← Chapters

ချိန်းပိုးကောင်

Vol. 27 Ch. 402

ချိန်းပိုးကောင်

Vol. 27 Ch. 402

လတ်တလောမှာ မာစတာရွန်က မြင့်မြတ်နယ်မြေမှာ ရှိနေရဲ့လား ဆိုတာကို ဆန်နီ သေချာမသိပါဘူး။သို့ပေမယ့်..အစောင့်က သူ့ကိုချက်ချင်း ပြန်မလွှတ်တဲ့ပုံကိုကြည့်ရင်..သူက ရှိနေနိုင်လောက်ပါတယ်။

လူငယ်နိုးထသူလေးက ဆန်နီကို လေ့လာတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး..ညှင်သာစွာ ဝစီမှုတ်လိုက်ကာ..သူ့ရဲ့ အခန်းငယ်ထဲကို ပြန်ဝင်သွားခဲ့တယ်။မိနစ်အနည်းငယ်လောက်အထိ ဘာမှဖြစ်မလာခဲ့ပါဘူး။ယင်းနောက် ဆန်နီဟာ ​နီးကပ်လာတဲ့ ခြေသံတွေကိုကြားလိုက်ရတယ်။

သာမန်အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားတဲ့ ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ယောက်က..သူ့နောက်မရှိနေတဲ့ လူသွားလမ်းကနေ ပေါ်ထွက်လာခဲ့ပြီး..သူ့ကိုနောက်ကနေ လိုက်ခဲ့ဖို့အချက်ပြလိုက်ပါတယ်။

ဆန်နီ အနည်းငယ်ရွေ့လျားပြီး မိန်းကလေးရဲ့နောက်ကနေ လိုက်သွားခဲ့တယ်။

'ဘာသိလို့လဲ..။ငါက ဆက်ခံသူကလန်ရဲ့ပိုက်နက်ထဲကို ကိုယ့်သဘောနဲ့ကို ရောက်လာခဲ့တာ။တစ်ခါမှမဖြစ်ဖူးဘူး လို့တော့မပြောနဲ့နော်..။အဲလိုထင်တာပဲ..'

သူလည်း အချိန်ခနလေးအတွင်းမှာ ဒီလိုလုပ်ရလိမ့်မယ့်လို့ မထင်ထားခဲ့ပေ..။

ခြံဝန်းထဲကို ဆက်ပြီးလေက်နေရမယ့်အစား၊ သူတိူ့ကကျဥ်းမြောင်းတဲ့ လမ်းကြားလေးတစ်ခုတည်းကို ဝင်လာခဲ့ကြပြီး..မြင့်မြတ်နယ်မြေရဲ့ ထိပ်ပိုင်းကို တက်သွားခဲ့ကြပါတယ်။အဲဒီမှာတော့ ဧရာမကျောက်တိုင်ကြီးတွေရဲ့ထိပ်မှာ ကြီးမားတဲ့ကျောက်ပြားကြီးတွေကို ခင်းထားကာ..မျက်နှာပြင်ကြီးတစ်ခုအဖြစ် ဖန်တီးထားခဲ့ပါတယ်။

ဒီအရာက ခံတပ်ရဲ့အပေါ်မှာရှိနေတဲ့ သီးခြားကမ္ဘာကြီးတစ်ခုလိုပါပဲ။မြက်ပင်နဲ့မှော်ပင်တွေက ကျောက်ပြားဝိုင်းကြီးကို ဖုံးအုပ်ထားခဲ့ကြပြီး အကွာအဝေးတစ်ခုအထိ ရောက်အောင်ပေါက်ရောက်နေကြပါတယ်။အစောင့်တွေက အပြင်ဘက်အစွန်းမှာရပ်ပြီး ပတ်ဝန်းကျင်က ကျွန်းတွေကို စောင့်ကြည့်နေတာကိုဆန်နီ မြင်နေခဲ့ရတယ်။ဟိုနား ဒီနားမှာတော့ ၊ စီးချင်းထိုးတဲ့ လက်နက်တွေကို နေရာအတိအကျမရှိပဲ ခင်းကျင်းထားခဲ့ပြီး..ကောင်းကင်ကိုချိန်ထားခဲ့ပါတယ်။

