မင်းလည်းအူချင်လို့လား
Vol. 96 Ch. 1337
ရှီမာယူယူလည်း သူပြောလာမည့်စကားကို စောင့်ရင်း ရှီကုန်းကိုကြည့် လိုက်သည်။
ရှီကုန်းသည် ဝူမန်၏ အရိပ်အမြွက်ကို နားလည်သည်။ သူသည် စကား များကို မျိုသိပ်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။
“ကျန်းဟောက် ခင်ဗျားက ပြဿနာရှာပြီးအချိန်ဖြုန်းနေတော့မှာလား” သူသည် စကားပြောနေသောလူများကို ကြည့်လိုက်သည်။ “ကျုပ်ကလေးက မလုပ်ဘူးလို့ပြောတာမဟုတ်ဘူး ပင်ပန်းလို့ခဏလောက်နားမယ်လို့ပဲပြောတာ ခင်ဗျားတို့က အကုန်လုံးကိုနေရခက်အောင်လုပ်လိုက်တာပဲ၊ ကျုပ်ကလေးက စိတ်ဆတ်တယ်၊ ပုံမှန်ဆို ကျုပ်တောင် သူမကိုချော့ရတယ်၊ မင်းတို့ကတော့ လေးစားမှုမရှိဘူး ပြောပါဦး သူမကို တမင်မလုပ်ချင်အောင် လုပ်နေကြတာ လား”
“မဟုတ်ပါဘူး” ထိုလူများသည် ရှီမာယူယူ၏ ဒေါသကိုဆွလိုက်သည့် အကျိုးဆက်မှာ မည်မျှပြင်းထန်ကြောင်း သိသွားသည်နှင့်တူသည်။ သူတို့သည် ငြိမ်ကျသွားလေတော့သည်။
“အကုန်လုံးမြင်ပြီနော် ကျုပ်ဘာမှပြောဖို့မလိုတော့ဘူး” ရှီကုန်း ဆက် ပြောလေသည်။
“သူတို့ အခုမှားသွားပါတယ် မိန်းကလေးဒေါသမထွက်ပါနဲ့” ကျန်းဟောက် ချော့ပြောလေသည်။
ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ တခြားသူတွေမှားတာဆိုတော့ သူမကို သက်တောင့်သက်သာမဖြစ်အောင်လုပ်တဲ့ထဲမှာ ပထမဆုံးလူက သူဆို တာကိုမမျှော်လင့်ထားဘူးပေါ့။
သူက သူ့အမှားသူမသိမှတော့ သူ့စကားတွေကို သူမ နှုတ်ဆိတ်နေရုံပဲရှိ တာပေါ့။
“ကောင်းပြီ ကလေး အဲဒါသူတို့တင်မဟုတ်ဘူး” ဝူမန်ပြောလိုက်သည် “မင်းအဲလိုပြောပေမဲ့ မင်း မြို့ထဲကလူကို ဂရုစိုက်တယ်ဆိုတာ ငါ သိပါတယ်”
“မဟုတ်သေးဘူး အဲတုန်းက ရှီမိသားစုက ဒီကိုမရောက်သေးဘူး ဒါပေမဲ့ မင်းက ဒီမတော်တဆမှုဖြစ်တာနဲ့ရောက်လာတာလေ၊ အဲဒါက အကုန်လုံးကို ကာကွယ်ပေးဖို့ မဟုတ်ဘူးလား” လော့ချီ ကြားဖြတ်ပြောလေသည်။
“ဟုတ်တယ် ငါတို့အကုန်လုံးမြင်လိုက်တယ်၊ ခုနက ပြောခဲ့စကားတွေက ဒေါသထွက်လို့ပဲမလား” တခြားသူများထပ်ပြောလေသည်။
ရှီမာယူယူ၏ နှုတ်ခမ်းများ တွန့်တက်သွားလေသည်။ အဲလူတွေက သူမ ကိုမြှောက်ပင့်ပြောနေတာပဲ။
“ရှီကုန်း ဒီအခြေအနေကို ဘာပြောဖို့ရှိလဲ” ကျန်းဟောက်သည် ကလေး ကို ချော့ပြောရန် အချိန်မရှိပေ။
