ကျောင်းသို့ ပြန်သွားခြင်း
Vol. 27 Ch. 405
အမှန်တကယ်ပဲ..ဒီရှက်ရွံ့နေတဲ့ ၁၄ နှစ်အရွယ် ကောင်မလေးကတော့ သူ့ရဲ့ညီမငယ်လေး ရိမ်း ပါ။
ပြီးတော့..ဆန်နီက ဒီမြို့နယ်ရဲ့ ဒီအိမ်ကိုပဲ အတိအကျဝယ်ယူလိုက်တာက တိုက်ဆိုင်မူတစ်ခုမဟုတ်ပါဘူး။ဒီလမ်းမှာရှိတဲ့ ပတ်ဝန်းကျင်က ကောင်းမွန်ပြီး..လှပတယ်ဆိုပေမယ့်..သူ ဒီအိမ်ကိုရွေးချယ်ခဲ့တဲ့ အဓိက အကြောင်းအရင်းက ၊ ဒီနေရာက ရိမ်း နေထိုင်တဲ့အိမ်ရဲ့ ဘေးနားမှာရှိနေလို့ပါပဲ။
လွန်ခဲ့တဲ့ တစ်နှစ်နဲ့ လအနည်းငယ်တုန်းက..ဒီလမ်းမှာပဲ..သူမက မိသားစုနဲ့အတူ ပျော်ရွှင်နွေးထွေးတဲ့ ဘဝလေး ရနေတာကို ကြီးမားတောက်ပတဲ့ ဧည့်ခန်းပြတင်းပေါက်ကနေတဆင့် သူ ကြည့်နေခဲ့ဖူးပါတယ်။
..ကောင်းပြီလေ..အခုတော့ ဆန်နီမှာလည်း..သူ့ရဲ့ကိုယ်ပိုင် ကျယ်ဝန်းတဲ့ဧည့်ခန်းနဲ့ ပြတင်းပေါက်တစ်ခုရှိနေခဲ့ပါပြီ..။ဒါက ပုံမှန်အားဖြင့် အမှောင်ထုရဲ့နောက်မှာပဲ ရှိနေတတ်ပါတယ်။
အရင်တုန်းက..သူ့ရဲ့ညီမလေးကို ကယ်တင်ရမယ်ဆိုတဲ့ စိတ်ကူးယဥ်မူက ဘယ်လောက်တောင် အဓိပ္ပါယ်မဲ့လဲဆိုတာကို သူ နာကျင်စွာသိလိုက်ရတယ်။ရိမ်းက ကယ်တင်ခံရဖို့ မလိုအပ်ပါဘူး..။အနည်းဆုံးတော့ သူ့လို့ ပြသနာတွေနဲ့ပြည့်နေတဲ့ မြို့ပြင်ကကောင်လေး တစ်ယောက် ၊ သူမတောင်မမှတ်မိနိုင်လောက်တဲ့ အတိတ်က သရဲတစ်ကောင် ဆီကပါ။တကယ်လို့ အဲဒီညမှာသာ သူက သူမရဲ့တံခါးကို ခေါက်ခဲ့မယ်ဆိုရင် သူမရဲ့ဘဝက ဘာမှပိုကောင်းလာမှာ မဟုတ်ပေ။
ဆန်နီကတော့ အရင်လို ငွေကြေးချို့တဲ့တဲ့ ကလေးတစ်ယောက် မဟုတ်တော့ပါဘူး။သူက အစိုးရကိုယ်တိုင်က အထူး မဟာဗျူဟာမြောက်အရင်းအမြစ် အဖြစ်သတ်မှတ်ခံထားရတဲ့ နိုးထသူ တစ်ယောက်ပါ။သူက ချမ်းသာ ၊ အဆက်အသွယ်ရှိပြီး..အာဏာပါ ရှိနေပြီလို့တောင် ပြောလို့ရပါတယ်။
သို့ပေမယ့် သူ့စိတ်ထဲမှာတော့ သူက အရင်အတိုင်းရှိနေဆဲလို့ ယုံကြည်ထားပါတယ်။သူ့အဝတ်အစားတွေနဲ့ နေပုံထိုင်ပုံ ပြောင်းလဲသွားခဲ့ပေမယ့်..ဆန်နီကိုယ်တိုင်ကတော့ မပြောင်းလဲပဲ ရှိနေဆဲပါ။ဒီကမ္ဘာကြီးရဲ့ အမှန်တရားကို မြင်ခဲ့ဖူးတဲ့လူတွေလိုပဲ စိတ်ထိခိုက်ဆဲ ၊ နာကျင်နေဆဲပါ။