အဖြူရောင်တောင်ပံ ခြံဝန်းရဲ့အထက်မှာတော့..ခမ်းနားတဲ့အဆောက်အဦးတစ်ခုကို ကျောက်တိုင်တွေရဲ့ထိပ်မှာ ဆောက်လုပ်ထားခဲ့တယ်။ရှည်လျားတဲ့ပြတင်းပေါက်တွေနဲ့ လှပတဲ့နွယ်ပင်တွေ နံရံကိုတွယ်တက်နေတာကြောင့်..ဒါက ကြီးမားတဲ့ ကျောက်တုံးရဲတိုက်ကြီးနဲ့တောင် ဆင်တူနေပါသေးတယ်။စံအိမ်ရဲ့နံရံတွေက မိုးရေကြောင့်စိုရွဲနေတုန်းဖြစ်ပြီး..မြင့်တက်လာတဲ့နေရောင်နဲ့အတူ တောက်ပနေခဲ့တယ်။

လမ်းကြောငိးတစ်ခုဟာ သူ့ရဲ့တံခါးကနေ လေဝင်လေထွက်ကောင်းတဲ့ အဆောက်အဦးတစ်ခုကို ဦးတည်ထားပြီး သူ့ရဲ့အလယ်မှာတော့ စားပွဲတစ်ခုရှိနေခဲ့ပါတယ်။

ကြောက်ဖက်ဖွယ်ရာ ဂရက်ဖင်ကတော့ အဆောက်အဦးရဲ့ ​ဘေးနားမှာလဲလျောင်းနေပြီး..သူ့ရဲ့ဦးခေါင်းကို တောင်ပံတွေရဲ့အောက်မှာ ဝှက်ထားခဲ့ပါတယ်။မာစတာ ရွန် ကိုယ်တိုင်ကတော့ နှစ်လိုဖွယ် မနက်စာကိုစားသောက်နေတဲ့ပုံပါပဲ။

ငယ်ရွယ်တဲ့အမျိုးသမီး ဟာ ဆန်နီကို လက်ဟန်ပြကာ ရှေ့ဆက်သွားဖို့ အချက်ပြလိုက်ပြီး သူမကတော့ စံအိမ်ထဲကို ဝင်ရောက်ပျောက်ကွယ်သွားခဲ့ပါတယ်။

'...ဒါက သူတော်စင်တွေနေတဲ့ ပုံစံပဲဖြစ်ရမယ်..'

အချိန်ခနလောက် ဆန်နီ ဟာ မနာလိုဖြစ်နေခဲ့တယ်။မြင့်မြတ်နယ်မြေရဲ့ထိပ်မှာရှိနေတဲ့ အဆောက်အဦးကလှပ ၊ ရိုးရှင်း ပြီး ငြိမ်းချမ်းပုံရပါတယ်။ဒါက ဆူညံ့ ၊ လူများ ပြီး လူသားတွေရောက်လာတဲ့ အဆိပ်သင့်နေတဲ့ ကမ္ဘာကြီးနဲ့ လုံးဝကို ဆန့်ကျငိဘက်ပါပဲ။

ဒါပေါ့ ဒီငြိမ်းချမ်းမူက အလိမ်အညာတစ်ခုပါ။အိပ်မက်ကမ္ဘာက တစ်ခါတစ်လေမှာ ကောင်းကင်ဘုံတစ်ခုလိုထင်ရပေမယ့်..အဲဒီကောင်းကင်ဘုံက လှည့်စားမူတွေအပြည့်ရှိပြီး ၊ မင်းအပေါ်ကို အချိန်မရွေးကျရောက်လာနိုင်တဲ့ အန္တရာယ်မျိုးစုံကို ဖုံးကွယ်ပေးထားခဲ့တာပါ။

'ဘာပဲဖြစ်ဖြစ်..ငါ့အိမ်ကမှ ပိုကောင်းသေးတယ်။အဲဒီမှာ လူသားတွေလိုအပ်တာ အကုန်ရှိတယ်။ပြီးတော့ ဒီနေရာမှာ ဒီဇိုင်နာမီးအိမ်မျိူးတွေ မရှိဘူးဆိုတာကိူ ငါလောင်းရဲတယ်..'

