← Chapters

သဲလွန်စ ကင်းမဲ့မူ

Vol. 27 Ch. 401

သဲလွန်စ ကင်းမဲ့မူ

Vol. 27 Ch. 401

နတ်မိစ္ဆာရဲ့ အစာအိမ်ထဲမှာရှိနေတဲ့ အက်စက်တွေက မြက်ပင်လေးတွေကို အရည်ပျော်သွားစေခဲ့တယ်။သို့ပေမယ့်အခုကတော့ အရင်ကထက်ပိုရှည်တဲ့ မြက်ပင်ဓားသွားလေးတွေက ပြန်ပေါက်နေခဲ့ပါပြီ..။ဒီအပင်တွေကြားထဲမှာ ဒင်္ဂါးတွေကိုရှာဖို့အတွက် ဆန်နီအချိန်တစ်ချို့ ပေးလိုက်ရပါတယ်။မိုးရေတွေကလည်း သူ့ကို အကူအညီမပေးနိုင်ခဲ့ပေ။

ဒင်္ဂါးပြားတွေက..ပထမတစ်ခုနဲ့ တစ်ပုံစံတည်းပါပဲ။သူတို့က ရွှေနဲ့ပြုလုပ်ထားပြီး လေးလံကြတယ်။တစ်ဖက်မှာ လှပတဲ့သစ်သားလှေနဲ့ သစ်ပင်တစ်ခု ပါဝင်ပြီး တစ်ဖက်မှာတော့..ဆန်းကျယ်တဲ့လူစိမ်းတစ်ယောက်ရဲ့ မျက်နှာပါဝင်ပါတယ်။

ဒင်္ဂါးတွေကို သူ့ရဲ့ကျော်ပိုးအိပ်ထဲမှာသိမ်းရင်း..ဆန်နီဟာ မျက်နှာပေါ်ကမိုးရေစက်တွေကို သုတ်လိုက်ကာ ကျန်ရှိနေသေးတဲ့ တောင်ပံနတ်မိစ္ဆာကို ကြညိ့လိူက်တယ်။လျှပ်စီးတွေရဲ့အောက်မှာ..သူက သတ္တဝါတစ်ကောင်လုံးကို မြင်နေခဲ့ရတယ်။အနီရောင်မြက်ပင်တွေက သူ့ရဲ့ အရိုးဖြူတွေကြားထဲမှာ ပေါက်နေပြီး ၊ မျက်လုံးတွေနေရာမှာရှိနေတဲ့ အမှောင်ထု ၊ ကြောက်မက်ဖွယ်ရာ ကြီးမားတဲ့ဦးချိုနဲ့..အင်အားကြီးတဲ့ မေးရိုးတွေကို တွေ့နေခဲ့ရပါတယ်။

သေဆုံးသွားပြီးတာတောင် သတ္တဝါကြီးက ကြောကိဖို့ကောင်းနေတုန်းပါပဲ။

"ဒီ ရုပ်ဆိုးတဲ့ ငနဲက ဘယ်ကနေ ရောက်လာခဲ့တာလဲ.."

ဆန်နီ သက်ပြင်းချလိုက်ပြီး ကောင်းကင်ပေါ်ကို မော့ကြည့်ကာ..မိုးရေတွေကို သူ့မျက်နှာပေါ်အချိန်အတော်ကြာအောင် ကျဆင်းစေခဲ့တယ်။သတ္တဝါကြီးရဲ့သွေးကိုလိုက်ပြီး ခြေရာခံနိုင်မယ့်အခွင့်အရေးလေးကတော့ အခုချိန်မှာ အဆုံးသတ်သွားခဲ့ပါပြီ။ငါဘာထပ်လုပ်နိုင်ဦးမှာလဲ..။

သူ့မျက်လုံးတွေကို အချိန်အတော်ကြာအောင် မှိတ်ထားခဲ့ပြီး..ဆန်နီ လမ်းလျောက်သွားလိုက်ကာ ရွံ့ထဲမှာ ကိုက်ဖြတ်ခံထားရတဲ့ သစ်သားစကို ယူလိုက်တယ်။သူ မှတ်မိသလောက်ဆိုရင် ဒါက သေတ္တာတစ်ခုရဲ့ ထောင့်စွန်းဖြစ်လောက်ပါတယ်။ဘေးဘက်နားမှာတော့ သတ္တုနဲ့ ခိုင်ခံအောင်ပြုလုပ်ထားခဲ့တယ်။သတ္တုရော ၊ သစ်သားရောကတော့ နတ်မိစ္ဆာရဲ့ ကိုက်ဖြတ်ခံရမူကြောင့်..အတော်လေးကို တွန့်ကြေနေခဲ့ပါပြီ။