ပိုဆိုးတာက..အခုသူက အရင်သနားစရာဘဝကနေ ရုန်းထွက်နိုင်ခဲ့ပေမယ့်..သူက ပိုပြီးလေးနက်တဲ့ ပြသနာအသစ်တွေ ရှိနေခဲ့ပြန်ပါတယ်။နစ်ဖီ ၊ အုပ်ချုပ်သူတွေ ၊ ဆန်းကျယ်တဲ့ဝီဗာရဲ့ ဆက်ခံသူ ..ဒီအရာတွေအားလုံးက..အနာဂတ်အတွက် ရှုပ်ထွေးမူတွေနဲ့ အန္တရာယ်တွေကို အာမခံပေးထားခဲ့တယ်။သူက တစ်ခြားတစ်စုံတစ်ယောက်ကို ကောင်းမွန်တဲ့အရာတွေ ပေးစွမ်းနိုင်တဲ့ လူစားမျိုးမဟုတ်ပါဘူး။
ဒီတော့..မဟုတ်ဘူး..။ဆန်နီက သူ့ဘဝကို ရိမ်း ရဲ့ဘဝနဲ့ အဝေးမှာနေဖို့ဆုံးဖြတ်ချက်ကို ပြောင်းလဲသွားမှာမဟုတ်ပေ..။သူက သူမအနားကိုချည်းကပ်သွားမှာ မဟုတ်သလို ..သူမရဲ့ မျက်နှာချင်းဆိုင်တွေ့မှာလည်း မဟုတ်ပါဘူး။
..သို့ပေမယ့် ဒီမှာ ပြသနာတစ်ခု ရှိနေခဲ့တယ်။
အခု ဆန်နီက နိုးထသူတစ်ယောက်ဖြစ်လာပြီ ဆိုတော့..ရိမ်းကို အိမ်မက်ဆိုးအခိုက်အတန့် ကူးစက်နိုင်ချေကလည်း မြင့်တက်လာခဲ့ပါပြီ။သို့ပေမယ့် သူ အချက်အလက်တွေကို မေ့ပျောက်ထားတယ်ဆိုရင်တောင်..ဘယ်လောက်ပဲသေးငယ်ပါစေ..သူမက ပထမအိပ်မက်ဆိုးထဲကို ရောက်သွားနိုင်ချေတွေက ရှိနေပါတယ်။
အခုချိန်မှာ ဆန်နီက ၁၈ နှစ်ဖြစ်ပြီး..ရိမ်းက အသက် ၁၄နှစ်ပါ။အခိုက်အတန့်ရဲ့ ကူးစက်မူကိုခံကြရတဲ့ သားကောင်တိုင်းက..အသက် ၁၄ နှစ်နဲ့ ၁၉ နှစ်ကြားထဲမှာ ရှိကြပါတယ်။ဆိုလိုတာကတော့ ရိမ်းအနေနဲ့ စစ်မှန်တဲ့ အန္တရာယ်တွေကို တွေ့ဖို့အတွက် ၂ နှစ်ကျန်သေးတယ် ဆိုတာပါပဲ။ပြီးတော့ ဒီအရာကို ကျော်ဖြတ်နိုင်ဖို့အတွက်ဆိုရင် ၄ နှစ်လောက် ကျန်ပါသေးတယ်။
တကယ်လိူ့ သူတို့က တစိမ်းတွေလိုဖြစ်နေပြီး တစ်ယောက်အပေါ်တစ်ယောက် အကြွေးတင်နေတာမရှိဘူး ဆိုရင်တောင်..ဆန်နီကတော့ သူမအတွက် သူ့မှာတာဝန်ရှိတယ်လို့ ခံစားနေခဲ့ရတယ်။ဖြစ်နိူင်တာကတော့ သူတို့ခွဲခွာတဲ့အချိနိမှာ ရိမ်းက အရမ်းငယ်သေးလို့ မမှတ်မိပေမယ့်..သူကတော့ အရာအားလုံးကို မှတ်မိနေပါတယ်။သူ့အတွက်တော့ သူမက အိမ်ကနေ ပျောက်ဆုံးသွားခဲ့တဲ့ နောက်ဆုံးအမှတ်တရ ပစ္စည်းလေးပါပဲ။