...တကယ် သနားစရာပဲ..။

လေဝင်လေထွက်ကောင်းတဲ့ အဆောက်အဦးထဲကို ရောက်သွားတဲ့အချိနိမှာတော့ ဆန်နီဟာ သူတတ်စွမ်းနိုင်သလောက် လေးစားမူမျိုးနဲ့ မာစတာ ရွန်ကို အရိုအသေ ပေးလိုက်ပါတယ်။အသက်ကြီးတဲ့ လူကြီးဟာ ပြုံးလိုက်ပြီး ၊ ဆန်နီကို သက်သောင့်သက်သာ ထိုင်ဖို့အချက်ပြလိုက်တယ်။

"ကောင်းသောမနက်ခင်းပါ ဆန်းလပ်စ်။မင်း ဒီလောက်အထိ မြန်မြန်လာရှာလိမ့်မယ်လို့ မထင်ခဲ့မိဘူးဆိုတာကိုတော့ ငါဝန်ခံရလိမ့်မယ်။တစ်ခုခု ဖြစ်ခဲ့လို့လား.."

ဆန်နီ ထိုင်ကာ ၊ ယဥ်ကျေးစွာ ပြုံးလိုက်ပြီး..ခေါင်းခါယမ်းလိုက်ပါတယ်။

"ဆရာ့ကို စိတ်ပူစေမယ့်အရာ ဘာမှမဖြစ်ခဲ့ပါဘူး..။သိတဲ့အတိုင်းပဲ..ကျွန်တော်က ဖြစ်ပျက်ခဲ့တာကို ပြောပြဖို့ရောက်လာခဲ့တာ မဟုတ်ပဲ ၊ ရှေ့မှာဖြစ်လာမယ့်အရာကိုပြောပြဖို့ လာခဲ့တာလေ.."

မာစတာ ရွန် မျက်ခုံးပင့်တင်လိုက်ပြီး ရယ်မောလိုက်တယ်။

"ခနလေး..ဒီကို..ဒီကို စီးပွားရေးကိစ္စနဲ့ လာတာလို့တော့ ငါ့ကို မပြောနဲ့နော်..။ငါက ဆန်နီရဲ့ အံ့ဩစရာ ကုန်စည်ပြပွဲ ရဲ့ ကာစတန်မာ ဖြစ်တော့မှာလား.."

ဆန်နီ ချောင်းဆိုးလိုက်တယ်။

"အာ..မဟုတ်တာ..။ဘယ်လိုလဲ..။ဆရာ ဒါကို ဘယ်လို သိသွားတာလဲ.."

ခန့်ညားတဲ့ မာစတာက ပြုံးလိုကိပြီး..

"ငါ အကုန်ကြားရတယ်.."

'အဲ့ခွေးသားတွေက ငါ့နောက်ကွယ်မှာ ဘာတွေလျောက်ပြောထားတာလဲ..'

ဆန်နီ ကြိုးစားပြုံးပြလိုက်ပြီး..ခေါင်းခါယမ်းလိုက်တယ်။

"မဟုတ်တာ မဟုတ်တာ..။ကျွန်တော်က အဆင့်အတန်းမြင့် လေးစားရတဲ့ ၊ ချမ်းသာတဲ့ ၊ ကျော်ကြားတဲ့ စီးပွားရေးသမားတစ်ယောက် အနေနဲ့လာခဲ့တာမဟုတ်ပါဘူး။ပြီးတော့ ကျွန်တော်က အကယ်ဒမီရဲ့တောတွင်းရှင်သန်မူ အဖွဲ့ဝင်အဖြစ်လည်း လာခဲ့တာ မဟုတ်ဘူးလေ..။ကျွန်တော်က ဒီကို နိုတစ်မြင့်မြတ်နယ်မြေရဲ့ ထောက်လှမ်းသူ တစ်ယောက်အနေနဲ့ လာခဲ့တာပါ.."

