ငါကဒီအတိုင်းပဲ၊ ဘာလို့ငါ့ကိုမကိုက်တာလဲ
Vol. 96 Ch. 1336
ရှီကုန်းပါ ထိုကဲ့သို့ပြောလာမည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမသည် ခေတ္တမျှ ငေးငိုင်သွားကာ တောက်ပစွာပြုံးလိုက်သည်။
“ကျေးဇူးတင်ပါတယ်… မွေးစားအဖေ” သူစိမ်းတစ်ယောက်ကို ခေါ်ရာ တွင် အနည်းငယ်ခပ်ရွံ့ရွံ့တော့ဖြစ်မိသည် “မွေးစားအဖေ”
“ရှီကုန်း ဒါအဆင်ပြေလို့လား” လူတစ်ယောက်သည် မကျေနပ်ပေ “အခြေအနေက အရေးကြီးနေတာ၊ အဲဒါကိုသေချာမဖြေရှင်းဘူးဆိုရင် အကုန် လုံး စိတ်အေးမှာမဟုတ်ဘူး”
“ဟုတ်တယ် ရှီကုန်း ဒါက တစ်မြို့လုံးက လူတွေရဲ့ဘေးကင်းမှုနဲ့ ဆိုင်နေ တာနော်၊ ဒီလိုလုပ်တာ မင်းအတွက်မကောင်းဘူး”
“ဟုတ်တယ်”
“…”
ရှီမာယူယူသည် ဘေးဘီကို အကဲခတ်ကြည့်လိုက်သည်။ ထိုစကားပြော လိုက်သူများမှာ ကျန်းမိသားစုနှင့်အတူရှိသူများသာဖြစ်သည်။ သူတို့သည် ကျန်း မိသားစုမှ မဟုတ်လျှင်တောင်ပိုင်းမြို့မှဖြစ်မည်။
သူမကို မကျေနပ်တာနဲ့ ရှီမိသားစုကို ပစ်မှတ်ထားနေတာလား။ သူမကို ရန်လိုသည်နှင့်ပင် တခြားမိသားစုကိုပါ တွယ်ငြိနေလိမ့်မည်ဟု သူမ ထင်မထား ပေ။ သူမ စကားပြောမည်အလုပ်တွင် ရှီကုန်း ပုံမှန်မျှသာတုံ့ပြန်သည်ကို ကြား လိုက်သည် “အဲဒါက ကျုပ်တို့ကိုဘယ်လိုလုပ် စိတ်ပူစေမှာလဲ၊ မင်းတို့မှာ တရား မျှတမှုရှိတယ်ဆိုရင် မင်းတို့ပဲသွားကြလေ၊ မြို့ကလူတွေက မင်းတို့ကိုကျေးဇူး တင်မှာပဲ”
ရှီမာယူယူသည် မျက်ခုံးပင့်ကာ ရှီကုန်းကို ထူးဆန်းသလိုကြည့်လေ သည်။ ထို “မွေးစားအဖေ” ဆိုသောအသံသည် တခြားသူများနှင့် မတူပေ။ သူမ အသံသည်… လူများကို ပျော်ရွှင်အောင်လုပ်နိုင်သည်။
“ရှီကုန်း ဘာအဓိပ္ပာယ်လဲ” ထိုလူများသည် ရှီကုန်းပြောလိုက်ခြင်းကြောင့် နင်သွားကာ အသက်မရှုနိုင်လောက်နီးပါးဖြစ်သွားလေသည်။
“သဘောပြောပြတာပါ” ရှီကုန်း ပြောလိုက်သည် “မင်းတို့က လူတွေရဲ့ ဘေးကင်းမှုကို စိုးရိမ်တယ်ဆိုရင် ချက်ချင်းပဲသွားပြီး ပြဿနာကိုဖြေရှင်းလိုက် လေ၊ အဲလိုဆိုရင် အကုန်လုံးက မင်းကိုပဲသေချာပေါက် ကျေးဇူးတင်မှာပဲ”
“ငါတို့သာ အဲဒီဟာကြီးကို ပြန်ပို့ပေးနိုင်ရင် ဒီမှာအချိန်ဖြုန်းမနေဘူး၊ မြို့ထဲကလူတွေရဲ့ အသက်ကိုမကစားဘူး” ထိုလူပြောပြီးသည်နှင့် ရှီမာယူယူ ကို တစ်ချက်ကြည့်လေသည်။
