← Chapters

ကောင်းကင်ဒီရေ

Vol. 27 Ch. 403

ကောင်းကင်ဒီရေ

Vol. 27 Ch. 403

မာစတာ ရွန်ဟာ ခနလောက်တိတ်ဆိတ်သွားခဲ့ပြီး..ဆန်နီရဲ့ ပြသနာဖြစ်နေတဲ့ အမူအရာကို သတိထားမိသွားကာ..ပြုံးပြီးပြောလိုက်တယ်။

"ခံတပ်အနီးမှာရှိနေတဲ့ ကောင်းကင်ချိန်းကြိုး အားလုံးက အဆင်ပြေကြပါတယ်..။ဒီတော့ ဒီအတွက် မင်း စိုးရိမ်နေစရာ မလိုဘူးလေ.."

ဆန်နီ အတွက်ကတော့ ဆန်းကျယ်တဲ့ရတနာကိုရှာဖွေဖို့အတွက် တန်ဖိုးရှိတဲ့ အချက်အလက်တွေကို ရရှိထားပြီးပါပြီ..။သိူ့ပေမယ့် သူ ဒီထက်ပိုပြီး သိချင်မိပါသေးတယ်။

သို့ပေမယ့် သူ နောက်ထပ်မေးခွန်းတစ်ခုကို မမေးရသေးတဲ့ အချိန်မှာပဲ..ရုတ်တရက် အရိပ်တစ်ခုက အဆောက်အဦးမှာ ပေါ်ထွက်လာခဲ့ပြီး ကျောက်တုံးအဆောက်အဦးကို ဖုံးလွှမ်းသွားခဲ့တယ်။ဒါက တိမ်တိုက်တွေက နေလုံးကြီးကို ဖြတ်သန်းသွားတဲ့ အတိုင်းပါပဲ။

အိပ်ပျော်နေတဲ့ ဂရက်ဖင် တောင် နိုးလာခဲ့ပြီး ခေါင်းထောင်လာခဲ့တယ်။သူ့ရဲ့ မျက်လုံးတွေက ကျဥ်းမြောင်းနေခဲ့ပါတယ်။

ခနကြာပြီးနောက်မှာတော့..အရိပ်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ချက်ချငိးဆိုသလိုပဲ ဆန်နီရဲ့ နားထဲကို ထူးဆန်းတဲ့အသံတွေ တိုးဝင်လာခဲ့ပါတယ်။ဒါက လေကိုဖြတ်သန်းနေတဲ့ ထောင်နဲ့ချီတဲ့ တောင်ပံတွေက..တဖြတ်ဖြတ်မြည်နေသလိုပဲ။

ယင်းနောက် အမျိုးသမီးတစ်ယောက်က ကျောက်တုံးရဲ့ အစွန်းမှာရပ်နေတာကို တွေ့လိုက်ရပါတယ်။သူမရဲ့အရိပ်ကိုတော့ မြင့်တက်လာတဲ့နေလုံးရဲ့ တောက်ပတဲ့အရိပ်ကနေ ပုံဖော်ထားခဲ့တယ်။

သူမက အမြဲတမ်း အဲဒီနေရာမှာ ရှိနေခဲ့တဲ့အတိုင်းပါပဲ။သို့ပေမယ့်..လွန်ခဲ့တဲ့စက္ကန့်အနည်းငယ်က သူတို့အနားမှာ ဘယ်သူမှ ရှိမနေခဲ့ဘူးဆိုတာကို ဆန်နီ ကျိန်ပြီး ပြောရဲပါတယ်။

' အိုး..'

