← Chapters

အမည်းလေးဒေါသထွက်ခြင်းရဲ့ ရလဒ်ပြင်းထန်မှု

Vol. 96 Ch. 1334

အမည်းလေးဒေါသထွက်ခြင်းရဲ့ ရလဒ်ပြင်းထန်မှု

Vol. 96 Ch. 1334

အားလုံးသည် ရှီမာယူယူကိုကြည့်လိုက်ရာ သူမသည် ထိုလမ်းကြောင်း ပေါ်သို့ရောက်နေပြီကိုတွေ့လိုက်ရသည်။ သူမသည် ကွင်းရှိရာသို့ လာလိုက် သည်။

သို့သော် သူတို့ရောက်သည့်အချိန်တွင် မြူခိုးမည်းသည် နောက်ဆုတ်ရန် မကြိုးစားတော့ဘဲ နောက်ဆုံးအားထုတ်မှုနှင့်အတူ တိုက်ခိုက်ရန်ကြိုးစားနေ သည့်ပုံပင်။

ရှီမာယူယူသည် နောက်ဆုံးတွင် ကန်အားမြင်လိုက်ရကာ မြူခိုးမည်း များသည် ထိုနေရာသို့ဆုတ်ခွာသွားကြလေသည်။ စဉ်းစားကြည့်ရာ ထိုအရာ များသည် ကန်အတွင်းမှလာခြင်းဖြစ်ရမည်။

“မိန်းကလေး အဲဒါတွေအကုန်လုံးကိုကန်ထဲကို မောင်းထုတ်လိုက်” ကျန်းဟောက် အမိန့်ပေးလေ၏။

ရှီမာယူယူ နှုတ်ခမ်းများကိုတွန့်လိုက်သည်။ ဒီလူကဘာမှမလုပ်ဘဲနဲ့ သူမ ကိုအမိန့်ပေးနေတာလား။ ထိုအသံနေအသံထားသည် သူမကို စိတ်ဆိုးစေ သည်။

အမည်းလေးလည်း စိတ်ဆိုးသွားပုံရကာ ရှီမာယူယူ၏ ရင်ခွင်ထဲမှ ခုန်ဆင်းလိုက်သည်။ သူသည် ထိုနေရာတွင်ပင် မလှုပ်မယှက်ထိုင်နေလေ သည်။

သူ ထိုင်လိုက်ချိန်တွင် အားလုံးသည်ကြည့်ရင်းနှင့် မှင်တက်သွားကြလေ သည်။ သူ အဲဒီအရာကို ပြန်ပြီးနှင်ထုတ်နေတာလေ ဘာလို့အခုမလှုပ်တော့တာ လဲ။

“မိန်းကလေး ဘာဖြစ်တာလဲ”

ရှီမာယူယူသည် ခေါင်းငုံ့ပြီး အမည်းလေးအား ကြည့်လေသည်။ ထိုကောင်လေး ဒေါသထွက်သွားသည်ကို သူမ သိသည်။

“အမည်းလေး ဘာဖြစ်လို့လဲ ဆက်သွားလေသည်”

“ဝုတ် ဝုတ် ဝုတ်”

အမည်းလေးသည် သူမကို ဟောင်ပြီး အမြီးနှံ့ပြီးနောက်တွင် ပြန်ထိုင်ကာ လှုပ်ရှားရန် ငြင်းဆိုလေသည်။

“မိန်းကလေး အခုပြီးလုနီးပါးဖြစ်နေပြီလေ၊ အရေးကြီးတဲ့နေရာရောက်မှ ဝေ့မနေနဲ့” ကျန်းဟောက်သည် ပါးစပ်ဟ,လာပြန်သည်။

ရှီမာယူယူ ပို၍စိတ်တိုသွားသည်။ သူမ စိတ်တိုလေလေ အမည်းလေး လည်း စိတ်ဆိုးလေလေဖြစ်လေသည်။ သူမတ်တတ်ထကာ ကျန်းဟောက်ကို နှစ်ကြိမ်မျှဟောင်ပြီးနောက် ပြန်လှဲလိုက်သည်။

“သူ… သူလှဲလိုက်တာလား”

“သူက စိတ်ကောက်သွားတာလား”

အမည်းလေး ထိုသို့ပြုမူနေသည်ကို အားလုံး ကြည့်နေကြသည်။ အရေးကြီးသည့်အချိန်သာ မဟုတ်ပါက သူတို့သည် သေချာပေါက်ရယ်မိကြ မည်။

“မိန်းကလေး အချိန်ကလူကိုမစောင့်ဘူးနော်၊ မြန်မြန်လုပ်သင့်…”

ကျန်းဟောက် ပြော၍မပြီးခင်မှာပင် အမည်းလေးသည် ချက်ချင်းပင် သူ့ကိုမျက်လုံးလှိမ့်ပြပြီး လှဲချကာ အိပ်တော့သည်။

