နူးညံ့တဲ့ ဘဝ
Vol. 27 Ch. 404
မြင့်မြတ်နယ်မြေက တဖြည်းဖြည်းနိုးထလာခဲ့တယ်။အခု နေကမြင့်တက်လာပြီးဖြစ်တာကြောင့်..နိုးထသူအုပ်စုတွေက..အပြင်ဘက်ကို စွန့်စားခန်းဖွင့်ဖို့ ပြင်ဆင်နေကြပြီး ၊ ခံတပ်မှာ လုပ်စရာရှိနေကြတဲ့လူတွေကလည်း..သူတို့ရဲ့အလုပ်ကို စတင်နေခဲ့ကြပါပြီ။ဆန်နီ ယဇ်ပလ္လင်ကျွန်းကို လမ်းလျောက်လာတဲ့ အချိန်မှာတော့ သူတို့ထဲကတစ်ချို့က..နှုတ်ဆက်လာခဲ့ကြတယ်။
အခုတော့..သူက အစစ်အမှန်ကမ္ဘာကို ပြန်လို့ရသင့်လောက်ပါပြီ။တစ်ညလုံးရှာဖွေစူးစမ်းပြီးတဲ့နောက်မှာတော့..သူ့ရဲ့ရင်ဘတ်ထဲမှာ တောက်လောင်နေတဲ့မီးတောက်တစ်ခု ရှိနေခဲ့တယ်။အမှောင်ထဲက တစ်နေရာရာမှာ ပုန်းအောင်းနေတဲ့ ဆန်းကျယ်တဲ့ရတနာတွေ အကြောင်းကိုတွေးမိလိုက်တာနဲ့..သူ့ရဲ့မျက်လုံးတွေက တောက်ပလာခဲ့ပါတယ်။
သို့ပေမယ့်..ဆန်နီက အလိုရမ္မက်ကြီးတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် လောဘကိုထိန်းနိုင်တဲ့ လူတစ်ယောက်ပါ..ကောင်းပြီလေ..အချိန်အများစုပေါ့..။
'သင်္ဘောပျက် ကျွန်း..'
ဆန်နီက မြင့်မြတ်နယ်မြေရဲ့ အရမ်းအဝေးကြီးကို
မသွားဖူးပေမယ့်..အဲဲဒီ သေစေနိုင်လောက်တဲ့နေရာကိုတော့ ကြားဖူးပါတယ်။
သင်္ဘောပျက်ကျွန်းက..ချိန်းကျွန်းစုရဲ့အလယ်ဗဟိုတည့်တည့်မှာရှိနေပြီး လူသားခံတပ်နှစ်ခုနဲ့လည်း အတော်လေးကို ဝေးပါတယ်။အဲဒီမှာရှိနေတဲ့ အိပ်မက်ဆိုးသားရဲတွေက အတော်လေးကို ကြောက်မက်ဖွယ်ကောငိးပြီး..ကျွန်းတွေကိုယ်တိုင်ကလည်း..နယ်မြေရဲ့အစွန်းပိုင်းမှာ ရှိနေတဲ့ ကျွန်းတွေထက် ပိုအန္တရာယ်များပါတယ်။
တကယ်လို့ တစ်စုံတစ်ယောက်က ဖိနိပ်မူတွေရဲ့ ဒဏ်ကိုခံနိုင်ပြီး..ချိန်းကျွန်းစုကို အထက်ကနေကြည့်မယ်ဆိုရင်..ဒီကွဲကြေနေတဲ့ကုန်းမြေကြီးရဲ့ နှလုံးသားမှာကြီးမားကျယိပြန့်တဲ့ နေရာလွတ်ကြီးရှိနေတာကို တွေ့ကြရမှာပါ။တစ်ချို့လူတွေက..ဒီနေရာကြီးက ဆင်စွယ်ရောင်တာဝါကြီးကို ဆိုင်းတွယ်ထားတဲ့ အရာခုနှစ်ခု မကျိုးပျက်ခင်တုန်းက..တာဝါကြီးတည်ရှိခဲ့တဲ့နေရာလို့ ယူဆထားခဲ့ကြပါတယ်။ပြီးတဲ့နောက်မှာတော့ အပေါက်ကြီးနဲ့ နီးကပ်နေတဲ့ ကျွန်းတွေက တစ်ခုပြီးတစ်ခု အောက်ဘက်ကို ကျဆင်းသွားခဲ့ပြီး..ဒီအရာကို ပိုပို ကျယ်ပြန့်လာစေခဲ့တယ်။