ဒါက တစ်ခုတည်းကိုပဲ ဆိုလိုတယ်..တစ်နေရာရာမှာတော့..ဆန်းကျယ်တဲ့ဒင်္ဂါးတွေနဲ့ ပြည့်နှက်နေတဲ့ သေတ္တာတစ်လုံးရှိနေခဲ့မှာပါ။

ဒါပေမဲ့ ဆန်နီက ဒီအရာကိုဘယ်လို ရှာဖွေရမှာလဲ..။ချိန််းကျွန်းစုက အရမ်းကိုကျယ်ပြန့်ပြီး မရေမတွက်နိုင်တဲ့..အန္တရာယ်တွေ ၊ လျိုဝှက်နေရာတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ဒီသတ္တဝါအကြောင်း သူသိတာဆို့လို့ သူက အမှောင်ဘက်ခြမ်းက နေထိုင်သူတွေရဲ့တိုက်ခိုက်တာကို ခံခဲ့ ပြီးနောက်မှာ ဖိနိပ်မူကိုပါ ခံခဲ့ရတယ် ဆိုတာပါပဲ။

ဖိနိပ်ခြင်းအကြောင်းပြောမှပဲ..အဝေးနေရာကနေ သံကြိုးတွေရဲ့မြည်သံတွေထွက်ပေါ်လာပြီး သံလက်ဝါးကျွန်းက အပေါ်ကိုတက်ရောက်တဲ့ အခြေအနေမှာ ရောက်နေပြီဆိုတာကို ကြေညာနေခဲ့ပါတယ်။ဆန်နီ ဒီနေရာကနေ အလျငိအမြန်ထွက်သွားမှ ဖြစ်တော့မှာပါ။နောက်တစ်ခေါက် သူပြန်လာတဲ့ အချိန်လောက်ကြရင်တော့..နတ်မိစ္ဆာရဲ့အရိုးတွေက..ဖုန်မှုန့်တွေဖြစ်နေလောက်ပါပြီ။

ဆန်နီ အံကိုကြိတ်ထားခဲ့ပြီး..သတ္တဝါကြီးရဲ့ ဦးခေါင်းခွံနားကို လျောက်သွားကာ..သူ့ရဲ့ဦးချိုတစ်ချောင်းကိုအားနဲ့ပိတ်ကန်လိုက်တယ်။ချွန်ထက်နေတဲ့အရိူးဓားကိုကောက်ကိုင်လိုက်ပြီး..အချိန်ခနလောက်လေ့လာကြည့်ပြီးကာမှ သူ့အိပ်ထဲကို ထည့်လိုက်ပါတယ်။

တကယ်လို့ အကုန်လုံးကျရှုံးခဲ့မယ်ဆိုရင်..သူက ရှေးဖြစ်ပြော စွမ်းရည်ရှိတဲ့ နိုးထသူတစိယောက်က်ကိုရှာပြီး ဒီဦးချိုအကြောင်းကို ပြောခိုင်းမှာပါ။

အနည်းဆုံးတော့ ချိန်းကျွန်းစုမှာ ဒီလိုစွမ်းဆောင်နိုင်တဲ့လူတစ်ယောက် ရှိပါတယ်။သို့ပေမယ့်..ဆန်နီက ဒီထူးခြားတဲ့ အမြင်အာရုံရှိသူဆီကနေ အကူအညီတောင်းခံဖို့အတွက် အဆင်သင့်အဖြစ်သေးပါဘူး။တစ်ခြားရွေးချယ်စရာ လုံးဝမရှိတော့ဘူးဆိုရင်ပေါ့။

'ငါတို့အခုထိ အဲ့အဆင့်မရောက်သေးဘူး..'

သူ့စိတ်ထဲကအတွေးတွေကို မောင်းထုတ်လိုက်ရင်း..ဆန်နီဟာ သေဆုံးနေတဲ့ နတ်မိစ္ဆာကိုတစ်ချက်ကြည့်လိုက်ကာ..ပတ်ဝန်းကျင်ကိုကြည့်ပြီး သူ့ကျန်ခဲ့တဲ့ သဲလွန်စတစ်ခုခုရှိနေလား စစ်ဆေးလိုက်တယ်။သို့ပေမယ့် ဘာမှရှိမနေခဲ့ပါဘူး။

သူ့မျက်နှာပေါ်မှာ ပြသနာတက်တဲ့အမူအရာနဲ့ အရိပ်တွေထဲကိုအမြန်ဝင်လိုက်ပြီး ခံတပ်ဆီကိုပြန်ဖို့လုပ်လိုက်ပါတယ်။

***

သူခံတပ်ဆီကို ပြန်ရောက်လာတဲ့အချိန်မှာတော့ ၊ မနက်အာရုံတက်ဖို့အတွက် သိပ်ပြီးမဝေးတော့ပေ။ဆန်နီ ယဇ်ပလ္လင်ကျွန်းကို ပြန်ရောက်လာခဲ့ပြီး ဒင်္ဂါးပြားနှစ်ပြားကို ကျောက်တုံးပေါ်တင်လိုက်ကာ ခနလောက်စောင့်နေခဲ့တယ်။

ဘာမှဖြစ်မလာခဲ့ပေ။

'ဟင်..'