သူ၏ ဆိုလိုရင်းမှာ သိသာနေသည်။ တခြားသူများမလုပ်နိုင်သည့်အရာ ကို လုပ်နိုင်သည့် ရှီမာယူယူသည် အချိန်ဖြုန်းနေသည်။ သူမက မြို့ထဲကလူတွေ ရဲ့အသက်ကို အလေးအနက်မရှိဘူး။
“အိုး မင်းမှာ အဲလိုလုပ်နိုင်စွမ်းမရှိတာတော့ သိတာပဲ” ရှီကုန်းသည် ထိုလူ အား စိတ်မဝင်စားသလိုကြည့်လိုက်သည် “ကိုယ့်မှာ လုပ်နိုင်စွမ်းမရှိရင် ကိုယ်နဲ့ မယှဉ်နဲ့လေ၊ မလုပ်နိုင်ဘူးလို့ပြောတာက စိတ်ဝင်စားစရာကောင်းလို့လား”
“ဖူး….” ရှီမာယူယူသည် ရယ်ကွဲလေတော့သည်။ သူက တကယ် လျှာစောင်းထက်ပြီး ဟာသပြောတတ်တာပဲ။
သူက အဲလူတွေကို ပြစ်မှားဖို့ကိုမကြောက်ဘူးပဲ။
သို့သော် သူကာကွယ်ပေးသည်မှာ သူမကြောင့်ဖြစ်စေ ရှီယူကြောင့် ဖြစ်စေ သူမ ထိုစိုးရိမ်မှုကိုနားလည်ပေးနိုင်သည်။
“ရှီကုန်း မင်းတို့ရှီမိသားစုက လူတွေသေတာကိုထိုင်ကြည့်နေချင်တာ လား မင်းတို့ဘာတွေလုပ်နေတာလဲ၊ ရှီမိသားစုက မြောက်ပိုင်းမြို့မှာ ထိပ်တန်း မိသားစုလို့ ကြားဖူးထားတာကြာပြီ၊ မြို့ထဲကလူတွေက မင်းမျက်လုံးထဲတောင် မရှိဘူးလား”
ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ ရောင်ဝါမှာ ပို၍ အေးစက်လာသည်။ သူမသည် ထိုစကားပြောလိုက်သူကို ကြည့်ပြီး ထေ့ငေါ့စွာ ပြောလိုက်သည် “ရှင်က မြို့ထဲကလူတွေအသက်ကို ဂရုစိုက်တာလို့ မထင်ဘူး”
“ဘာမဟုတ်တာတွေပြောနေတာလဲ”
“ကျွန်မက ဘာကိုမဟုတ်တာတွေပြောရမှာလဲ” ရှီမာယူယူ နှာမှုတ်လိုက် သည် “ဒီမှာဆို ကျွန်မကအပြင်လူပဲ၊ သူတို့ကို ကျွန်မမွေးစားမိသားစုအဖြစ် လက်ခံတာမကြာသေးဘူး၊ အမှန်အတိုင်းပြောရရင် ကျွန်မက တစ္ဆေမြို့တော် ကို သိပ်သဘောမကျဘူး၊ လူတွေရဲ့ သေခြင်းရှင်ခြင်းက ကျွန်မအတွက် အရေး မကြီးဘူး”
သူမ ထိုသို့ပြောလိုက်သောအခါ လူများ၏ မျက်နှာမှာ ပြောင်းလဲသွားကြ လေသည်။ သူမသာ ထိုသို့တွေးရင် အားလုံးကိုကယ်ဖို့ ဘယ်လိုတောင်းဆိုတော့ မလဲ။
မဆိုင်တဲ့လူတွေအတွက် ဝင်ပါတဲ့ ကျင့်ကြံသူဘယ်နယောက်များရှိလို့ လဲ။
ရှီမာယူယူ လှည့်ပတ်ကြည့်ပြီး ဆက်ပြောလေသည် “စိတ်မဆိုးကြပါနဲ့ ကျွန်မက ယုတ်မာတယ်လို့ စဉ်းစားနေကြတာလား၊ နောက်တစ်ဖက်ကနေ စဉ်းစားကြည့်ရအောင် ရှင်တို့သာဆိုရင် တခြားသူတွေအတွက် သေချာပေါက် ကို ရပ်တည်မှာလား”
လူအများစုမှာ နှုတ်ဆိတ်နေကြသည်။ သူတို့သာဆိုလျှင် တွေဝေမှုမရှိဘဲ ဝင်ပါမှာလား။