အမျိုးသမီက အရပ်ရှည် ၊ သွယ်လျပြီး..သူမရဲ့ ပုံစံက မြားတစ်ချောင်းလို ဖြောင့်မတ်နေခဲ့တယ်။သူမက ပေါ့ပါးတဲ့ စတီးအကာအကွယ်တစ်ခုကို ဝတ်ဆင်ထားခဲ့ပြီး..၊ သူ့ရဲ့ ပုခုံးနဲ့ ဒူးကာများကို အဖြူရောင်တောင်ပံများနဲ့ အလှဆင်ထားခဲ့ပါတယ်။သူမရဲ့ ရှည်လျားတဲ့ ရွှေရောင်ဆံပင်က..ဖြူဖွေးတဲ့ရေတံခွန်ငယ်တစ်ခုလိုပဲ..လေနှင့်အတူ လွင့်စင်နေခဲ့တယ်။

သူမ တစ်ဖက်ကိုလှည့်လာတဲ့အချိန်မှာတော့..ဆန်နီဟာ သူ့ကိုစိုက်ကြည့်နေတဲ့ ထိုးဖောက်နိုင်စွမ်းရှိတဲ့ မျက်လုံးတွေကိုမြင်ပြီး ကျောချမ်းသွားခဲ့ပါတယ်။သူမရဲ့ မျက်နှာက အေးစက်ပြီး မှင်သက်ငေးမောလောက်အောင် လှပကာ..လူသားတစ်ယောက်ထက် နတ်သမီးတစ်ပါးနဲ့တောင် တူနေခဲ့ပါသေးတယ်။

..အမျိုးသမီးရဲ့ မျက်လုံးအိမ်က ကျဥ်းမြောင်းကာ..ကြောက်မက်ဖွယ် ဂရက်ဖင် နဲ့ တစ်ထပ်တည်း တူညီလုနီးပါးတောင် ဖြစ်နေခဲ့ပါတယ်။

မြင့်မြတ်နယ်မြေရဲ့ အုပ်ချုပ်သူက..အိမ်ပြန်လာခဲ့ပါပြီ။

' ခရက် '

ဆန်နီ ကြိုးစားအားတင်းပြီး အကြည့်ကိုလွဲလိုက်ကာ..အလျငိအမြနိ အရိုအသေပေးလိုက်တယ်။

ဒါက သူ...အဖြူရောင်တောင်ပံကလန်ရဲ့ တိုင်းရစ်ကို ဒုတိယအကြိမ်တွေ့ဖူးတာပါ။သူမကို အစစ်အမှန်နာမည်ဖြစ်တဲ့ ကောင်းကင်ဒီရေ လို့လည်း လူသိများကြပြီး..လူသားမျိုးနွယ်ရဲ့ သူတော်စင်တွေထဲက တစ်ယောက်ဖြစ်ကာ..ချိန်းကျွန်းစုကို အုပ်ချုပ်ပါတယ်။

သူတောင်စင်ရဲ့တည်ရှိနေမူကတင် ပတ်ဝန်းကျင်က အရာမှန်သမျှကို ထူးဆန်းတဲ့ သက်ရောက်မူတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ဒါက ဂန်လောင်ရဲ့ ရွှေရောင်အကာအကွယ်လို ဖိနိပ်ထားတဲ့ စွမ်းအားမဟုတ်ပဲ မတူကွဲပြားတဲ့ အရာပါ။ဒါက ကမ္ဘာကြီးတစ်ခုလုံး သူမကို တုန့်ပြန်နေသလိုပါပဲ။မြက်ပင်လေးတွေက သူမရှိရာကို အနည်းငယ် ယိမ်းညွတ်နေကြတယ်..လေထုကသူမနဲ့ နီးကပ်လာတာနဲ့ အနည်းငယ် နိမ့်ကျပြီး တိုက်ခိုက်တယ်..ပြီးတော့ သူမရဲ့တည်ရှိမူမှာ နေရောင်ကတောင် ပိုပြီး တောက်ပလာပုံရပါတယ်။

မာစတာ ရွန် လှုပ်လာခဲ့ပြီး ထိုင်ခုံကနေ ထလာလိုက်တယ်။

"ကောင်းသောမနက်ခင်းပါ..ပျော်ရွှင်မူလေး.."

ဆန်နီ လှုပ်ခတ်သွားခဲ့တယ်။

'အာ..ဘာဖြစ်တယ်..'