မာစတာ ရွန် လေးနက်သွားခဲ့ပြီး..

"အိုး..ဆက်ပြောပါဦး.."

ဆန်နီ ခေါင်းညိမ့်လိုက်ပြီး ခနလောက်တွေဝေပြီးကာမှ ပြောလိုက်တယ်။

"လွန်ခဲ့တဲ့နှစ်ရက်က ကျွန်တော်တို့လမ်းခွဲပြီးတဲ့နောက်မှာ ခံတပ်ဆီကို ပြန်လာခဲ့တယ်လေ။ဒါပေမဲ့ လမ်းတစ်ဝက်မှာ သံလက်ဝါးကျွန်းကို ဝင်ပြီးခနအနားယူခဲ့တယ်။ပြီးတော့..ကောင်းပြီ ကျွန်တော်အဲဒီမှာ အိပ်မက်ဆိုးသားရဲတစ်ကောင်ရဲ့ အကြွင်းအကျန်ကို တွေ့ခဲ့ရတယ်.."

လူကြီးဟာ မျက်မှောင်ကျုတ်လိုက်ပြီး..

"ဒါက ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူး..။သံလက်ဝါးကျွန်းက ပုံမှန်အားဖြင့်လုံခြုံပေမယ့်..ချိန်းကျွန်းစုအကြောင်းကို မင်းလည်း သိထားတာပဲ.။တစ်ခါတစ်လေမှာ အိပ်မက်ဆိုးသားရဲတွေကလည်း ဖိနိပ်မူကို ရှောင်ရှားဖို့အတွက် နေရာရွေ့ပြောင်းတာမျိုးရှိကြတယ်လေ..."

ဆန်နီ သူ့ခေါင်းကို အနည်းငယ် ကုတ်လိုက်ပြီး..

"ဒါအမှန်ပဲ..။ဒါပေမဲ့ ဒီသားရဲက ကျရှုံးမူအဆင့် နတ်မိစ္ဆာပဲ..။ဒီလိုသားရဲကို ခံတပ်နားမှာတွေ့ရတယ် ဆိုတာက ထူးဆန်းတယ်..။အထူးသဖြင့် ကျွန်တော်က ဒီသားရဲအမျိုးအစား အကြောင်းကို တစ်ခါမှတောင် မတွေ့ဖူးဘူးလေ.."

ရွန် က မျက်မှောင်ကျုတ်လိုက်ပြီး..

"သံလက်ဝါးကျွန်းပေါ်က ကျရှုံးမူအဆင့် နတ်မိစ္ဆာလား..။မင်းဒီအချက်အလက်ကို ယူလာပေးတာ တကယ်ကောင်းတယ် ဆန်းလပ်စ်။မင်း အဲ့ကောင်ကို သေချာကြည့်ခွင့်ရခဲ့သေးလား.."

ဆနိနီ သက်ပြင်းချလိုက်ပြီး..

"ကောင်းပြီလေ..။သိတဲ့အတိုင်းပဲ အဲ့တုန်းက ညအချိန်ဆိုတော့.."

ယင်းနောက်သူပြုံးလိုက်တယ်။

"ဒါပေမဲ့..ကံကောင်းချင်တော့ ၊ ကျွန်တော်က အမှောင်ထဲမှာ ကောင်းကောင်းမြင်ရတယ်လေ..။ဒီတော့..ဟုတ်တယ်..။ကျွန်တော် သေချာမြင်ခဲ့ရတယ်..။အဲ့ သတ္တဝါပုံစံက..."

