မှာ သိမ်မွေ့တဲ့အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်။

အမှန်တကယ်ပဲ..လူသားတွေအပါအဝင် အိပ်မက်ကမ္ဘာထဲက အရာရာတိုင်းက အန္တရာယ်များပြီး သေစေနိုင်ကြပါတယ်။တကယ်တော့ ဒီကမ္ဘာထဲမှာ နိုးထသူ တွေက အန္တရာယ်အများဆုံး မျိုးနွယ်စုတစ်ခုပါ။ဒါက ခွန်အားအရ မဟုတ်ရင်တောင်..အနည်းဆုံးတော့ ..သူတို့ရဲ့ တွက်ချက်တတ်မူ ၊ ကြမ်းကြုပ်မူ တွေနဲ့ မခန့်မှန်းနိုင်လောက်တဲ့ သဘောသဘာဝ တွေကြောင့်ပါပဲ။

မြက်ပင်လေးလို အားနည်းတဲ့ သတ္တဝါအတွက်ကတော့..အထူးသဖြင့် ဆန်နီလို ကြောက်စရာကောင်းတဲ့ နိုးထသူတစ်ယောက်ကို ဒေါသထွက်အောင် သွားမစမိတာက..ဥာဏ်ကောင်းတဲ့ ရွေးချယ်မူတစ်ခုပါပဲ။

'အာ..။ကြောက်ရွံ့ခံရတဲ့ ခံစားချက်က ကောင်းသားပဲ..'

သူ့ကို ခြိမ်းခြောက်နိုင်တဲ့အရာ ဘာမှမရှိတော့တာကြောင့်..သူက ဒင်္ဂါးပြားတွေနောက်ဆုံး တွေ့ခဲ့ရတဲ့နေရာကို လျောက်သွားလိုက်ကာ..ခါးကိုကိုင်းပြီး တောက်ပနေတဲ့ ရွှေရောင်အပြားလေးတွေကို ရှာဖွေလိုက်တယ်။

သူတို့က သူ ထားရစ်ခဲ့တဲ့ နေရာမှာပဲ ရှိနေခဲ့ကြပါတယ်။

All Chapters