အ​ကြောက်အလန့်ကင်းတဲ့ ဂရက်ဖင်စီးနင်းသူက..သူ့ကို ခေါ်တာမဟုတ်ပဲ..သူ့မိန်းမကို ခေါ်တယ်ဆိုတာကို နားလည်ဖို့ သူ စက္ကန့်အနည်းငယ်လောက် အချိန်ယူလိုင်ရပါတယ်။

[ ဆန်နီ နဲ့ ဆန်းရှိုင်း နဲ့ အသံဆင်နေတာ..]

'ပျော်ရွှင်မူ ...ပျော်ရွှင်မူလေးတဲ့လား..'

သူက သူတော်စင်တစ်ယောက်ကို ဒီလိုခေါ်တာလား..။

'ကောင်းပြီလေ..ဘာပဲဖြစ်ဖြစ် သူမက သူ့ မိန်းမပဲ..။အဲလိုထင်တာပဲ..'

သူ ဒါကိုတွေးကြည့်လိုက်တဲ့အချိန်မှာတော့ အရာရာတိုင်းက အဓိပ္ပါယ်ရှိသွားခဲ့တယ်။ဒါတောင်မှ အထွတ်အထိပ် တစ်ယောက်ကို ပျော်ရွှင်မူလေး လိူ့ ခေါ်တာက နည်းနည်း ထူးဆန်းနေပါသေးတယ်။

ဆန်နီ သိချင်စွာ မော့ကြည့်လိုက်တဲ့အချိန်မှာတော့ ရွန် ရဲ့ မျက်နှာပေါ်မှာ ကြီးမားတဲ့အပြုံးတစ်ခု ရှိနေတာကို တွေ့လိုက်ရတယ်။သို့ပေမယ့်သူတော်စင် တိုင်းရစ် ကတော့ ပုံမှန်အတိုင်း အေးစက်နေဆဲပါပဲ။

"မနက်ခင်းပါ ရို.."

သူမရဲ့ အသံကတောင်မှ နီးကပ်လာတဲ့ မုန်တိုင်းတစ်ခု မြည်ကြွေးလာသလိုပဲ အေးစက် လေးလံနေခဲ့တယ်။

သူမရဲ့ ခေါင်းကို အနည်းငယ်လှည့်လာပြီး..သူတော်စင် တိုင်းရစ်က ဆန်နီကို တိတ်တဆိတ်မေးခွန်းထုတ်တဲ့ အကြည့်နဲ့ကြည့်လိုက်တယ်။

..သူမရဲ့ လှပပြေပြစ်စွာ ကွေးညွှတ်နေတဲ့ မျက်ခုံးမွှေးတွေကိုမြင်ရင်..မရေမတွက်နိုင်တဲ့ ကဗျာဆရာတွေတောင် လဲကျသွားနိုင်လောင်ပါတယ်။

'အာ...ဝိုး..ခနလေး..ငါ ဘာတွေလျောက်တွေးနေတာလဲ..'

မာစတာ ရွန်က ဆန်နီရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်တယ်။

"နိုးထသူ ဆန်းလပ်စ်က သံလက်ဝါးကျွန်းမှာ သူတွေ့ခဲ့ရတဲ့ နတ်မိစ္ဆာအကြောင်းကို ငါ့ကိုလာပြောပြတာပဲ..။အဲတာက ချိန်းပိုးကောင် ပဲ..ကံကောင်းချင်တော့ သေပြီးနေပြီ..။ဒါတောင်မှ ငါတို့အနီးနားက ကျွန်းတွေကို ရှာဖွေကြည့်သင့်တယ်လေ..။အဲလို မထင်ဘူးလား.."

သူတော်စင် တိုင်းရစ်က ခနလောက်တွေဝေနေပြီးကာမှ ခေါင်းခါယမ်းလိုက်တယ်။

"မလိုတော့ဘူး..။ကျွန်းစုရဲ့ပျက်ဆီးနေတဲ့ တစ်ခုတည်းသော ချိန်းက..မြင့်မြတ်နယ်မြေရဲ့ အဝေးကြီးမှာ..သင်္ဘောပျက်ကျွန်း နဲ့ ကွေ့ကောက်ကျောက်တုံး ကို ဆက်ပေးထားတယ်..။ငါ အဲတာကို ကိုယ်တိုင်မြင်ခဲ့တာ.."