စိတ်ပျက်စွာနဲ့ သူက တိမ်တိုက်တွေကြားထဲကနေ လပြန်ထွက်လာမယ့် အချိန်ကို စိတ်ရှည်စွာစောင့်ဆိူင်းနေခဲ့ပါတယ်။အချိန်တစ်ချို့ကြာပြီးနောက်မှာတော့..မြင့်မြတ်နယ်မြေတစ်ခုလုံးပေါ်ကို လရောင်ကျဆင်လာခဲ့ပြီး..ယဇ်ပလ္လင်ပေါ်မှာထားထားတဲ့ ဒင်္ဂါးပြားနှစ်ပြားကလည်း အလင်းပြန်လာခဲ့ပါတယ်။ယင်းနောက် သူတို့ ညှင်သာတဲ့ ကိုယ်ပိုင်အလင်းရောင်တွေတောက်ပလာခဲ့တယ်။

သို့ပေမယ့် သူ့လက်ထဲမှာကိုင်ထားတဲ့ ဒင်္ဂါးပြားကတော့ ဘာမှမဖြစ်ခဲ့ပါဘူး။

ခနအကြာမှာတော့ အခိုက်အတန့်ရဲ့ တီးတိုးပြောသံက ထွက်ပေါ်လာခဲ့တယ်။သူ့ရဲ့အသံက သစ်ရွက်တွေရဲ့ လှုပ်ခတ်သံ ၊ ရေစီးဆင်းတဲ့ အသံတွေနဲ့ လိုက်ဖက်ညီစွာ ထွက်ပေါ်လာခဲ့တာပါ။

[ သင့်အရိပ် သန်မာလာခဲ့ပါပြီ ]

[ သင့်အရိပ် သန်မာလာခဲ့ပါပြီ ]

ဆန်နီ ပြုံးလိုက်ပြီး..

'ဒီတော့..ယဇ်ပလ္လင်နဲ့ လရောင် နှစ်ခုလုံးကို လိုအပ်တာပေါ့..'

သူ အလျင်အမြန်ပဲ တတိယဒင်္ဂါးကို ယဇ်ပလ္လင်ပေါ်တင်လိုက်တယ်။မကြာခင်မှာပဲ အခိုက်အတန့်က တတိယအကြိမ် အသံထွက်ပေါ်လာခဲ့ပါတယ်

[ သင့်ရဲ့အရိပ် သန်မာလာခဲ့ပါပြီ ]

'ဒါက..ငါ့အတွက် ၂၀၁ ခုမြောက်ဖြစ်သွားစေမယ်ထင်တာပဲ..'

ပြီးတော့ သူပဲ စိတ်ထင်နေတာလား မသိနိုင်ပေမယ့် အိုစီဒီယန် ဓားက အနည်းငယ်လှုပ်သွားတာလား..။

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး ဒီသောက်ကျိုးနဲ ဓားကို ​မြောက်ကြည့်ဖို့လုပ်လိုက်ပေမယ့်..အရင်ကအတိုင်းမှ ဘာမှမပြောင်းလဲခဲ့ပါဘူး။သူလုပ်တဲ့အရာက သက်ရောက်မူမရှိပေ။

'အာ..ဘာပဲဖြစိဖြစ်..'

သူ့ရဲ့လတ်တလော ရှာဖွေတွေ့ရှိမူက ဆုလာဒ်အဖြစ်တော့ လုံလောက်မူရှိပါတယ်။သူက အရိပ်အပိုင်းအစလေးခု ရှာဖွေတွေ့ရှိခဲ့ပြီး..ဒါက ကျရှုံးမူအဆင့် မွန်းစတား တစ်ကောင်နဲ့ညီမျှတာပါ။ပြီးတော့ သူက ဒါကို အသက်အန္တရာယ်မရင်းပဲ ရရှိခဲ့ပါတယ်။ဒီပမာဏလောက်က သူ့ကိုအများကြီးအသက်ရောက်နိုင်ပေမယ့်..တကယ်လို့သူသာ ဆန်းကျယ်တဲ့ ဒင်္ဂါးပြား တစ်ထောင် ဒါမှမဟုတ် တစ်ရာလောက်ကို ရှာတွေ့နိုင်ခဲ့မယ် ဆိုရင်...။