“ဒါက…”

အားလုံး မှင်တက်သွားကြသည်။ အခုမှပင် အမည်းလေးသည် ကျန်းဟောက်ကို မကျေမနပ်ဖြစ်ကြောင်း ပြောနိုင်ကြတော့သည်။

ကျန်းဟောက်လည်းသိသွားရာ သူ၏ မျက်နှာအမူအရာသည် အလွန်ပင် မည်းနက်သွားလေတော့သည်။ ထိုမျက်နှာသည် အမည်းလေး၏ ခန္ဓာကိုယ်က အမွေးနှင့်ပင် ယှဉ်၍ရနေသည်။

သို့သော် သူ စကားမများနိုင်ဘဲ လူရိုင်းတစ်ယောက်ကဲ့သို့ဖြစ်နေသည်။ သူသည် ဘေးတွင်သာရပ်နိုင်ကာ ရှီမာယူယူကို မေးလိုက်သည် “မိန်းကလေး ဘာတွေဖြစ်နေတာလဲ”

“ကျွန်မလည်း မသိဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “သူက ကျွန်မနဲ့ စာချုပ်တည်ထောင်ထားပေမဲ့ သူဘာတွေစဉ်းစားနေလဲ နားမလည်နိုင်သေးဘူး သူ ဒီအထိလိုက်လာပြီးတော့ ပင်ပန်းသွားတာဖြစ်မယ်”

သူမ ထိုသို့ပြောပြီးနောက်တွင် ကျန်းဟောက်သည် တိုက်တွန်းရန် ခက် သွားလေသည်။ အမည်းလေး ထိုအရာကိုတွန်းထုတ်ပြီး ဤနေရာကို ရောက်သည်အထိ သူတို့အဖွဲ့သည် ဘာမှမလုပ်ခဲ့ပေ။ အဲဒီအမည်းလေး ကြာတာကို စောဒကတက်လိုက်လို့များလား။ အနားတောင်မပေးလိုက်လို့များ လား။

သို့သော် အမည်းလေးမပင်ပန်းသည်ကို အားလုံးပြောနိုင်ကြသည်။

“သူ နှစ်ကြိမ်လောက်ပဲဟောင်လိုက်တာပါ ဘယ်လိုလုပ်ပင်ပန်းမှာလဲ၊ မင်းကို ကောင်းကောင်းလေးစဉ်းစားပေးလို့ ဒီပြဿနာကိုဖြေရှင်းခိုင်းတာ အရမ်းစိတ်ကြီးဝင်မသွားနဲ့” ယောက်ျားတစ်ယောက်သည် မကျေမနပ်ဖြင့် အော်လေသည်။

ဝူမန်နှင့် မောင့်ရှားတို့ ထိုအကြောင်းကိုကြားသောအခါ တီးတိုးကျိန်ဆဲ ပြီးနောက် ထိုအမျိုးသားကို စိုက်ကြည့်လိုက်သည်။ သူတို့ ဘာမှမပြောခင်ပင် ရှီမာယူယူ အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်ကို မြင်လိုက်လေသည်။ “အဲလိုဆိုမှတော့ ရှင်အော်လိုက်လေ ရှင့်အော်သံကိုကြားပြီးတာနဲ့ အဲဒါကြီးက နောက်ပြန်ဆုတ်သွားမလားဆိုတာ ဘယ်သူသိနိုင်မလဲ”

ပြောပြီးနောက်တွင် သူမ ဆောင့်ကြောင့်ထိုင်ကာ အမည်းလေးကို ဖက်ပြီး ပြန်လျှောက်လာလိုက်သည်။

သူမ လျှောက်ထွက်လာသည်နှင့် အတားအဆီးသည် မခံနိုင်တော့ပေ။ မြူခိုးမည်းများသည် စတင်နီးကပ်လာရာ အနီးတွင်ရှိနေသောထိုလူများသည် မိုးပေါ်သို့ အမြန်ပျံပြေးကြလေသည်။

“ကျန်းဟောက် မင်း စကားမပြောရင် မင်းကိုဘယ်သူမှ ဆွံ့အတယ်လို့ ထင်မှာမဟုတ်ဘူး” မောင့်ရှားသည် သူ့ကိုငေါက်ငမ်းလိုက်သည်။

“ငါ…” ကျန်းဟောက်ဟုခေါ်သောသူမှာ ပြန်ချေပချင်သော်လည်း အားလုံးသူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ပြောမည့်စကားများကို ပြန်မျိုချရလေသည်။

“မိန်းကလေး ဒေါသမထွက်ပါနဲ့ ကျန်းဟောက်က အပြောအဆိုမတတ်လို့ ပါ” ကျန်းဟောက် ပြောလိုက်သည်။