သူက နတ်မိစ္ဆာရဲ့ပုံစံကို ပြန်ပြောပြနေခဲ့ပြီး..အသေးစိတ်အချက်အလက်ကလေး တောင် ကျန်မနေစေခဲ့ပေ။သူက ဒီသတ္တဝါကို ဘယ်လိုအရာက သတ်သွားတာလဲ ဆိုတာကို သိရဖို့သူ့ရဲ့ ဒဏ်ရာတွေကိုတောငိ သေချာမှတ်ထားခဲ့ပါတယ်။

ဆန်နီ ပိုပိုပြီးပြောလေလေ..မာစတာရွန်ရဲ့ မျက်နှာက နက်မှောင်လာလေလေ ပါပဲ။ဆန်နီ အကုန်ပြောပြပြီးတာနဲ့ လူကြီးရဲ့ မျက်နှာကိုကြည့်ကာ မေးလိုကိတယ်။

"ဒီတော့ ဒါက ဘယ်လို နတ်မိစ္ဆာအမျိုးအစားလဲ..။ပြီးတော့ ဘာလို့ ကျွန်တော်တစ်ခါမှမတွေ့ခဲ့ရဖူးတာလဲ.."

မာစတာ ရွန် ခေါင်းခါယမ်းလိုက်ပြီး..

"မင်း ဒီသားရဲတွေကို တစ်ခါမှမတွေ့ဖူးတာ ကံကောင်းတာပဲ ကောင်လေး..။သူတို့က အရမ်းရှားပါး ၊ ရက်စက်တဲ့ သားရဲတွေဖြစ်ပြီး ..ချိန်းပိုးကောင် တွေလို့ခေါ်ကြတယ်။ကံကောင်းချင်တော့ ဒါက သေပြီးနေပြီ..။မဟုတ်ရင် ငါတို့က အခုလိုစကားပြောနေနိုင်မှာတောင်မဟုတ်ဘူး။ငါတောင်မှ ဒီလို နတ်မိစ္ဆာတစ်ကောင်ကို မတွေ့ချင်ဘူး..။စိတ်တော့မဆိုးနဲ့..ဆန်းလပ်စ် ဒါပေမဲ့ တကယ်လို့ ဒီသားရဲသာ အသက်ရှင်နေခဲ့ရင်..မင်းက သူ့ရဲ့အစာဖြစ်သွားလိမ့်မယ်.."

ဆန်နီ ခနလောက်တွေဝေပြီးကာမှ သိချင်စွာမေးလိုက်တယ်။

"ချိန်းပိုးကောင် တွေလား။သူတို့ကို ဘာလို့အဲဒီလို ခေါ်ကြတာလဲ.."

လူကြီးဟာ သက်ပြင်းချလိုက်ပြီး သူတို့ရှေ့မှာမြင်နေရတဲ့ ..အရမ်းကိုလှပတဲ့ ချိန်းကျွန်းစု ရူခင်းကိုကြည့်လိုက်တယ်။

အတော်ကြာပြီးကာမှ သူ ပြောလာခဲ့ပါတယ်။

"ဘာလို့လဲဆိုတော့ ဒီသားရဲတွေက သတ္တုကို စားလို့ပဲ..။ကောင်းကင်ချိန်းကြိုးတွေက အားနည်းလာတဲ့အချိန်ဆိုရင် သူတို့က အမှောင်ဘက်ခြမ်းကနေ ပေါ်လာပြီး စားသုံးတတ်ကြတယ်။သံမဏိလက်နက်တွေက ဒီသားရဲတွေကို သတ်ဖြတ်ဖိူ့ အသုံးမဝင်ဘူး..။ဒီတော့ အကောင်ရေအများကြီးမပြောနဲ့..တစ်ကောင်လောက်ကို တိုက်ခိုက်ဖို့ကတောင် မဖြစ်နိုင်သလောက်နီးပါးပဲ.."

မာစတာရွန်က အဝေးကို သုန်မုန်တဲ့အမူအရာနဲ့ကြည့်ပြီး နက်မှောင်စွာ ထပ်ပြောလိုကိတယ်။

"သူတို့ရဲ့ ဆာလောင်မူတွေကြောင့် ကျွန်းကြီးတစ်ကျွန်းလုံး အောက်ကိုပြုတ်ကျသွားတာကို ငါ မြင်ခဲ့ဖူးတယ်.."

All Chapters