လေသားရဲ က်ိုက်ဖြတ်ခဲ့တဲ့ ရတနာတွေ ပုန်းကွယ်ထားတဲ့နေရာကို ရှာတွေ့ခဲ့ရင် ဘယ်လိုလုပ်မလဲ။

ဒါက..အများကြီးပြောင်းလဲသွားနိုင်ပါတယ်။

ပြသနာက ဒါကိုဘယ်မှာရှာရမှာလဲဆိုတာကို ဆန်နီ မသိတာပါပဲ။

သူ ခနလောက်တွေးပြီးကာမှ ကိုယ့်ကိုကို ပြန်ပြောလိုက်တယ်။

'ငါ ချိန်းကျွန်စု အကြောင်း အရာအားလုံးကျွမ်းကျင်တဲ့ လူတစ်ယောက်ကို ရှာဖွေရမယ်..'

ဒီလို အိပ်မက်ဆိုးသတ္တဝါ ၊ သူတို့ရဲ့အပြုအမူ နဲ့ ပုံမှန်နေထိုင်တဲ့ နေရာတွေကို သိတဲ့လူတစ်ယောက်။အိပ်မက်ကမ္ဘာထဲက ဒီနယ်မြေမှာ နှစ်တွေအများကြီးနေထိုင်ခဲ့တဲ့လူတစ်ယောက်..။ပြီးတော့ ဆန်နီနဲ့ စကားပြောရလောက်အောင် ရင်းနှီးတဲ့လူတစ်ယောက်ပါ။

'အခုတော့ ဒီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့လူ ဘယ်သူရှိလဲ..'

ဆန်နီ ခြေလှမ်းနေတာကို ရပ်လိုက်ပြီး ခနလောက်တွေဝေပြီးကာမှ ကြီးမားတဲ့ ကျောက်တိုင်ကြီးတွေရှိတဲ့ဘက်ကို လှည့်ကြည့်လိုက်တယ်။

သူ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့အမူအရာတစ်ခု ပေါ်လာခဲ့ပါတယ်။

***

မနက်ခင်းအစောမှာတော့ အထီးကျန်တဲ့ပုံရိပ်တစ်ခုက အဖြူရောင်တောင်ပံကလန်ရဲ့ ခြံဝန်းအနီးကို ချည်းကပ်လာခဲ့တယ်။

သူတော်စင် တိုင်းရစ် နဲ့ သူမရဲ့လူတွေက မြင့်မြတ်နယ်မြေရဲ့ မြောက်ဘက်ပိုင်းကို ယူထားကြတာပါ။သူတစ်ခါမှ မဖိတ်ခေါ်ခံရဖူးတာကြောင့် ဒီနေရာမှာ ဘာတွေရှိနေတာလဲဆိုတာကို ဆန်နီမသိပေမယ့်..ပုံမှန်အားဖြင့် သူတို့ ခြံဝန်းရဲ့ ဝင်ပေါက်နှစ်ခုစလုံးကို အစောင့်အကြပ်တွေနဲ့ ထားထားတယ် ဆိုတာကိုတော့ သိပါတယ်။

ဒီနေကလည်း ချွတ်ယွင်းချက် မဟုတ်ပါဘူး။

ဆန်နီ လမ်းထဲကိုမဝင်ခင်မှာပဲ သိမ်းငှက်တောင်ပံကိုပုံဖော်ထားတဲ့ ချပ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက်က အခန်းငယ်ထဲကနေ ထွက်လာခဲ့ပြီး..သူ့ကို သတိအနေအထားနဲ့ကြည့်လိုက်တယ်။

"ဘာကိစ္စရှိလို့လဲ နိုးထသူ .."

ဆန်နီ လူငယ်လေးကို ရိုးသားတဲ့အမူအရာနဲ့ကြည့်ကာ ပြုံးလိုက်ပြီး..

"အိုး..ငါက မာစတာရွန်နဲ့ လာတွေးတာပါ။ငါတစ်ခုခုလိုအပ်ရင် လာရှာလှည့်ဖို့ သူက ငါ့ကိုပြောထားတယ်လေ..။ဒီတော့..ငါ ဒီကိုလာခဲ့တာ။တစ်ခုခု လိုအပ်လို့ပေါ့..။မင်း သူ့ကို အမြန်အကြောင်းကြားပေးနိုင်မလား.."

အစောင့်ဟာ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီး..

"ဘာအကြောင်းလဲ အတိအကျပြော.."

ဆန်နီ ပြုံးလိုက်ပြီး ..ခနလောက် စဥ်းစားကာ..ရိုးရိုးသားသားပြောလိုက်တယ်..။

"....နတ်မိစ္ဆာကို အမဲလိုက်မလို့..."

All Chapters