“ကျန်းဟောက် ကျုပ်မရေမတွက်နိုင်အောင်ပြောပြီးပြီ၊ ကျုပ်ကလေး ပင်ပန်းနေပြီ၊ သူမ ပင်ပန်းနေမှတော့ အနားယူရမှာပေါ့၊ အဲလောက်ကြောက် စရာကောင်းတာကြီးကို ဖြေရှင်းပြီးမှတော့ သူမ အနားယူရမှာလေ” ရှီကုန်း ပြောလိုက်သည်။
“သူမက ဘယ်တော့ထိအနားယူမှာလဲ”
“ဒါကတော့ ပြောဖို့ခက်တယ်” ရှီကုန်း ပြန်ဖြေလေသည် “အဲအရာက အရမ်းအားကောင်းတယ်လို့လည်း မင်းပြောသေးတယ်၊ မောင်းထုတ်ဖို့ကို အရမ်းအားထုတ်ရမယ် ဟုတ်တယ်မလား ကလေး”
“အင်း ဒါပေမဲ့ မွေးစားအဖေပြောတာကို တခြားသူတွေက မယုံဘူးလေ” ရှီမာယူယူ အခိုင်အမာပြောလေသည် “အဲဒါကရိုးရှင်းတယ်လို့ သူတို့ပြောကြ တယ်မလား သူတို့ကိုကြိုးစားခိုင်းလိုက်၊ သူတို့ကို အော်ခိုင်းလိုက်၊ မဟုတ်ရင် သူတို့ရဲ့ဝိညာဉ်သားရဲကိုအူခိုင်းလိုက်၊ အသုံးဝင်မှာပါ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ အတွက်က ရိုးရှင်းတဲ့ကိစ္စတစ်ခုပဲလေ”
“ဟုတ်တယ်” ရှီယူသည် လက်ခုတ်တီးလိုက်သည် “အဲဒါကလွယ်တယ် လို့ သူတို့ပြောမှတော့ တွေ့ကြုံခိုင်းလိုက်ပေါ့၊ သူတို့ အူတာအသုံးမဝင်ဘူးဆိုရင် အမည်းလေးရဲ့နည်းလမ်းကို ကြိုးစားခိုင်းလိုက်၊ အလုပ်ဖြစ်ရင်ဖြစ်မှာလေ ဟုတ်တယ်မလား ညီမလေး”
ရှီမာယူယူသည် ပြုံးချင်စိတ်ကို အောင့်ထားရသည်။ ဒီကောင်မလေးက သူတို့ကို ဟောင်တတ်အောင် သင်စေချင်တာလား။ ဒါပေမဲ့ သူတို့ကိုလှည့်စား နေတဲ့ အရိပ်အယောင်မှာ သူမ မျက်နှာမှာမရှိပါဘူး။ ပြောင်းပြန်အနေနဲ့ သူမက တကယ်အသုံးဝင်တဲ့ပုံနဲ့ အရမ်းကိုလေးနက်နေတယ်။
သူမသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည် “ဟုတ်တယ် ဒီကျန်တဲ့အချိန်မှာ သူတို့ကြိုးစားသင့်တယ်လို့ထင်တယ် အလုပ်ဖြစ်ရင်ဖြစ်မှာ လေ”
“ဘယ်လိုလုပ် လုပ်နိုင်မှာလဲ”
“မဖြစ်နိုင်ဘူး”
ထိုလူများသည် ချက်ချင်းပင် ငြင်းဆန်လေသည်။ သူတို့ကို ဟောင်နည်း သင်ခိုင်းနေတာလေ၊ အဲဒါက သူတို့ကို စော်ကားနေတာမဟုတ်ဘူးလား။
“အဆင်ပြေတယ်လို့ထင်တာပဲ” မောင့်ရှားသည် ကြားဖြတ်ပြောလေ သည် “ဘယ်လိုပဲဖြစ်ဖြစ် ညီမလေးက အခုပင်ပန်းနေပြီ အဲတော့ တခြားသူတွေ စမ်းကြည့်ကြပေါ့၊ အလုပ်ဖြစ်ရင်ဖြစ်မှာလေ မဟုတ်ဘူးလား၊ ဒီဟာတွေလုပ်ဖို့ ကျုပ်တို့ ရှီမိသားစုရဲ့ မျက်နှာကိုကြည့်နေဖို့မလိုပါဘူး”
ရှီမာယူယူသည် မောင့်ရှားကိုကြည့်လိုက်သည်။ ထိုလူသည် နူးညံ့ပုံပေါက် သော်လည်း အရက်စက်ဆုံးသခင်များထဲမှ တစ်ယောက်ဖြစ်ပုံရသည်။ သူ၏ ပြောဆိုချက်သည် သူသည် ရှီမာယူယူနှင့်ရှီမိသားစုနှင့်ပတ်သတ်ပြီး မကျေနပ်ပုံ ပေါက်လေသည်။ သို့သော် အနီးကပ်ကြည့်လိုက်ပါက ဘယ်သူလုပ်နိုင်တယ်လို့ မပြောရန်အတွက် ကူညီနေခြင်းဖြစ်သည်။ အဲလိုဆိုရင် သူတို့ စိတ်ခံစားချက်ကို ကြည့်ဖို့မလိုတော့ဘူးလေ။