အခုချိန်မှာ သူ ပထမအိပ်မက်ဆိုးမှာ ရှင်ကျန်ရစ်နိုင်အောင်..၊ ပိုမိုကောင်းမွန်စွာ တိုက်ခိုက်နိုင်အောင်နောက်ကွယ်ကနေကူညီပေးနိုင်တဲ့ စွမ်းအားတွေရှိနေပြီဆိုတော့..သူက ဘာမှမလုပ်ပဲ ဒီတိုင်းထိုင်မနေနိုင်ခဲ့ပေ..။
သို့ပေမယ့် ဒီအရာကိုလုပ်ဖို့အတွက်ဆိုရင် ပထမဆုံးအနေနဲ့ သူက ရိမ်း ဘယ်လောက်အထိ ပြင်ဆင်ထားပြီးပြီလဲဆိုတာကို သိထားဖို့လိုအပ်ပါတယ်။
ဒါကြောင့်သူက သူမရဲ့အိမ်နားမှာ အိမ်တစ်လုံးကို ဝယ်ယူပြီး သူမနဲ့ သူမရဲ့ မိသားစုကို ထောက်လှမ်းနေခဲ့တာပါ။
'အာ..ငါဘယ်တုန်းက ဒီနည်းလမ်းသုံးခဲ့တာလဲ..ဒါက နည်းနည်းတော့ ကြောက်စရာကောင်းတယ်..'
ဆန်နီ မတ်တတ်ထရပ်လိုက်ပြီး သန်းဝေလိုက်တယ်။သူက အရိပ်တွေ ၊ လှည့်ဖြားမူတွေ ၊ သွေးထွက်သံယိုဖြစ်မူတွေကို ကျွမ်းကျင်တဲ့ နိုးထသူတစ်ယောက်ပါ။ဒီမတိုင်ခင်တုန်းကလည်း သူက ဘာမဆိုကိုလုပ်နိုင်တဲ့ လမ်းဘေးကြွက်လေးတစ်ကောင်ပါပဲ။သာမန်လူသားတွေက သူဘာတွေကျော်ဖြတ်ခဲ့ရလဲ ၊ ဘာတွေလုပ်ခဲ့လဲ ဆိုတာနဲ့ ရလာဒ်အနေနဲ့ သူဘာတွေလုပ်နိုင်နေပြီလဲဆိုတာကို မသိကြပေ။
တကယ်လို့ သူတို့သာ သိသွားရင် ကြောက်ရွံ့သွားပါလိမ့်မယ်..။ဒီတော့..နည်းနည်းကြောက်စရာကောင်းတာက နားလည်ပေးလို့ရပါတယ်။
နွေးထွေးတဲ့အနွေးထည်တစ်ထည်ကို ဝတ်ဆင်ပြီး သူက အပြင်ဘက်ကိုလမ်းလျောက်ထွက်လာခဲ့ကာ..သူ့လက်တွေကို အင်္ကျီအိပ်ကပ်ထဲမှာ ထည့်ထားခဲ့တယ်..။သူက အများသုံးသယ်ယူပို့ဆောင်ရေးဘူတာရုံ ဆိီကိုသွားနေခဲ့တာပါ။
သူ့အရိပ်ကတော့ ရှေ့ဘက်မီတာတစ်ရာလောက်မှာ ရှိနေပြီး..ရိမ်းနောက်ကိုလိုက်ကာ..သူမကိုစောင့်ကြည့်နေခဲ့ပါတယ်။ဘယ်သူကမှ သူ့ရဲ့တည်ရှိမူကို အာရုံခံနိင်စွမ်း မရှိကြပေ။
ဆန်နီသက်ပြင်းချပြီး တိမ်ထူနေတဲ့ ကောင်းကင်ကြီးကို ကြည့်လိုက်တယ်။
'ကျောင်းကိုသွားရတော့မယ်..အဲလိုထင်တာပဲ..'