ချိန်းကျွန်းစုရဲ့ အလယ်ဗဟိုမှာရှိနေတဲ့ အပေါက်ကြီးက..ဖြည်းညှင်းစွာ ကျယ်ပြန့်လာနေခဲ့ပြီး..တစ်နေ့မှာ - ဒီနေ့ကနေစပြီး နှစ်တစ်ထောင်လောက်အကြာမှာ - ဒါက နယ်မြေကြီးတစ်ခုလုံးကို ဝါးမြိုသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။
..သို့ပေမယ့် ဆန်နီကတော့ ဝေးကွာလှတဲ့ အနာဂတ်ကို စိတ်မဝင်စားသေးပေ..။
အခု သူစိုးရိမ်နေတဲ့အရာက..သင်္ဘောပျက်ကျွန်းကြီးက ..အပေါက်ကြီးရဲ့ အစွန်းနားမှာရှိနေခဲ့တာကြောင့် သူ့လို ငယ်ရွယ်တဲ့နိုးထသူတစ်ယောက်အတွက် အတော်လေးကို အန္တရာယ်များလှပါတယ်။တကယ်လ်ို့ ဆန်နီသာ ဒီလောက်အဝေးကြီးကို စူးစမ်းရှာဖွေချင်တယ်ဆိုရင်..သူက သေချာလေ့လာပြီး ၊ အချိန်အတော်ကြာအောင် ပြင်ဆင်ဖို့ လိုအပ်ပါတယ်။
ပြီးတော့ အခုချိန်မှာ..သူက အစစ်အမှနိကမ္ဘာကို အမြန်ပြန်ချင်နေခဲ့တယ်။
သူ့ရဲ့ခန္တာကိုယ်တစ်ခုလုံးက ရတနာခေါ်သံကို ခံစားနေခဲ့ရပေမယ့်..၊ နစ်ဖီ နဲ့ သူ့ရဲ့ကြားထဲက ကွာဟချက်ကို လျော့ချဖို့အတွက်က အရေးကြီးနေတယ်ဆိုပေမယ့် အစစ်အမှန်ကမ္ဘာမှာ သူလုပ်ရမယ့်အရာက အတော်လေး အရေးကြီးပါတယ်။
'စိတ်အေးအေးထား..။အရမ်းလေးနက်တဲ့ ကိစ္စမရှိသေးဘူး...'
အဖြူရောင်ယဇ်ပလ္လင်နား ရောက်လာတဲ့အချိန်မှာတော့..သူက အိုစီဒီယမ် ဓားကို တစ်ချက်ကြည့်လိုက်ပြီး..သူ့ရဲ့လက်ကို အေးစက်တဲ့မာဗယ်ကျောက်ပေါ်မှာ ထားလိုက်တယ်။
'ဘာမှစိုးရိမ်စရာ မရှိဘူး..။ဒီတော့...'
***
သံမဏိသေတ္တာရဲ့ အဖုံးက တိတ်ဆိတ်စွာပွင့်လာခဲ့ပြီး..တောက်ပတဲ့အလင်းရောင်တေံနဲ့ အေးမြတဲ့အငွေ့တွေကို ထုတ်လွှတ်လာခဲ့တယ်။ဆန်နီ သန်းဝေလိုက်ကြီး အိပ်စက်ခြင်းသေတ္တာထဲကနေ ထွက်လိုက်ပါတယ်။ယင်းနောက် ကျေနပ်တဲ့အပြုံးတစ်ခုနဲ့ အတူပဲအကြောဆန့်လိုက်တယ်။
သူ့ခန္တာကိုယ်က လန်းဆန်းပြီး အားအင်တွေပြည့်ဝနေသလိုခံစားနေခဲ့ရပါတယ်။ဒါက အချိန်တွေကြာအောင် သက်သောင့်သက်သာ အိပ်စက်လိုက်ရသလိုပါပဲ။ဒါက လွန်ခဲ့နှစ်လလုံးလုံး အကယ်ဒမီက စျေးပေါတဲ့ အိပ်စက်ခြင်းသေတ္တာတွေကို အသုံးပြုရတာနဲ့ လုံးဝ မတူခဲ့ပေ။
'အခု ဒီလိုဆိုတော့..ငါသုံးလိုက်တဲ့ပိုက်ဆံက တန်တယ်လို့ ပြောရမှာပဲ...'