သူမ တစ်ဖက်ကိုလှည့်ပြီး အနည်းငယ် သက်ပြင်းချလိုက်တယ်။

"ဒါပေါ့..ငါတို့ပြင်ဆင်ထားမှရမယ်..။ဘာပဲဖြစိဖြစ် ကျွန်းတွေအားလုံးက ဆက်နွယ်နေကြတာလေ..။ကွေ့ကောက်ကျောက်တုံး ပြုတ်ကျပြီးသွားရင်..သူ့ရဲ့ဆွဲအားက..နယ်မြေတစ်ခုလုံးကို ရိုက်ခတ်လာမှာပဲ..။ကျွန်းတွေအားလုံး ရွေ့လျားလာပြီး တစ်ခြားကျွန်းတွေပေါ်က ဖိနိပ်မူကိုလည်း ပြောင်းလဲစေလိမ့်မယ်။အိပ်မက်ဆိုးသားရဲတွေရဲ့ ရွေ့ပြောင်းမူပုံစံကိုလည်း သက်ရောက်လာမှာပဲ..။

'ငါ ထွက်သွားသင့်ပြီ ထင်တာပဲ..'

ဆန်နီ လည်ချောင်းရှင်းပြီး ရှက်ရွံ့စွာပြောလိုက်တယ်။

"အာ..ထပ်ပြီးတွေ့ခွင့်ရတာ ဂုဏ်ယူမိပါတယ် လေဒီတိုင်းရစ်..။ဒါဆိုလည်း ..ကျွန်တော်..အင်း..သွားလိုက်ပါဦးမယ်.."

ကောင်းကင်ဒီရေဟာ အာရုံမစိုက်ပဲ ခေါင်းညိမ့်ပြီး ပြောလိုက်တယ်။

"တွေ့ရှိမူကို အကြောင်းကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..နိူးထသူ ဆန်းလပ်စ်.."

သူ ခေါင်းညိမ့်လိုက်ပြီး ထိုင်ခုံကနေ ထကာ..ယဥ်ကျေးစွာပဲ ခြေလှမ်းအနည်းငယ် ထွက်ခွာသွားလိုက်တယ်။

သို့ပေမယ့် ဆန်နီအဆောက်အဦးရဲ့ အပြင်ကို ရောက်ခါနီး အချိန်မှာပဲ..သူတော်စင်ရဲ့အေးစက်တဲ့ အသံက သူ့ကို ရပ်တန့်စေခဲ့ပါတယ်။

"ခနလေး.."

သူ တစ်ဖက်ကိုလှည့်ကာ..ကြိုးစားပြုံးလိုက်ပြီး.

"ဟုတ်ကဲ့..။ဘာများကူညီပေးရမလဲ.."

တိုင်းရစ်က သူ့ကိုအတော်ကြာအောင်ကြည့်လိုက်ပြီး နောက်မှ တည်ငြိမ်ပြီး ခံစားချက်မဲ့တဲ့ အသံနဲ့ပြောလိုက်တယ်။

"ငါ အမှတ်မမှားရင် ..မင်းက မေ့ပျောက်ကုန်းမြေက လာခဲ့တာမလား.."

ဆန်နီ ခေါင်းညိမ့်လိုက်တယ်။

"ဟုတ်ပါတယ်.."

လှပတဲ့ သူတော်စင်က တစ်စက္ကန့်လောက် တွေဝေကာ မေးလိုက်တယ်။

"ကျရှုံးမူသံစဥ်...မင်း သူမကိုသိလား.."

'ကတ်စီလား..။ဘာလို့ သူမအကြောင်း ပါလာတာလဲ '

ဆန်နီပြုံးလိုက်ပြီး..

"ဟုတ်ကဲ့..ကျွန်တော်တို့ တွေ့ဖူးပါတယ်။ဘာဖြစ်လို့ပါလဲ..."