“အပြောအဆိုမတတ်ဘူးဟုတ်လား ကျွန်မတော့ အဲလိုမထင်ပါဘူး” ရှီမာယူယူသည် ကျန်းဟောက်ကို ကြည့်လိုက်သည် “အကုန်လုံးက ဒီမှာ ပိတ်မိ နေတာကို၊ ကျွန်မ စဉ်းစားနေတာ… ကျွန်မဘာမှမလုပ်ဘဲ မြို့ထဲကလူတွေ အကုန်ပါဝင်ပြီး သေတဲ့အထိစောင့်ရင်တောင် ကျွန်မကဘာမှဖြစ်မှာမဟုတ်ဘူး၊ အဲဒါကြောင့် ကျွန်မက ကူညီဖို့ရွေးလို့ရသလို မကူညီပဲနဲ့လည်းနေလို့ရတယ်၊ ဒီလူက ခုနက ကျွန်မကိုနှစ်ခါတောင် အော်ခဲ့တယ်၊ သူလည်း လုပ်နိုင်စွမ်းရှိလို့ ဖြစ်မယ်လို့ ကျွန်မမှန်းမိတယ်၊ ကျွန်မတို့ကို ဒီမှာမလိုမှတော့ ထွက်သွားလိုက်ပါ တော့မယ်”

ပြောပြီးနောက်တွင် သူမသည် အမည်းလေးကိုဖက်ပြီး ထွက်သွားမည် ပြုသည်။

ထိုအခိုက်တွင် အားလုံးသည် ကျန်းမျိုးနွယ်ဝင်များကို မကျေနပ်တော့ ပေ။ အစောပိုင်းက ထိုမိန်းကလေးကို စိတ်ကသိကအောက်ဖြစ်ရန်လုပ်သည်မှာ သေချာပေါက် ကျန်းဟောက်ဖြစ်သည်။ အခု သူသည် သူမကိုထိုအတိုင်းပင် ထပ်ပြောနေသေးသည်။ သူတို့သာဆိုပါက ထွက်သွားလိုက်မည်။

“မိန်းကလေး ဒေါသမထွက်ပါနဲ့” မောင့်ရှားသည် ရှီမာယူယူအား လက်သီးဆုပ်ဖြင့် လက်အုပ်ချီလေသည်။

“ကျွန်မ ဒေါသမထွက်ပါဘူး၊ အမည်းလေးရဲ့အားက အရမ်းနည်းနေပြီး ကူညီဖို့မဖြစ်နိုင်ဘူးလို့ ကျွန်မစဉ်းစားလိုက်တာပါ” ရှီမာယူယူသည် အေးစက် စွာ ပြုံးလိုက်သည်။

တားမြစ်ဧရိယာတွင် ဖြစ်ပေါ်သည့်ကိစ္စဖြစ်နေကာ သာမန်အစောင့်များမှ လွဲပြီး သူတို့အားလုံးသည် ဩဇာရှိသောရာထူးများရှိသူများဖြစ်ကြသည်။ သူတို့ က ဘယ်တုန်းက ဒီလိုသဘောထားကို သည်းခံဖူးလို့လဲ။ သို့သော် ရှီမာယူယူ ထိုသို့ ပြုမူသည်နှင့် သူတို့သည် ဓားကိုပြန်သိမ်းကာ သူမကို လက်ညှိုးထိုးရန် လည်းမဖြစ်နိုင်တော့ပေ။

သူတို့သည် ထိုသို့မပြုလုပ်နိုင်သည်သာမက သူမကိုပါကျေအေးအောင် လုပ်ရတော့မည်။ အကြောင်းမှာ သူတို့အသက်များသည် လက်ရှိတွင် သူမလက် ထဲတွင်ရှိနေသည်။

“အဲလိုမရဘူးလား အမည်းလေးမှာ ဝိညာဉ်စွမ်းအင်မရှိဘူးလို့ ငါ့ညီမလေး ပြောတယ်လေ အဲဒါကြောင့် လွယ်လွယ်နဲ့ပင်ပန်းလွယ်တာပေါ့၊ အဲလောက် ကြောက်စရာကောင်းတာကြီးကို ဒီလောက်ထိအောင် တွန်းပို့ရမှတော့ အမည်း လေးလည်း ပင်ပန်းပြီလေ” ရှီယူ ပြောလိုက်သည် “ညီမလေး မင်း မပင်ပန်းဘူး လား မြန်မြန် အစ်မကြီးနဲ့ပြန်လိုက်ခဲ့”

မြောက်ပိုင်းမြို့မှလူများသည် ရှီယူကို သိကြသည်။ သို့သော် ရှီမာယူယူကို ညီမလေးဟု ခေါ်လိုက်သည်ကိုမြင်သောအခါ နားမလည်နိုင်ဖြစ်သွားသည်။ ရှီမျိုးနွယ်မှာ ဘယ်တုန်းက သမီးတစ်ယောက်ထပ်မွေးလိုက်တာလဲ။