အမှန်တကယ်ပဲ..ဒီဇိမ်ခံတဲ့စက်ကြီးက..သူဝယ်ယူထားသမျှထဲမှာ အကောင်းဆုံးအရာပါ။ဒါပေါ့..မြေအောက်ကမ္ဘာရဲ့ဝတ်ရုံတော်ကို ဝယ်ယူမူတော့ ထည့်မတွက်ပါဘူး..။
သူ့ရဲ့ မြေအောက်ခံတပ်ငယ်ကနေ ထွက်လာခဲ့ပြီးနောက်မှာတော့..ဆန်နီဟာ မီးဖိုခန်းထဲကိုလျောက်ဝင်သွားခဲ့ပြီး..ကျိုးပဲ့နေတဲ့ ရေခဲသေတ္တာအပျက်အစီးတွေကို ရှက်ရွံ့စွာကြည့်လိုက်ကာ..မနက်စာအတွက် ပါဝင်ပစ္စည်းတစ်ချို့ကို ထုတ်ယူလိုက်ပါတယ်။
အစစ်အမှန်ကမ္ဘာမှာတော့..အခုက မနက်ခင်းစောစောအချိန်ဖြစ်နေခဲ့တယ်။သူက ပျော်ရွှင်နေတဲ့အရိပ်ကို အပြင်ကို စူးစမ်းဖို့စေလွှတ်လိုက်ပြီး..မီးဖိုကိုဖွင့်လိုက်ပါတယ်။
ကြက်ဥအစစ်တွေ ၊ ဆလတ်ရွက် နဲ့ ခရမ်းချဥ်သီး အစစ်တွေ ၊ ပေါင်မုန့်အစစ် ၊ ဝက်ပေါင်အစစ် ၊ ကော်ဖီအစစ် ၊ ဖျော်ရည်အစစ်..။ဒီလိုမျိုး ဆင်ခြေဖုံးမှာနေထိုင်တဲ့လူတွေအတွက်..အလျံပယ်ဖြစ်တဲ့ အကောင်းဆုံး အစားအသောက်တွေကို ချက်ပြုတ်ဖို့အတွက်..သူ မိနစ်အနည်းလောက်သာ အချိန်ယူခဲ့ရပါတယ်။
လူတစ်ယောက်အတွက် အရမ်းကိုကြီးလွန်းတဲ့ ညစာစားပွဲဆီကို လျောက်သွားလိုက်ပြီး..သူက မနက်စာတွေကို ပေါလစ်သုတ်သစ်သားပေါ်ကို ချကာ..သူ့ရဲ့ ဆက်သွယ်ရေးစက်ကို ဖွင့်လိုက်တယ်။
ဒီမှာ မက်ဆေ့အသစ်တွေ ရှိမနေခဲ့သလို ၊ ဒီအရာနဲ့ ဘာဆက်လုပ်ရမလဲ ဆိုတာကိုလည်း သူ မသိတော့ပါဘူး..။ပုံမှန်အားဖြင့် သူ့အသက်အရွယ်မှာရှိနေတဲ့ လူတွေက..အင်တာနက်ကိုအသုံးပြုပြီး..သတင်းတွေမျိုးစုံ ၊ ပွဲတော်တွေ နဲ့ ဗီဒီယိုတွေကိုကြည့်တာတွေ ရှိကြပါတယ်။ဆန်နီမှာတော့ ဒီလို ဒီဂျစ်တယ်တွေက မရှိသလောက်ပါပဲ..။တကယ်တော့ သူလည်း ဒီလိုအရာမျိုး မရှိချင်ခဲ့ပေ..။
ဒါပေါ့ သူက များပြားလှတဲ့ အရင်းအမြစ်တွေ ၊ ဝန်ဆောင်မူတွေကို ဘယ်လိုယူရမလဲဆိုတာကို သိပါတယ်။ပြီးတော့ များပြားလှတဲ့ အင်တာနက်အရာတွေက တစ်ချိန်တုန်းက သူ့ရဲ့အိပ်မက်တွေ ဖြစ်ခဲ့တာပါ။ဒါက..မရေမတွက်နိုင်အောင်များပြားတဲ့ ဂိမ်းတွေ ၊ စာအုပ်တွေ ၊ ရှိုးတွေ..နဲ့ ဖျော်ဖြေရေးတွေ ပေါင်းစုံပါပဲ။
သို့ပေမယ့်..ဆန်နီအနေနဲ့ အခုချိန်မှာ ဒီအရာတွေကို အခမဲ့ရယူနိုင်စွမ်းရှိပေမယ့် သူ့မှာ ဒီအရာတွေအတွက် အချိန်မရှိတော့ပါဘူး။အခုချိန်မှာ..သူ့မှာလုပ်စရာတွေအများကြီး ရှိနေခဲ့ပြီး..သူ့ရဲ့အိပ်မက်တွေကလည်း..သံမဏိလက်နက်တွေ ၊ အိပ်မက်ဆိုး သားရဲတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
' တစ်နေ့တော့ ဖြစ်နိုင်မှာပါ..'