အားလုံးသည် သူ၏ ဆိုလိုရင်းကိုနားလည်ကြသည်။ ရှီမာယူယူ၏ ရင်ခွင် ထဲမှာ အမည်းလေးသာလျှင်လုပ်နိုင်သည်။ မည်သူမှ လုပ်နိုင်မည်မဟုတ်ပေ။
“အဲဒါဖြစ်နိုင်တယ်လို့ ထင်တယ်” လော့ချီ ပြောလိုက်သည် “အခုအခြေအနေက ထူးခြားတယ်၊ သူများတွေသာ ပြန်ပြီးဖိအားပေးနိုင်ရင် သေချာလည်းအနားယူလို့ရတယ်၊ ဝူမန် ဘယ်လိုထင်လဲ”
“ငြင်းစရာမရှိပါဘူး” ဝူမန် ပြန်ဖြေလေသည်။
ရှီမာယူယူသည် လေးနက်သောမျက်နှာဖြင့် မဟုတ်တရုတ်ပြောနေသော ထိုလူသုံးယောက်ကို ကြည့်လိုက်သည်။ ထိုလူများသည် ထောင်ချောက်ဆင် ဖမ်းရာတွင် အဆင့်မြင့်နေပြီဟု သူမဘာသာတွေးလိုက်သည်။
သို့သော် ထိုလူများအားလုံးသည် သူမကို ကူညီနေသည်ဟု မထင်ပေ။ ဝူမန်သည် ရှီမိသားစုနှင့် ဆက်ဆံရေးကောင်းသည်။ သူမ ဖြစ်နိုင်ကောင်းဖြစ် နိုင်သော်လည်း လော့ချီနှင့် မောင့်ရှားတို့သည် မလိုအပ်ပေ။ သူတို့သည် ထိုလူ များကို မကျေနပ်ကာ ရိုက်စားလုပ်ရန် အခွင့်အရေးယူနေခြင်းသာဖြစ်သည်။
သူမ စဉ်းစားလေလေ ထိုသို့ခံစားရလေလေဖြစ်သည်။ ထိုလူများသည် ယခုလိုမြင်ကွင်းဖန်တီးလိုသဖြင့် သူမကို ပြစ်မှားနေခြင်းဖြစ်သည်။ မဟုတ်လျှင် အခုချိန်တွင် သူတို့သည် ထိုအရာကိုပြန်ထည့်ရန် လောနေပြီဖြစ် သည်။
“အကုန်လုံး သဘောတူပြီဆိုမှတော့ စမ်းကြည့်လိုက်လေ” မောင့်ရှား ပြောလိုက်သည် “အဲလောက်လွယ်မလားကြည့်မယ်၊ လွယ်တယ်ဆိုရင် ဒီ မိန်းကလေးက နောက်ဆိုရင် တစ္ဆေမြို့မှာသွားလာလို့မရစေရဘူး မဟုတ်ရင် ငါတို့ သူမကို ပြစ်မှားမိတာပဲ”
“ဟုတ်တယ်၊ ဦးလေးမောင့်ပြောတာမှန်တယ် ကျွန်မတို့ မျှတရမယ်” ရှီယူ ပြေလာိုက်သည်။
ကျန်းဟောက်သည် ငြင်းဆန်လိုက်ချင်သော်လည်း တခြားသုံးယောက်မှာ သဘောတူနေကာ သူတို့သည် ရှီမာယူယူကို ပြစ်မှားမိနေသည်ဟု နားလည်နေ ကြသည်။ သူမ၏ ဒေါသမပြေပါက ထိုကိစ္စသည် ရှေ့ဆက်တိုးနိုင်မည်မဟုတ် ပေ။
ထိုလူများသည် ကျန်းမိသားစုမှ မဟုတ်ကြပေ။ တောင်ပိုင်းမြို့သည် ကျန်းမိသားစုနှင့် မဟာမိတ်များလုပ်ထားကြသည်။ သူတို့သာ ထိုသို့လုပ်ပါက ကိုယ့်မျက်နှာကို ပြန်ရိုက်သည်နှင့်တူနေသည်။