သူတော်စင် တိုင်းရစ်က သူ့ကိုခနလောက်ကြည့်ကာ ပြောလိုက်တယ်။

"ကောင်းတယ်..။မကြာခငိမှာ ကျရှုံးမူသံစဥ်က ခံတပ်ကို လာရောက်လည်ပတ်လိမ့်မယ်..။သူမက ရင်းနှီးတဲ့လူတွေကို တွေ့ရမယ်ဆိုရင် ဝမ်းသာမယ်လို့ ထင်တာပဲ.."

ဒီလိုပြောပြီးတာနဲ့ ကောင်းကင်ဒီရေက တစ်ဖက်ကိုလှည့်သွားပြီး..ဆန်နီကို ထွက်သွားလို့ရပြီဖြစ်ကြောင်း အသိပေးလိုက်တယ်။

သူ ခနလောက်တွေဝေပြီးကာမှ ထွက်လာခဲ့လိုက်ပါတယ်။

မာစတာ ရွန်ရော ၊ သူတော်စင် တိုင်းရစ်ရော မမြင်ရတာနဲ့ သူ့မျက်နှာပေါ်မှာ နက်မှောင်တဲ့အမူအရာတစ်ခု ပေါ်လာခဲ့ပါတယ်။

'လာရောက် လည်ပတ်မယ်...သူမက ဘာကိစ္စ ဒီကိုလာနေဦးမှာလဲ..'

***

အမှန်တကယ်တော့..ဆန်နီလိုပဲ..ကတ်စီကလည်း ခိုလှုံရာနေရာအဖြစ် ချိန်းကျွန်းစုကို ရွေးချယ်ထားခဲ့တာပါ။သူတို့ရဲ့ အကြောင်းပြချက်တွေကတော့ တူညီလုနီးပါးဖြစ်ပြီး..ကျွန်းစုရဲ့တည်နေရာက ဟောလိုးတောင်တန်းနဲ့ နီးစပ်တာကြောင့်ပါ။

ကံကောင်းချင်တဲ့ သူမက မြင့်မြတ်နယ်မြေမှာ မနေထိုင်ခဲ့ပါဘူး။မျက်မမြင်မိန်းကလေး ဘယ်လိုလုပ်ခဲ့တာလဲ ဆိုတာကို ဆန်နီ မသိပေမယ့်..သူမက..သူမနဲ့ သူမရဲ့အဖွဲ့သားတွေကို..ဒီနေရာရဲ့ ဒုတိယ လူသားခံတပ်ဖြစ်တဲ့ ညဘုရားကျောင်း မှာ နေထိုင်ခွင့်ရဖို့

ဗာလာကလန်ကို စည်းရုံးနိုင်ခဲ့ပါတယ်။

မြင့်မြတ်နယ်မြေက..ဒီဒေသကြီးရဲ့ ​တောင်ဘက်ပိုင်းနယ်စပ်မှာ တည်ရှိပြီး..ညဘုရားကျောင်းကတော့ သေဆုံးနယ်မြေ ရဲ့ အပြင်ဘက်ရောက်လုနီးပါးဖြစ်တဲ့ မြောက်ဘက်ပိုင်းမှာ တည်ရှိပါတယ်။

ဒီအကြောင်းပြချက်ကြောင့် သူတို့နှစ်ယောက်က သက်သောင့်သက်သာ ခွဲခြားနေကြပြီး..လပေါင်းများစွာကြာတဲ့အထိ တစ်ယောက်ကိုတစ်ယောက်..တွေ့စရာမလိုခဲ့ကြပေ။

သို့ပေမယ့် အခုတော့ အခြေအနေတွေက ပြောင်းလဲပါတော့မယ်..။

အဖြူရောင်တောင်ပံ ခြံဝန်းကနေ ထွက်လာပြီးနောက်မှာတော့ ဆန်နီ မျက်နှာရှုံ့မဲ့သွားခဲ့တယ်..။

'ရင်းနှီးတဲ့မြင်နှာကိုမြင်ပြီး ဝမ်းသာမိမယ်တဲ့လား..။ငရဲပဲ..။ငါတော့ အဲတာကို သံသယရှိမိတယ်..."

All Chapters