***
ရိမ်း ရဲ့ကျောင်းကအတော်လေးကို အဆင့်မြင့်တဲ့ကျောင်းတစ်ခုပါ။ဒီစီရင်စုမှာရှိနေတဲ့ အိမ်တွေရဲ့ စျေးနှုန်းကိုကြည့်မယ်ဆိုရင်..၊ သူမရဲ့ မိသားစုက အတော်အသင့်ချမ်းသာမယ်ဆိုတာကို သိနိုင်မှာပါ။သို့ပေမယ့်..ကြည့်ရတာတော့..ဆန်နီက သူတို့ရဲ့ ချမ်းသာမူ ဒါမှမဟုတ် အဆက်အသွယ်ကို လျော့တွက်မိခဲ့တဲ့ပုံပါပဲ။
ကျောင်းက အကောင်းဆုံးတစ် တစ်ခုမဟုတ်ပေမယ့်အတော်လေးကို နီးစပ်မူရှိပါတယ်။ဒါက အစိုးရအရာရှိတွေ နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သားသမီးတွေ တက်ရောက်ဖို့အတွက် လုံလောက်မူရှိပါတယ်။ဒါပေါ့ အများစူအနေနဲ့ပါ။သူတို့ရဲ့ ပညာရေးအောင်မြင်မူကြောင့် လာရောက်တက်ရောက်နေတဲ့ကလေးတွေလည်း ရှိပုံပေါ်ပေမယ့်..ကွဲပြားခြားနားမူကို လုပ်ဖို့အတွက်တော့ မလုံလောက်ပေ။
အစိုးရအရာရှိတွေရဲ့ ကလေးတွေက ရိမ်းလိုမျိုး အများသုံးသယ်ယူပို့ဆောင်ရေး ယာဥ်တွေနဲ့ ရောက်လာခဲ့ကြပြီး..ချမ်းသာတဲ့လူတွေကတော့ စျေးကြီးတဲ့ PTV ကားတွေ ၊ ကိုယ်ပိုင်ဒရိုက်ဘာတွေနဲ့ ရောက်လာခဲ့ကြပါတယ်။
အစောင့်အကြပ်တွေ အများကြီးချထားတဲ့ ကျောင်းဝင်ပေါက်ရဲ့အဝေးမှာ ဒါမှမဟုတ် တစ်ကီလိုမီတာလောက်ဝေးတဲ့ ကဖေးဆိုင်မှာ ထိုင်လိုက်ပြီး..ဆန်နီဟာ လေချွန်ချင်စိတ်ကို ထိန်းချုပ်ထားခဲ့ရတယ်။
'ဒါက..တကယ်ကို ဒရမ်မာဇာတ်ကားလိုပဲ။ဒီနေ့ တစ်စုံတစ်ယောက်ကဘမျက်နှာ ဖြတ်ရိုက်ခံရမှာကို မြင်ရမှာလား မသိဘူး..'
ပျော်ရွှင်နေတဲ့အရိပ်ကတော့ ရိမ်း ရဲ့ နောက်ကနေလိုက်ပြီး လျိုဝှက်စွာပဲ အရိပ်တစ်ခူကနေ တစ်ခုထဲကို သွားလာနေခဲ့တယ်။ယင်းနောက် သူက အခွင့်ကောင်းတစ်ခုကို ရှာဖွေလိုက်ပြီး..ရိမ်း ရဲ့အတန်းဖော်တွေထဲက တစ်ယောက်ရဲ့ အရိပ်ထဲကို ဝင်လိုက်ပါတယ်။
ဆန်နီက သက်သောင့်သက်သာပဲ..မုန့်နည်းနည်းနဲ့ ရေနွေးတစ်အိုး မှာလိုက်တယ်..။
သူက ကျောင်းတက်ပြီးအချိန်ဖြုန်းရတော့မယ်ဆိုတာယုံတောင်မယုံနိုင်တော့ပါဘူး။ဒါက အတော်လေးကို ထူးဆန်းတဲ့အပြုအမူတစ်ခုပါ။အကယ်ဒမီမှာကုန်ဆုံးခဲ့တဲလကို ထည့်မတွက်ရင် သူ ကျောင်းမတက်ခဲ့ရတဲ့အချိန်က..ဆယ်နှစ်ကျော်လောက် ရှိပါပြီ။
'ကောင်းပြီလေ..ဒါက စိတ်ဝင်စားဖို့တော့ ကောင်းသင့်တယ်...'