ရှီမျိုးနွယ်ဝင်များသည် ရှီယူကို သတိထားမိသည်မှာကြာပြီဖြစ်သည်။ သို့သော် သူမသည် ဝူမန်ဘက်တွင်ရပ်နေသောကြောင့် သူမအနားကို မည်သူမှ မသွားခဲ့ပေ။ ရှီမာယူယူကို သူမ၏ ညီမလေးဟု ခေါ်သည်ကိုကြားလိုက်သည် နှင့် ရှီမျိုးနွယ်ဝင်များသည် မတုံ့ပြန်နိုင်တော့ပေ။

“အဖေ ညီမလေးမှာ ဘယ်တုန်းက ညီမလေးနောက်တစ်ယောက်ရှိသွား တာလဲ၊ ကျွန်တော်တို့တောင် ဘယ်လိုလုပ်မသိရတာလဲ၊ အဖေ အပြင်ကသမီး ကိုခေါ်လာတာတော့ မဟုတ်ဘူးမလား အမေသိရဲ့လား” ရှီယူ၏ အစ်ကို၃သည် ရယ်မောပြီးမေးလေသည်။

ရှီယူ၏ ဖခင်၊ ရှီကုန်းသည် ဒေါသထွက်သွားပြီး သူ့သားကိုကြည့်ကာ ပြောလိုက်သည် “မင်းညီမလေးက အဆော့မက်တာကို မင်းကလည်း အဲလိုဖြစ် နေပြီလား”

“အဲဒီမိန်းကလေးက ညီမလေးအပြင်မှာ ဆော့ရင်းနဲ့တွေ့လာတာဖြစ်မယ် ဒါပေမဲ့ အခုကြည့်လိုက်တော့ ညီမလေးက သူမကိုကာကွယ်ပေးနေတာပဲ” ရှီမျိုးနွယ်၏ အကြီးဆုံးသားပြောလိုက်သည်။

“ဟော်ပိုက ဘာလို့သတင်းပြန်မပို့တာလဲ၊ အဲဒါဘယ်သူလဲ” ရှီမျိုးနွယ်၏ ဒုတိယသားက မျက်မှောင်ကြုတ်လိုက်သည်။ အပေါ်ကိုတက်ဖို့အတွက် သူမ ဇစ်မြစ်ကိုငှားသုံးတဲ့လူမဟုတ်ရင်ကို တော်နေပြီ။

“ဟော်ပိုက သတင်းကိုပြန်မပို့ဘူး၊ ဆိုလိုတာက ညီမလေးက သူ့ကိုမပို့ ခိုင်းတာလား မဟုတ်ရင် သူတို့တွေ့တာမကြာသေးလို့လား” ရှီမျိုးနွယ်၏ အကြီးဆုံးသား ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ညီမလေးက သူမကို ဆက်ဆံတာ တခြားသူတွေနဲ့မတူဘူး”

ထိုကဲ့သို့အချိန်မျိုးတွင်ပင် ရှီယူ ကာကွယ်ပေးလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမကို ရှီယူကူညီပေးသည်ကို မြင်သည်နှင့် အလျင်အမြန်ပင် ခေါင်းညိတ်ကာ အမည်းလေးကိုဖက်ပြီး လျှောက်လာလိုက်သည်။

“အဲတော့ မင်းက သခင်မလေးရှီကိုး၊ သခင်မလေးရှီ ကြည့်လိုက် မင်းအဖေလည်းရောက်နေတယ်၊ တစ်ခုခုသာဖြစ်သွားရင် သူလည်း လွတ်မှာ မဟုတ်ဘူး” မောင့်ရှားသည် ရှီမျိုးနွယ်ရှိရာဘက်သို့ ညွှန်ပြရင်းပြောလိုက်သည်။

ရှီမာယူယူကြည့်လိုက်ရာ ရှီယူနှင့်ရုပ်ဆင်သော လူတချို့ကိုမြင်လိုက်ရ သည်။

“အိုး အဖေ ဘယ်တုန်းက အကုန်လုံးဒီကိုရောက်နေတာလဲ၊ ညီမလေး အဖေရောက်နေတယ် မစိုးရိမ်နဲ့ နင် ပင်ပန်းရင် ငါတို့အိမ်ပြန်ပြီးနားကြမယ်” ရှီယူသည် မှီခိုရမည့်လူတွေ့သည့်အလား ပြုမူနေသည်။ သို့သော် တကယ်တော့ ရှီမျိုးနွယ်မှ သူတို့မျက်နှာဖုံးကို ခွာမချရန်ပြောနေခြင်းဖြစ်သည်။

***

All Chapters