ရှီမိသားစုက တကယ်ပဲ မုန်းစရာကြီးပဲ။ ဒီကိစ္စပြီးရင်တော့ သူတို့ကို သင်ခန်းစာ ပေးရတော့မယ်။ သူသည် ရှီကုန်းတို့အဖွဲ့ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှ အမုန်းတရားကို ဖုံးကွယ်၍မရပေ။
သူ့အကြည့်ကြောင့် ရှီမာယူယူသည် သူ၏ အတွေးများကို နားလည်လိုက် သည်။ သူမသည် ကျန်းမိသားစုကို ပြစ်မှားမိမည်ကို မကြောက်ရွံ့ပေ။ ထို့အပြင် သူမ ဖခင်အားရှာတွေ့သည်နှင့် သူမသည် သေချာပေါက် ထွက်သွားချင်သည်။ ထို့အပြင် သူမသည် ကျန်းရှုကိုသတ်ခဲ့ရာ ထိုနေရာတွင်ပင် အမုန်းတရားရှိနေပြီ ဖြစ်သည်။
သို့သော် ရှီမိသားစုသည် မတူပေ။ သူမ ထွက်သွားသော်လည်း ရှီမိသားစု သည် ထိုနေရာတွင် ကျန်ခဲ့မည်။ ဝူမန်နှင့် ကျန်းဟောက်တို့ ဆက်ဆံရေးမှာ မကောင်းလှဟု ကြားသော်လည်း မြောက်ပိုင်းမြို့နှင့် တောင်ပိုင်းမြို့ကြားတွင် အနည်းငယ် ပြောင်းလဲမှုရှိသည်။ ထို့အပြင် ကျန်းဟောက်သည် တောင်ပိုင်းမြို့ တွင် တာဝန်ရှိသူဖြစ်သည်။ ကတောက်ကဆတွေဖြစ်ရင် ပြဿနာတက်လိမ့် မယ်။
သူမ တစ်စုံတစ်ရာပြောမည်အလုပ်တွင် ရှီကုန်းသည် အရင်လေသံ အတိုင်းပင်ပြောလာသည်။
“ဒီနည်းလမ်းက ဖြစ်နိုင်တယ်လို့ထင်တယ်၊ ကျုပ်ကလေးနားနေတုန်းမှာ လောင်ကျန်းနဲ့ မင်းတို့မိသားစုရဲ့ အရည်အချင်းကိုလည်း မြင်နိုင်မယ်၊ ဒီဟာက လွယ်တယ်လို့ အကုန်လုံးပြောနေမှာတော့ ဘာမှမလုပ်ရင် မကောင်းတော့ဘူး လေ”
“ဟုတ်တယ်လေ” ရှီမိသားစုမှ အစ်ကို ၃ လည်း သံယောင်လိုက်လေသည် “ကျန်းမိသားစုက ရှီမိသားစုထက် သာတယ်ဆိုတာ အမြဲတမ်းပြောနေတာပဲ၊ ဒီနေ့ ကျွန်တော်တို့အတွက် မျက်စိဖွင့်ပေးပြီးသားဖြစ်တာပေါ့ ကျွန်တော်တို့ လက်ခံပါတယ်”
“အင်း စောင့်ကြတာပေါ့” ရှီမိသားစု၏ အစ်ကိုကြီးပြောလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ် ကျွန်မမြို့ထဲမှာ လည်တော့ ကျန်းမိသားစုက တစ္ဆေမြို့တော်မှာ အကြီးဆုံးမိသားစုဖြစ်ကြောင်း ကြေညာနေကြတာလေ ဘယ်သူမှမယှဉ်နိုင်ဘူးဆိုပဲ၊ သူတို့ရှိမှတော့ တခြားမိသားစုတွေ ဘေးထွက်နေ ကြတာပေါ့၊ ကျန်းလူကြီးမင်း ရှင်တို့ကျန်းမိသားစုက အဲလိုပြောမှတော့ အမှန် ဖြစ်မလားဆိုတာ ကြည့်ကြတာပေါ့၊ ကျွန်မတို့အားလုံးက မိတ်ဆွေတွေပဲ၊ ပြောတဲ့အတိုင်းအမှန်သာဆိုရင် ရှင်တို့က နံပါတ် ၁ ဆိုတာကို အသိအမှတ်ပြု ပေးမယ်၊ အဲဒီအရာကြီး တက်လာတော့မလိုဖြစ်နေတာ တွေ့တယ်မလား အဲဒါကြောင့် ရှင်တို့အကုန်လုံး အူလိုက်ကြတော့ မဟုတ်ရင် ပြန်တက်လာလိမ့် မယ်”
***