ဆန်နီဟာ အစားအသောက်ကိုဖြည်းညှင်းစွာ စားသောက်ပြီး..သူတွေ့ရှိခဲ့တဲ့ ဒင်္ဂါးပြားရဲ့ပုံစံကို လျှင်မြန်စွာ ရေးဆွဲဖို့အတွက်..ဆက်သွယ်ရေးစက်ကို အသုံးပြုခဲ့တယ်။ဒါပေါ့..စစ်မှန်တဲ့ လျိုဝှက်ချက်တွေကိုတော့ သူ့တစ်ယောက်တည်းအတွက် သိမ်းထားခဲ့ပါတယ်။
အပြင်ဘက်မှာတော့..သူ့ရဲ့ အိမ်နီးဝန်းကျင်တွေက နေ့အသစ်ကို ရင်ဆိုင်ဖို့အတွက် ပြင်ဆင်နေခဲ့ကြပါပြီ။နေလုံးက..ကြီးမားတဲ့မြို့ကြီးပေါ်မှာ မြင့်တက်လာခဲ့ပြီး..လူတွေအများကြီးက..သူတို့ရဲ့ အလုပ်နေရာကို ချီတက်နေခဲ့ကြတယ်။
အရိပ်က သူ့ရဲ့အိမ်အသစ်ရဲ့ လေသာဆောင် တစ်နေရာမှာ ပုန်းအောင်းပြီး..အရိပ်ထဲကနေ လမ်းမပေါ်ကို လေ့လာနေခဲ့ပါတယ်။သူက PTV ကားလေးတွေ ဖြည်းညှင်းစွာ မောင်းနှင်ပြီး ထွက်ပေါက်ဆီကို လျောက်သွားတာကို တွေ့နေခဲ့တယ်။သေချာဝတ်ဆင်ထားကြတဲ့ လူကြီးလူကောင်းတွေကလည်း..အများပြည်သူသုံး ဘူတာရုံတွေကို ဦးတည်နေခဲ့ကြပါတယ်။
အချိန်တစ်ချို့ကြာပြီးတဲ့နောက်မှာတော့..သူတို့ရဲ့နောက်ကနေ ကျောင်းဝတ်စုံကို ဝတ်ဆင်ထားကြတဲ့ ကျောင်းသူ / သား လေးတွေ လိုက်လာခဲ့ကြတယ်။
ဆန်နီ ကော်ဖီကို တစ်ငုံသောက်လိုက်ပြီး..ဒီကလေးတွေကို အရိပ်ကနေတဆင့် ကြည့်နေခဲ့ပါတယ်။သူကိုယ်တိုင်လည်း..ဒီလိုဘဝကိုရရှိဖို့အတွက်..စိတ်ကူးယဥ် ကြည့်နေခဲ့မိတယ်။
လုံခြုံတဲ့အိမ်တစ်ခုမှာ နိုးထလာမယ်..။မိဘတွေကမင်းအတွက် ပြင်ဆင်ပေးထားတဲ့ အစားအသောက်တွေကို စားသောက်မယ်..။နောက်တစ်ခါ စားသောက်ရမယ့် အရာတွေကို ဘယ်မှာရှာဖွေရမလဲ ဆိုတာ တွေးနေစရာမလိုဘူး..။မင်းအတွက် အကန့်အသတ်မရှိတဲ့ အသိပညာတွေ ..သင်ကြားမူတွေ ရနိုင်တဲ့ နေရာကို သွားရမယ်..။စစ်မှန်တဲ့ စိုးရိမ်မူတွေ ၊ စစ်မှန်ကြောက်လန့်မူတွေ ..ဘာတစ်ခုမှ ရှိမနေတဲ့ဘဝ။
ဒီတိုင်း..ရှင်သန်နေယုံပဲ..။
ဒါက ဘယ်လို ထူးဆန်းတဲ့တည်ရှိမူ ဖြစ်နိုင်မလဲ..