“ခုနက ကျွန်မသာ ဝင်မပါလိုက်ရင် တစ္ဆေမြို့ကြီးက တကယ်ပဲ တစ္ဆေမြို့ ဖြစ်သွားမှာကိုတောင် ကြောက်သေးတယ်” ရှီမာယူယူ သူတို့ကိုလျစ်လျူရှု လိုက်သည် “ကျွန်မလုပ်လိုက်တာက မွေးစားအဖေနဲ့ သူတို့ကိုကာကွယ်ချင်ရုံ အပြင်မပိုဘူး၊ အဲလိုနဲ့ တစ္ဆေမြို့တော်ကလူတွေကို အလိုက်သင့်လေးကယ်ပေး လိုက်တာပဲ၊ မွေးစားအဖေတို့သာ ဒီမှာမရှိရင် ကျွန်မဝင်ပါစရာမလိုဘူး၊ အဲဒါ ကြောင့် တစ္ဆေမြို့တော်တစ်မြို့လုံးက ဆင်ဖြူတော်မှီပြီးကြုံစုပ်တာပဲ၊ အဲလိုဆို မှတော့ သူတို့ကို အပြစ်တင်ပြီး ကျွန်မကိုဒေါသထွက်ဖို့ အရည်အချင်းမှီရဲ့လား၊ ကျွန်မကတော့ ဘာကိုမှဂရုမစိုက်ဘူး၊ ပြောပါဦး ရှင်တို့က လူတွေရဲ့ဘဝကို လျစ်လျူရှုတဲ့သူတွေလား”
“မင်း…”
“ဘာကိုမင်းလဲ” ရှီမာယူယူ စကားဖြတ်ပြောလေသည် “ကျွန်မပြောတာ မှားလို့လား”
“မင်းလက်ထဲမှာ လူတွေအများကြီးရဲ့အသက်ရှိတာ ဘယ်လိုလုပ် တစ်ကိုယ်ကောင်းဆန်ရတာလဲ” ကျန်းဟောက် ပြန်တုံ့ပြန်လာသည်။
“ကျွန်မက တစ်ကိုယ်ကောင်းဆန်တယ်ဟုတ်လား” ရှီမာယူယူသည် သူတို့ကိုကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည် “ရှင်တို့ တစ်ခုခုမှားနေပြီထင် တယ်”
“ဒါဆို ဘာလဲ”
“ရှင့်အသက်က ကျွန်မအတွက်ဘာလဲ၊ ရှင်တို့အားလုံးကို ကယ်လိုက်လို့ ရှင်က အစေခံဖြစ်ပေးပြီး ကျွန်မကိုအလုပ်အကျွေးပြုချင်တာလား၊ မဟုတ်ရင် ကျွန်မ ရှင်တို့ကိုကယ်ပေးတဲ့အတွက် မရေတွက်နိုင်တဲ့ ကောင်းကင်ရတနာ တွေ ပေးချင်တာလား” ရှီမာယူယူ နှာမှုတ်လိုက်သည် “ရှင်တို့ကို ကယ်ပေးဖို့က ကျွန်မလုပ်ပိုင်ခွင့်ပဲ တာဝန်မဟုတ်ဘူး”
ကျန်းဟောက်တို့ အဖွဲ့၏မျက်နှာများ အကျည်းတန်သွားလေသည်။ သို့သော် သူတို့သည် ငြင်းချက်ထုတ်မရပေ။
“မင်းဘာလိုချင်တာလဲ” ကျန်းဟောက် မေးလိုက်သည်။
“အဲဒါက… လက်တိုလက်တောင်းကျန်းလား” ရှီမာယူယူသည် ကျန်းဟောက်ကို ကြည့်လိုက်သည် “ကျွန်မဘာမှမလိုချင်ပါဘူး၊ ရှင့်အသံက လည်း ကျွန်မကပဲ အမြတ်ထုတ်နေတာကျနေတာပဲ”
“ဒါဆိုရင် မင်းကဘာလုပ်မလို့လဲ”
“ဘာမှမလုပ်ဘူးလေ” ရှီမာယူယူသည် အပြစ်ကင်းစွာ အော်လိုက်သည် “ကျွန်မ ပင်ပန်းလို့အနားယူချင်တယ်လို့ပဲပြောတာလေ၊ ဒါပေမဲ့ ရှင်က ဘာမှ မလုပ်ဘဲနဲ့ ကျွန်မမွေးစားအဖေတို့ကို မလိုအပ်တဲ့စွပ်စွဲချက်တွေလုပ်ချင်နေ တယ်နဲ့တူတယ်၊ ပြီးတော့ အမွေးစားအဖေတို့က အကြောင်းမရှိဘဲနဲ့ ရှင်တို့ရဲ့ ယိုးစွပ်ခြင်းကိုခံနေရတယ်၊ မွေးစားသမီးတစ်ယောက်အနေနဲ့ ကျွန်မက ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ၊ ကျွန်မသာ ဘာမှမလုပ်နိုင်ဘူးဆိုရင် အနည်းဆုံးတော့ မွေးစားအဖေတို့ အပြစ်တင်မခံရဘူးလို့ တွေးမိလို့ပါ”
“ဟား…”
ရှီမိသားစု အားလုံးကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ သူမ ဘာမှ မလုပ်ပါက ရှီမိသားစု အပြစ်တင်မခံရဟု ရှင်းလင်းစွာပြောလိုက်သောစကား သည် သူမ ရွဲ့နေသည်ကို အားလုံးပြောနိုင်ကြသည်။ သူမ တစ်ယောက်တည်းပဲ အဲဒါကို မောင်းထုတ်နိုင်တာလေ၊ ဘယ်လိုလုပ် ဘာမှမလုပ်နိုင်ရမှာလဲ။
ဒါပေမဲ့ ဒီမိန်းကလေးက သူတို့ကိုကာကွယ်ဖို့ သူမကိုယ်သူမ တစ်ကိုယ် ကောင်းဆန်ပြနေတာလေ။
သူတို့က ဒီမိန်းကလေးကာကွယ်တာကိုခံနေရတာပဲ။ ဒါက သမိုင်း ကြောင်းမှာ ပထမဆုံးအကြိမ်ပဲ။ သူများတွေ ပြောတာကို သူတို့ဂရုမစိုက်ပေမဲ့ သူတို့ကိုကာကွယ်ပေးတဲ့သူရှိတာတော့ ခံစားလို့ကောင်းတယ်။
တခြားသူများသည် မိသားစုအင်အားကိုသာ တွေးကြသည်။ သူမသည် မတူပေ။ အဲဒါကြောင့် သူတို့ရဲ့ညီမလေးက သူမကိုအဲလောက် သဘောကျတာ ကိုး။ ဒီမိန်းကလေးက သဘောကျဖို့ထိုက်တန်ပါတယ်။
“မင်း ဘာလုပ်ချင်လို့လဲ”
“ဘာမှမလုပ်ချင်ပါဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ကျွန်မ ခုနကပဲ ပြောပြီးပြီလေ ကျွန်မက အဲဒီလူတွေကို စာနာစိတ်မရှိသလို သူတို့ရဲ့ ကျေးဇူးတင်တာကိုလည်း မလိုချင်ဘူး၊ ဒီအတိုင်းပဲ မွေးစားအဖေတို့ကိုကယ် ချင်တာ၊ ကျွန်မမွေးစားအဖေက မြို့ထဲကလူတွေကို ဂရုမစိုက်ဘူးလို့ပြောခဲ့ တယ်နော်၊ သေချာတာပေါ့ ကျွန်မအဖေယိုးစွပ်ခံနေရတာကို ကူပြီးဖြေရှင်းချင် တယ်”
ပြီးနောက်တွင် သူမသည် မကျေနပ်လျှင် သူမကိုလာကိုက်လှည့်ဆိုသည့် သဘောနှင့် ဂရုမစိုက်သလို ပခုံးတွန့်လိုက်သည်။
“ရှီကုန်း ဘာပြောမှာလဲ” ကျန်းဟောက် အေးစက်စွာပြောလိုက်သည်။
“အစ်ကိုကြီးရှီ…” ရှီကုန်း မတုံ့ပြန်ခင်တွင် ဝူမန်သည် ခေါင်းအသာအယာ ယမ်းလိုက်သည်။ သူပြောမည့်စကားကို သူမ သေချာပေါက် သိနေသလိုပင်။
ရှီကုန်းသည် ဝူမန်ကိုကြည့်လိုက်သည်။ ကောင်းပြီလေ သူမအတွက် တော့ သူ ကြင်နာပေးလိုက်မယ်။
***