သူက ကျောင်းသားတွေကို ရှုပ်ထွေးတဲ့အမူအရာတွေနဲ့ ကြည့်လိုက်တယ်။သူတို့က အရမ်းကို ..နူးညံ့ကြပါတယ်..။သူတို့ရဲ့ အဝတ်အစားတွေက နူးညံ့တယ်..သူတို့ရဲ့ မျက်လုံးတွေက နူးညံ့တယ်..ပြီးတော့ သူတို့ရဲ့ အသက်ရှင်သန်ပုံတွေကလည်း နူးညံ့လွန်းပါတယ်။
ဒီကလေးတွေက အစစ်အမှန်ကမ္ဘာကြီးမှာ ဘယ်လိုရှင်သန်နေထိုင်ကြမှာလဲ..။အစစ်အမှန်ကမ္ဘာကြီးက..ကြမ်းတမ်း ၊ ရက်စက် ပြီး သည်းမခံနိုင်လောက်အောင်ပါပဲ။ဒါက ဆန်နီ ကိုယ်တိုင်လိုမျိူးပါ..။သူလိုလူတစ်ယောက်ကပဲ..ဒီလိုကမ္ဘာကြီးမှာ ရှင်သန်နေထိုင်ဖို့အတွက် အခွင့်အရေးပိုရှိပါတယ်။
ငရဲလိုမျိုးဖြစ်နေတဲ့ အိပ်မက်ကမ္ဘာမှာဆိုရင် ပြောနေစရာတောင် မလိုတော့ပါဘူး။
နောက်ဆုံးမှာတော့..ကျောင်းသားတွေက..ပါးလျှလာခဲ့တယ်..။
ဆန်နီရဲ့အိမ်ရှေ့ကို ဖြတ်သွားတဲ့ နောက်ဆုံးလူတွေထဲက တစ်ယောက်က..အသက် ၁၄ နှစ်အရွယ် မိန်းမငယ်လေး တစ်ယောက်ပါ။သူမက သူ့အရပ်လောက်ရှည်ပြီး..ဖြူဖျော့တဲ့အသားအရည် နဲ့ နက်မှောင်တဲ့ ဆံပင်တွေရှိပါတယ်။မိန်းမငယ်လေးကလည်း တစ်ခြား ကျောင်းသူတွေလိုမျိုး..သူမရဲ့ ခန္တာကိုယ်နဲ့ပတ်သက်ပြီး အဆင်မပြေဖြစ်နေခဲ့တယ်။သူမရဲ့ သေးသွယ်တဲ့ ခန္တာကိုယ်က ကျောင်းယူနီဖောင်းနဲ့ လိုက်ဖက်မနေခဲ့ပါဘူး။
သို့ပေမယ့် သူမရဲ့ အနက်ရောင်မျက်လုံးတွေက အရမ်းကို ထက်ရှပြီး ကြည်လင်နေခဲ့တယ်..။
..ကံကောင်းချင်တော့ သူမရဲ့ အစ်ကိုနဲ့မတူစွာပဲ..ရိမ်းက သူတို့ရဲ့အမေနဲ့ ဆင်တူပါတယ်..။ဆန်နီ မှတ်မိသလောက်တော့..သူမက အတော်လေးကို ငယ်ရွယ်ပြီးဆွဲဆောင်မူရှိတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။သူမက ကလေးတစ်ယောက်ပဲ ရှိနေသေးပေမယ့် ၊ တစ်နေ့မှာ..သူ့အိမ်ရှေ့ကနေဖြတ်သွားတဲ့ ဆယ်ကျော်သက် ကလေးမလေးက ..စစ်မှန်တဲ့အလှအပလေးတစ်ယောက် ဖြစ်လာမယ်ဆိုတာကို ဆန်နီ ကြိုမြင်နေရပါတယ်။
ဆန်နီ သူ့ ကော်ဖီကို လက်စသတ်လိုက်ပြီး..ခွက်အလွတ်ကို စားပွဲပေါ်တင်ကာ..သက်ပြင်းချလိုက်တယ်။
'...မင်းကို တွေ့ပြီ...'